ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

NGပြွန် နှင့် NJ ပြွန်တို့ကို နေရာချခြင်း

အစာထည့်သည့်ပြွန်တစ်ခုကို နှာခေါင်းမှတဆင့် နေရာချခြင်းသည် ကင်ဆာရောဂါရှိသောကလေးများတွင် လုပ်လေ့ရှိသည့် လုပ်ငန်းစဉ်တစ်ခု  ဖြစ်ပါသည်။ ပိန်ပိန်ပါးပါး၊ ကွေးလွယ်ဆန့်လွယ်သော အခေါင်းပေါက်ပါသည့်ပြွန်ကို နှာခေါင်းမှတဆင့်ဖြတ်၍ အစာမျိုလမ်းကြောင်းတလျှောက်ဆင်းသွားကာ အစာအိမ်တွင်း (NG tube) သို့မဟုတ် အူသိမ်အတွင်း (NJ သို့မဟုတ် ND tube) ထည့်ပါသည်။ ယင်းက အစာထည့်ပြွန်မှတဆင့် အာဟာရအထောက်အပံ့နှင့် ဆေးများထည့်ပေးနိုင်စေသည်။ နှာခေါင်းမှ အစာအိမ်တွင်းထည့်သည့်ပြွန်များကို အစာအိမ်တွင်းရှိ လေ သို့မဟုတ် အခြားအရာများကို ဖယ်ရှားရာတွင်လည်း အသုံးပြုနိုင်ပါသည်။

အကယ်၍ အစာထည့်ပြွန်ကိုမေ့ဆေး အသုံးပြုပြီး နေရာချပါက လူနာများအ​နေဖြင့် လုပ်ထုံးလုပ်နည်းမစတင်မီ သီးခြားအချိန်ပမာဏတစ်ခုအတွက် ဘာကိုမှ မစားမသောက်သင့်ပါ။ ယင်း NPO လမ်းညွှန်များကို လိုက်နာရန် အလွန်အရေးကြီးပါသည်။ လူနာများအနေဖြင့် လုပ်ထုံးလုပ်နည်း လုပ်အပြီးတွင်လည်း NPO လမ်းညွှန်များ ရရှိနိုင်ပါသည်။

  1. NG tube များကို လူနာ နိုးနေချိန်၌ လူနာကုတင်ဘေးတွင် ပြုလုပ်လေ့ရှိပါသည်။ လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်နေစဉ်အတောအတွင်း လူနာများအနေဖြင့် အသက်ပုံမှန်ရှူရန် နှင့် စိတ်ဖြေလျှော့ထားရန် အရေကြီးပါသည်။ ​လေ သို့မဟုတ် ရေကို အချိုရည်သောက်သည့်ပိုက်မှ မျိုချခြင်းက ပြွန်ကို သင့်တော်သောအနေအထားသို့ ရှေ့ဆက်တိုးစေရန် ကူညီနိုင်ပါသည်။

    လုပ်ငန်းစဉ်အဆင့်ဆင့်လုပ်ချိန်၌ နိုးထနေသော လူနာများအတွက် NG tube နေရာချရာတွင် အောက်ပါ အထွေထွေအဆင့်များ ပါဝင်ပါသည် -

    • လူနာကို ခေါင်းမြှင့်ထားလျက် သို့မဟုတ် မတ်မတ်ထိုင်လျက် အနေအထားအတွင်း နေရာချပါမည်။
    • လုပ်ငန်းစဉ်အဆင့်ဆင့်လုပ်နေစဉ်အတောအတွင်း စိတ်လျှော့ထားနိုင်အောင် ကူညီရန် ကလေးများအား ဆေးတစ်မျိုး ပေးနိုင်ပါသည်။ အချို့သော ကိစ္စရပ်များတွင် နာကျင်ခြင်း သို့မဟုတ် ပျို့ခြင်းကို လျှော့ချရန် လိမ်းသည့် ထုံဆေးတစ်မျိုး အသုံးပြုနိုင်ပါသည်။
    • အသက်အရွယ် နှင့် ကိုယ်ခန္ဓာအတိုင်းအတာများပေါ် မူတည်ပြီး သင့်တော်သော ပြွန်အရှည်ကို ခန့်မှန်းပါသည်။
    • အစာသွင်းပိုက် ပိုပြီးလွယ်လွယ်ကူကူ ဖြတ်သန်းအောင်လုပ်ပေးရန် ၄င်း၏ ထိပ်ကို ချောဆီတစ်မျိုး သုတ်ပါလိမ့်မည်။
    • မေးဖျားက ရင်ဘတ်ဆီ ကိုင်းနေစေရန်အတွက် လူနာအား အောက်သို့ကြည့်ရန် ပြောပါလိမ့်မည်။
    • သူနာပြု သို့မဟုတ် စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြွန်ကိုကိုင်၍ နှာခေါင်းပေါက် တစ်ပေါက်တွင်းသို့ ထည့်ပါလိမ့်မည်။ ပြွန်က နှာခေါင်းလမ်းကြောင်းတစ်လျှောက် ဖြည်းဖြည်းချင်း လျောဆင်းပါလိမ့်မည်။
    • လူနာအား မျိုချခိုင်း သို့မဟုတ် ရေတစ်ငုံ သောက်ခိုင်းပါလိမ့်မည်။ ယင်းက ပြွန်ကို ၄င်းအတွက်နေရာမှန်သို့ ရှေ့ဆက်တိုးစေရန် ကူညီပါသည်။
    • ပြွန်က နေရာမှန်တွင်ရှိကြောင်း သေချာစေရန် အစာအိမ်တွင်းရှိ အရာများကို စစ်ဆေးမှုတစ်ခု သို့မဟုတ် ဓာတ်မှန်တစ်ခုကို အသုံးပြုပါသည်။
    • ပြွန်ကို နေသားတကျဖြစ်အောင် မျက်နှာပေါ်တွင် ဆေးတိပ် ဖြင့်ခိုင်အောင်ကပ်ပါသည်။

    NG ပြွန် များကို သတ်မှတ်ထားသည့် အစီအစဉ်တစ်ခုအတိုင်း ရက်ပေါင်း ၃၀ တွင် တစ်ကြိမ် သို့မဟုတ် စောင့်ရှောက်ရေးအဖွဲ့မှ ညွန်ကြားသည့်အတိုင်း အစားထိုးလေ့ရှိပါသည်။

    မှတ်ချက် - လုပ်ငန်းစဉ်အဆင့်ဆင့်က ဆေးရုံ၏ မူဝါဒများ၊ ရရှိနိုင်သော ရင်းမြစ်များ၊ ကျွမ်းကျင်မှုများ နှင့် လူနာ၏လိုအပ်ချက်များပေါ်မူတည်ကာ ကွဲပြားနိုင်ပါသည်။ သင်၏လုပ်ငန်းစဉ်အဆင့်ဆင့်ကို သင့်စောင့်ရှောက်ရေးအဖွဲ့ဖြင့် သေချာဆွေးနွေးပါ။

  2. ND နှင့် NJ ပြွန် များကို ကလေးအား မေ့ဆေးပေးထားစဉ်၌ နေရာချလေ့ရှိပါသည်။

    ND / NJပြွန် နေရာချရာတွင် အောက်ပါအထွေထွေအဆင့်များ ပါဝင်ပါသည် -

    • လူနာအား ဓာတ်ရောင်ခြည် ဖြည့်စွက်ကုသခန်း သို့မဟုတ် ကုသခန်းတစ်ခုအတွင်း ခေါ်သွားပါလိမ့်မည်။ ဆေးဖက်ဆိုင်ရာစင်တာ၏ မူဝါဒများပေါ်မူတည်ပြီး လူနာတစ်ဦးအနေဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့်လုပ်ရန် အချိန်ရောက်သည်အထိ မိဘတစ်ဦးက ကလေးနှင့် လိုက်ပါဝင်ရောက်နိုင်ပါသည်။
    • ကလေးများအား အထွေထွေမေ့ဆေး ပေးလေ့ရှိပါသည်။ လုပ်ငန်းစဉ်အဆင့်ဆင့်လုပ်စဥ် နှင့် နာလန်ထူချိန်တလျှောက်လုံးတွင် နှလုံးခုန်နှုန်း နှင့် သွေးဖိအားကို စောင့်ကြည့်ပါလိမ့်မည်။
    • အစာထည့်ပြွန် ပိုပြီးလွယ်လွယ်ကူကူ ဖြတ်သန်းအောင်လုပ်ပေးရန် ၄င်း၏ ထိပ်ကို ချောဆီတစ်မျိုး သုတ်ပါလိမ့်မည်။
    • ဖလူရိုစကုပ်ပီ (fluoroscopy) ဖြင့် လမ်းညွှန်သည့်နည်းလမ်းဖြင့် ပြွန်ကို နှာခေါင်းပေါက်တစ်ပေါက်မှ ထည့်ပြီး နှာခေါင်းလမ်းကြောင်းတစ်လျှောက် ဖြည်းဖြည်းချင်းရွှေ့သွင်းကာ အစာမျိုလမ်းကြောင်းတစ်လျှောက်မှ အစာအိမ်တွင်းသို့ တွန်းထည့်ပါသည်။
    • ပုံရိပ်ကိုအသုံးပြု၍ ပြွန်ကို အစာအိမ်တစ်လျှောက် ဖြတ်ကာ အူသိမ်တွင်းရှိ နေရာမှန်သို့ ရောက်အောင် လမ်းညွှန်ပေးပါလိမ့်မည်။ ပြွန်နေရာချထားမှုကို လမ်းညွှန်ရာတွင် ကူညီရန် လမ်းညွှန်ဝိုင်ယာတစ်ခုကို အသုံးပြုနိုင်ပါသည်။
    • ကိုယ်ခန္ဓာပြင်ပရှိ ပြွန်အဆုံးပိုင်းကို ဆေးတိပ်တစ်ခုအသုံးပြု၍ မျက်နှာပေါ်တွင် ခိုင်အောင်ကပ်ပါသည်။

    မှတ်ချက် - လုပ်ငန်းစဉ်အဆင့်ဆင့်က ဆေးရုံ၏ မူဝါဒများ၊ ရရှိနိုင်သော ရင်းမြစ်များ၊ ကျွမ်းကျင်မှုများ နှင့် လူနာ၏လိုအပ်ချက်များပေါ်မူတည်ကာ ကွဲပြားနိုင်ပါသည်။ သင်၏လုပ်ငန်းစဉ်အဆင့်ဆင့်ကို သင့်စောင့်ရှောက်ရေးအဖွဲ့ဖြင့် သေချာဆွေးနွေးပါ။

နှာခေါင်းမှ အစာထည့်ပြွန်များ၏ နောက်ဆက်တွဲရှုပ်ထွေးမှုများ

ကလေးအတော်များများတွင် NG နှင့် အခြား နှာခေါင်းပြွန်များသည် ကင်ဆာစောင့်ရှောက်မှုအတွက် အရေးကြီးသောအပိုင်းတစ်ခု ဖြစ်ပါသည်။ နေရာချထားစဉ် ဘေးအန္တရာယ်များတွင် နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း၊ မေ့ဆေးနှင့်ပတ်သက်သည့် ပြဿနာများရှိခြင်း နှင့် အစာချေလမ်းကြောင်းတွင်းရှိ အရာများကို ထိခိုက်ဒါဏ်ရာရစေခြင်းတို့ ပါဝင်ပါသည်။ ဆက်လက်လုပ်ဆောင်ရန် ဘေးမကင်းပါက လုပ်ထုံးလုပ်နည်းကို ရပ်လိုက်ရမည့် ဖြစ်နိုင်ချေလည်းရှိပါသည်။ တစ်ခါတစ်ရံ၌ စောင့်ရှောက်ရေးအဖွဲ့က ကလေးအနေဖြင့် အစာသွင်းပိုက်ကို ခွဲစိတ်ပြီးနေရာချရန် လိုအပ်သည်ဟု ဆုံးဖြတ်နိုင်ပါသည်။

လုပ်ထုံးလုပ်နည်း လုပ်အပြီးတွင် ဖြစ်လေ့ရှိသော NG ပြွန် များ၏ နောက်ဆက်တွဲရှုပ်ထွေးမှုမှာ တိပ်ကြောင့် သို့မဟုတ် ပြွန်ကဖိခြင်းကြောင့် နာကျင်ခြင်း နှင့် အရေပြား သို့မဟုတ် နှာခေါင်း ကျိန်းစပ်ယားယံခြင်း တို့ဖြစ်သည်။ အခြားပြဿနာများတွင် ပြွန်က နေရာချထားရာမှ ရွေ့သွားခြင်း၊ ပြွန်ပိတ်ခြင်း၊ အစာ​ချေ ပြဿနာများရှိခြင်း၊ နှင့် ကူးစက်ရောဂါဝင်ခြင်းတို့ ပါဝင်သည်။

ဆိုးဝါးသည့် နောက်ဆက်တွဲရှုပ်ထွေးမှုများမှာ ရှားပါးပါသော်လည်း ဖြစ်တတ်ပါသည်။ မေးခွန်းများ သေချာမေးပြီး စောင့်ရှောက်ရေးအဖွဲ့မှပေးသော လမ်းညွှန်များအားလုံးကို သေချာလိုက်နာပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဒီဇင်ဘာလ၊ ၂၀၁၈ ခုနှစ်