ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သွေးနမူနာတွင် ပိုးမွေးခြင်း

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါလူနာများတွင် အဖျား သို့မဟုတ် ကူးစက်ရောဂါ၏ အခြားသွင်ပြင်လက္ခဏာအချို့ပေါ်လာခြင်းသည် အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည့်အထိဖြစ်သွားနိုင်သည့် လက္ခဏာတစ်ရပ် ဖြစ်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် ထို‌ရောဂါလက္ခဏာတို့ကိုဖြစ်စေသည့် အကြောင်းရင်းနှင့်ပတ်သတ်သော အချက်အလက်များသိရှိရန် လိုအပ်ပါသည်။ သို့မှသာ လူနာကို တတ်နိုင်သလောက် မြန်မြန် ကုသနိုင်မည်။

ကူးစက်ရောဂါ၏ ရင်းမြစ်ကို ရှာဖွေရာတွင် အကူအညီဖြစ်စေရန် သွေးနမူနာတွင် ပိုးမွေးခြင်းကို လုပ်ဆောင်ရတတ်ပါသည်။

ခန္ဓာကိုယ်တွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အဏုဇီဝရုပ်များဖြစ်သည့် ဘက်တီးရီးယားမှိုသို့မဟုတ် ဗိုင်းရပ်စ်ပိုးများစသည်တို့၏ရန်မှ ကာကွယ်ရန် ခန္ဓာကိုယ်မှ ကြိုးပမ်းရာတွင် ကိုယ်အပူချိန်မြင့်တက်လာစေသည့်အတွက် အဖျားတက်လာခြင်းဖြစ်သည်။ လူနာတွင် ချမ်းတုန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း နှင့် ခန္ဓာကိုယ်ကိုက်ခဲခြင်းစသော ရောဂါလက္ခဏာတို့ကိုလည်း ခံစားရနိုင်ပါသည်။

ဘက်တီးရီးယား၊ မှို သို့မဟုတ် ဗိုင်းရပ်စ်ပိုးများ စသည်တို့ရန်မှ ကာကွယ်ရန် ခန္ဓာကိုယ်မှ ကြိုးပမ်းရာတွင် ကိုယ်အပူချိန်မြင့်တက်လာစေသည့်အတွက် အဖျားတက်လာခြင်းဖြစ်သည်။

ဘက်တီးရီးယား၊ မှို သို့မဟုတ် ဗိုင်းရပ်စ်ပိုးများ စသည်တို့ရန်မှ ကာကွယ်ရန် ခန္ဓာကိုယ်မှ ကြိုးပမ်းရာတွင် ကိုယ်အပူချိန်မြင့်တက်လာစေသည့်အတွက် အဖျားတက်လာခြင်းဖြစ်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါလူနာများတွင် သွေးတွင်းကူးစက်ရောဂါဝင်ပါက ရောဂါပြင်းထန်တတ်ပါသည်။

ယေဘုယျအားဖြင့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာများ၏ ကိုယ်ခံအားစနစ်သည် ယင်းတို့၏ခန္ဓာကိုယ်အား ကူးစက်ရောဂါပိုးများ၏ရန်မှ ကောင်းစွာကာကွယ်နိုင်စွမ်းမရှိပါ။ ရောဂါပိုးများကိုတိုက်ခိုက်သည့် သွေးဖြူဥများကို ကီမိုဆေးသွင်းခြင်း ကုထုံး နှင့် ဓာတ်ရောင်ခြည်ကုထုံးတို့က ဖျက်ဆီးလိုက်သောကြောင့် ကလေးများ၏ ကိုယ်ခံအားစနစ်မှာ ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။ သွေးနှင့် ရိုးတွင်းခြင်ဆီ ကင်ဆာရောဂါများ (သွေးကင်ဆာနှင့် ပြန်ရည်ဂလင်းကင်ဆာ) ရှိသည့် လူနာများတွင် ယင်းဆဲလ်များကို အလုံအလောက်မထုတ်လုပ်နိုင်ပါ သို့မဟုတ် ယင်းဆဲလ်များက ကောင်းကောင်းအလုပ်မလုပ်နိုင်ပါ။

သွေးတွင်းကူးစက်ရောဂါဝင်ခြင်းမှာ ဆိုးဝါးပြင်းထန်သောကြောင့် ချက်ချင်းကုသရန် လိုအပ်သည်။ များသောအားဖြင့် ဆေးရုံတင်ကုသရန် လိုအပ်သည်။ သွေးဆိပ်တက်ခြင်း(သွေးထဲတွင် လှည့်ပတ်နေသော ဘက်တီးရီးယားကြောင့် ကိုယ်ခန္ဓာတွင် အေးစိမ့်၍ အဖျားဝင်လာသော တုံ့ပြန်မှု) ဆိုသည်မှာ အထူးသဖြင့် ကိုယ်ခံအားစနစ် အားနည်းနေသည့်သူများတွင် အသက်ကိုရန်ရှာနိုင်သော နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်သည်။

သွေးနမူနာတွင် ပိုးမွေးခြင်းမှ ရရှိသောသတင်းအချက်အလက်များသည် ဆရာဝန်များအနေဖြင့် ပဋိဇီဝဆေးကို မည်မျှကြာကြာပေးမည်၊ မည်သည့်ပဋိဇီဝဆေးက လူနာ၏ကူးစက်ရောဂါအတွက် အထိရောက်ဆုံးဖြစ်မည်ဆိုသည်ကို ဆုံးဖြတ်ရာတွင် ကူညီနိုင်ပါသည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာတစ်ဦး အဖျားဝင်တိုင်း သွေးနမူနာတွင် ပိုးမွေးခြင်းကို လုပ်ဆောင်လေ့ရှိပါသည်။

သွေးနမူနာတွင် ပိုးမွေးခြင်းကို ဘယ်လိုလုပ်ဆောင်သလဲ

သွေးနမူနာတွင် ပိုးမွေးရန် သွေးနမူနာများ လိုအပ်ပါသည်။

  • သွေးနမူနာတစ်ခုစီကို ပုလင်း ၁ လုံး သို့မဟုတ် ပုလင်းများအတွင်း ထည့်လိုက်ပါသည်။ ပုလင်းတစ်လုံးစီထဲတွင် ဘက်တီးရီးယားနှင့် မှိုအမျိုးအစားမျိုးစုံကို ကြီးထွားစေသည့် (ပိုးမွေးရန် ကြားခံပစ္စည်းဟုခေါ်သည့်) မတူညီသောပစ္စည်းတို့ကို ထည့်ထားပါသည်။
  • ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် ကူးစက်ရောဂါ၏ ရင်းမြစ်ကို ရှာဖွေဖော်ထုတ်နိုင်ရန် အနည်းဆုံးသွေးနမူနာ ၂ ခု ထုံးစံအတိုင်း လိုချင်ကြသည်။
  • များသောအားဖြင့် သွေးရယူလေ့ရှိသောနေရာမှာ လူနာ၏ သွေးပြန်ကြောနှင့်ဆက်ထားသည့်ကိရိယာ ဥပမာ။ ။ ပင်မသွေးပြန်ကြောပိုက်အရေပြားအောက်တွင်မြှုပ်ထားသော ပင်မသွေးပြန်ကြောပိုက်၊ သို့မဟုတ် လက်မောင်းသွေးပြန်ကြောမှတစ်ဆင့် တပ်ဆင်ထားသော ပင်မသွေးပြန်ကြောပိုက် (PICC) စသည်တို့ကဲ့သို့ဖြစ်သည်။
  • ဖျားနာနေသောလူနာတစ်ယောက်တွင် ယင်းကိရိယာမျိုး တပ်ထားပါက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ၎င်းကိရိယာမှ သွေးနမူနာ အနည်းဆုံး ၁ ခု (သို့မဟုတ် ကိရိယာ၏ ဒီဇိုင်းပေါ်မူတည်ပြီး ၁ ခုထက်ပိုနိုင်သည်) နှင့် ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်း၊ ပုံမှန်အားဖြင့် လက်မောင်းတစ်ဖက်မှ သွေးနမူနာ အနည်းဆုံး ၁ ခု လိုအပ်လေ့ရှိပါသည်။ လက်မောင်းမှ သွေးနမူနာရယူရန် သွေးပြန်ကြောကိုအပ်ဖြင့်ထိုးရန် လိုအပ်ပါမည်။
  • လူနာ၏အသက်အရွယ်နှင့် ကိုယ်အလေးချိန်ပေါ်တွင် မူတည်၍ လိုအပ်သည့်သွေးပမာဏကွာခြားပါသည်။
  • ပိုးမွေးရန်အတွက်သွေးနမူနာကို အဖျားရှိကြောင်းရှိပြီးနောက်၊ ပဋိဇီဝဆေးများ မပေးရသေးမီအချိန်တွင် တတ်နိုင်သလောက်မြန်မြန် ရယူသင့်သည်။
  • သွေးနမူနာတွင် အရေပြားပေါ်မှ အခြားဘက်တီးရီးယား/မှို များကူးစက်မှုမရှိစေရန် သွေးနမူနာမရယူမီ အပ်စိုက်မည့် ဧရိယာတစ်ခုလုံးကို ပိုးသတ်ဆေးအရည်တစ်မျိုးဖြင့် သေသေချာချာ သန့်ရှင်းပါသည်။
  • စစ်ဆေးမှုကိုလုပ်ဆောင်မည့်သူသည် (သူနာပြုတစ်ဦး ဖြစ်လေ့ရှိသည်) သွေးနမူနာအား ရောဂါပိုးများကူးစက်မှုများမှကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ပါလိမ့်မည်။

သွေးနမူနာတွင် ပိုးမွေးရန်အတွက် လူနာများအား ပြင်ဆင်ခြင်း

သွေးနမူနာတွင် ပိုးမွေးရန်အတွက် အထူးတစ်လည်ပြင်ဆင်ရန် မလိုပါ။ အပ်ဖြင့်တစ်ချက်ထိုးရန်သာ လိုအပ်နိုင်ပါသည်။ အချို့ကလေးများမှာ အပ်ကြောက်တတ်သဖြင့် သွေးထုတ်ယူနေစဉ် မိဘများအနေဖြင့် ကလေးများသက်သောင့်သက်သာရှိအောင် လုပ်ပေးခြင်းနှင့်/သို့မဟုတ် အာရုံပြောင်းထားပေးခြင်း လိုအပ်နိုင်သည်။ ကလေးဘဝဆိုင်ရာ အထူးကျွမ်းကျင်သူများ မှလည်း ကလေးကို ထောက်ပံ့ကူညီပေးနိုင်ပါသည်။

ရလဒ်များ

သွေးနမူနာများကို ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ပို့ပါသည်။ အဆိုပါဓာတ်ခွဲခန်းတွင် သွေးထဲတွင်ရှိနေနိုင်သည့် အဏုဇီဝရုပ်များကို နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေနိုင်ဖော်ထုတ်ပါသည်။ ၂၄ နာရီမှ ၄၈ နာရီ ကြာပြီးနောက် (သို့မဟုတ် အချို့သော ကိစ္စရပ်များတွင် ပို၍ကြာတတ်သည်) ဓာတ်ခွဲခန်းပညာရှင်များသည် သွေးနမူနာကို အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှူစစ်ဆေးပါသည်။ အဆိုပါသွေးထဲရှိ ဘက်တီးရီးယားနှင့်/သို့မဟုတ် မှိုရှိ/မရှိ ရှာဖွေဖော်ထုတ်ပြီး အမျိုးအစားခွဲခြားသတ်မှတ်ပါသည်။ သွေးနမူနာတွင် ပိုးမွေးရာတွင် ပိုးရှိသည်ဟုရလဒ်ထွက်တိုင်း သွေးတွင်းရောဂါပိုးကူးစက်ခံနေရသည်ဟု မဆိုလိုပါ။ မည်သို့ပင် ကြိုတင်ကာကွယ်ပါစေ တစ်ခါတစ်ရံ၌ ဘက်တီးရီးယား သို့မဟုတ် မှိုများက လူနာ၏အရေပြား သို့မဟုတ် သွေးပြန်ကြောနှင့်ဆက်ထားသည့်ကိရိယာမှတစ်ဆင့် ပုလင်းထဲသို့ ရောက်ရှိသွားနိုင်သည်။ အဆိုပါအခြေအနေမျိုးကို ပိုးမွေးမည့်သွေးနမူနာတွင် ရောဂါပိုးဝင်ရောက်သွားခြင်းဟု ခေါ်ဆိုပြီး၊ ရလဒ်ကိုလည်းနာလည်ရန်ခက်ခဲနိုင်သည်။ ဆရာဝန်များအနေဖြင့် လူနာ၏ လက်ရှိရောဂါအခြေအ‌နေ နှင့် ဓာတ်ခွဲစစ်ဆေးမှုရလဒ်ဆိုင်ရာ အချက်အလက်များကိုနှိုင်းယှဉ်ပြီး ခွဲခြားကြည့်နိုင်ပါသည်။

မည်သည်ပိုးသတ်ဆေးက အထိရောက်ဆုံး ပိုးသတ်ဆေး ဖြစ်သလဲဆိုတာကို သိရှိနိုင်ရန် ဓာတ်ခွဲခန်းဝန်ထမ်းမှ အခြားစမ်းသပ်မှုများကိုလည်း လုပ်ဆောင်နိုင်ပါသည်။ ထိုစမ်းသမ်မှုတို့၏ ရလဒ်များပြန်ရရန် ရက်ပိုင်း သို့မဟုတ် ရက်ပိုင်းထက်ပို၍ ကြာမြင့်နိုင်ပါသည်။

စစ်ဆေးတွေ့ရှိသည့်ရလဒ်များကို လူနာကိုကုသပေးနေသော သမားတော်မှ လူနာရှင်မိသားစုအား အသိပေးနိုင်ပြီး၊ အကယ်၍ ရောဂါပိုးရှိပါကလည်း ကုသမည့်အစီအစဉ်တစ်ခုကို ချမှတ်ဖို့ မိသားစုနှင့်အတူ ဆောင်ရွက်ပါလိမ့်မည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018