ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဓာတ်ခွဲခန်း စစ်ဆေးမှုများ

လူနာ၏ ဆေးဖက်ဆိုင်ရာအဖွဲ့က ရောဂါတစ်ခုစီအတွက် ကုသရေးအစီအစဉ်တစ်ခုဆွဲရန် ဓာတ်ခွဲခန်း စစ်ဆေးမှုများမှ သီးခြား၊ အသေးစိတ်အချက်အလက်များကို အသုံးပြုပါသည်။

လူကီးမီးယားကဲ့သို့သော သွေးကင်ဆာများကို သွေးနှင့် ရိုးတွင်းခြင်ဆီများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါအမည်တပ်ပါသည်။ အခြား ကင်ဆာရောဂါအမျိုးအစားများက အသားစနမူနာယူချိန်၌ သံသယရှိဖွယ် အကျိတ်ဖု မှကိုအသားစထုတ်ယူစစ်ဆေးခြင်း ဖြင့် ပုံမှန်ရောဂါအမည်တပ်လေ့ရှိကြသည်။ စစ်ဆေးရန်အတွက်ထုတ်ယူသော တစ်ရှူးစနမူနာကို ပုံစံနမူနာ (specimen) တစ်ခုဟု ခေါ်ပါသည်။

ရောဂါဗေဒပညာရှင်တစ်ဦးက ပုံစံကြီးချဲ့ထားသော မော်နီတာတစ်ခုပေါ်တွင် တစ်ရှူးစ၏ အကြီးချဲ့ထားသော မြင်ကွင်းကို ဆန်းစစ်ပါသည်။

ရောဂါဗေဒပညာရှင်များက ရောဂါဆိုင်ရာကဏ္ဌအလိုက် အထူးပြုပါသည်။ ပုံစံနမူနာကို ၄င်းတို့ စစ်ဆေးနေသော သီးသန့်ကင်ဆာအမျိုးအစားအတွက် အထူး လေ့ကျင့်သင်ကြားထားသော ရောဂါဗေဒပညာရှင်များက စစ်ဆေးရန်မှာ အရေးကြီးပါသည်။

ယင်းစစ်ဆေးမှုများကို ရောဂါဗေဒပညာရှင်တစ်ဦး- ဆဲလ်များ၊ တစ်ရှူးများ နှင့် ကိုယ်ခန္ဓာမှထွက်သော အရည်များကို လေ့လာခြင်းဖြင့် ရောဂါများကို အမည်တပ်ရာတွင် အထူးပြုသည့် ဆေးဖက်ဆိုင်ရာ ဆရာဝန်တစ်ဦး - မှ ဦးဆောင်၍ ရောဂါဗေဒဆိုင်ရာ ဓာတ်ခွဲခန်းတစ်ခုတွင် လုပ်ဆောင်ပါသည်။ အခြား ဆေးဖက်ဆိုင်ရာ ဆရာဝန်များကဲ့သို့ပင် ရောဂါဗေဒပညာရှင်များက ရောဂါကဏ္ဌနအမျိုးမျိုးအလိုက် အထူးပြုပါသည်။

  • သွေးရောဂါဗေဒပညာရှင်များ (Hematopathologists) က လူကီးမီးယားရောဂါများ (leukemias) နှင့် လင်ဖိုးမားများ (lymphomas) ကဲ့သို့သော သွေးတွင်ဖြစ်ပွားသည့် ကင်ဆာများတွင် အာရုံစူးစိုက်ပါသည်။
  • ခန္ဓာဗေဒဆိုင်ရာ ရောဂါဗေဒပညာရှင်များက ခန္ဓာတွင်းရှိ အင်္ဂါများနှင့် တစ်ရှူးများကို လေ့လာပါသည်။ ကင်ဆာရောဂါကို ရောဂါအမည်တပ်ရာတွင် ခန္ဓာဗေဒဆိုင်ရာ ရောဂါဗေဒပညာရှင်များက ဆာကိုးမားများ (sarcomas) နှင့် ကာစီနိုးမား (carcinomas) များ ကဲ့သို့သော ကျူမာအကျိတ်တ်ဖုများ၏ အမျိုးအစားများ ပေါ်တွင် အာရုံစိုက်ပါသည်။
  • အာရုံကြောဆိုင်ရာ ရောဂါဗေဒပညာရှင်များကဦးနှောက် နှင့် ကျောရိုးအာရုံကြောမကြီးတို့၏ ကင်ဆာများ ကို ရောဂါအမည်တပ်သော ခန္ဂာဗေဒဆိုင်ရာ ရောဂါဗေဒပညာရှင် တမျိုးဖြစ်သည်။

ပုံစံနမူနာကို ၄င်းတို့ ခွဲခြမ်းစိတ်ဖြာသုံးသပ်နေသည့် သီးသန့်ကင်ဆာအမျိုးအစားအတွက် အထူး လေ့ကျင့်သင်ကြားထားသော ရောဂါဗေဒပညာရှင်များက စစ်ဆေးရန်မှာ အရေးကြီးပါသည်။

ပုံစံနမူနာများကို စုဆောင်းပုံ

သွေးတွင်ဖြစ်ပွားသော ကင်ဆာများ

သွေးကင်ဆာရှိသည့်ဟု သံသယရှိဖွယ် အခြေအနေတွင် သွေး သို့မဟုတ် ရိုးတွင်းခြင်ဆီနမူနာတစ်ခု (ရိုးတွင်းခြင်ဆီဖောက်ယူခြင်း နှင့်/သို့မဟုတ် အသားစနမူနာတစ်ခုမှတဆင့်) ကို လူနာထံမှ ရယူမည်ဖြစ်သည်။ ဝန်ထမ်းက လူနာ၏ ကိုယ်ရေးအချက်အလက်ပါသော စာရွက် ကို ဘူးတွင် ကပ်ပြီး ပုံစံနမူနာကို ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတစ်ခုသို့ ပို့ပါသည်။

အစိုင်အခဲတစ်ရှူးများတွင်ဖြစ်သော ကျူမာအကျိတ်ဖုများ

လူနာတစ်ဦးထံတွင် ဦးနှောက်အတွင်း သို့မဟုတ် အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် သံသယရှိဖွယ် ကျူမာအကျိတ်ဖုတစ်ခုရှိပါက ခွဲစိတ်မှု ပြုစဉ် ယင်းအား တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ထုတ်ပစ်နိုင်ပါသည်။ အကျိတ်ဖု၏ တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်ယူပြီး သုံးသပ်လေ့လာပါက ယင်းကို ခွဲစိတ်၍ အသားစထုတ်ယူစစ်ဆေးခြင်း (surgical biopsy)ဟု ခေါ်ပါသည်။ အခြား ခွဲစိတ်မှုပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွင် ခွဲစိတ်ဆရာဝန်များက အကျိတ်ဖုကို တတ်နိုင်သလောက်များများ ထုတ်ယူပါသည်။ ယင်းအား ခွဲထုတ်ယူခြင်း (resection)ဟု ရည်ညွှန်းပါသည်

ထုတ်ယူလိုက်သော တစ်ရှူးကို အပိုင်းပိုင်းဖြစ်အောင်ဖြတ်ပြီး ဆလိုက်ပြားများပေါ်တွင်တင်ကာ မိုက်ခရိုစကုပ်အောက်၌ စစ်ဆေးမှုမပြုလုပ်မီ အရောင်ဆိုးရပါမည်။ တစ်ရှူးကို ပါးလွှာသောအပိုင်းများဖြတ်၍ရအောင် ခပ်မာမာဖြစ်အောင်လုပ်ရန် နည်းလမ်းနှစ်ခု အသုံးပြုပါသည် -

  • အေးခဲ ဖြတ်ပိုင်း(Frozen section) - တစ်ရှူးကို အလျင်အမြန်အေးခဲအောင် လုပ်ပါသည်။
  • ပုံသေ ဖြတ်ပိုင်း (Permanent section) - တစ်ရှူးကို ပါရာဖင် (paraffin) ဟုခေါ်သည့် အထူးဖယောင်းတစ်ခုတွင်း မြှုပ်ထားပါသည်။

တစ်ရှူးနမူနာများအားလုံးကို ပုံသေဖြတ်ပိုင်းများ အနေဖြင့် ပြင်ဆင်သော်လည်း တစ်ခါတစ်ရံတွင် အေးခဲဖြတ်ပိုင်းများ အဖြစ်လည်း ပြင်ဆင်ပါသည်။

ခွဲစိတ်ပြီး အသားစထုတ်ယူစစ်ဆေးခြင်း များတွင် ခွဲစိတ်နေစဉ်အတွင်း ရောဂါဗေဒပညာရှင်တစ်ဦးမှ အသားစနမူနာကို စစ်ဆေးနိုင်ရန် ဝန်ထမ်းက အေးခဲဖြတ်ပိုင်းတစ်ခုကို ပြင်ဆင်ပေးနိုင်ပါသည်။ ခွဲစိတ်နေသည့်အခန်းနှင့်နီးကပ်သည့် ဓာတ်ခွဲခန်းတစ်ခုအတွင်း ရောဂါဗေဒပညာရှင်တစ်ဦးမှ စစ်ဆေးနိုင်ရန် ပုံစံနမူနာကို အလျင်အမြန်အေးခဲပြီး ပြင်ဆင်ပါသည်။ ယင်း၏အရည်အသွေးက ပုံသေဖြတ်ပိုင်းများလောက် မကောင်းပါသော်လည်း ရောဂါဗေဒပညာရှင်အနေဖြင့် တစ်ရှူးတွင် ကင်ဆာရှိမရှိ အမြန်ဆုံးဖြတ်နိုင်လေ့ရှိပါသည်။ ၎င်းသည် ခွဲစိတ်ဆရာဝန်ကို ခွဲစိတ်မှုနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက် ချက်ချင်းပြုလုပ်ရာတွင် ကူညီပါသည်။

အစိုင်အခဲတစ်ရှူးများ၏ သံသယရှိဖွယ် ကျူမာအကြိတ်ဖုအချို့တွင် အသားစထုတ်ယူစစ်ဆေးခြင်း အခြားအမျိုးအစား - အပ်ဖြင့်အသားစနမူနာယူခြင်း - ကို လုပ်ဆောင်ပါသည်။ အပ်ဖြင့် အသားစထုတ်ယူစစ်ဆေးခြင်း တွင် နမူနာတစ်ရှူးကို အပ်တစ်ချောင်းဖြင့် ထုတ်ယူပါသည်။ အသားစထုတ်ယူစစ်ဆေးသည့်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပုံစံနမူနာကို ပိုးသတ်ထားသည့်ဘူးတစ်ခုအတွင်း ထည့်ပြီး ယင်းအား မပုပ်မသိုးအောင် ထိန်းသိမ်းထားရန် အထူးအရည်တစ်မျိုး ထပ်ထည့်ပါသည်။ ယင်းကို လူနာ၏ အချက်အလက်များဖြင့် စာတန်းကပ်ပြီး စမ်းသပ်ရန် နှင့် စစ်ဆေးရန် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ ပို့မည်ဖြစ်သည်။

ဓာတ်ခွဲခန်းတွင် ဘာဆက်ဖြစ်ပါသလဲ။

ရောဂါရှာဖွေးရေးဓာတ်ခွဲခန်းဝန်ထမ်းက နမူနာကို ပြင်ဆင်ပြီး တစ်ရှူးနှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းရန် စစ်ဆေးမှုအမျိုးမျိုးကို လုပ်ဆောင်ပါသည်။ ရောဂါဗေဒပညာရှင်က ယင်းအချက်အလက်များကို ကင်ဆာအထူးကုအတွက် အစီရင်ခံစာတွင် ထည့်သွင်းပေးပါသည်။ ရောဂါဗေဒပညာရှင် နှင့် ကင်ဆာအထူးကုတို့က ရောဂါအမည် တပ်ရန် အတူတကွ ဆက်လက်လုပ်ဆောင်ပါသည်။

အကြမ်းဖျင်း စမ်းသပ်ခြင်း

ပထမအနေဖြင့် ရောဂါဗေဒပညာရှင်က ပုံစံနမူနာကို စမ်းသပ်ပြီး ၄င်းအား သာမန်မျက်စိဖြင့် မြင်ရသည့်အတိုင်း ဖော်ပြပါသည်။ ယင်းကို အကြမ်းဖျင်းစမ်းသပ်ခြင်းဟု ခေါ်ပါသည်။ ယင်းဖော်ပြချက်တွင် ပုံစံနမူနာ၏ အရောင်၊ အရွယ်အစား နှင့် အခြားသွင်ပြင်များ ပါဝင်ပါလိမ့်မည်။

ပုံစံနမူနာကို ပြင်ဆင်ခြင်း

ပုံစံနမူနာကို ရောဂါဗေဒပညာရှင်မှ မိုက်ခရိုစကုပ်အောက်တွင် ကြည့်ရှုနိုင်ရန်အတွက် ဓာတ်ခွဲခန်းဝန်ထမ်းက ပြင်ဆင်ပေးပါသည်။ တစ်ရှူးကို ပါရာဖင်ဖယောင်းတုံးအတွင်း ထည့်သည့် စက်တွင် ပုံစံနမူနာကို ဆက်လက်ပြင်ဆင်ပါသည်။ ဝန်ထမ်းက အဆိုပါတစ်ရှူးတုံးအား ပါးလွှာသော အလွှာများအဖြစ် ဖြတ်တောက်ပြီး ဆလိုက်ပြားများပေါ်တွင် တင်ပါသည် (တစ်ရှူး ဖြတ်ပိုင်းများ)။ ဆလိုက်ပြား ဆိုသည်မှာ အရာဝတ္ထုများကို မိုက်ခရိုစကုပ်အောက်တွင် ကြည့်ရှုရန်အသုံးပြုသည့် သေးငယ်ပြီး ခပ်ပြားပြား ဖန်စများဖြစ်သည်။

ယင်းလုပ်ငန်းစဉ်အပြီးတွင် နည်းပညာရှင်တစ်ဦးက တစ်ရှူးဖြတ်ပိုင်းကို အရောင် (ပုံမှန်အားဖြင့် ဟေမတိုဇိုင်လင်း (hematoxylin) နှင့် အီအိုဆင် (eosin)) ဖြင့် ဆိုးမည်ဖြစ်ကာ ယင်းက တစ်ရှူး၏ ကွဲပြားသော သွင်ပြင်အမျိုးမျိုးကို မိုက်ခရိုစကုပ်အောက်တွင် ထင်ထင်ရှားရှားမြင်ရအောင် ကူညီပါသည်။ ဆဲလ်တစ်ခုစီ၏ နျူကလီးယစ် (nucleus) က အပြာရောင်အဖြစ် ပေါ်လာပါမည်။ ကျန်ရှိနေသော ဆိုက်တိုပလာစမ် (cytoplasm) ဟုခေါ်သည့် ဆဲလ်အပိုင်းက ပန်းရောင်အဖြစ် ပေါ်လာပါမည်။

တစ်ရှူးအရောင်ဆိုးလေ့လာသည့် (histology) ဆလိုက် နမူနာက ဆဲလ်များ၏ နျူကလီးယစ် (nucleus) ကို အပြာရောင် ပေါ်စေပြီး ကျန်ရှိနေသောဆဲလ်အပိုင်းကို ပန်းရောင်ပေါ်စေပါသည်။

ဟေမတိုဇိုင်လင်း (hematoxylin) နှင့် အီအိုဆင် (eosin) တို့ဖြင့် အရောင်ဆိုးထားသော (histology) ဆလိုက် နမူနာက တစ်ရှူး၏ သွင်ပြင်အမျိုးမျိုးကို မိုက်ခရိုစကုပ်အောက်တွင် ထင်ထင်ရှားရှားဖော်ပြပါသည်။

မိုက်ခရိုစကုပ်ဖြင့် စမ်းသပ်စစ်ဆေးခြင်း

ရောဂါဗေဒပညာရှင်က တစ်ရှူးဖြတ်ပိုင်းများကို ပုံမှန်ဆဲလ်များနှင့် ကွာခြားပုံကို မြင်ရရန် မိုက်ခရိုစကုပ်အောက်တွင် ကြည့်ရှုပါသည်။ ပုံစံနမူနာကို ယင်းသို့ပုံစံမျိုးဖြင့် ကြည့်ရှုခြင်းကို အဏုကြည့်စစ်ဆေးခြင်းဖြင့် ဆဲလ်နှင့်အင်္ဂါများကို လေ့လာခြင်း (histology)ဟုခေါ်ပါသည်အဏုကြည့်စစ်ဆေးခြင်းဖြင့် ဆဲလ်နှင့်အင်္ဂါများကို လေ့လာခြင်း (Histology) ဆိုသည်မှာ ဆဲလ်များ နှင့် တစ်ရှူးများ၏ တည်ဆောက်ပုံကို လေ့လာခြင်းဖြစ်သည်။

ရောဂါဗေဒပညာရှင်က မိုက်ခရိုစကုပ်အောက်တွင် မြင်ရသည့်အရာ နှင့် တစ်ရှူးအတွက် ပြုလုပ်ခဲ့သော အခြားစစ်ဆေးမှုများ ရလဒ်များကို အခြေခံပြီး အစီရင်ခံစာရေးပါသည်။ ယင်းကို နားလည်ရန်ခက်ခဲနိုင်သည့် နည်းပညာ၊ ဆေးဖက်ဆိုင်ရာ ဘာသာစကားဖြင့် ရေးသားထားပါသည်။ သင့်ထံတွင် မေးခွန်းတစ်ခုခုရှိပါက သင်၏ စောင့်ရှောက်ရေးအဖွဲ့အား မေးမြန်းပါ။

ယေဘုယျအားဖြင့် ရောဂါဗေဒပညာရှင်က ပုံစံနမူနာ၏ သွင်ပြင်များကို အောက်ပါအတိုင်း ဖော်ပြပါသည် -

  • ဆဲလ် အမျိုးအစားများ
  • ဆဲလ်များစီစဥ်ထားပုံ
  • ဆဲလ်များက ကင်ဆာဖြစ်နိုင်ချေ ရှိမရှိ
  • ရောဂါအမည်တပ်ရာတွင် နှင့် ကုသရာတွင် အကူအညီဖြစ်စေသော အခြားသွင်ပြင်များမှာ ကျူမာအကျိတ်တ်ဆဲလ်များက ရန်လိုသည့်သွင်ပြင်များ (အကျိတ်အဆင့် (tumor grade)အဖြစ် ရည်ညွှန်းလေ့ရှိပါသည်) ဖော်ပြမှု ရှိမရှိ သို့မဟုတ် အကျိတ်ဆဲလ်များက အခြားပုံမှန်ဆဲလ်များသို့ ပျံ့နှံ့ပြီးမပြီး (အကျိတ် ရောက်ရှိမှုအဆင့် (tumor stage) အဖြစ် ရည်ညွှန်းလေ့ရှိပါသည်) ဖြစ်ပါသည်။ အချို့သော အခြေအနေများတွင် ရောဂါဗေဒပညာရှင်များက အကျိတ်ဖုကို လူနာထံမှ အပြည့်အဝထုတ်ပြီးမပြီး၊ သို့မဟုတ် ပုံစံနမူနာ၏ အစွန်း (အနားများ) တွင် ကင်ဆာရှိနေမရှိနေ ကိုလည်း ဆုံးဖြတ်ပါသည်။

မိုက်ခရိုစကုပ်အောက်တွင် သုံးသပ်လေ့လာချက်အပြင် ပုံစံနမူနာ ကို ထပ်ဆောင်း စစ်ဆေးမှုများ နှင့် ခွဲခြမ်းစိတ်ဖြာမှုများ ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ ယင်းရလဒ်များကိုလည်း ရောဂါဗေဒဆိုင်ရာအစီရင်ခံစာအတွင်း ထည့်သွင်းမည်ဖြစ်သည်။

ခုခံအားဖြစ်ပေါ်စေသော ဆဲလ်များ၏ဓာတုဖြစ်ပွားပုံကိုလေ့လာခြင်း (Immunohistochemistry) နမူနာတွငိ တီဆဲလ် (T-cell) အမှတ်အသားနှစ်ခုလုံးပါသည့် အရွယ်မရောက်သေးသောဆဲလ် (blasts) ဆဲလ်များကို အနီရောင်ပြပြီး မဂ္ဂါကာရိုဆိုက် (megakaryocyte) အမှတ်အသားပါသည့် ဆဲလ်များကို အညိုရောင်ပြပါသည်။

ခုခံအားဖြစ်ပေါ်စေသော ဆဲလ်များ၏ဓာတုဖြစ်ပွားပုံကိုလေ့လာခြင်း (Immunohistochemistry) နမူနာ

ဤစမ်းသပ်မှုများတွင် အောက်ပါအချက်များ ပါဝင်ပါသည်။

ကိုယ်ခံအားဆဲလ်မျိုးကွဲများကို ဆန်းစစ်လေ့လာခြင်း

ဆဲလ်မျက်နှာပြင်ပုံဖော်ခြင်း (Immunophenotyping) ဆိုသည်မှာ ဆဲလ်များ၏ မျက်နှာပြင်ပေါ်ရှိ ပရိုတိန်းများ (သို့မဟုတ် အမှတ်အသားများ)၏ အမျိုးအစားအပေါ် အခြေပြုပြီး ဆဲလ်များကို ခွဲခြားသတ်မှတ်ရန် ပဍိဇီဝပစ္စည်းများအသုံးပြုသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ယင်းလုပ်ငန်းစဉ်က ကင်ဆာဆဲလ်များအပေါ်ရှိ အန်တီဂျန်များ (antigens) ကို ပုံမှန်ဆဲလ်များပေါ်တွင်တွေ့ရှိရသော အန်တီဂျန်များနှင့် နှိုင်းယှဉ်ခြင်းဖြင့် ကင်ဆာ သီးခြားအမျိုးအစားများကို ရောဂါအမည်တပ်ရာတွင် အသုံးပြုပါသည်။ ဆဲလ်မျက်နှာပြင်ပုံဖော်ခြင်း (Immunophenotyping) တွင် အင်မြူနိုဟစ်တိုကမ္မိကယ်များ(Immunohistochemical) ဖြင့် ဆေးဆိုးခြင်းနှင့် ဖလိုး ဆိုက်တိုမက်တြီ (flow cytometry) တို့ပါဝင်ပါသည်။

အင်မြူနိုဟစ်တိုကမ္မိကယ်များ(Immunohistochemical) ဖြင့် ဆေးဆိုးခြင်း

ခုခံအားဖြစ်ပေါ်စေသော ဆဲလ်များ၏ဓာတုဖြစ်ပွားပုံကိုလေ့လာခြင်း (Immunohistochemistry) ဆိုသည်မှာ တစ်ရှူးနမူနာတစ်ခုအတွင်း သီးခြားပရိုတိန်းများ ပါမပါ ဆုံးဖြတ်ရန် ပဍိဇီဝပစ္စည်းများအသုံးပြုသည် လုပ်ငန်းစဥ်တစ်ခုဖြစ်ပါသည်။ ယင်းသို့သော ဆေးဆိုးခြင်းမျိုးက ရောဂါဗေဒပညာရှင်များအား မိုက်ခရိုစကုပ်အောက်တွင် ပုံမှန်မဟုတ်သည့်ဆဲလ်များကို မှတ်မိသိရှိအောင် ကူညီပေးပြီး ရောဂါအမည်တစ်ခု ဖော်ထုတ်ပေးရန် သို့မဟုတ် ပြန်လည်ဖြစ်ပွားမှုကို ခွဲခြားသတ်မှတ်ပေးရန် ကူညီနိုင်ပါသည်။

နမူနာ ဖလိုး ဆိုက်တိုမက်တြီ (flow cytometry) ဇယားက စိုးရိမ်ဖွယ်ရာ အဆင့်ရှိသည့် ပြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (B-cell acute lymphoblastic leukemia) ရှိသော ကလေးလူနာတစ်ဦးတွင် အနည်းဆုံးကျန်ရှိသောရောဂါကို ညာဖက်အပေါ် ထောင့်ကွက်တွင်း အနီရောင်အစုအစည်းတစ်ခု အနေဖြင့် ပြသပါသည်။

နမူနာ ဖလိုး ဆဲလ်များကိုရေတွက်ခြင်း (flow cytometry) ဇယားက ရုတ်တရက်ဆိုးရွားစွာဖြစ်သည့် ပြင်းထန် ပြန်ရည်ဆဲလ်ကွဲ သွေးကင်ဆာ (B-cell acute lymphoblastic leukemia) ရှိသော ကလေးလူနာတစ်ဦးတွင် အနည်းဆုံးကျန်ရှိသောရောဂါကို ပြသပါသည်။

ဖလိုး ဆဲလ်များကိုရေတွက်ခြင်း (Flow cytometry)

ဖလိုး ဆဲလ်များကိုရေတွက်ခြင်း (Flow cytometry) ဆိုသည်မှာ နမူနာတစ်ခုအတွင်းရှိ ဆဲလ်အရေအတွက်၊ နမူနာတစ်ခုအတွင်းရှိ သက်ရှိဆဲလ် ရာခိုင်နှုန်း နှင့် အရွယ်အစား၊ ပုံစံ ကဲ့သို့သော ဆဲလ်များ၏ အချို့သော ဝိသေသလက္ခဏာများ နှင့် ဆဲလ်မျက်နှာပြင်ပေါ်တွင် အကျိတ်ဖုအမှတ်အသားများ ရှိမရှိ တိုင်းတာသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ပဍိဇီဝပစ္စည်းများကို အလင်းရောင်တုံ့ပြန်အားကောင်းသည့် ဆိုးဆေးတစ်ခုဖြင့် တွဲချိတ် (ဆက်သွယ်) ပြီး အရည်တစ်ခုအတွင်း နေရာချကာ လေဆာ သို့မဟုတ် အခြားအလင်းရောင်ခြည်တစ်မျိုး၏ရှေ့မှ စီးဆင်းကာဖြတ်သန်းစေပါသည်။ အလင်းရောင်ကို တုံ့ပြန်နိုင်သည့် ဆိုးဆေးက အလင်းအား တုံ့ပြန်မှုအတိုင်းအတာကို အခြေခံ၍ တိုင်းတာခြင်းဖြစ်သည်။

လုပ်ငန်းစဉ်က အလွန်တရာ တုံ့ပြန်အားကောင်းပါသည်။ ယင်းက တစ်စက္ကန့်အတွင်း ထောင်ပေါင်းများစွာသော ဆဲလ်များကို ကြည့်ရှုနိုင်ပြီး ထောင်ပေါင်းများစွာသော သွေးဆဲလ်များအတွင်းရှိ လူကီးမီးယားဆဲလ် ၁ ခု ကိုပင် ခွဲခြားဖော်ထုတ်နိုင်ပါသည်။ ဖလိုး ဆဲလ်များကိုရေတွက်ခြင်း (Flow cytometry)က မိုက်ခရိုစကုပ်အောက်တွင် မမြင်နိုင်သော ကင်ဆာဆဲလ်များကို ဖမ်းယူသိရှိနိုင်ပါသည်။ ယင်းကို အနည်းဆုံး ကျန်ရှိသောရောဂါ ဟုခေါ်ပြီး ယင်းက လူကီးမီးယားရောဂါ ကုသမှုတွင် အရေးကြီးပါသည်။

မော်လီကျူလာ နှင့် မျိူးရိုးဗီဇ စစ်ဆေးမှုများ (Molecular and genetic tests)

မော်လီကျူလာ နှင့် မျိုးရိုးဗီဇ စစ်ဆေးမှုများက အချို့သောကင်ဆာရောဂါများအတွက် ကုသမှုကို လမ်းပြရာတွင် ကူညီပါသည်။ ယင်းသို့သော စစ်ဆေးမှုအမျိုးအစားများက ခရိုမိုဆုမ်းများ (chromosomes)၊ မျိုးရိုးဗီဇများ (genes)၊ ဒီအန်အေ (DNA)၊ အာရ်အန်အေ (RNA) နှင့် ပရိုတိန်းများကို ကြည့်ရှုနိုင်ပါသည်။

ခရိုမိုဆုမ်းများ (Chromosomes) တွင် မျိုးရိုးဗီဇများ (genes) ပါဝင်ပါသည်။ မျိုးရိုးဗီဇများဆိုသည်မှာ သီးခြားပရိုတိန်းများအတွက် ကုဒ်အမှတ်အသားများပါဝင်သည့် ဒီအန်ေအ (DNA) အပိုင်းအစများဖြစ်သည်။ ပရိုတိန်းများက ဆဲလ်တစ်ခု၏ သီးခြားလုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပါသည်။ ယင်းတို့သည် ကိုယ်ခန္ဓာ၏ အခြေခံတည်ဆောက်မှုများဖြစ်ပြီး ကိုယ်ခန္ဓာ ကောင်းကောင်းမွန်မွန် လုပ်ငန်းလုပ်ဆောင်ရန် အတွက် လိုအပ်ပါသည်။

မော်လီကျူလာ နှင့် မျိုးရိုးဗီဇ စစ်ဆေးမှုများက ဆေးပညာရပ်ဆိုင်ရာအထူးကုတစ်ဦးအနေဖြင့် အချို့သောကင်ဆာကုထုံးဆေးဝါးများ အလုပ်လုပ်နိုင် မလုပ်နိုင်ကို သိရှိစေပါသည်။ သန္ဓေပြောင်းခြင်း (mutation) ဟုခေါ်သည့် မျိုးရိုးဗီဇတွင်း ပြောင်းလဲမှုများသည် ကင်ဆာရောဂါ ဖြစ်နိုင်ပါသည်။ အချို့သော ကင်ဆာများတွင် သန္ဓေပြောင်းခြင်းက အကျိတ်တစ်ရှူးတစ်ခုအတွင်း တစ်ခုသောပရိုတိန်းတစ်မျိုး၏ပမာဏကို မြင့်တက်လာစေနိုင်ပါသည်၊ သို့မဟုတ်ပုံမှန်လှုပ်ရှားမှုမရှိသည့်ပရိုတိန်းတစ်မျိုး ထုတ်လုပ်မှု တက်လာခြင်းသို့ ဦးတည်သွားစေနိုင်သည်။ သီးခြားသန္ဓေပြောင်းမှုရှိသော ကျူမာအကြိတ်ဖုများက ပို၍ ပြင်းထန်နိုင်ခြင်း နှင့်/သို့မဟုတ် ကင်ဆာဆေးဝါးကုထုံးကို ပို၍ခုခံနိုင်သည်။ တစ်ခါတစ်ရံ၌ သီးခြားသန္ဓေပြောင်းခြင်းတစ်ခုက ကင်ဆာရောဂါသည် အချို့သောဆေးဝါးများဖြင့် ကုသလွယ်မည်ဟု ဆိုလိုနိုင်ပါသည်။

ဆိုက်တိုဂျနီးတစ် (Cytogenetics)

ဆိုက်တိုဂျနီးတစ် (Cytogenetics) ဆိုသည်မျာ ခရိုမိုဆုမ်းများ (chromosomes) ကို လေ့လာြခင်းဖြစ်သည် ခရိုမိုဆုမ်းများသည် ဒီအန်အေ (DNA) အမျှင်ရှည်များဖြစ်ကြသည်။ DNA များသည် ဆဲလ်တွင်းရှိ မျိုးရိုးဗီဇအချက်အလက်များ ပါဝင်သော မော်လီကျူးများဖြစ်ကြပြီး ယင်းတို့က မျိုးရိုးစဉ်ဆက် တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းပေး ပါသည်။ 

ဆိုက်တိဂျနဲတစ် (Cytogenetics) တွင် ကျိုးပြတ်နေသော၊ ပျောက်ဆုံးနေသော သို့မဟုတ် အပို ခရိုမိုမိုဆုမ်းများအပါအဝင် ခရိုမိုဆုမ်းများတွင်းရှိ အပြောင်းအလဲများကို ကြည့်ရှုရန် ဓာတ်ခွဲခန်းတစ်ခုအတွင်း တစ်ရှူး၊ သွေး၊ သို့မဟုတ် ရိုးတွင်းခြင်ဆီ နမူနာများကို စစ်ဆေးခြင်းပါဝင်ပါသည်။ အချို့သောခရိုမိုဆုမ်းများတွင်း ပြောင်းလဲမှုများက ကင်ဆာရောဂါ သို့မဟုတ် မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်ခု သို့မဟုတ် အခြေအနေတစ်ခု၏ လက္ခဏာတစ်ခုဖြစ်နိုင်ပါသည်။ ဆိုက်တိုဂျနဲတစ် (Cytogenetics) သည် ရောဂါတစ်ခုကို အမည်တပ်ရန်၊ ကုသမှု စီစဉ်ရန် နှင့် ကုသမှုက မည်မျှကောင်းကောင်းအလုပ်လုပ်နေသည်ကို ရှာဖွေရာတွင် ကူညီရန် အသုံးပြုနိုင်ပါသည်။

MLL မျိုးရိုးဗီဇ ပြန်လည်အစီအစဉ်ချမှုအတွက် ဉပမာတစ်ခု ပါဝင်သည့် FISH နမူနာပုံရိပ်များ။ FISH ညွှန်တံက မျိုးရိုးဗီဇတည်နေရာတွင် ရှိပြီး အဝါရောင်ဖြစ်ပါက ပုံမှန်ဟုပြသသည်။ အကယ်၍ မျိုးရိုးဗီဇက ကွဲသွားပါက ယင်းအဝါရောင်က အစိမ်းရောင်နှင့် အနီရောင်အချက်ပြမှုများအဖြစ် ခွဲဖြာသွားသည်။ ဤဥပမာက ရုတ်တရက်ဆိုးရွားစွာဖြစ်သည့် မိုင်းလွိုက် လူကီးမီးယားရောဂါ(acute myeloid leukemia) ရောဂါရှိသော လူနာများတွင် တစ်ခါတစ်ရံတွေ့ရသည့် ကွဲကွာမှုတစ်ခုကို ပြသသည်။

ဤ FISH ပုံရိပ်များက ရုတ်တရက်ဆိုးရွားစွာဖြစ်သည့် မိုင်းလွိုက် လူကီးမီးယားရောဂါရှိသော ကလေးလူနာတစ်ဦးတွင် MLL မျိုးရီုးဗီဇ ပြန်လည်အစီအစဉ်ချသည့် ဥပမာတစ်ခုကို ပြ သည်။ FISH ညွှန်တံက မျိုးရိုးဗီဇတည်နေရာတွင် ရှိပြီး အဝါရောင်ဖြစ်ပါက ပုံမှန်ဟုပြသသည်။ အကယ်၍ မျိုးရိုးဗီဇက ကွဲသွားပါက ယင်းအဝါရောင်က အစိမ်းရောင်နှင့် အနီရောင်အချက်ပြမှုများအဖြစ် ခွဲဖြာသွားသည်။

FISH (ဖလော်ရဲဆန့် အင် ဆိုင်တု ဟိုက်ဘရီဒိုက်ဇေးရှင်း (fluorescence in situ hybridization))

FISH ဆိုသည်မှာ ခရိုမိုဆုမ်းတစ်ခုပေါ်ရှိ DNA အစီအစဉ်တစ်ခုကို ဖမ်းယူသိရှိ နေရာပြနိုင်သော ဓာတ်ခွဲခန်းနည်းပညာတစ်ခု ဖြစ်သည်။ အလင်းရောင်ထွက်စေသည့် ရောင်ခြယ်ပစ္စည်းပါဝင်သော DNA မော်လီကျူးကို ဓာတ်ခွဲခန်းတွင် ထုတ်လုပ်ပြီးနောက် ဖန်ပြားပေါ်တွင် ဆဲလ် သို့မဟုတ် တစ်ရှူးများနှင့်ပေါင်းစပ်ပါသည်။ ယင်း DNA အပိုင်းအစများက ဆလိုက်ပေါ်ရှိ သီးခြား မျိုးရိုးဗီဇ သို့မဟုတ် ခရိုမိုဆုမ်း၏ ဧရိယာများတွင် ကပ်တွယ်လိုက်သောအခါ မိုက်ခရိုစကုပ်အောက်တွင် အထူးအလင်းရောင်တစ်မျိုးဖြင့် ကြည့်ရှုချိန်၌ ယင်းတို့က အရောင်လင်းလာသည်။ FISH က ပုံမှန် ခွဲခြမ်းစိတ်ဖြာလေ့လာမှုဖြင့် ခရိုမိုဆုမ်းများကို မတွေ့နိုင်သော ပုံမှန်မဟုတ်သည့်အရာများကို ဖမ်းယူဖော်ထုတ်နိုင်ပါသည်။

ရောဂါဗေဒပညာရှင်များက ကင်ဆာကြီးထွားစေသော ပုံမမှန်သည့်အရာများရှိမရှိ ကြည့်ရှုပါသည် -

  • ကင်ဆာဆဲလ်များ ကြီးထွားမှုသို့ ဦးတည်သွားစေနိုင်သည့် မျိုးရိုးဗီဇများ ဖြစ်သည့် အချို့သော ကင်ဆာမျိုးရိုးဗီဇ ကော်ပီများ အမြောက်အများရှိခြင်း
  • ကျူမာကို ချိုးနှိမ် သော ကင်ဆာ ကြီးထွားမှုကို ကာကွယ်ရန် လမ်းညွှန်ချက်များပါသည့်  မျိုးရိုးဗီဇကော်ပီများ ပျောက်နေခြင်း
  • ပြန်လည် အစီအစဉ်ချခြင်းများ(Rearrangements) – မျိုးရိုးဗီဇတစ်ခု၏ အပိုင်းတစ်ပိုင်းက ပြုတ်ထွက်သွားပြီး ၄င်းပိုင်မဟုတ်သည့် အခြားမျိုးရိုးဗီဇ နေရာတွင် တွယ်ပါသည်။ ယင်းက ကင်ဆာဆဲလ်များ ကြီးထွားမှုကိုဖြစ်စေသည့် ရောနှောမှုပရိုတိန်းတစ်ခု ကို ဖန်တီးသည်။
DNA အပိုင်းအစတစ်ခုကို နမူနာချဲ့ပြထားပုံ

DNA အပိုင်းအစတစ်ခုကို နမူနာချဲ့ပြထားပုံ

PCR (ပိုလီမာရေ့စ် အတွဲလိုက် တုံ့ပြန်မှု (polymerase chain reaction))

PCR ဆိုသည်မှာ  အလွန်သေးငယ်သော ပမာဏပါဝင်သော DNA နမူနာတစ်ခုမှ သီးခြား DNA အပိုင်းအစ ကော်ပီအမြောက်အများ ပြုလုပ်ယူရန်  အသုံးပြုသည့် ဓာတ်ခွဲခန်း နည်းလမ်းတစ်ခုဖြစ်သည်။ ယင်းအား တစ်ခါတစ်ရံတွင် မော်လီကျူလာ မိတ္တူကူးမှု“(photocopying)” ဟုခေါ်ပါသည်။ PCR က ယင်း DNA အပိုင်းအစများကို ဖမ်းယူတွေ့ရှိနိုင်ရန်အတွက် ၄င်းတို့ကို အကျယ်ချဲ့ (ကြီးအောင်လုပ်) ပေးသည်။

မျိုးရိုးဗီဇ သို့မဟုတ် ခရိုမိုဆုမ်းတစ်ခုအတွင်း အချို့သောပြောင်းလဲချက်များကို ရှာဖွေရန် PCR ကို အသုံးပြုနိုင်ပါသည်၊ ယင်းက ရှာဖွေ၍ ရောဂါအမည်တပ်မှုတို့တွင် ကူညီပေးနိုင်ပါသည်ကင်ဆာရောဂါတစ်ခု. ကူးစက်ရောဂါတစ်ခုကို ရောဂါအမည်တပ်ရာတွင် ကူညီရန် အချို့သော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များ သို့မဟုတ် အခြား မိုက်ခရိုစကုပ်ဖြင့်ကြည့်မှမြင်ရသော သတ္တဝါများ (microorganisms) ၏ DNA အပိုင်းအစများကို ကြည့်ရှုရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။

မော်လီကျူလာ နှင့် မျိုးရိုဗီဇ ခွဲခြမ်းစိတ်ဖြာလေ့လာမှုများအတွက် DNA နမူနာတစ်ခု ပမာဏများများ လိုအပ်သည့်အတွက်ကြောင့် ခွဲဖယ်ထားသည့် DNA အပိုင်းအစများကို လေ့လာခြင်းတွင် PCR အကျယ်ချဲ့မှုမပါပဲ မဖြစ်နိုင်လုနီးပါးဖြစ်သည်။ PCR က နာရီအနည်းငယ်မျှအတွင်း အစီအစဉ် ကော်ပီ ဘီလီယံပေါင်းများစွာကို ထုတ်လုပ်နိုင်သည်။

PCR ဖြင့် မျိုးရိုးဗီဇ သန္ဓေပြောင်းခြင်းကို ခွဲခြားဖော်ထုတ်ရန် နှင့် ကင်ဆာကြီးထွားမှုကိုဖြစ်စေသော ပရိုတိန်းများရောနှောမှု ရှိနေခြင်းကို  သိပ္ပံပညာရှင်များမှ အတည်ပြုနိုင် ပါသည်။

DNA အစီအစဉ်တွဲခြင်း

DNA အစီအစဉ်တွဲခြင်းဆိုသည်မှာ DNA ပြုလုပ်သည့် တည်ဆောက်ရေး အတုံး သို့မဟုတ် အခြေခံလေးခု (စာလုံး A၊ C၊ G၊ နှင့် T ဖြင့် ခွဲခြားသတ်မှတ်သည်) တို့၏ အတိအကျ အစီအစဉ် (အော်ဒါ) ကို လေ့လာရာတွင်သုံးသည့်ဓာတ်ခွဲခန်းလုပ်ငန်းတစ်ခုဖြစ်သည်။ DNA အစီအစဉ်တွဲခြင်းကို ကင်ဆာဖြစ်ပေါ်စေနိုင်သည့် DNA သန္ဓေပြောင်းခြင်းများ (mutations) (ပြောင်းလဲမှုများ) ကို ရှာဖွေရာတွင် အသုံးပြုနိုင်ပါသည်။

DNA အစီအစဉ်တွဲခြင်းတွင် အကျယ်ဖြန့် စူးစိုက်မှု သို့မဟုတ် ဦးတည်စူးစိုက်မှုတစ်ခု ရှိနိုင်ပါသည်။ မျိုးရိုးဗီဇအမျိုးမျိုးပါသည့်အချပ်များ (multigene panels) ဟုလည်းခေါ်သည့် ဦးတည် DNA အစီအစဉ်တွဲသည့် စစ်ဆေးမှုများက သီးသန့်သန္ဓေပြောင်းခြင်းများကို ခွဲခြမ်းစိတ်ဖြာပါသည်။ အချို့သော ဦးတည်အစီအစဉ်တွဲစစ်ဆေးမှုများက ကင်ဆာအမျိုးအစားတစ်ခုအတွင်း ဘုံဖြစ်သည့် အပြောင်းအလဲများကို ခွဲခြမ်းစိတ်ဖြာပါသည်။ အခြားအရာများက ကင်ဆာအမျိုးအစားအမြောက်အများတွင် တွေ့ရှိရနိုင်သော အပြောင်းအလဲများကို ခွဲခြမ်းစိတ်ဖြာပါသည်။

ကျယ်ကျယ်ပြန့်ပြန့် DNA အစီအစဉ်တွဲစစ်ဆေးမှုများက သီးခြား သန္ဓေပြောင်းမှုထက် DNA ၏ ကြီးမားသောအပိုင်းများ၏ အစီအစဉ်ကို ခွဲခြမ်းစိတ်ဖြာပါသည်။ ယင်းစစ်ဆေးမှုများတွင် အိက်ဇိုမီ အစီအစဉ်တွဲခြင်း (exome sequencing) တစ်ခုလုံး နှင့် ဂျီနုမ်း အစီအစဉ်တွဲခြင်း (genome sequencing) တစ်ခုလုံး ပါဝင်ပါသည်။

ဂျီနုမ်း (genome) အစီအစဉ်တွဲခြင်းတစ်ခုလုံးက လူနာတစ်ဦး၏ဆဲလ်များတွင်းရှိ DNA အားလုံး၏ အစီအစဉ်များ - ဂျီနုမ်းများဟုခေါ်သည် - ကို ဖတ်သည်။ အိက်ဇိုမီ အစီအစဉ်တွဲခြင်း (exome sequencing) တစ်ခုလုံးက အိက်ဇိုမီ (exome)ဟုခေါ်သည့် လူနာတစ်ဦး၏ မျိုးရိုးဗီဇများအားလုံး၏ အစီအစဉ် ကိုဖတ်သည်။ ကင်ဆာဖြစ်စေသော DNA ပြောင်းလဲမှု အများစုက မျိုရိုးဗီဇတွင်း ဖြစ်ပွားပါသော်လည်း မျိုရိုးဗီဇပြင်ပတွင် DNA ပြောင်းလဲမှု များကလည်း ကင်ဆာကြီးထွားအောင် တွန်းပို့နိုင်ပါသည်။ 

ရလဒ်များကို ရှာဖွေခြင်း

အလုံးစုံသော စစ်ဆေးမှုများ နှင့် ခွဲခြမ်းစိတ်ဖြာမှုကို တစ်ခါတစ်ရံတွင် အသားစထုတ်ယူစစ်ဆေး သည့် ဆေးဖက်ဆိုင်ရာဌာနတွင် စစ်ဆေးပါသည်။ အခြားအချိန်များ၌ ပုံစံနမူနာကို အခြားတစ်နေရာရာတွင် တည်ရှိသော ဓာတ်ခွဲခန်းများသို့ ပို့ရပါမည်။ အချို့သော စစ်ဆေးမှုများက အဆင့်ဆင့် နှင့် လုပ်ငန်းစဉ်အဆင့်ဆင့် အစီအစဉ်တွဲတစ်ခု လိုအပ်ပြီး ရလဒ်များရရှိရန် ရက်သတ္တပတ်အနည်းငယ် ကြာနိုင်ပါသည်။

ရောဂါဗေဒပညာရှင်က ယင်းစစ်ဆေးမှုများမှ အချက်အလက်များကို ရောဂါဗေဒအစီရင်ခံစာအတွင်း ထည့်သွင်းပါလိမ့်မည်။ ယင်းကို ကင်ဆာရောဂါအထူးကုနှင့် ဝေမျှဖတ်ရှုပါမည်/ ကင်ဆာရောဂါအထူးကုက ရောဂါဗေဒအစီရင်ခံစာမှ ရလဒ်များကို ဆေးခန်းသို့လာရောက်ချိန်တွင် ပြသပါလိမ့်မည်။

ဆရာဝန်ထံတွင် ကင်ဆာရောဂါနှင့် ပတ်သက်ပြီး အချက်အလက်ပိုမိုရှိလေ အဆိုပါသီးသန့်ကင်ဆာရောဂါ အတွက် ထိရောက်မှုအရှိဆုံး ကုထုံးများကို ၄င်းတို့က ဖော်ထုတ်နိုင်ရန် အခြေအနေ ပိုကောင်းလေဖြစ်သည်။

---
ပြန်လည် ဆန်းစစ်သည့်နေ့ - ၂၀၁၈ ခုနှစ် ဇူလိုင်လ