ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဖျားနာခြင်းနှင့် ရောဂါပိုးဝင်သည့် လက္ခဏာများ

ရောဂါပိုးဝင်ရောက်သည့် လက္ခဏာရပ်တွေက ဘာတွေလဲ?

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာတစ်ယောက်အတွက် ရောဂါပိုးတစ်ခုဝင်ပါက အသက်အန္တရာယ်ထိခိုက်နိုင်အထိ ဖြစ်သွားနိုင်ပြီး အရေးပေါ်ဆေးကုသရန် လိုအပ်သော အခြေအနေတစ်ခုအဖြစ် သတ်မှတ်သင့်သည်။

ကုသမှုနည်းလမ်းများထဲမှ ကီမိုဆေးသွင်းကုသခြင်း ကဲ့သို့သော ကုသမှုများသည် ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်သည်။ ကင်ဆာရောဂါကုသသည့် ဆေးဝါးများသည် ခန္ဓာကိုယ်ရှိ အလျင်မြန်ဆုံး ကြီးထွားနေသော ဆဲလ်များဖြစ်သည့် ကင်ဆာဆဲလ်များနှင့်အတူ ကျန်းမာသောဆဲလ်များကိုပါ ရောနှောသတ်ပစ်ပါသည်။ ရောဂါပိုးများကို တိုက်ခိုက်ပေးသည့် သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်သည့် နျူထရိုဖီးလ် အရေအတွက်ကျဆင်းလာသော အခြေအနေကို နျူထရိုဖီးလ်နည်းခြင်းဟု ခေါ်သည်။ နျူထရိုဖီးလ်အရေအတွက် နည်းပါးနေသောလူနာများသည် ကူးစက်ရောဂါများကို ကောင်းမွန်စွာ မတိုက်ခိုက်နိုင်တော့ပါ။ ၎င်းလူနာများသည် အလွန်မြန်ဆန်စွာ ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်သွားနိုင်သည်။ ကူးစက်ရောဂါဝင်ရောက်နေသည့် လက္ခဏာရပ်တို့ကို စောင့်ကြည့်လေ့လာရန် အရေးကြီးပါသည်။ သို့မှသာ ချက်ချင်းကုသနိုင်မည် ဖြစ်သည်။

ကလေးကင်ဆာလူနာများတွင် နျူထရိုဖီးလ် အရေအတွက်နည်း၍ ဖျားနာခြင်းသည် အသက်အန္တရာယ်ထိခိုက်နိုင်အထိ ဖြစ်သွားနိုင်ပြီး အရေးပေါ်ဆေးကုသရန် လိုအပ်သော အခြေအနေတစ်ခုဟု သတ်မှတ်သင့်သည်။ မိခင်ဖြစ်သူ အနီးနားတွင်ရှိနေစဉ် ငယ်ရွယ်သည့်လူနာတစ်ယောက်၏ ခန္ဓာကိုယ်အပူချိန်ကို သူနာပြုတစ်ဦးမှ တိုင်းတာပါသည်။

တချို့သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသမှုနည်းလမ်းများသည် ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်သည်။ ဖျားနာခြင်းသည် ရောဂါပိုးဝင်ရောက်သည့် လက္ခဏာတစ်ရပ် ဖြစ်သည်။

ကူးစက်ရောဂါဝင်ရောက်နေသည့် လက္ခဏာရပ်များမှာ-

  • ဖျားနာခြင်း – တစ်ခါတစ်လေ ဖျားနာခြင်း တစ်မျိုးတည်းကိုသာ တွေ့ရတတ်သည်။
  • ချောင်းဆိုးခြင်း သို့မဟုတ် အသက်ရှူမြန်ခြင်း
  • အရေကြည်ဖုများ၊ အနီကွက်များ သို့မဟုတ် အ‌ရေပြားအနာများ
  • နှာရည်ယိုခြင်း
  • နားကိုက်ခြင်း
  • အရည်ဝမ်းသွားခြင်း
  • လည်ချောင်းနာခြင်း
  • ဗိုက်နာခြင်း
  • စအိုတစ်ဝိုက် ရောင်ခြင်း သို့မဟုတ် နာကျင်ကိုက်ခဲခြင်း
  • ခေါင်းကိုက်ခြင်းနှင့် ဇက်တောင့်ခြင်း

သင့်ကလေး ဖျားနာတဲ့အခါ သို့မဟုတ် ကူးစက်ရောဂါဝင်ရောက်တဲ့ လက္ခဏာတွေရှိလာတဲ့အခါမှာ ဘာလုပ်ရမလဲ။

သင့်ကလေးမှာ ကူးစက်ရောဂါဝင်ရောက်တဲ့ လက္ခဏာတွေရှိလာတာကို သတိထားမိတာနဲ့ အိမ်မှာပဲဖြစ်ဖြစ်၊ ဆေးရုံပဲတက်နေနေ စောင့်ရှောက်ပေးသူတစ်ဦးကို ချက်ချင်းပြောပြပါ။

  • နေ့ခင်းဘက်ဖြစ်တွင် ဖျားနာလာပါက ကလေးကင်ဆာကုဌာန အနီးအနားမှာ သင်ရှိနေပါက သင့်ကလေးအား ကုသပေးနေသည့်အဖွဲ့ သို့မဟုတ် အထွေထွေကုဆေးခန်းကို ဖုန်းခေါ်ဆိုပါ။
  • အကယ်၍ ရုံးချိန်ပြင်ပ သို့မဟုတ် ရုံးပိတ်ရက်တွင် ဖျားနာလာပါက ရုံးချိန်ပြင်ပ အရေးပေါ် အခြေအနေများအတွက် သင်ပြသနေသည့် ဆေးရုံ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက် ဆောင်ရွက်ပါ။ သင့်ကလေးဖျားနေတာကို သိလိုက်တာနဲ့တစ်ပြိုင်နက် အထွေထွေကုဆေးခန်း သို့မဟုတ် တာဝန်ကျဆရာဝန်တို့ကို ပြောပြသင့်သည်။
  • အကယ်၍ သင့်ကလေးကုသနေတဲ့ဆေးရုံအနီးနားမှာ သင်ရှိမနေရင်လည်း သင့်ကလေးကိုကုသပေးနေတဲ့ အနီးနားကဆရာဝန်ကို ဖုန်းခေါ်ဆိုပါ သို့မဟုတ် သင့်အနီးနားက ဆေးရုံမှာရှိတဲ့ အရေးပေါ်ဆေးကုသခန်းသို့ သွားပါ။
  • ဆေးကုသပေးမယ့်သူတွေကို သင့်ကလေးဟာ ကင်ဆာလူနာတစ်ယောက်ဖြစ်ကြောင်းနဲ့ ဘယ်နေရာမှာ လက်ရှိကုသမှုခံယူနေကြောင်းကိုလည်း သေသေချာချာ ပြောပြပါ။ သင့်ကလေးမှာ သွေးပြန်ကြောတွင်း ဆေးသွင်းနိုင်တဲ့ကိရိယာ တစ်ခုရှိနေပြီးဖြစ်သလား၊ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို ဖိနှိပ်ထားနိုင်တဲ့ ကီမိုဆေးသွင်းကုမှု ခံယူနေသလား၊ သို့မဟုတ် အခြားဆေးတွေနဲ့ ကုသမှုခံယူနေသလားကိုလည်း ထိုကုသပေးမည့်သူတို့ သိရှိဖို့ လိုအပ်ပါတယ်။
  • အကယ်၍ ဆရာဝန်တစ်ဦးနဲ့ သို့မဟုတ် ဆေးရုံတစ်ရုံမှာ ကုသတော့မယ်ဆိုရင် အလျဉ်းသင့်တာနဲ့ သင့်ကလေးရဲ့ အထွေထွေကုဆေးခန်း သို့မဟုတ် သင့်ကလေးကိုကုသပေးနေတဲ့အဖွဲ့တို့ကို ဖုန်းဆက်ခေါ်ဆိုပြီး ကလေးရဲ့ လတ်တလောရောဂါအခြေအနေကို ထိုကုသပေးမယ့်သူတွေကို ပြောပြစေသင့်သည်။

အဖျား

လူနာ၏ အသက်အရွယ်အလိုက် ဖျားနာသည့်ပုံစံများမှာ မတူညီကြပါ။

  • ကလေးငယ်တစ်ဦးသည် အသက် ၃ နှစ်အောက်ဖြစ်ပါက လက်မောင်းအောက် အပူချိန် 99.4 degrees F (37.4 degrees C) သို့မဟုတ် ထက်ပိုများပါက ဖျားနာသည်ဟု သတ်မှတ်သည်။
  • အသက် ၃ လနှင့်အထက် လူနာများတွင်
    • ခံတွင်း (ပါးစပ်မှ) အပူချိန် 100.9 degrees F (38.3 degrees C) သို့မဟုတ် ထက်ပိုများပါက
    • ဆက်တိုက်အချိန် ၁ နာရီကျော်ကြာ ခံတွင်းအပူချိန်မှာ 100.4 degrees F (38.0 degrees C) သို့မဟုတ် ထက်ပိုများပါက
    • လက်မောင်းအောက် (ချိုင်းကြား) အပူချိန် 99.9 degrees F (37.7 degrees C) သို့မဟုတ်
    • ဆက်တိုက်အချိန် ၁ နာရီကျော်ကြာ လက်မောင်းအောက်အပူချိန် 99.4 degrees F (37.4 degrees C) သို့မဟုတ် ထက်ပိုများပါက

ရောဂါပိုးမဝင်စေရန် ကာကွယ်သည့်နည်းလမ်းများ

ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ရန် မိဘများနှင့် အခြားစောင့်ရှောက်ပေးနေသူတို့မှ အောက်ပါအဆင့်များကို လုပ်ဆောင်ရန် တိုက်တွန်းပါသည်။

  • လူနာအနီးနားရှိ လူပုဂ္ဂိုလ်များနှင့် မိဘတို့အနေဖြင့် ၎င်းတို့၏လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပေးသင့်သည်။
  • တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရန် လုပ်ဆောင်ခြင်း။
  • လူနာအနီးတစ်ဝိုက် သန့်ရှင်းစေရန် ဂရုစိုက်ခြင်း။
  • ဖျားနာသူများနှင့် ထိတွေ့မှုမရှိစေရန် ရှောင်ရှားခြင်း။
  • လူနာ၏ ကိုယ်ပူချိန်အား စအိုမှတစ်ဆင့်တိုင်းတာခြင်းကို ရှောင်းရှားခြင်း။

---
ပြန်လည်စိစစ်သော ရက်စွဲ- ၂၀၁၈ ခုနှစ် ဩဂုတ်လ