ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု

ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် ဆွံ့အခြင်း၊ ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် ဆွံ့အခြင်း ရောဂါလက္ခဏာစု၊ ဦးနှောက်ငယ်ဆိုင်ရာ သိမှုထိခိုက်စေသည့် ရောဂါလက္ခဏာစု၊ ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် အချိန်တိုချွတ်ယွင်းမှု၊ ဆွံ့အခြင်းနှင့် ဆက်တိုက်ဖြစ်ပေါ်သော ဒိုင်ဆာသရီယာ

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုဆိုသည်မှာ အဘယ်နည်း။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု သို့မဟုတ် ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် ဆွံ့အခြင်းသည် ဦးနှောက်၏ ပိုစတာရီယာဖိုဆာ အပိုင်းအတွင်းရှိ ဦးနှောက်အကျိတ်ကိုဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်ပြီးနောက်ပိုင်းတွင် တခါတရံ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေဖြစ်သည်။ ပိုစတာရီယာဖိုဆာသည် ဦးနှောက်ငယ် နှင့် ဦးနှောက်အလည်တိုင်ပါဝင်သည့် ဦးခေါင်းခွံ၏ အောက်ခြေအနီးရှိနေရာတစ်ခုဖြစ်သည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုရှိသူ ကလေးများတွင် ရောဂါလက္ခဏာအများအပြား စု၍ရှိနေလေ့ရှိသည်။ အထင်ရှားဆုံးသော ရောဂါလက္ခဏာမှာ စကားပြောနည်းခြင်း သို့မဟုတ် စကားမပြောနိုင်ခြင်းသည်။ ကလေးများသည် စကားအလွန်အကျွံပြောဆိုခြင်းမရှိသော်လည်း အချက်အလက်များကို လုပ်ဆောင်နိုင်စွမ်းရှိပြီး နားလည်သဘောပေါက်နိုင်သည်။ ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ အခြားလက္ခဏာများတွင် စကားပြောခြင်း၊ လှုပ်ရှားမှု၊ စိတ်ခံစားချက်များနှင့် အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ပါဝင်သည်။

ရောဂါလက္ခဏာများသည် အကျိတ်ခွဲစိတ်ကုထုံးနောက်ပိုင်း ၁ ရက်မှ ၁၀ ရက်အထိ ပေါ်ပေါ်က်လေ့ရှိပြီး ရက်သတ္တပတ် သို့မဟုတ် လပိုင်း ကြာမြင့်နိုင်သည်။ တိုးတက်မှုရရှိသည့်တိုင် လူနာများ၌ ဆက်၍ရှိနေနိုင်သည့်ပြဿနာအတိုင်းအတာအချို့ရှိသည်။

ပိုစတာရီယာဖိုဆာအပိုင်းအတွင်းရှိ အကျိတ်များသည် ကလေးများရှိ ဦးနှောက်အကျိတ်များအားလုံး၏ ထက်ဝက်ခန့်ဖြစ်သည်။ ပိုစတာရီယာဖိုဆာအကျိတ်တစ်ခုဖြစ်သည့် မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် ကလေးများ၏ ၂၅% တွင် ပိုစတာရီယာဖိုဆာရောဂါလက္ခဏာစု ဖြစ်ပေါ်လာနိုင်သည်။

ပိုစတာရီယာဖိုဆာအပိုင်းအတွင်းရှိ အကျိတ်များသည် ကလေးများရှိ ဦးနှောက်အကျိတ်များအားလုံး၏ ထက်ဝက်ခန့်ဖြစ်သည်။ ပိုစတာရီယာဖိုဆာအကျိတ်တစ်ခုဖြစ်သည့် မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် ကလေးများ၏ ၂၅% တွင် ပိုစတာရီယာဖိုဆာရောဂါလက္ခဏာစု ဖြစ်ပေါ်လာနိုင်သည်။

ပိုစတာရီယာဖိုဆာအပိုင်းအတွင်းရှိ အကျိတ်များသည် ကလေးများရှိ ဦးနှောက်အကျိတ်များအားလုံး၏ ထက်ဝက်ခန့်ဖြစ်သည်။ ပိုစတာရီယာဖိုဆာ အကျိတ်တစ်ခုဖြစ်သည့် မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် ကလေးများ၏ ၂၅% တွင် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု ဖြစ်ပေါ်လာနိုင်သည်။ ဦးနှောက်ကြယ်ဆဲလ်မြင်း နှင့် ဦးနှောက်နှင့်အာရုံကြောမကြီးအတွင်းပိုင်းအခန်းများရှိအလွှာပါးကဲ့သို့သော အခြားအကျိတ်များအတွက် ခွဲစိတ်ကုထုံးပြုလုပ်ခြင်းသည်လည်း ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုကို မဆိုစလောက်ဖြစ်ပေါ်စေနိုင်သည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအား အတိအကျ နားလည်သဘောပေါက်နိုင်ခြင်း မရှိသေးပါ။ အဆိုပါအခြေအနေသည် အချို့ကလေးများအား ထိခိုက်စေပြီး အချို့ကို ထိခိုက်စေခြင်းမရှိသည့်အကြောင်းအရင်းကို ဆရာ၀န်များပင် အတိအကျမသိရှိနိုင်ပါ။ အချို့သော အကြောင်းခြင်းရာများသည် ရောဂါဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သော်လည်း ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအား ကြိုတင်၍ ခန့်မှန်းနိုင်ခြင်းမရှိသေးပါ။ ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအား ကုသပျောက်ကင်းခြင်းမရှိသေးသည့်အပြင် ပြန်လည်သန်စွမ်းမှု၏ဖြစ်စဉ်မှာ အလွန်နက်နဲကျယ်ပြန့်သည်။

ပိုစတာရီယာဖိုဆာ အကျိတ်တစ်ခုဖြစ်သည့် မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် ကလေးများ၏ ၂၅% တွင် (ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် ဆွံ့အခြင်းဟုလည်းခေါ်သော) ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု ဖြစ်ပေါ်လာနိုင်သည်။ ဤပုံအတွင်း မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်လူနာ လူငယ်တစ်ဦးသည် ဘလောက်တုံးများနှင့် ဂိမ်းကစားနေသည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုသည် ပိုစတာရီယာဖိုဆာ အကျိတ်တစ်ခုဖြစ်သည့် မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် ကလေးများ၏ ၂၅% တွင် ဖြစ်ပေါ်လာနိုင်သည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများသည် အပျော့စားမှ အပြင်းစားအထိ အဆင့်ဆင့်ရှိသည်။ ရောဂါလက္ခဏာများသည် ဦးနှောက်ပြန်လည်ကျန်းမာလာသည်နှင့်အမျှ တိုးတက်မှုရရှိလေ့ရှိသည်။ ကလေးအများစုသည် ဆက်သွယ်မှုပြုလုပ်ရန်နှင့် အကူအညီမပါဘဲ လမ်းလျှောက်နိုင်စွမ်းကို ပြန်လည်ရရှိမည်ဖြစ်သည်။ ပြန်လည်သန်စွမ်းမှုသည် ရှည်လျားသော ဖြစ်စဉ်တစ်ခုဖြစ်လေ့ရှိပြီး ရက်သတ္တပတ်များစွာ၊ လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာပင် ကြာမြင့်နိုင်သည်။ လူနာများသည် တစ်ခု သို့မဟုတ် ၎င်းထက်ပိုသော လုပ်ဆောင်ချက်နယ်ပယ်များအတွင်း အထူးသဖြင့် ခြေလှမ်းလှမ်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှု၊ စကားပီသအောင်ပြောဆိုမှုနှင့် သိမြင်မှုတို့တွင် ရေရှည်ပြဿနာများကို မကြာခဏကြုံတွေ့ရနိုင်သည်။ ပိုမိုဆိုးရွားပြင်းထန်သော ရောဂါလက္ခဏာများရှိသည့်ကလေးများသည် ပိုမိုကြာရှည်သော လျော့ပါးကျဆင်းမှုများကို ပို၍ကြုံတွေ့နိုင်ဖွယ်ရှိသည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပြုလုပ်ရာတွင် ရုပ်ပိုင်းဆိုင်ရာကုထုံးအလုပ်ပေးကုထုံးနှင့် စကားပြောကုထုံးတို့ပါဝင်သည့် ပြန်လည်ထူထောင်ရေး ကုထုံးမျိုးစုံ ပေါင်းစပ်ကုသခြင်းကို ထည့်သွင်းလေ့ရှိသည်။ အာဟာရအထောက်အပံ့စိတ်ပညာနှင့် ကျောင်းအထောက်အပံ့ တို့သည်လည်း အရေးပါသည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ အဖြစ်များသော ရောဂါလက္ခဏာများ

  • စကားမပြောနိုင်ခြင်း သို့မဟုတ် ဆွံ့အခြင်း
  • ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း သို့မဟုတ် ပေါင်းစပ်လုပ်ဆောင်နိုင်စွမ်းမရှိခြင်း
  • မူမမှန်သော မျက်လုံးလှုပ်ရှားမှုများ
  • အလွန်အကျူးဖြစ်ပေါ်သော စိတ်ခံစားချက် သို့မဟုတ် အပြုအမူပြောင်းလဲမှုများ
  • အစာမျိုချရာတွင် ခက်ခဲခြင်း
  • ကြွက်သားအားနည်းခြင်း သို့မဟုတ် ကြွက်သားလုပ်ဆောင်နိုင်စွမ်းနိမ့်ကျခြင်း
  • သိစိတ်ဖြင့် ထိန်းချုပ်လုပ်ဆောင်သော လှုပ်ရှားမှုများ ယာယီဆုံးရှုံးခြင်း
  • သိမှုဆိုင်ရာ ပြဿနာများ
 

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများ

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုသည် စကားပြောခြင်း၊ လှုပ်ရှားမှု၊ စိတ်ခံစားချက်များ၊ အပြုအမူ နှင့်/သို့မဟုတ် သိမှုဆိုင်ရာ ပြောင်းလဲမှုများပါဝင်သည့် ရောဂါလက္ခဏာများအစုဖြစ်သည်။

    • စကားမပြောနိုင်ခြင်း ( ဆွံ့အခြင်း)- အချို့ကလေးများသည် စကားပြောနိုင်စွမ်းကို လုံးဝဆုံးရှုံးသွားရသည်။ အခြားကလေးများသည် စကားလုံးအနည်းငယ်ကို ပြောနိုင်စွမ်းရှိပြီး အလွန်တိုသော စကားစုများကို ပြောဆိုနိုင်သည်။ ထိုကဲ့သို့ စကားမပြောနိုင်ခြင်းသည် ခွဲစိတ်ကုထုံးပြီးသည့်နောက် ၁ ရက်မှ ၂ ရက်အကြာတွင် ဖြစ်ပေါ်လေ့ရှိသည်။ ကလေးအများစုသည် နောက်ထပ်ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်အကြာတွင် ပြန်လည်၍ စကားပြောဆိုနိုင်ကြသော်လည်း အချိန်ကြာမြင့်စွာဖြစ်ပေါ်သော စကားပြောဆိုမှုဆိုင်ရာ တွင် အနှောင့်အယှက်အချို့ရှိနိုင်သည်။ ဤသည်မှာ အခြေအနေ၏ အဓိကကျသောအချက်တစ်ခုဖြစ်သဖြင့် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုကို ဦးနှောက်ငယ်ချွတ်ယွင်းမှုကြောင့် ဆွံ့အခြင်းဟုလည်း သိရှိကြသည်။
    • ကြွက်သား အားနည်းမှု သို့မဟုတ် ညံ့ဖျင်းသော ကြွက်သားထိန်းချုပ်မှု (ဒိုင်ဆာသရီယာ) ကြောင့် ဖြစ်ပေါ်သော စကားပြောဆိုမှုဆိုင်ရာ ပြဿနာများဒိုင်ဆာသရီယာ- ၎င်းတို့သည် ပါးစပ်၊ လျှာ၊ အာခေါင်နှင့် အသံကြိုးများ၏ ကြွက်သားများကို ထိန်းချုပ်ရာတွင် အခက်အခဲများရှိသဖြင့် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုရှိသူ ကလေးအများအပြားသည် စကားပြောဆိုမှုဆိုင်ရာ ပြဿနာများရှိနိုင်သည်။ စကားပြောဆိုသည့်နှုန်းနှေးကွေးခြင်း၊ လျှာလိပ်ခြင်း၊ အသံကို ကောင်းစွာမထွက်နိုင်ခြင်း သို့မဟုတ် အသံကျယ်လောင်မှု၊ အတက်အကျ သို့မဟုတ် အနိမ့်အမြင့်တို့နှင့်ပတ်သက်၍ အခက်အခဲများရှိခြင်းတို့ကြောင့် စကားကို နားလည်ရန်ခက်ခဲသည်။
    • စကားပြောဆိုသည့်အခါလိုအပ်သော လှုပ်ရှားမှုများကို ထိန်းချုပ်သည့် ဦးနှောက်လမ်းကြောင်း ပျက်စီးမှုကြောင့် ပေါ်ပေါက်သော စကားပြောဆိုမှုဆိုင်ရာ ပြဿနာများ(အပါရာဇီယာ)- အချို့ကလေးများသည် ၎င်းတို့ပြောဆိုလိုသည့်အရာကို မှန်ကန်စွာပြောဆိုရန် အခက်အခဲရှိနိုင်သည်။ ၎င်းတို့သည် စကားပြောခြင်းအတွက် ပါးစပ်လှုပ်ရှားမှုများကို ပေါင်းစပ်လုပ်ဆောင်ရာတွင်လည်းကောင်း ပြောလိုသောအသံများကို ပြောဆိုရာတွင်လည်းကောင်း စကားလုံးများကို အစီအစဉ်တကျ တသမတ်တည်းပြောဆိုရာတွင်လည်းကောင်း ပြဿနာများရှိနိုင်သည်။ ၎င်းတို့သည် ၎င်းတို့၏ပါးစပ်များအား စိတ်ထိန်းချုပ်မှုဖြင့် လှုပ်ရှားစေရာတွင်လည်း အခက်အခဲ ရှိနိုင်သည်။ ဥပမာအားဖြင့် ကလေးများသည် စိတ်စေခိုင်းချက်ကြောင့် သူတို့၏ပါးစပ်များကို ဖွင့်ရန် သို့မဟုတ် ပြုံးရန် မတတ်နိုင်ဘဲ ရှိနိုင်သည်။ သို့ရာတွင် ၎င်းတို့သည် ရယ်မောသည့်အခါ အလိုအလျောက်တုန့်ပြန်မှုတစ်ရပ်အဖြစ် ပါးစပ်ကျယ်ကျယ်ဖွင့်မိခြင်း သို့မဟုတ် ပြုံးမိခြင်းကို ပြုလုပ်နိုင်သည်။
    • အစာမျိုချရန် ခက်ခဲခြင်း (ဒိုင်စဖာဂီယာ)- ကလေးများသည် အစာမျိုချရာတွင် အသုံးပြုရသည့် ကြွက်သားများကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဖြစ်နိုင်သည်။ ဤသို့ဖြစ်ခြင်းသည် အာဟာရပြောင်းလဲမှု၊ အထူးပြုလုပ်ထားသော ကိရိယာတန်ဆာပလာများ သို့မဟုတ် နည်းလမ်းများ သို့မဟုတ် ပြဿနာများ တိုးတက်မှုရရှိလာသည်အထိ အစာသွင်းပိုက်များတပ်ဆင်ပေးရန် လိုအပ်နိုင်သည်။

    စကားပြောကုထုံးအကြောင်း ပိုမိုလေ့လာရန်

    • စိတ်ဖြင့်ထိန်းချုပ်နိုင်သော လှုပ်ရှားမှုမရှိခြင်း (အပါရာဇီယာ)- ကနဦးတွင် ကလေးအများစုသည် ၎င်းတို့အား (စိတ်ဖြင့်ထိန်းချုပ်နိုင်သော လှုပ်ရှားမှုများကို) ပြုလုပ်ရန် တောင်းဆိုသည့်အခါ အခက်အခဲတွေ့ရှိနိုင်သည်။ သို့ရာတွင် ၎င်းတို့သည် ပါးစပ်ကျယ်ကျယ်ဟမိခြင်း သို့မဟုတ် မျက်နှာရှုံ့မဲ့ခြင်းစသော စိတ်ဖြင့်ထိန်းချုပ်ခြင်းမဟုတ်သည့် သို့မဟုတ် အလိုအလျောက်ဖြစ်ပေါ်သော လှုပ်ရှားမှုများကို ပြသနိုင်သည်။ ဤသို့ဖြစ်ခြင်းသည် လက်မောင်းများနှင့် ခြေထောက်များအား ရှိရင်းစွဲထက်ပို၍ အားပျော့သည့်သဏ္ဍာန် ထင်မြင်စေသည်။ အပါရာဇီယာသည် တိုးတက်မှုရရှိလာပြီး စိတ်ဖြင့်ထိန်းချုပ်သော လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင် လာနိုင်သည်နှင့် ကြွက်သားပေါင်းစပ်လုပ်ဆောင်မှုနှင့်ပတ်သက်သော ပြဿနာများသည် သိသာလာသည်။
    • လှုပ်ရှားမှုများထိန်းချုပ်ခြင်းဆိုင်ရာ ပြဿနာများ (အတာဇီယာ)- လှုပ်ရှားမှု၊ မျှခြေနှင့် ကြွက်သားပေါင်းစပ်လုပ်ဆောင်မှုများရှိ ပြဿနာအမျိုးစုံကို ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအတွင်း တွေ့မြင်ရသည်။ ကလေးများသည် ကြီးမားသောလှုပ်ရှားမှုများကဲ့သို့ပင် လက်နှင့် လက်ချောင်းများ သန်စွမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အခက်အခဲတွေ့ရှိနိုင်သည်။ ကလေးသည် တိုးတက်မှုရရှိလာသည့်အခါ လျော့ကျနေသော မျက်စိနှင့် လက်ပေါင်းစပ်လုပ်ဆောင်မှု၊ သေးငယ်သောအရာဝတ္ထုများအား ကိုင်တွယ်ရန် ခက်ခဲခြင်းနှင့် လမ်းလျှောက်ရာတွင် တည်ငြိမ်မှုမရှိခြင်း တို့သည် ပို၍သိသာလာသည်။ အဆိုပါပြဿနာများ၏အဆင့်အချို့သည် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုရှိသည့် ကလေးအများစုတွင် ဆက်လက်တည်ရှိမည်ဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်များသည် ကလေးအများစုတွင် အချိန်နှင့်အမျှ တိုးတက်မှုရရှိလေ့ရှိသော်လည်း ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု အစောပိုင်းအဆင့်များအတွင်း အူမကြီးနှင့် ဆီးအိတ်ထိန်းချုပ်မှုတို့ကို အနှောင့်အယှက်ဖြစ်စေသည်။
    • ခန္ဓာကိုယ်၏တစ်ဖက်ခြမ်းတွင် အားနည်းမှု (ဟမ်မီပါရေးစစ်)-အချို့ကလေးများသည် ခန္ဓာကိုယ်၏တစ်ဘက်ခြမ်းတွင် သို့မဟုတ် နှစ်ဘက်စလုံးတွင် အားနည်းမှုကြုံတွေ့ရနိုင်သည်။
    • ကြွက်သားလုပ်ဆောင်နိုင်စွမ်းပြောင်းလဲမှု (ဟိုက်ပိုတိုးနီးယား သို့မဟုတ် ဟိုက်ပါတိုးနီးယား)- ကြွက်သားလုပ်ဆောင်နိုင်စွမ်းပြောင်းလဲမှုသည် ကြွက်သားတစ်ခု အနားရရှိသည့်အခါရှိလာသော ကြွက်သားတင်းအား၏မျှခြေကို ရည်ညွှန်းသည်။ ဟိုက်ပိုတိုးနီးယား သို့မဟုတ် ကြွက်သားလုပ်ဆောင်နိုင်စွမ်းနိမ့်ကျခြင်းသည် ကိုယ်နေဟန်ထား "တွဲလောင်းကျနေသည့်" ကြွက်သားအဖြစ် သို့မဟုတ် မတ်မတ်ထိုင်ခြင်းကို ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်စေသည်။ ဟိုက်ပါတိုးနီးယား သို့မဟုတ် တိုးမြင့်လာသော ကြွက်သားလုပ်ဆောင်နိုင်စွမ်းသည် ကြွက်သားများကို အလွန်အမင်းတင်းမာစေသည်။
    • စိတ်ဖြင့်ထိန်းချုပ်၍မရသော လှုပ်ရှားမှုများ- အချို့ကလေးများသည် စိတ်ဖြင့်ထိန်းချုပ်၍မရသော လှုပ်ရှားမှုများအား ရရှိလာနိုင်သည်။ အဆိုပါလှုပ်ရှားမှုများတွင် ကတုန်ကယင်ဖြစ်ခြင်း၊ ရုတ်တရက် ကြွက်သား သို့မဟုတ် ခြေလက်အင်္ဂါများ ဆတ်ခနဲလှုပ်ရှားမှုများ သို့မဟုတ် စိတ်ဖြင့်ထိန်းချုပ်၍မရသော မျက်စိလှုပ်ရှားမှုများ ပါဝင်သည်။
    • ဦးခေါင်းခွံရှိ အာရုံကြောများနှင့်ပတ်သက်သော ပြဿနာများ (ဦးခေါင်းခွံရှိ အာရုံကြောများလေဖြတ်ခြင်း)- ဦးခေါင်းခွံရှိ အာရုံကြော VI နှင့် VII တို့သည် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအတွင်း ပါဝင်သည်။ ဆဌမမြောက် ဦးခေါင်းခွံရှိ အာရုံကြောသည် မျက်စိလှုပ်ရှားမှုကို ထိန်းချုပ်သည်။ အဆိုပါအာရုံကြောနှင့်ပတ်သက်သော ပြဿနာများသည် အမြင်နှစ်ထပ်ဖြစ်ခြင်းကို ဖြစ်ပေါ်စေပြီး "စွေစောင်းသော" မျက်လုံးကို ဖြစ်စေနိုင်သည်။ သတ္တမမြောက် ဦးခေါင်းခွံရှိ အာရုံကြောသည် မျက်နှာနှင့်ပတ်သက်သော အာရုံကြောဖြစ်သည်။ ယင်းအာရုံကြောပျက်စီးမှုသည် "ညွှတ်ကျသော" မျက်နှာကို ဖြစ်စေနိုင်သည်။ ကလေးများသည် သွားရည်ကျခြင်း သို့မဟုတ် မျက်နှာပေးအမူအရာများပြုလုပ်ရာတွင် ပြဿနာများရှိနိုင်သည်။

    ရုပ်ပိုင်းဆိုင်ရာကုထုံးအကြောင်း ပိုမိုလေ့လာရန်

    အလုပ်ပေးကုထုံးအကြောင်း ပိုမိုလေ့လာရန်

  1. ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုရှိသူ ကလေးများသည် အလွန်အကျူးဖြစ်သော စိတ်ခံစားချက်ကို မကြာခဏဖြစ်ပေါ်နိုင်သည်။ ၎င်းတို့သည် ရယ်မောခြင်း သို့မဟုတ် ငိုကြွေးခြင်းကဲ့သို့သော မျှော်လင့်မထားသော သို့မဟုတ် အခြေအနေနှင့် လိုက်လျောညီထွေမှုမရှိသော တုန့်ပြန်ချက်များကို ပြသနိုင်သည်။ ကလေးများသည် စိတ်ခံစားမှုနှစ်ခွဖြစ်ခြင်းများ ရှိနေနိုင်သည် သို့မဟုတ် စိတ်အေးသက်သာမှုရရှိရန် ခက်ခဲနိုင်သည်။ တခါတရံတွင် ကလေးများသည် အထီးတည်းနေသည့်ပုံပေါ်သည် သို့မဟုတ် တုန့်ပြန်ချက်ကို မဆိုစလောက်သာ ဖော်ပြနိုင်သည်။ စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်သောကဖြစ်ခြင်းနှင့် အာရုံစူးစိုက်နိုင်မှုမရှိခြင်းတို့ကိုလည်း အတွေ့ရများသည်။ အိပ်စက်မှုပုံစံ သို့မဟုတ် အစီအစဉ်အတွင်း အပြောင်းအလဲအပါအဝင် အိပ်စက်မှုဆိုင်ရာပြဿနာများကိုလည်း ကြုံတွေ့နိုင်သည်။

    ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုရှိသည့် ကလေးအများစုတွင် အထိအတွေ့၊ အလင်း၊ အသံများ သို့မဟုတ် လှုပ်ရှားမှုများကဲ့သို့ အာရုံခံစားမှုများအား တုန့်ပြန်သည့်ပုံစံ အပြောင်းအလဲများရှိသည်။ တုန့်ပြန်မှုအား ယခင်က ဖြစ်စေခဲ့ခြင်းမရှိသည့် ပတ်ဝန်းကျင်အတွင်းရှိ အရာဝတ္ထုများက ၎င်းတို့ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။

    အဆိုပါပြောင်းလဲမှုများသည် ကစားခြင်း၊ နေ့စဉ်လုပ်ဆောင်ချက်များ သို့မဟုတ် ပြန်လည်ထူထောင်မှုအတွင်း ပါဝင်ဆောင်ရွက်ရန် ကလေး၏ စွမ်းဆောင်နိုင်စွမ်း သို့မဟုတ် ဆန္ဒကို ကန့်သတ်နိုင်သည်။

    စိတ်ပညာအကြောင်း ပိုမိုလေ့လာရန်

  2. ပိုစတာရီယာ-ဖိုဆာ-ရောဂါလက္ခဏာစုရှိသူ ကလေးများသည် အာရုံစိုက်ခြင်း၊ အာရုံစူးစိုက်ခြင်း၊ လုပ်ဆောင်ရေးအမြန်နှုန်းနှင့် မှတ်ဉာဏ်တို့ပါဝင်သည့် သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်အတွင်း လျော့နည်းကျဆင်းမှုကို မကြာခဏပြသသည်။ ၎င်းတို့သည် လုပ်ငန်းတာဝန်များကို ပိုမိုနှေးကွေးစွာ လုပ်ဆောင်နိုင်ပြီး စုစည်းမှုနှင့် စီစဉ်မှုအပိုင်းတို့တွင် အခက်အခဲကြုံရနိုင်သည်။ ကလေးများသည် ပြဿနာဖြေရှင်းခြင်းနှင့် ၎င်းတို့၏ဆန္ဒကို ဆက်သွယ်မှုလုပ်ဆောင်ရာတွင် လုပ်ဆောင်နိုင်စွမ်း ပိုမိုနည်းပါးနိုင်သည်။ သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်အတွင်း လျော့နည်းကျဆင်းမှုသည် အဆင့်တစ်ခုအထိ ဆက်လက်တည်ရှိနေနိုင်သည်။ သို့ရာတွင် ဖြစ်ပွားရသည့်အကြောင်းရင်းသည် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုဖြစ်သည် သို့မဟုတ် ရောဂါလက္ခဏာများသည် အကျိတ် သို့မဟုတ် ကုသမှုနှင့် ဆက်စပ်သော သိမြင်မှုဆိုင်ရာအရ နောက်ကျသော အကျိုးသက်ရောက်မှုများ ကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်ဆိုသည်ကို ဝေခွဲရန် ခက်ခဲနိုင်သည်။

    သိမြင်မှုဆိုင်ရာအရ နောက်ကျသော အကျိုးသက်ရောက်မှုများအကြောင်းကို ပိုမိုလေ့လာရန်

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများသည် ရှုပ်ထွေးပြီး တစ်ခုနှင့်တစ်ခု မကြာခဏ ဆက်နွယ်နေလေ့ရှိသည်။ ဥပမာအားဖြင့် ကလေးများသည် ဆက်သွယ်မှုပြုလုပ်နိုင်ခြင်းမရှိသည့်အခါ စိတ်တုန်လူပ်ပြီး စိတ်မရှည်ဖြစ်လာနိုင်သည်။ စကားပြောဆိုခြင်းနှင့် ဘာသာစကားဆိုင်ရာ အနှောင့်အယှက်များတွင် ကြွက်သားအားနည်းခြင်း၊ အပါရာဇီယာနှင့် သိမြင်မှုဆိုင်ရာ အနှောင့်အယှက်တို့ပါဝင်သည့် အမျိုးမျိုးသော အကြောင်းရင်းများရှိနေနိုင်သည်။ ထို့ပြင် လူနာများသည် ထပ်ဆောင်းပြဿနာများကို ဖြစ်ပေါ်စေနိုင်သော၊ ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သော သို့မဟုတ် ပြန်လည်သန်စွမ်းမှုကို နှောင့်နှေးစေသော ကင်ဆာကုသမှုများကို ဆက်လက်ရရှိကြသည်။ သို့ရာတွင် လူနာအများစုသည် ရောဂါလက္ခဏာများ၏ သိသာထင်ရှားသော တိုးတက်မှုများကို အချိန်ကြာလာသည်နှင့်အမျှ အမှန်တကယ်ရရှိပြီး နေ့စဉ်နေထိုင်မှုလုပ်ဆောင်ချက်များတွင် အမှီအခိုကင်းလာကြောင်းကိုသိရှိရန် အရေးကြီးသည်။

အထောက်အကူပြုသော ပြုစုစောင့်ရှောက်ခြင်းနှင့် အားပေးတိုက်တွန်းမှုသည် ပြန်လည်သန်စွမ်းကို အကောင်းမွန်ဆုံးပြန်လည်ကောင်းမွန်စေရန် အထောက်အကူပြုသည်။

ပိုစတာရီယာဖိုဆာ ကင်ဆာအကျိတ်ကို ဖယ်ရှားရန် ခွဲစိတ်ကုထုံးပြုလုပ်သည့် မည်သည့်ကလေးမဆို ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုဖြစ်နိုင်ခြေရှိသူများဖြစ်သည်။ ရောဂါလက္ခဏာစုသည် မည်သို့ဖြစ်ပေါ်ပြီး အဘယ်ကြောင့်ဖြစ်ပေါ်ရသည်ကို နားလည်သဘောပေါက်ရန်အတွက် သုတေသနများ ထပ်မံပြုလုပ်ရန် လိုအပ်သည်။

ခွဲစိတ်ကုထုံးနောက်ပိုင်းတွင် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုဖြစ်နိုင်ခြေမြင့်တက်စေသည့် အပြင်းထန်ဆုံး အကြောင်းအချက်များတွင် အောက်ပါတို့ပါဝင်သည်-

  • မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်အား ရောဂါရှာဖွေဖော်ထုတ်မှု
  • အကျိတ်၏ အလယ်ပိုင်းအနေအထား
  • ဦးနှောက်တိုင်၏ ပါဝင်မှုအနေအထား

ငယ်ရွယ်သည့်အသက်အရွယ်၊ အကျိတ်အရွယ်အစားကြီးမားခြင်း၊ ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်းသို့မဟုတ် ဘာသာစကားအခက်အခဲများသည် ရောဂါလက္ခဏာစုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်ဟု အချို့သုတေသနများက ပြဆိုသည်။ သို့ရာတွင် သုတေသနတွေ့ရှိချက်များကလည်း အချက်အလက်များကို တစ်သမတ်တည်း ဖော်ပြနိုင်ခြင်းမရှိချေ။

သုတေသီများသည် ရောဂါဖြစ်ပွားစေသည့်အကြောင်းရင်းများ၊ ရောဂါလက္ခဏာများ၊ စောင့်ရှောက်မှုနှင့် ရလဒ်များကို တက်ကြွစွာ လေ့လာလျက်ရှိသည်။ ဦးနှောက်ငယ် နှင့် ဦးနှောက်အပြင်လွှာ (ဒန်တိတ်နျူကလိယပ်စ်နှင့် ဆူပါရီယာ ဆီရီဘဲလ်လာ ပန်ဒျူကဲလ်များ) တို့အကြား အသွားအပြန်ပြုလုပ်သည့် အာရုံကြောလမ်းကြောင်းများထိခိုက်အနာတရဖြစ်ခြင်းသည် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုကို ဖြစ်ပေါ်လာစေရန် အဓိကကျသော အကြောင်းအရင်းဖြစ်သည်။ မယ်ဒျူလိုဘလတ်စ်တိုမာ (ဦးနှောက်ကင်ဆာ)အကျိတ်များသည် အဆိုပါဦးနှောက်ဖွဲ့စည်းမှုအစိတ်အပိုင်းများနှင့် အလွန်နီးကပ်စွာတည်ရှိပြီး ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုရှိသူလူနာများတွင် တွေ့ရအများဆုံးသောအကျိတ်ဖြစ်သည်။ ခွဲစိတ်ကုထုံးဆိုင်ရာ နည်းပညာများ၏ တိုးတက်မှုများက ထိုအခြေအနေဖြစ်ပေါ်မှုကို လျော့ကျစေမည်ဟု သုတေသီများက မျှော်လင့်ထားသည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုရှိသော ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု

အထောက်အကူပြုသော ပြုစုစောင့်ရှောက်ခြင်းသည် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအတွက် ရရှိနိုင်သော အဓိကကုသမှုဖြစ်သည်။ သီးခြားရောဂါလက္ခဏာများကို အောက်ပါကုထုံးမျိုးစုံ ပေါင်းစပ်ကုသခြင်းကို အသုံးပြု၍ ကိုင်တွယ်သည်- 

  • စကားပြောကုထုံး
  • ရုပ်ပိုင်းဆိုင်ရာကုထုံး
  • ကိုယ်စိတ်ပြန်လည်ကျန်းမာရေးကုထုံး
  • သိမှုဆိုင်ရာ အကဲဖြတ်မှုနှင့် ပြန်လည်ထူထောင်ရေး
  • စိတ်ပညာနှင့် အပြုအမူ
  • ကျောင်းအထောက်အပံ့နှင့် နေရာထိုင်ခင်းများ
  • ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်စဉ် အာဟာရ

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုနှင့် ရင်ဆိုင်ကြုံတွေ့ရသော မိသားစုများအတွက် အကြံပေးချက်များ

အထောက်အပံ့ရယူရန်။ ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုသည် အထူးသဖြင့် လူနာများနှင့် မိသားစုများအတွက် စိန်ခေါ်မှုဖြစ်စေနိုင်သည်။ မိဘများသည် အကူအညီမဲ့သလို ခံစားရနိုင်ပြီး ၎င်းတို့၏ကလေးအား နှစ်သိမ့်နိုင်ခြင်း သို့မဟုတ် ဆက်သွယ်နိုင်ခြင်းမရှိသည့်အခါ စိတ်မရှည်ဖြစ်ကြသည်။ ကလေးများသည် ပြန်လည်သန်စွမ်းမှုစတင်သည့်အခါ ၎င်းတို့သည် နားလည်နိုင်စွမ်းရှိခဲ့သော်လည်း အတွေးများနှင့် ခံစားချက်များကို ဆက်သွယ်ခြင်း သို့မဟုတ် ဖော်ပြခြင်းကို ပြုလုပ်နိုင်ခဲ့ခြင်းမရှိသဖြင့် စိတ်မရှည်ဖြစ်နေရကြောင်းကိုလည်း တိုင်ကြားကြသည်။ ၎င်းတို့၏ကလေးအား အထောက်အကူပြုရန်အတွက် မည်သည့်အရာကို လုပ်ဆောင်ရမည် သို့မဟုတ် မည်သည့်အရာကို မျှော်လင့်ထားရမည်တို့ကို သိရှိရန်မှာ မိသားစုများအတွက် ခက်ခဲသည်။ ဆင်တူသော အတွေ့အကြုံတစ်ရပ်ကို ဖြတ်သန်းကြုံတွေ့ဖူးသော အခြားမိသားစုများသည် အထောက်အပံ့နှင့် အကြံဉာဏ်ရရှိနိုင်သည့် ရင်းမြစ်တစ်ခု ဖြစ်နိုင်သည်။ လူနာများနှင့် မိသားစုများအနေဖြင့် ပြန်လည်သန်စွမ်းမှုခရီးအတွက် လိုအပ်နေသော အရင်းအမြစ်များကို သေချာစွာရရှိစေရန် အတွေ့အကြုံရှိသော ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် အရေးပါသည်။

မျှော်မှန်းထားချက်များကို စီမံဆောင်ရွက်ပါ။ ပိုစတာရီယာဖိုဆာပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုကို ကြိုတင်ခန့်မှန်းထားနိုင်ခြင်းမရှိပါ။ ပြန်လည်သန်စွမ်းမှုသည် လူနာတစ်ဦးနှင့်တစ်ဦး ခြားနားကွဲပြားပြီး ရောဂါလက္ခဏာတစ်ခုစီတွင် မတူညီသော အချိန်ကာလသတ်မှတ်ချက်ရှိသည်။ အခြားမိသားစုများသည် အထောက်အကူနှင့် အားပေးတိုက်တွန်းမှုအတွက် ရင်းမြစ်တစ်ခုဖြစ်နိုင်သော်လည်း အခြားလူနာတစ်ဦး၏ဖြစ်စဉ်ကို အခြေခံ၍ မျှော်မှန်းထားချက်များ စီစဉ်သတ်မှတ်ခြင်းကို ရှောင်ကြဉ်ရန် အရေးကြီးသည်။

အချက်အလက်များရှာဖွေပြီး မေးခွန်းများမေးမြန်းရန်။ ပိုစတာရီယာဖိုဆာပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုသည် အဖြစ်နည်းသော အခြေအနေတစ်ခုဖြစ်သည်။ ပြန်လည်သန်စွမ်းရေး ကုထုံးဆရာဝန်များစွာသည် အဆိုပါအခြေအနေရှိသည့် ကလေးအတွက် အလုပ်လုပ်ဆောင်ခဲ့ဖူးခြင်းမရှိပါ။ မိဘများသည် ၎င်းတို့၏ကလေးအတွက် အရေးကြီးသည့် အထောက်အကူပြုသူများဖြစ်သည်။ ၎င်းတို့သည် အထူးသဖြင့် ကလေးသည် ပြင်ပလူနာစောင့်ရှောက်မှု သို့မဟုတ် ရေရှည်စောင့်ရှောက်မှုဌာနသို့ ကူးပြောင်းရသည့်အခါတွင် ၎င်းတို့၏ကလေးအနေဖြင့် သင့်လျော်သော အထူးကုဆရာဝန်များနှင့် ထောက်ပံ့ရေးဝန်ဆောင်မှုများကို သေချာစွာရရှိရန် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့်အတူ အလုပ်လုပ်ဆောင်နိုင်သည်။

ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအကြောင်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ထံတွင် မေးမြန်းရန် မေးခွန်းများ

  • ကျွန်ုပ်၏ကလေးတွင် ဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များထပ်မံရှိနေပါသလား။
  • ခွဲစိတ်ကုထုံးပြုလုပ်ပြီးနောက်တွင် မည်သည့်အရာကို စောင့်ကြည့်သင့်သနည်း။
  • ခွဲစိတ်ကုထုံးပြုလုပ်ပြီးနောက်တွင် ကျွန်ုပ်၏ကလေးကို မည်သို့စောင့်ကြည့်လေ့လာမည်နည်း။
  • ကျွန်ုပ်၏ကလေးသည် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစု၏ လက္ခဏာများကို ပြသလျှင် မည်သည့်ကုသမှုများကို ရရှိနိုင်ပါသနည်း။
  • ပြန်လည်သန်စွမ်းမှုကာလအတွင်း ကျွန်ုပ်၏ကလေးကို ကူညီရန် မည်သို့ပြုလုပ်နိုင်သနည်း။

သင်၏ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ အကြံပြုထားသည့်အတိုင်း အထောက်အကူပြု ကိရိယာများနှင့် နည်းလမ်းများကို အသုံးပြုပါ။ ဆက်သွယ်မှု၊ ရုပ်ပိုင်းဆိုင်ရာ ရွေ့လျားသွားလာနိုင်မှု၊ နေ့စဉ်ဘဝလုပ်ဆောင်ချက်များအတွက် အထောက်အပံ့ဖြစ်စေရန် လူနာများနှင့် မိသားစုများအတွက် အရင်းအမြစ်အမျိုးစုံကို ရရှိနိုင်ပါသည်။

စကားပြောကုထုံးပညာရှင်သည် ကလေးများအနေဖြင့် လိုအင်ဆန္ဒများနှင့် လိုအပ်ချက်များကို ဖော်ပြနိုင်စွမ်းရှိစေရန် အမူအရာများ၊ လက်ဟန်ပြသင်္ကေတများ၊ သင်္ကေတသုံးဘာသာစကားနှင့် ဘုတ်ပြားများ သို့မဟုတ် ကိရိယာများကဲ့သို့သော ဆက်သွယ်မှုအထောက်အကူများ သုံးစွဲမှုကို ပြုလုပ်ရန် အကြံပြုနိုင်သည်။

ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်သည် ဘီးတပ်ကုလားထိုင်၊ လမ်းလျှောက်အကူပစ္စည်း၊ တုတ်တံ နှင့်/သို့မဟုတ် ခြေထောက်သိုင်းကြိုးများကဲ့သို့သော ရွေ့လျားမှုသုံးပစ္စည်းများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း လူနာများအား ထိုပစ္စည်းကိရိယာများနှင့် နေသားတကျရှိစေရန် ဆောင်ရွက်ပေးရာ၌လည်းကောင်း အထောက်အကူပြုနိုင်သည်။ လူနာအချို့သည် ၎င်းတို့၏ ပြန်လည်သန်စွမ်းမှုကာလအတွင်း အမျိုးမျိုးသော ကိရိယာတန်တာပလာများကို မကြာမကြာ အသုံးပြုလေ့ရှိသည်။ ၎င်းတို့သည် အခြားလုပ်ဆောင်ချက်များအတွက်မဟုတ်ဘဲ အချို့လုပ်ဆောင်ချက်များအတွက် ကိရိယာတန်တာပလာအချို့ကို အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ကလေးတစ်ဦးသည် အိမ်ဝန်းကျင်တွင် ရွေ့လျားသွားလာရန်အတွက် လမ်းလျှောက်အကူပစ္စည်းကို အသုံးပြုနိုင်ပြီး စတိုးဆိုင် သို့မဟုတ် ကျောင်းကဲ့သို့သော ပိုမိုကွာဝေးသည့် ခရီးများအတွက်မူ ဘီးတပ်ကုလားထိုင်ကို အသုံးပြုမည်ဖြစ်သည်။

အလုပ်ပေးကုထုံးပညာရှင်သည် ရေချိုးခြင်းနှင့် နားနေခန်းသုံးစွဲမှုတို့ကဲ့သို့သော နေ့စဉ် လုပ်ဆောင်ချက်များအား အထောက်အကူဖြစ်စေရန် အထူးပြုလုပ်ထားသော ကိရိယာတန်ဆာပလာများကို အသုံးပြုရန် အကြံပေးနိုင်သည်။ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအထူးမွမ်းမံထားသော ခဲတံများနှင့် အသုံးပြုရလွယ်ကူစေရန် ပြုလုပ်ထားသည့် အစာခွံ့ထည့်နိုင်သည့် အိမ်သုံးတန်ဆာပလာများကဲ့သို့ ကိရိယာများကိုလည်း အကြံပြုနိုင်သည်။ အချို့အခြေအနေများတွင် လက်နှင့် လက်ချောင်းများ သန်စွမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကလေးအား အထောက်အကူဖြစ်စေရန်အတွက် ကလေး၏လက်များအတွက် အော်သိုတစ်ကို အသုံးပြုရန် ညွှန်ကြားနိုင်သည်။

ကုထုံးနှင့်ပတ်သက်၍ စိတ်ရှည်သည်းခံပါ။ တိုးတက်မှုအား မျက်မြင်တွေ့ရန် ခက်ခဲသည့်အတွက် လူနာများနှင့် မိသားစုများသည် စိတ်မရှည် ဖြစ်လာနိုင်သည်။ သို့ရာတွင် တိုးတက်မှုသည် နှေးကွေးသည်ဟု ထင်မြင်ရသည့်တိုင် ကုထုံးအား ဆက်လက်ပြုလုပ်ရန် အရေးကြီးသည်။ ပညာသင်ကြားမှုဆိုင်ရာ နေရာထိုင်ခင်းများအပါအဝင် ဆက်လက်လုပ်ဆောင်ရမည့် စောင့်ကြည့်လေ့လာရေးနှင့် ရေရှည်အထောက်အပံ့တို့သည် ပိုစတာရီယာဖိုဆာ ရောဂါလက္ခဏာစုအလွန်ကာလ ဘဝအရည်အသွေးကို တိုးတက်မှုရရှိစေရန် အထောက်အကူဖြစ်စေသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- စက်တင်ဘာလ၊ ၂၀၁၈ ခုနှစ်