ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ကလေးများတွင်ဖြစ်သော ပါးစပ်နှင့် လည်ချောင်း အနာများသည် ကင်ဆာဆိုးကျိုး၏ ယေဘုယျ ဘေးထွက်ဆိုးကျိုးများဖြစ်သည်။ ဤအခြေအနေအတွက် ဆေးပညာဆိုင်ရာအမည်မှာ ခံတွင်းလည်ချောင်း ရောင်ရမ်းခြင်းဖြစ်သည်။
ခံတွင်းဆိုသည်မှာ ပါးစပ်နှင့်လည်ချောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ခံတွင်းလည်ချောင်း ရောင်ရမ်းခြင်းသည် ကိုယ်တွင်းအင်္ဂါများကိုဖုံးပေးသော အမြှေးပါး၊ အစိုဓာတ်ထုတ်ပေးသည့်အင်္ဂါ၊ ခန္ဓာကိုယ်တွင်း အင်္ဂါအချို့၏ အတွင်းသားများ ရောင်ရမ်းခြင်းဖြစ်သည်။ ခံတွင်းလည်ချောင်း ရောင်ရမ်းခြင်းသည် ပါးစပ်၊ အစာအိမ်၊ အူများ နှင့် စအို အပါအဝင် အစာအိမ် အူလမ်းကြောင်းတလျှောက် မည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။ ၎င်းတို့သည် မကြာခဏ နာကျင်သော အနာများဖြစ်စေသည်။
၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာဖြစ်နေသော လူနာများ၏ ၅၀% အထက်သည် ခံတွင်းလည်ချောင်း ရောင်ရမ်းခြင်းဖြစ်ပွားနိုင်သည်။ အချင်းသွေးမှရသော ပင်မဆဲလ်အစားထိုးခြင်း (ရိုးတွင်းခြင်ဆီအစားထိုးခြင်း သို့မဟုတ် ပင်မဆဲလ်အစားထိုးခြင်းဟုလည်းခေါ်သည်) ရှိနေသော လူနာများ၏ ၇၅% အထက်သည် ဤဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေပိုများသည်။ လူနာအများစုကတော့ ခံတွင်းလည်ချောင်း ရောင်ရမ်းခြင်းကို ကင်ဆာကုထုံး၏ စိတ်မနှစ်မြို့စရာအကောင်းဆုံး ဘေးထွက်ဆိုးကျိုးဟု ဆိုကြပါသည်။
ပါးစပ်နှင့် လည်ချောင်းအနာများသည် အောက်ပါတို့ကိုဖြစ်စေသောကြောင့် စိုးရိမ်စရာတစ်ခုဖြစ်သည်။
ဤဘေးထွက်ဆိုးကျိုးများကို စီမံနိုင်သော်လည်း အပြည့်အဝ မတားဆီးနိုင်ပါ။ ပါးစပ်နှင့်လည်ချောင်းအနာများကို ဖြေရှင်းရာတွင်အောက်ပါအချက်များပါဝင်သည်-
ပါးစပ်နှင့်လည်ချောင်းအနာများကို ပိုကြီးထွားစေသောအချက်များတွင် အောက်ပါတို့ပါဝင်သည်-
ကီမိုဆေးသွင်းခြင်းကုထုံးနှင် ဓာတ်ရောင်ခြည်ကုထုံးသည် လျင်မြန်စွာပွားနေသော ကင်ဆာဆဲလ်များကို ကွဲသွားစေသည်။ မည်သို့ပင်ဖြစ်စေ ပါးစပ်၊ လည်ချောင်းနှင့် အစာအိမ်အူလမ်းကြောင်း အတွင်းမျက်နှာပြင်မှ ကျန်းမာသောဆဲလ်များလည်း လျင်မြန်စွာကွဲသွားသည်။ ကီမိုဆေးသွင်းခြင်းကုထုံးဆေးများနှင့် ဓာတ်ရောင်ခြည်သည် ကျန်းမာသောဆဲလ်များကိုလည်း တိုက်ခိုက်ပါသည်။
ကီမိုဆေးသွင်းခြင်းကုထုံးဆေးများသည် ဆဲလ်များကို သေစေပါသည်။ ဆဲလ်များ၏ စွမ်းအင်ဌာန (မိုက်တိုခွန်ထရီးယား) သည် ပါးစပ်နှင့် လည်ချောင်း ရောင်ရမ်းခြင်းများကို အစပျိုးပေးလိုက်သည့် ဖြစ်ရပ်များကို ဆက်တိုက် ထုတ်လွှတ်ပါသည်။
ဆဲလ်များသေဆုံးသွားချိန်တွင် ပါးစပ်အရေပြားလည်း ယိုယွင်းလာသည်။
လူနာများနှင့် မိသားစုများသည် လက္ခဏာများနှင့် ရောဂါလက္ခဏာများပေါ်လာသည့်အချိန်တွင် ပြုစုစောင့်ရှောက်ရေးအဖွဲ့ကို ပြောပြသင့်ပါသည်။
အောက်ပါနည်းလမ်းများဖြင့် ပါးစပ်နှင့်လည်ချောင်းအနာများကို ရောဂါဖော်ထုတ်သည်-
ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် ခံတွင်းလည်ချောင်း ရောင်ရမ်းခြင်းကို အခြေအနေပြင်းထန်မှုအပေါ် အခြေခံ၍ ၁ မှ ၄ အထိ အဆင့်သတ်မှတ်ပါမည်။ ဤအဆင့်များက ကုထုံးနည်းလမ်းများ သတ်မှတ်ရာတွင် ကူညီလိမ့်မည်။ အဆင့် ၃-၄ များကို ပြင်းထန်အဆင့်ဟု သတ်မှတ်သည် -- အဆင့်ပိုပြင်းထန်လာလေ ရောဂါအသစ်များ ဖြစ်ပွားနိုင်ခြေ ပိုများလာလေဖြစ်သည်။
ပါးစပ်နှင့် လည်ချောင်းအနာများကို အချို့ဖြစ်စဉ်များတွင် ကြိုတင်မတားဆီးနိုင်ပါ။ ရောဂါလက္ခဏာပြင်းထန်မှုကို ဖြစ်နိုင်သမျှ လျော့နည်းစေရန် လူနာများလုပ်ဆောင်နိုင်သည့် အဆင့်များလည်းရှိပါသည်။
အလင်းချိန်ညှိခြင်း (အဆင့်နိမ့်လေဆာ) ကုထုံးသည် ကာကွယ်ခြင်းနှင့် ကုထုံးနည်းလမ်းတစ်ခုအဖြစ် လေ့လာနေဆဲဖြစ်သည်။ ၎င်းသည် အလင်းရောင်ကို အသုံးပြုပြီး တစ်ရှူးများကြီးထွားရန်၊ ဖူးရောင်နီရဲခြင်းလျှော့ချရန်၊ ရောင်ရမ်းခြင်းနှင့် နာကျင်မှုသက်သာစေရန် စသည်များ တိုးတက်လာစေအောင်ပြုလုပ်သည်။
ကုထုံးသည် နာကျင်မှုလျော့နည်းစေရန်၊ ရောဂါပိုးများကို ကုသရန်နှင့် လူနာသည် လိုအပ်သော အာဟာရ ရရန်အပေါ်တွင် အဓိကထားပါသည်။
ဤ နာကျင်မှုကုထုံးများသည် တစ်နေရာတည်း သို့မဟုတ် တစ်ကိုယ်လုံး ဖြစ်နိုင်ပြီး လူနာ၏ ရောဂါလက္ခဏာများ အပေါ်တွင် မူတည်ပါသည်။
တစ်နေရာတည်း ကုထုံးများတွင် အောက်ပါတို့ပါဝင်သည်-
တစ်ကိုယ်လုံးအတွက် ကုသမှုများတွင် နာကျင်မှုသက်သာသော ဆေးဝါးအမျိုးမျိုး ပါဝင်နိုင်သည်။ ဆေးဝါးမပါဝင်သည့်နာကျင်မှုကုထုံး၏ အခြားပုံစံများကိုလည်း ပြုစုစောင့်ရှောက်ရေးအဖွဲ့မှ တိုက်တွန်းနိုင်သည်။
လူနာများသည် အစာစားခြင်းနှင့် သောက်သုံးခြင်းတို့တွင် အဆင်မပြေမှုများဖြစ်သည့်အခါ ဤအခြေအနသည် ရေဓာတ်ဆုံးရှုံးခြင်း နှင့်/သို့မဟုတ် အာဟာရချို့တဲ့ခြင်းများကို ဖြစ်သွားစေနိုင်သည်။
အချို့ဖြစ်စဉ်များတွင် လူနာများသည် ပြွန်မှတစ်ဆင့်အာဟာရသွင်းခြင်း သို့မဟုတ် အစာအာဟာရကို သွေးကြောထဲမှ ထည့်သွင်းပေးခြင်း (TPN) ခံယူရန်လိုအပ်ပါမည်။
ပါးစပ်နှင့် လည်ချောင်းအနာများသည် ပိုးမွှားများ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုများ) ကို ခန္ဓာကိုယ်အတွင်းဝင်နိုင်ရန်အတွက် နေရာတစ်ခုပေးထားနိုင်ပြီး ရောဂါပိုးဖြစ်သွားစေနိုင်သည်။
ရောဂါပိုးဝင်ခြင်းအတွက် ကုထုံးတွင် ပဋိဇီဝဆေးများ၊ ဗိုင်းရပ်စ်သတ်ဆေး နှင့်/သို့မဟုတ် မှိုရောဂါပျောက်ဆေးများပါဝင်သည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် အကောင်းဆုံးသော ရောဂါပိုးဝင်ခြင်းကုထုံးအစီအစဉ်ကို ဖော်ထုတ်နိုင်စေရန် ကူးစက်ရောဂါအထူးကုနှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။
---
ပြန်လှန်စိစစ်သော ရက်စွဲ- ၂၀၁၉ ခုနှစ် ဇန်နဝါရီလ