ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးများခံစားနေရသည့် နာကျင်မှုအားတိုင်းတာခြင်း

နာကျင်မှုအား မည်သို့ရှာဖွေဖော်ထုတ်သလဲ။

နာကျင်မှုသည် အဖုအပိန့်ကဲ့သို့ မြင်သာသော သို့မဟုတ် အစိုင်အခဲကဲ့သို့ သိသာထင်ရှားသော ရောဂါလက္ခဏာတစ်ခုမဟုတ်ပါ။ လူနာခံစားနေရသည့် နာကျင်မှုအား လူနာမှ မပြောပြလျှင် သို့မဟုတ် အလွန်ငယ်ရွယ်သည့် လူနာများတွင် မိဘများမှ ၎င်းတို့ကလေး၏ အပြုအမူအားကြည့်၍ နာကျင်မှုကိုခံစားနေရသည်ဟု သတိမပြုမိလျှင် ပုံမှန်အားဖြင့် ဆေးဘက်ဆိုင်ရာအဖွဲ့မှ သိနိုင်မည်မဟုတ်ပါ။

နာကျင်မှုနှင့်ပတ်သက်သည့် ရောဂါလက္ခဏာများနှင့်ပတ်သက်၍ လူနာများနှင့် မိဘများမှ ရိုးသားရန်လိုအပ်သည်။ ၎င်းမှတဆင့် အကြောင်းအရင်းများနှင့် သင့်တော်သည့် ကုထုံးများအား စဉ်းစားဆုံးဖြတ်နိုင်မည်ဖြစ်သည်။

နာကျင်မှုများနှင့်ပတ်သက်သည့် မေးခွန်းများအား ရိုးသားစွာဖြင့် မှန်မှန်ကန်ကန်ဖြေကြားပါ။ ဤဓာတ်ပုံတွင်၊ ငယ်ရွယ်သည့် ကင်ဆာလူနာနှင့် ၎င်း၏ ဖခင်တို့သည် BARF အတိုင်းအတာ ဇယားကွက်တစ်ခုရှေ့တွင် အတူထိုင်နေကြသည်။

နာကျင်မှုများနှင့်ပတ်သက်သည့် မေးခွန်းများအား ရိုးသားစွာဖြင့် မှန်မှန်ကန်ကန်ဖြေကြားပါ။ ဤသို့ဖြေကြားခြင်းသည် ပြုစုစောင့်ရှောက်ရေးအဖွဲ့အား နာကျင်မှုဖြစ်ရသည့်အကြောင်းအရင်းကို နားလည်နိုင်စေပြီး ကုသမှုများကို စီစဉ်ဆောင်ရွက်ရန် အထောက်အကူဖြစ်စေလိမ့်မည်။

ဆေးဘက်ဆိုင်ရာအဖွဲ့သည် နာကျင်မှုကြောင့် လူနာ၏ နေ့စဉ်ဘဝတွင် ဖြစ်လာမည့် အကျိုးသက်ရောက်မှုများအကြောင်း၊ ဥပမာ- ကျောင်းသို့ သွားနိုင်ခြင်း၊ သူငယ်ချင်းများနှင့် ကစားနိုင်ခြင်း၊ မိမိနှစ်သက်သည့် လှုပ်ရှားမှုများတွင် ပါဝင်နိုင်ခြင်း စသည့်မေးခွန်းများကို မေးမြန်းလိမ့်မည်။

၎င်းမေးခွန်းများသည် နာကျင်မှုအား ထိရောက်စွာအကဲဖြတ်နိုင်သည်ဟု လက်ခံထားကြသည်။ ဆေးဘက်ဆိုင်ရာအဖွဲ့မှ မေးနိုင်သည့်မေးခွန်းများမှာ

  • နာကျင်မှုသည် နေ့စဉ် ပုံမှန်လှုပ်ရှားမှုများအား အနှောင့်အယှက်ဖြစ်စေနိုင်ပါသလား။
  • ပုံမှန်လုပ်ဆောင်နေကျဖြစ်သည့် စာဖတ်ခြင်း၊ သူငယ်ချင်းများနှင့်ကစားခြင်း၊ တီဗီကြည့်ခြင်း၊ ဗီဒီယိုဂိမ်းကစားခြင်း သို့မဟုတ် တစ်ယောက်ယောက်နှင့်စကားပြောခြင်းတို့တွင် အာရုံစိုက်ရ ခက်ခဲတတ်ပါသလား။
  • နာကျင်မှုသည် မိမိလုပ်ဆောင်ရသည့်အရာများအား အကန့်အသတ်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှုများအား ရှောင်ကြဉ်ရခြင်း ဖြစ်သည်အထိ ပြင်းထန်ပါသလား။ 
  • နာကျင်မှုမှလွဲ၍ အခြားအရာများအား အာရုံစိုက်၍မရအောင် ခက်ခဲနေပါသလား။

ဆရာဝန်များသည် နာကျင်မှု၏ ပြင်းထန်မှုအတိုင်းအတာအား ၀ မှ ၁၀ အထိ တိုင်းတာသည့်နည်းကိုသုံး၍လည်း ဆုံးဖြတ်ကြသည်။ လူနာ၏ နာကျင်မှုအတိုင်းအတာရမှတ်အား ဖော်ပြသည့်နည်းလမ်းသည် လူနာ၏အသက်အရွယ်ပေါ် မူတည်သည်။ 

အသက် ၄ နှစ်အောက် လူနာများ

ငယ်ရွယ်သည့် လူနာများအတွက် FLACC အတိုင်းအတာအား အသုံးများကြသည်။ ၎င်းသည် မိဘများ၏ လေ့လာစောင့်ကြည့်မှုအပေါ် မူတည်သည်။

အသက် ၄ နှစ်မှ ၇ နှစ်ကြားလူနာများ

FACES® Pain Rating Scale-Revised နာကျင်မှုတိုင်းတာနည်းသည် ငယ်ရွယ်သည့်ကလေးများအား ၎င်းတို့၏ နာကျင်မှုကို ၀ မှ ၁၀ အတိုင်းအတာပုံစံပေါ်တွင် အဆင့်သတ်မှတ်နိင်ရန် မျက်နှာအမူအရာပုံစများကိုအသုံးပြုသည်။ ယင်းမျက်နှာများသည် တစ်စုံတရာက မည်မျှနာကျင်နေကြောင်းကို ပြသသည်။ လက်ဝဲဘက်အစွန်းရှိမျက်နှာ (၀) သည် နာကျင်မှု လုံးဝမရှိခြင်းကို ပြသည်။ ကိန်းဂဏန်းများ တိုးလာသည်နှင့် မျက်နှာများသည် နာကျင်မှု ပို၍များလာသည်ကိုဖော်ပြသည်။ ၁၀ ဟုဖော်ပြထားသည့် အဓိပ္ပာယ်သည် နာကျင်မှုအလွန်ပြင်းထန်ကြောင်းကို ဖော်ပြသည်။ လူနာများ၏ နာကျင်မှုပမာဏအားသိနိုင်ရန်အတွက် ၎င်းမျက်နှာများအားပြ၍ ရွေးချယ်ခိုင်းရသည်။

အသက် ၈ နှစ်နှင့်အထက် လူနာများ

အသက်ပိုကြီးသည့်ကလေးများ၊ ဆယ်ကျော်သက်များနှင့် လူငယ်များသည် ၎င်းတို့၏ နာကျင်မှုများအား ရိုးရိုးဂဏန်း ၀-၁၀ ရမှတ်ဖော်ပြချက်များဖြင့် မိမိတို့၏ နာကျင်မှုပမာဏကို ပြောပြနိုင်သည်။ ၀ သည် လုံးဝမနာကျင်၊ ၁၀ သည် အလွန်နာကျင်သည်ကိုဖော်ပြသည်။

နာကျင်မှု ရမှတ်အပြင် ဆရာဝန်မှ ၎င်းနာကျင်မှုအား အမျိုးအစားသတ်မှတ်ခွဲခြားမည်ဖြစ်သည်။

ခန္ဓာကိုယ်နာကျင်မှုတွင်

  • တစ်ရှူးနှင့်ဆက်နွယ်သည့်(ခန္ဓာကိုယ်ပိုင်း)နာကျင်မှု- ရောဂါနှင့်ဆက်နွယ်သည့် နာကျင်မှု၊ ခွဲစိတ်ကုထုံး သို့မဟုတ် ပါးစပ်နာခြင်းကဲ့သို့သော ကုသမှု၏ ဘေးထွက်ဆိုးကျိုးများ တို့ပါဝင်သည်။ နာကျင်မှုသည် အရိုး၊ အဆစ်၊ ကြွက်သား၊ အရေပြား သို့မဟုတ် တွယ်ဆက်တစ်ရှူးတို့တွင် ဖြစ်နိုင်သည်။ ယင်းနာကျင်မှုကို တစစ်စစ်ကိုက်ခဲခြင်း သို့မဟုတ် ထိုးအောင့်၍ကိုက်ခဲခြင်းဟူ၍ ဖော်ပြလေ့ရှိသည်။
  • နဗ်ကြော-နှင့်ဆက်နွယ်သော (အာရုံကြောဆိုင်ရာ)နာကျင်မှု- နဗ်ကြော ပျက်စီးခြင်း သို့မဟုတ် ရောင်ရမ်းခြင်းမှ ဖြစ်လာသော နာကျင်မှု။ ယင်းနာကျင်မှုကို ပူစပ်ပူလောင်ဖြစ်ခြင်း၊ တရွရွဖြစ်ခြင်း သို့မဟုတ် စူးကနဲအောင့်ခြင်းဟူ၍ ဖော်ပြလေ့ရှိသည်။ ခွဲစိတ်ခြင်းမှ အာရုံကြောထိခိုက်၍ နာကျင်ရသည့် အနာမျိုးဖြစ်သည့် ဖြတ်တောက်ထား၍ မရှိတော့သည့်ခြေလက်များမှ နာကျင်ခြင်း၊ ဗင်ခရစ်စတင်း ဆေး၏ဘေးထွက်ဆိုးကျိုးများကဲ့သို့သော ကီမိုဆေးသွင်းခြင်းကုထုံးမှ အာရုံကြောထိခိုက်ခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံးစသည်တို့ဖြစ်ပြီးနောက်ပိုင်း ယင်းကဲ့သို့နာကျင်မှုများ ဖြစ်ပေါ်သည်။

ဆရာဝန်များအနေဖြင့် လူနာများနှင့်မိသားစုဝင်များအား နေ့စဉ်မှတ်တမ်း ရေးမှတ်ရန်အတွက် အားပေးတိုက်တွန်းလေ့ရှိသည်၊ သို့မှသာ ဆရာဝန်များသည် နာကျင်မှုဖြစ်သည့် အကြိမ်အရေအတွက်များနှင့် မည်သို့ဖြစ်လာသည်နှင့် မည်သို့လှုပ်ရှားလျှင် မည်သည့်နာကျင်မှုကို ခံစားရသည် (သို့မဟုတ် မလှုပ်ရှားနိုင်ခြင်း) တို့ကို သိနိုင်မည်ဖြစ်သည်။

နာကျင်မှုတွင် ဖြစ်ရသည့်အကြောင်းရင်းများရှိတတ်ကြပြီး၊ ပြုစုစောင့်ရှောက်သည့်အဖွဲ့မှ အဖွဲ့ဝင်များက ယင်းအကြောင်းအရာများအား မိသားစုဝင်များနှင့်အတူ ဖော်ထုတ်နိုင်မည်ဖြစ်သည်။ ခရစ်ယာန်ဘုန်းကြီး သို့မဟုတ် လူမှုဝန်ထမ်း တစ်ယောက်အား မိသားစုကို အကူအညီပေးနိုင်ရန် ခေါ်နိုင်ပါသည်။

နာကျင်မှုအား တိတိကျကျ၊ အသေးစိတ် စိစစ်အကဲဖြတ်ခြင်းသည် အရေးပါသည့်အရာဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဆေးဘက်ဆိုင်ရာအဖွဲ့အား အကောင်းဆုံးဖြစ်နိုင်သည့် နာကျင်မှုစီမံခန့်ခွဲမှုအစီအစဉ် ဖော်ထုတ်ရရှိလာစေရန်အတွက် အထောက်အကူပြုသောကြောင့်ဖြစ်သည်။

---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018