ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

နာကျင်မှုစီမံခန့်ခွဲခြင်း

ကင်ဆာရောဂါ ကုသနေစဉ်အတွင်း လူနာများသည် နာကျင်မှုကို ပမာဏ အနည်းအများ ခံစားရလေ့ရှိသည်။ သို့သော် နာကျင်မှုကို လျှော့ချနိုင်သည့် များစွာသော ကုသမှုများရှိပြီး အချို့ကုသမှုများတွင် နာကျင်မှုမရှိရန် ကာကွယ်နိုင်သည်။

ဆရာဝန်နှင့် သူနာပြုများသည် နာကျင်မှုအား ပုံမှန်ကုသကြရပြီး အချို့ဖြစ်စဉ်အတွက်မှု အထူးအာရုံစိုက်ကုသရန် လိုအပ်ပါသည်။ ၎င်းအတွက်ကြောင့် နာကျင်မှုစီမံခန့်ခွဲသည့်အဖွဲ့ပါဝင်လုပ်ဆောင်ရန်လိုအပ်ခြင်းဖြစ်သည်။ ကင်ဆာရောဂါ ကုသမှုပေးသည့် ဆေးရုံများသည် ၎င်းကဲ့သို့သောအထူးပြုအဖွဲ့များအား ထားရှိတတ်ကြသည်။

နာကျင်မှုစီမံခန့်ခွဲသည့်အဖွဲ့ဆိုသည်မှာ အဘယ်နည်း။

နာကျင်မှုစီမံခန့်ခွဲသည့်အဖွဲ့ဆိုသည်မှာ အစုအဖွဲ့ဖြစ်ပြီးကျန်းမာရေးစောင့်ရှောက်မှုပေးသည့်ကျွမ်းကျင်သူများအား နာကျင်မှုကို ကုသရန်အတွက် အထူးလေ့ကျင့်ပေးထားသည့်အဖွဲ့ဖြစ်သည်။ ဆေးကုသရေးစင်တာအပေါ်မူတည်၍ နာကျင်မှုစီမံခန့်ခွဲသည့်အဖွဲ့တွင် သမားတော် သူနာပြုစိတ်ကျန်းမာရေးဆရာဝန်ခန္ဓာဗေဒဆိုင်ရာကုထုံးပညာရှင် ကိုယ်လက်လှုပ်ရှားမှုစသည့် အလုပ်ပေးကုထုံးပညာရှင်နှင့် ကလေး အထူးကုများပါဝင်သည်။

အဘယ်ကြောင့်နာကျင်မှု ဖြစ်ပေါ်လာရသနည်း။

နာကျင်မှုဖြစ်စေသည့် အကြောင်းရင်းများစွာရှိသည်။ ၎င်းတို့အား မတူခြားနားသည့်နည်းလမ်းများဖြင့် ကုသရသည်။ ၎င်းအတွက် ဆေးဘက်ဆိုင်ရာအဖွဲ့မှ လူနာနှင့်အတူ နာကျင်မှုကို ဖြစ်စေသည့်အကြောင်းရင်းခံများအား ရှာဖွေဆုံးဖြတ်ရပြီး၊ နာကျင်မှုအဆင့်ကို သတ်မှတ်၍ ၎င်းနာကျင်မှုသည် လူနာ၏ နေ့စဉ်ဘဝတာဝန်များ လုပ်ဆောင်မှုအပေါ် မည်ကဲ့သို့အကျိုးသက်ရောက်သည်ကို တိုင်းတာ သတ်မှတ်ရသည်။ ထို့နောက် ၎င်းအဖွဲ့မှ လူနာနှင့် မိသားစုဝင်များနှင့်အတူ ကုသမည့်အစီစဉ်အား ပုံစံထုတ်ကြသည်။

နာကျင်မှုသည် ပြင်းထန်တတ်သည် သို့မဟုတ် ကြာရှည်ခံစားရမည့် နာကျင်မှုဖြစ်တတ်သည်။ ပြင်းထန်သည့်နာကျင်မှုသည် ရုတ်တရက်ဖြစ်လာတတ်ပြီး ၎င်းသည် ခန္ဓာကိုယ်နှင့်ပတ်သက်၍ ကုသဖို့ရန်အတွက် အာရုံစိုက်ဖို့ရန်လိုအပ်သည်ကို အချက်ပေးခြင်းလည်းဖြစ်သည်။ ယေဘုယျအားဖြင့် အလွန်ပြင်းထန်သည့်နာကျင်မှုများသည် တစ်ရှူးနှင့်သက်ဆိုင်သော သို့မဟုတ် အာရုံကြောနှင့်သက်ဆိုင်သော နာကျင်မှုအဖြစ် အမျိုးအစား သတ်မှတ်သည်။ တစ်ရှူးနှင့်ဆက်နွယ်၍ ပေါ်လာသည့် နာကျင်မှုကို နာကျင်မှုအာရုံခံနှင့်ဆိုင်သော သို့မဟုတ် ဝမ်းတွင်းအင်္ဂါ နှင့်ဆိုင်သော နာကျင်မှုဟူ၍လည်း သိကြပြီး တစ်ရှူးများ၊ အတွင်းအင်္ဂါများ သို့မဟုတ် အရိုးများအားထိခိုက်ပါက ဖြစ်ပေါ်တတ်သည့် နာကျင်မှုဖြစ်သည်။ ၎င်းနာကျင်ခံစားမှုသည် ကိုက်ခဲခြင်း၊ ဆူးချွန်ဖြင့်ထိုးခံရသကဲ့သို့ခံစားရခြင်း သို့မဟုတ် တဒုတ်ဒုတ်နာကျင်ခြင်း စသည့် ခံစားမှုးများ ခံစားရသည်။ နာကျင်မှုသည် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်တတ်ပြီး၊ အမြဲနာကျင်နေခြင်းလည်း ဖြစ်တတ်သည်။

အာရုံကြောများထိခိုက်၍ ဖြစ်လာသည့်နာကျင်မှုကို အာရုံကြောထိခိုက်နာကျင်မှုဟုခေါ်သည်။ အချို့သော ကီမိုဆေးသွင်းခြင်း ကုထုံးတွင်သုံးသည့်ဆေးဝါးများ၊ အထူးသဖြင့် vincristine (ဗင်ခရစ်စ်စတင်း)ကဲ့သို့သောဆေးဝါးများသည် ယင်းနာကျင်မှုမျိုးကိုဖြစ်ပေါ်စေသည်၊ ၎င်းသည် သေနတ်ဖြင့်အပစ်ခံရခြင်း သို့မဟုတ် အပူလောင်ခြင်းကဲ့သို့နာကျင်မှု သို့မဟုတ် တဆွဆွဖြစ်နေသည့် နာကျင်မှုမျိုး ဖြစ်သည်။ ယင်းနာကျင်မှုသည် အလိုလိုပျောက်သွားတတ်သော်လည်း တစ်ခါတစ်ရံ နာကျင်မှု ရှည်ကြာတတ်သည်။

ရက်သတ္တပတ် ၁၂ ပတ်ထက်ကျော်၍ ခံစားရသည့် နာကျင်မှုကို နာတာရှည်နာကျင်မှုဟူ၍ သတ်မှတ်လေ့ရှိသည်။

နာကျင်မှုကို မည်သို့ ရှာဖွေဖော်ထုတ်မည်နည်း။

နာကျင်မှု၏ အကြောင်းရင်းများနှင့်ဖြစ်စဉ်သည် ရှုပ်ထွေးပြီး အပြန်အလှန်ဆက်နွယ်မှုတို့ရှိနေတတ်သည်။ ဆေးအဖွဲ့မှ နာကျင်မှု၏ အကြောင်းရင်းခံအား သတ်မှတ်ဆုံးဖြတ်သောအခါတွင် ၎င်းသည် လူမှုဇီဝစိတ် ပုံစံကို ထည့်သွင်း စဉ်းစားပါသည်။-

  • ဇီဝဗေဒဆိုင်ရာ အချက်အလက်များ — နာကျင်မှုသည် ကင်ဆာကြောင့်ဖြစ်သည် သို့မဟုတ် ကုသမှုကြောင့်ဖြစ်လာသည့် ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်သည်။
  • စိတ်ပညာဆိုင်ရာ အချက်အလက်များ — စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဖိစီးခြင်း၊ ဒေါသ ၊ သောက သို့မဟုတ် နာကျင်မှုအပေါ် အာရုံစိုက်လွန်းခြင်း။
  • လူမှုရေးဆိုင်ရာ အချက်အလက်များ — မိသားစုရေးစိတ်ဖိစီးမှုများ၊ အထောက်အပံ့ကင်းမဲ့ခြင်း၊ ဝါသနာ နှင့် စိတ်ကြိုက် လှုပ်ရှားမှုများနှင့် ကင်းကွာသွားခြင်း၊ ပေါင်းသင်းဆက်ဆံရေးများ ပြောင်းလဲသွားခြင်း။

ဆေးအဖွဲ့မှ နာကျင်မှု၏ ပြင်းအားကိုလည်း ထည့်သွင်းစဉ်းစားပြီး နာကျင်မှုသည် လူနာ၏ နေ့စဉ်လူမှုဘဝ တာဝန်များအား ထမ်းဆောင်နိုင်စွမ်းအပေါ် မည်မျှအကျိုးသက်ရောက်သည်ကို ကြည့်၍ တိုင်းတာရမည်။ နာကျင်မှုပြင်းအားကိုဖော်ပြရာတွင် ၀ မှ ၁၀ အထိ စကေးဖြင့်ဖော်ပြသည်။ လုပ်ဆောင်မှုကို အကဲဖြတ်ခြင်း ဟူသည့် အကဲဖြတ်ချက်များဖြင့် လူနာ၏ နေ့စဉ်ဘဝ တာဝန်များကို ဆောင်ရွက်ရာတွင် နာကျင်မှုသည် မည်မျှသက်ရောက်သည်ကို ဆုံးဖြတ်ရန် ဆရာဝန်များမှ တိုင်းတာမည်။

နာကျင်မှုအားမည်ကဲ့သို့ကုစားသနည်း။

ကုသခြင်းတွင် ပါဝင်နိုင်သည်များမှာ-

လူနာမှ နာကျင်မှုကို ခံစားရသောအခါတွင် ဆေးအဖွဲ့အား ပြောပြရန်မှာ လူနာနှင့် မိသားစုဝင်များအတွက် အရေးကြီးသည့်အချက်ဖြစ်သည်။ သို့မှသာ ကုသရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နာကျင်မှုစီမံခန့်ခွဲသည့် အစီအစဉ်မှန်သမျှ၏ အဆုံးစွန်ရည်ရွယ်ချက်မှာ လူနာအား သက်သောင့်သက်သာ ရှိလာစေရန်၊ မိမိလုပ်ဆောင်လိုသည်များကို လုပ်ဆောင်နိုင်စေရန်နှင့် အဘက်ဘက်ဘဝအရည်အသွေး ပြည့်မီစေရန်တို့ဖြစ်သည်။

သင့်တော်သည့် နည်းစနစ်များကိုအသုံးပြုခြင်းဖြင့် မိဘများသည် ၎င်းတို့၏ ကလေးများ ခံစားနေရသည့် နာကျင်မှုအား သက်သာစေရန် ကူညီနိုင်မည်ဖြစ်သည်။ သို့ရာတွင် မိဘများအနေဖြင့်လည်း မိမိကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ရန် နည်းလမ်းများရှာဖွေသင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ကလေးငယ်များ ခံစားနေရသည့် နာကျင်မှုကို မြင်တွေ့နေရမှုကြောင့် မိဘများကိုယ်တိုင် စိတ်ဖိစီးမှုများစွာ ခံစားရနိုင်သောကြောင့် ဖြစ်သည်။ နာကျင်မှုစီမံခန့်ခွဲသည့်အဖွဲ့တွင် ပါဝင်သည့် အဖွဲ့ဝင်များသည် ၎င်းတို့၏ ပြဿနာဖြေရှင်းရေး ကျွမ်းကျင်မှုများဖြင့် ကူညီပေးနိုင်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018