ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

MIBG စကင်

MIBG စကင်သည် အကျိတ်အမျိုးအစားအချို့ကို ရောဂါရှာဖွေရန်နှင့် နေရာရှာရန် ကူညီပေးသည့် စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ၎င်းသည် ကင်ဆာက ကုထုံးကို တုံ့ပြန်ချိန်ကိုလည်း ပြသနိုင်သည်။

MIBG စာလုံးမှာ meta-iodobenzylguanidine ကို ကိုယ်စားပြုသည်။ ၎င်းသည် အထူးသဖြင့် သန္ဓေသားနာ့ဗ်ဆဲလ်များပါသည့် အကျိတ်နှင့် အကျိတ်အချို့က စုပ်ယူသော ပရိုတင်းတစ်မျိုးဖြစ်သည်။ စကင်သည် သန္ဓေသားနာ့ဗ်ဆဲလ်များပါသည့် အကျိတ်ကို ခန္ဓာကိုယ်အတွင်းတွင် ပြနိုင်ပြီး အရိုးနှင့် အခြား အင်္ဂါများသို့ ပျံ့နှံ့ပြီးသွားချိန်ကို ပြနိုင်သည်။

သန္ဓေသားနာ့ဗ်ဆဲလ်များပါသည့် အကျိတ် ဖြစ်သော လူနာ၏ MIBG စကင်

သန္ဓေသားနာ့ဗ်ဆဲလ်များပါသည့် အကျိတ် ဖြစ်သော လူနာ၏ MIBG စကင်

MIBG စကင်တစ်ခုကို မည်ကဲ့သို့ လုပ်ဆောင်မည်နည်း။

စမ်းသပ်မှုသည် ၂ ရက်ကြာ ကာလထိ လုပ်ဆောင်သော အစိတ်အပိုင်း နှစ်မျိုးရှိသော်လည်း လူနာများသည် စမ်းသပ်မှုအတွက် ဆေးရုံသို့ တက်ရောက်ရန် မလိုပါ။

စမ်းသပ်မှု ပထမရက်တွင် လူနာများသည် အလွန်နည်းသော ပမာဏရှိသည့် ရေဒီယို သတ္တုကြွသည့် ပစ္စည်း (ရေဒီယို သတ္တုကြွသည့် အိုင်အိုဒင်း) နှင့် ပေါင်းစပ်သော MIBG ဒြပ်ပေါင်း တစ်ခုဖြစ်သည့် ခြေရာခံပစ္စည်းတစ်ခု ထည့်သွင်းခံရသည်။ သန္ဓေသားနာ့ဗ်ဆဲလ်များပါသည့် အကျိတ်ဆဲလ်များသည် ခြေရာခံပစ္စည်းကို စုပ်ယူပြီး စကင်ဖတ်သောအခါ ပေါ်လာသည်။ လုပ်ငန်းစဉ် ဒုတိယရက်တွင် လူနာများသည် ခြေရာခံ ပစ္စည်း စုပ်ယူခံရသော နေရာများ၏ ပုံများကို ရိုက်ယူသော ဂါမာ ကင်မရာတစ်ခုကို အသုံးပြုသည့် စကင်လုပ်ဆောင်သည်။ ဆရာဝန်များသည် တောက်ပသော အစက်များကို ရှာဖွေပြီး ၎င်းသည် ကင်ဆာကို ညွှန်ပြနိုင်သည်။ 

MIBG စကင်သည် နူကလီးယား ဆေး စမ်းသပ်မှု တစ်ခုဖြစ်သည်မှာ ၎င်းက ရေဒီယို သတ္တုကြွသော အိုင်အိုဒင်း ပမာဏအနည်းငယ်ကို အသုံးပြုသောကြောင့်ဖြစ်သည်။ နူကလီးယား ဆေး ကျွမ်းကျင်သူများသည် ALARA နိယာမကို ( သင့်လျော်စွာ ဖြစ်နိုင်ခြေရှိသည် ထက်နည်းသကဲ့သို့) အသုံးပြုသည်။ ၎င်းတို့သည် ဓာတ်ရောင်ခြည် ထိတွေ့မှု အနည်းဆုံး ဖြစ်နိုင်ခြင်းနှင့် အတူ တိကျသော စမ်းသပ်မှုတစ်ခု ပေးရန် ရေဒီယို သတ္တုကြွပစ္စည်း ပမာဏကို သေချာစွာ ရွေးချယ်သည်။ ပမာဏကို လူနာ၏ ကိုယ်အလေးချိန်၊ လေ့လာရခြင်း အကြောင်းရင်းနှင့် ပုံရိုက်ယူသော ခန္ဓာကိုယ်အစိတ်အပိုင်းတို့ဖြင့် ဆုံးဖြတ်သည်။ ဆေးအဖွဲ့များသည် ဤလုပ်ငန်းစဉ်များကို အရွယ်ရောက်ပြီးသော လူကြီးများတွင် နှစ် ၅၀ ကြာအထိနှင့် နို့စို့ကလေးငယ်များနှင့် ကလေးများတွင် သိသာသော အခြားဆိုးကျိုးများ မရှိဘဲ နှစ် ၄၀ကြာအထိ လုပ်ဆောင်ပြီးဖြစ်သည်။
အရင်းအမြစ်- နူကလီးယားဆေးနှင့် မော်လီကျူလာ ပုံရိပ်ဖော်ခြင်း အဖွဲ့အစည်း

MIBG စကင်အတွင်း မည်သည်တို့ ဖြစ်လာမည်နည်း။

  • ပထမရက်တွင် လူနာသည် သွေးကြောမှတဆင့် ခြေရာခံပစ္စည်းထည့်သွင်းခံရသည်။ လူနာသည် လူနာအိမ်ရာ (သို့မဟုတ် အိမ်) သို့ ထိုးဆေးပြီးနောက် ပြန်လာနိုင်သည်။
  • လူနာသည် စကင်အတွက် နောက်နေ့တွင် စင်တာသို့ ပြန်လာသည်။ ခြေရာခံပစ္စည်း ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ရန် ခြေရာခံပစ္စည်းအတွက် အချိန်ရရန် စောင့်သည့် ကာလမှာ ၂၄ နာရီဖြစ်သည်။
  • လူနာသည် စင်ပေါ်တွင် လဲလျောင်းပြီး စမ်းသပ်မှု ပြုလုပ်စဉ်အတွင်း ငြိမ်သက်စွာ နေရမည်ဖြစ်သည်။ ၎င်းမှာ လူနာ၏ အရပ်ပေါ်မူတည်ပြီး ၁ နာရီမှ ၂ နာရီကြာနိုင်သည်။ နည်းပညာရှင် သို့မဟုတ် သူနာပြုသည် လူနာကို ပျော့ပြီး ဘေးကင်းသော ခါးပတ်များဖြင့် ပတ်ထားပါမည်။ စင်သည် စကင်စက်ဟုခေါ်သော စက်ကို ဖြတ်ပြီး ဖြည်းညင်းစွာ ရွေ့လျားမည်။
  • MIBG စကင်သည် မနာကျင်စေပါ။ သို့သော်လည်း လူနာအတွက် ငြိမ်သက်စွာနေရန် ခက်ခဲသည်ကို တွေ့နိုင်သည်။ ထိုရည်ရွယ်ချက်ကြောင့် ငယ်ရွယ်သော ကလေးများကို စိတ်ငြိမ်ဆေး ထိုးနိုင်သည်။ အကယ်၍ လူနာများသည် လှုပ်ရှားပါက ပုံရိပ်များသည် ဝါးမည်ဖြစ်ပြီး စမ်းသပ်မှုကို ထပ်ခါတလဲလဲ ပြုလုပ်ရမည်ဖြစ်သည်။
  • စမ်းသပ်မှု ပြီးနောက် လူနာများသည် စိတ်ငြိမ်ဆေး မထိုးထားပါက ပုံမှန် လှုပ်ရှားမှုများအတွက် ထွက်ခွာပြီး ပြန်လုပ်နိုင်သည်။ စိတ်ငြိမ်ဆေးထိုးခဲ့သော လူနာများသည် မေ့ခြင်းမှ ပြန်လည် သတိရရမည်။

လူနာများနှင့် မိသားစုများသည် MIBG စကင်အတွက် မည်ကဲ့သို့ ပြင်ဆင်သင့်သနည်း။

  • ဆေးဝါးများ၊ ဓာတ်မတဲ့ခြင်းများနှင့် ဆေးဆိုင်ရာ အခြေအနေများ- မိသားစုများသည် ကုသမှု အဖွဲ့ကို လူနာ၏ ဆေးဓာတ်မတဲ့မှုများ သို့မဟုတ် အခြားဆေးဆိုင်ရာ အခြေအနေများ ဖြစ်သည့် လူနာ ကိုယ်ဝန်ဆောင်နိုင်သည့် အခြေအနေနှင့် ပတ်သက်၍ သတင်းပေးသင့်သည်။ ၎င်းတို့သည် ဆရာဝန်အား လူနာသောက်နေသည့် ဆေးစာမဲ့ အလွယ်တကူ ဝယ်နိုင်သော ဆေးများအပါအဝင် မည်သည့်ဆေးများမဆို ပြောပြသင့်သည်။

အချို့သော ဆေးများသည်MIBGစကင်ကို နှောင့်ယှက်နိုင်သည်။ ဤဆေးများတွင် အချို့သော စိတ်ကျရောဂါကုဆေးများ၊ အအန်ပျောက်ဆေးနှင့် သွေးဖိအားအတွက် ပေးသောဆေးများဖြစ်သည့် အေမီထရစ်တလင်း (အီလာဗီ® ), အီမီပရာမင်း (တိုဖရာနင်းလ်® )၊ ဒက်ဆီပါရာမင်း (နိုပါရာမင်း® )၊ နော်ထရစ်တလင်း (အေဗက်တိုင်းလ်® သို့မဟုတ် ပါမီလော® )၊ လာဗီတာလောလ် (ထရမ်ဒိတ်® ), ပရိုမီတာဇင်း(ဖီနာဂန်® )၊ ကလိုပရိုမဇင်း (သိုရာဇင်း® သို့မဟုတ် လာဂတ်တင်းလ်® ), သိုင်အိုရစ်ဒါဇင်း(မီလာရင်းလ်® )၊ ဟေလိုပါရီဒေါလ် (ဟယ်ဒေါလ်® ) နှင့် ပရိုကလိုပါရာဇင်း(ကွန်ပါဇင်း® သို့မဟုတ် ကွန်ပရို® ) တို့ပါဝင်သည်။

အကယ်၍ လူနာသည် ဤဆေးဝါးများထဲရှိ တစ်ခုကို သောက်ပါက မိဘများသည် ဆေးတိုက်ခြင်းကို မိမိသဘောဖြင့်မိမိ မရပ်တန့်သင့်ပါ။ ဆေးဝါး ဝန်ထမ်း၏ အဖွဲ့ဝင်တစ်ဦးသည် ၎င်းတို့ကလေး၏ ဆေးများကို ပြန်သုံးသပ်ရန် မိဘများကို ဆက်သွယ်သင့်သည်။ အဖွဲ့ဝင်သည် ၎င်းကလေးအား ဆေးတစ်ခုခု တိုက်ခြင်းကို ရပ်တန့်သင့်လားဆိုသည်ကို မိဘများအား ပြောပြပါမည်။ မိဘများသည် ၎င်းတို့ကလေး၏ ဆရာဝန်၊ သူနာပြု သို့မဟုတ် ဆေးဝါးဝန်ထမ်းတစ်ဦးကို မေးခွန်းများမေး၍ တိုင်ပင်သင့်သည်။

လူနာများသည် ဆေးစာမဲ့ ဝယ်နိုင်သော အအေးမိရာတွင်သုံးသည့် ဆေးများအနေဖြင့်တွေ့ရသော ဆူဒိုနက်ဖရင်း သို့မဟုတ် ဖီနိုင်အက်ဖရင်း ဆေးများကို မသောက်သင့်ပါ။ ဤဆေးများသည် စကင်ကို နှောင့်ယှက်နိုင်သည်။ မိဘများသည် ၎င်းတို့ကလေး၏ ဆေးဝါးပညာရှင်ကို မည်သည့်ဆေးညွှန်းစာများ သို့မဟုတ် ဆေးစာမဲ့ ဝယ်နိုင်သော ဆေးများ မစတင်မီ တိုင်ပင်ဆွေးနွေးသင့်သည်။

  • အာမခံကို စစ်ဆေးပါ- စမ်းသပ်မှုကုန်ကျစရိတ်သည် မည်မျှလောက် ကာမိနိုင်ခြင်းနှင့် မိဘများက မည်မျှလောက် ပေးရန် လိုအပ်မည်ကို သိရှိရန် မိဘများသည် ၎င်းတို့၏ အာမခံကုမ္ပဏီနှင့် ကြိုတင်၍ စစ်ဆေးသင့်သည်။
  • မေးခွန်းများကို မေးပါ- မိဘများနှင့် လူနာများသည် မေးခွန်းများ သို့မဟုတ် စိုးရိမ်မှုများနှင့် ပတ်သက်၍ ဆေးအဖွဲ့နှင့် စကားပြောသင့်သည်။
  • လုပ်ငန်းစဉ်ကို ရှင်းပြပါလူနာ- စကင်ဖတ်သည့် နေ့တွင် မိဘများသည် လူနာအား MIBG စကင် လုပ်ဆောင်ရသည့် အကြောင်းပြချက်ကို အသိပေးသင့်သည်။ မိဘများသည် အကူအညီအတွက် ကလေးအထူးကု တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးမှု လုပ်ဆောင်နိုင်သည်။
  • ညွန်းထားသော ဆေးကို သိုက်ရွိုက်ကာကွယ်ရန် သောက်ပါ- ဆရာဝန်သည် ပိုတက်ဆီယမ် အိုင်အိုဒိုက် အစက်များကို စကင်ဖတ်ပြီးနောက်နေ့တိုင်အောင် ထိုးဆေးမထိုးမီ ရက်အနည်းငယ်ကြာ စတင်သောက်ရန် ညွှန်ကြားနိုင်သည်။  အစက်များသည်သိုက်ရွိုက်ကိုMIBG အစိတ်အပိုင်းဖြစ်သည့် ရေဒီယို သတ္တုကြွသည့် အိုင်အိုဒင်းတစ်ခုခုကို စုပ်ယူခြင်းမှ ကာကွယ်ပေးသည်။

ဆေးထိုးသည့်နေ့

  • လူနာနှင့် မိဘသည် စာရင်းသွင်းချိန်ရရန်အတွက် မိနစ်အနည်းငယ်စောစော ရောက်သင့်သည်။
  • မိဘများကို သဘောတူခွင့်ပြုစာတစ်စောင်ကို လက်မှတ်ထိုးရနိုင်သည်။ ၎င်းစာဖော်ပြချက်မှာ မိဘများသည် အရိုးစကင်၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများကို နားလည်ပြီးနှင့် စမ်းသပ်မှုလုပ်ဆောင်ရန် သဘောတူခြင်း ဖြစ်သည်။
  • လူနာနှင့် မိဘသည် ၎င်းတို့ကို ခေါ်သည့်တိုင်အောင် နားနေသည့် နေရာတွင် စောင့်မည်ဖြစ်သည်။ သူနာပြု တစ်ဦး သို့မဟုတ် နူကလီးယား ဆေးနည်းပညာရှင်သည် ၎င်းတို့ကို နှုတ်ဆက်မည်ဖြစ်ပြီး မည်သို့ဖြစ်မည်ကို ရှင်းပြမည်ဖြစ်သည်။ ကလေးအထူးကုသည်လည်း ထိုနေရာတွင် ရှိနေနိုင်သည်။
  • ပထမဦးဆုံးအချိန်တွင် သူနာပြု သို့မဟုတ် နည်းပညာရှင်သည် IV မှတဆင့် ခြေရာခံပစ္စည်းကို ထိုးသွင်းမည်။
  • ထိုးသွင်းပြီးနောက် IV ကို ဖယ်ရှားပါမည်။ မိဘနှင့် လူနာသည် ထိုနေရာမှ ထွက်ခွာနိုင်ပြီး ပုံမှန် လှုပ်ရှားမှုများကို ပြန်လုပ်နိုင်သည်။
  • MBIG ထိုးသွင်းခြင်း အချိန်မှ နူကလီးယား ဆေး ဝန်ထမ်းက ညွှန်ကြားသည့်တိုင်အောင် ကိုယ်ဝန်ဆောင်သော အမျိုးသမီးသည် လူနာနှင့် တိုက်ရိုက်ထိတွေ့ခြင်း မပြုလုပ်သင့်ပါ။ အများအားဖြင့် ၎င်းသည် ၁၂ နာရီခန့် ဖြစ်သည်။

စကင်ဖတ်သည့်နေ့

  • လူနာသည် ချောင်ပြီး သက်သောင့်သက်သာရှိသော အဝတ်ကို ဝတ်ဆင်သင့်ပြီး လက်ဝတ်ရတနာများနှင့် သတ္တုပစ္စည်းများကို အိမ်၌ ထားသင့်သည်။ စမ်းသပ်မှု မတိုင်မီ လူနာများသည် လက်ဝတ်လက်စားများနှင့် အခြားသတ္တုပစ္စည်းများကို ဖယ်ရှားမည်။ တစ်ခါတစ်ရံတွင် လူနာများသည် ဆေးရုံဝတ်ရုံကို ဝတ်ဆင်ပါမည်။
  • လူနာနှင့် မိဘသည် စာရင်းသွင်းချိန်ရရန်အတွက် မိနစ်အနည်းငယ်စောစော ရောက်သင့်သည်။
  • မိဘများအား MIBG စကင်၏ ကောင်းကျိုးများနှင့် အန္တရာယ်များကို နားလည်ကြောင်းနှင့် စမ်းသပ်မှုပြုလုပ်ရန် သဘောတူကြောင်းဖော်ပြသော သဘောတူညီ ပုံစံစာရွက်ကို လက်မှတ်ထိုးခိုင်းနိုင်သည်။
  • လူနာနှင့် မိဘသည် ၎င်းတို့ကို ခေါ်သည့်တိုင်အောင် နားနေသည့် နေရာတွင် စောင့်မည်ဖြစ်သည်။ သူနာပြု သို့မဟုတ် နူကလီးယားဆေး နည်းပညာရှင်သည် ၎င်းတို့ကို နှုတ်ဆက်မည်ဖြစ်ပြီး မည်သည်ဖြစ်လာမည်ကို ရှင်းပြမည်။ ကလေးအထူးကုသည်လည်း ထိုနေရာတွင် ရှိနေနိုင်သည်။
  • လူနာသည် စကင်စက်စင်ပေါ်တွင် လဲလျောင်းမည်။ ဂါမာ ကင်မရာသည် ဆရာဝန်က ကင်ဆာရှိမရှိနှင့် အရိုးများသို့ပျံ့နှံ့ပြီးခြင်း သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ရောက်ရှိပြီးဖြစ်မဖြစ် ဆိုသည်ကို ပြောပြရန် ကူညီမည်ဖြစ်သည့် ပုံများကို က ရိုက်ယူမည်။

စကင်ပြီးနောက်

စကင်၏ အဖြေများကို နူကလီးယားဆေး ဆရာဝန်က ရှင်းလင်းမည်ဖြစ်သည်။ ဆရာဝန်သည် အစီရင်ခံစာကို ပြင်ဆင်မည်ဖြစ်ပြီး စမ်းသပ်မှုကို ညွှန်ကြားသည့် ဆရာဝန်နှင့် ၎င်းကို မျှဝေမည်။ လူနာ၏ ကင်ဆာအထူးကုဆရာဝန် သည် အဖြေများကို မိသားစုနှင့်အတူ မျှဝေမည်။


ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ