ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မွမ်းမံ ဘယ်ရီယမ် မျိုချမှု

မွမ်းမံ ဘယ်ရီယမ် မျိုချခြင်း စမ်းသပ်မှုသည် မျိုချနိုင်စွမ်းကို စစ်ဆေးသည်။ ၎င်းသည် မျိုချခြင်းကို ပို၍ လွယ်ကူ ဘေးကင်းစေရန် လုပ်ဆောင်ပေးနိုင်သော တစ်စုံတစ်ခုရှိလားဆိုသည်ကိုလည်း ပြသနိုင်သည်။

၎င်းသည် မျိုချလိုက်သော အစားအစာနှင့် အရည်ကို ပြသည့် "ရွေ့လျား" ဓါတ်ရောင်ခြည်တစ်ခုဖြစ်သည်။ စမ်းသပ်မှု လုပ်ဆောင်စဉ်တွင် ပုံရိပ်များကို ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ကြည့်ရှုသည်။

စမ်းသပ်မှုသည် ပုံမှန်အားဖြင့် မိနစ် ၂၀ မှ ၃၀ အထိ ကြာသည်။

မည်သူက စစ်ဆေးသနည်း။

စမ်းသပ်မှုကို အပြော-ဘာသာစကား ရောဂါဗေဒပညာရှင် တစ်ဦး သို့မဟုတ် တိုက်ကျွေးခြင်း ကျွမ်းကျင်သူတစ်ဦးက လုပ်ဆောင်မည်။

စစ်ဆေးခြင်းအတွက် လူနာများက မည်သို့ ပြင်ဆင်သင့်သနည်း။

  • စင်တာတိုင်းတွင် မတူညီသော ညွှန်ကြားချက်များ ရှိသည်။ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာပါ။
  • ညွှန်ကြားချက်များတွင် စစ်ဆေးခြင်း မပြုလုပ်မီ စားခြင်းသောက်ခြင်းဆိုင်ရာ ထောက်ခံချက်များ ပါဝင်မည်။ လူနာသည် စစ်ဆေးခြင်း မလုပ်ဆောင်မီ နာရီအတော်ကြာ မစားသင့်ပါ သို့မဟုတ် မသောက်သင့်ပါ။
  • အထူးသဖြင့် ဘေရီယမ်ကဲ့သို့သော ခွဲခြားမြင်နိုင်သော အရည်များကို ဓာတ်မတည့်မှု တစ်ခုခုနှင့်ပက်သက်၍ မိသားစုများသည် အပြော-ဘာသာစကား ရောဂါဗေဒပညာရှင်ကို ပြောပြသင့်သည်။
  • ကိုယ်ဝန်ဆောင် လူနာများ စစ်ဆေးခြင်း မပြုလုပ်သင့်ပါ။

စမ်းသပ်နေစဉ်အတွင်း မည်သည့်အရာများ ဖြစ်မည်နည်း။

  • လူနာမှလွဲ၍ အခန်းထဲရှိ လူတိုင်းသည် ဓါတ်ရောင်ခြည်များ ထိတွေ့မှုကို ရှောင်ရှားရန် ခဲဓါတ် အကာအကွယ်တစ်ခုကို ဝတ်ဆင်သင့်သည်။
  • စင်တာအများစုတွင် မိဘတစ်ဦးသည် အခန်းထဲတွင် နေနိုင်သည်။
  • လူနာ ထိုင်နေစဉ် ဓါတ်မှန် ပြွန်ချောင်းသည် ပါးစပ်နှင့် လည်ချောင်းပေါ်တွင် ချိန်ထားပါမည်။
  • လူနာသည် ဘေရီယမ်ပါဝင်သော အရည်များနှင့် အစားအစာများကို မျိုချမည်။ ၎င်းကို လူနာမျိုချသည့်အတွက်ကြောင့် ဓါတ်မှန်ပေါ်တွင် ဤအရာများကို မြင်ရစေရန် ကူညီပေးသည်။ လူနာသည် အထူ နှင့် မျက်နာပြင် အနုအကြမ်း အမျိုးမျိုးရှိသော အရာများဖြစ်သည့် အရည်ကျဲ၊ ပူတင်း မှ ဘယ်ရီယမ် အုပ်ထားသော ဘီစကွတ်များ သို့မဟုတ် ဘီစကွတ်ပွကြွပ်တို့ကို စားသုံးနိုင်သည်။

အစားအစာနှင့် အရည်က ပါးစပ်မှ အစာအိမ်သို့ ရွေ့လျားသွားကြောင်း ဓာတ်မှန်စက်တွင် ပြပါမည်။ ကွန်ပျူတာသည် စစ်ဆေးမှုကို ဗီဒီယိုရိုက်မည်။ အပြော-ဘာသာစကား ရောဂါဗေဒပညာရှင်သည် မျိုချခြင်း ပြဿနာများကို ရှာဖွေပြီး သေချာ ကြည့်ရှုပါမည်။ အကယ်၍ ပြဿနာများကို တွေ့ရှိပါက အပြော-ဘာသာစကား ရောဂါဗေဒပညာရှင်သည် ပို၌ ဘေးကင်း လွယ်ကူစွာ စားသုံးနိုင်မည့် နည်းလမ်းများကို အကြံပြုပါမည်။

မိဘများက လူနာများကို မည်ကဲ့သို့ ပြင်ဆင်ကူညီပေးနိုင်သနည်း။

  • စစ်ဆေးမှုကို ရိုးရှင်းသော အသုံးအနှုန်းများနှင့် အကျဉ်းချုပ် ရှင်းပြပါ။ လူနာသည် စစ်ဆေးမှုလုပ်ဆောင်စဉ်အတောအတွင်း စားခြင်း သို့မဟုတ် သောက်ခြင်း ပြုလုပ်ခြင်း ပြုလုပ်ရမည်ဖြစ်ပြီး အပြော-ဘာသာစကား ရောဂါဗေဒပညာရှင်သည် လူနာမည်သို့ မျိုချကြောင်းကို မြင်စေနိုင်ကြောင်းဖြစ်သည်ကို ရှင်းပြပါ။
  • အကူအညီဖြစ်ပါက ဆော့ကစားသည့် ပုံစံကို အသုံးပြုပါ။ ၎င်းသည် ကလေးအနှစ်သက်ဆုံး အရုပ် သို့မဟုတ် ပစ္စည်းနှင့် သရုပ်ဆောင်ကစားခြင်း ပါဝင်နိုင်သည်။ ၎င်းသည် အသက်ကြီးသော ကလေးများကို စမ်းသပ်နေစဉ်အတွင်း ဖြစ်လာသည့်ပုံများကို မြင်ရန် ကူညီပေးနိုင်သည်။

ကျွန်ုပ်သည် စစ်ဆေးမှုရလဒ်များကို မည်ကဲ့သို့ ရရှိမည်နည်း။

အပြော-ဘာသာစကား ရောဂါဗေဒပညာရှင်သည် ပုံမှန်အားဖြင့် စစ်ဆေးခြင်းပြီးနောက် အကြံပြုချက်များနှင့် ရလဒ်များကို ဝေမျှသည်။ တစ်ခါတစ်ရံတွင် အပြော-ဘာသာစကား ရောဂါဗေဒပညာရှင်သည် လူနာ၏ ကင်ဆာအထူးကုဆရာဝန် သို့မဟုတ် ဆေးဝါးကူညီမှု အသင်း၏ အခြားအဖွဲ့ဝင်များကို မိသားစုနှင့် စကားမပြောဆိုမီ တိုင်ပင်ဆွေးနွေးမည်။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ