ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာရှိ‌သော ကလေးအတွက် ဓာတ်မှန်

ဓာတ်မှန်သည် ခန္ဓာကိုယ်အတွင်း ဖွဲစည်းပုံ ပုံရိပ်ကို ပြုလုပ်ရန် ဓာတ်ရောင်ခြည်ပမာဏ အနည်းငယ်ကို အသုံးပြုသော စမ်းသပ်မှုဖြစ်ပါသည်။

ဓာတ်မှန်များက ထုတ်လုပ်လိုက်သော ပုံရိပ်များသည် ခန္ဓကိုယ်၏ အစိတ်အပိုင်းအမျိုးမျိုးကို အဖြူအမဲ အရိပ်အမျိုးမျိုးတွင် တစ်ရှုးတစ်ခုက ဓာတ်ရောင်ခြည်ကို မည်မျှ စုပ်ယူသည့်အပေါ်မူတည်ပြီး ပြသသည်။ အရိုးထဲရှိ ကယ်လ်စီယမ်က ဓာတ်ရောင်ကို စုပ်ယူမှုအများဆုံးဖြစ်သဖြင့် အရိုးများသည် အဖြူရောင်ပေါ်ပါသည်။ အဆီနှင့် အခြားသော တစ်ရှူးပျော့များသည် စုပ်ယူမှုနည်း၍ မီးခိုးရောင်ပေါ်သည်။ လေသည် စုပ်ယူမှု အနည်းဆုံးဖြစ်သဖြင့် အဆုတ်များပေါ်သည်မှာ အနက်ဖြစ်သည်။

ကလေးကင်ဆာလူနာကို ဓာတ်မှန်အထူးကျွမ်းကျင်သူက နေရာချနေပြီး အနားတွင် ခဲဝတ်စုံ ဝတ်ဆင်ထားသော အမေက ရပ်နေသည်။

ဓာတ်မှန်များသည် ဘေးကင်းပါသလား။

လူများသည် ပုံမှန်ပတ်ဝန်းကျင်တွင် နေ့စဉ် ဓာတ်ရောင်ခြည်ကို ထိတွေ့နေရသည်။ ဓာတ်မှန်ရိုက်စဉ်အတွင်း အသုံးပြုသော ဓာတ်ရောင်ခြည်ပမာဏသည် အလွန်နည်းပါသည်။ ဓာတ်မှန်များ၏ ဆေးဆိုင်ရာ ကောင်းကျိုးများသည် ဓါတ်ရောင်ခြည်ထိတွေ့မှု ပမာဏအနည်းငယ်ထက် ပိုအားသာသည်။ ခဲအကာအကွယ်များ (ဝတ်ရုံ သို့မဟုတ် သိုက်ရွိုက်အကာအရံ ကဲ့သို့သော) ကို ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကာကွယ်ရန် အသုံးပြုနိုင်သည်။

ဓာတ်မှန်ပုံရိပ်များကို ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ ပြုစုစောင့်ရှောက်မှုတွင် မည်သို့ အသုံးပြုသနည်း။

ဓာတ်မှန်များကို ရောဂါ ရှာဖွေသည့် ပုံရိပ်ဖော်စစ်ဆေးခြင်းများကို အကဲဖြတ်ရန် အထူးလေ့ကျင့်ပေးထားသော ဓာတ်မှန်အထူးကုဆရာဝန်များက ပြန်လည် ဆန်းစစ်ပြီး ခွဲခြမ်းစိတ်ဖြာသည်။

ရောဂါရှာဖွေခြင်း

ဓာတ်မှန်များသည် ကင်ဆာဖြစ်ကြောင်း၊ ရောဂါကူးစက်ဝင်ရောက်ခြင်း၊ အရိုးကျိုးခြင်းနှင့် ပုံမမှန်မှုများကို ပြသနိုင်သောကြောင့် ကင်ဆာ အစပိုင်းပုံရိပ်ကို ဖမ်းယူရန် ရောဂါရှာဖွေစဉ်အတွင်း ၎င်းတို့ကို အသုံးပြုသည်။ ကုထုံးအား တုံ့ပြန်ပုံကို တိုင်းတာရန် ဆရာဝန်များသည် ထိုပုံရိပ်များကို အခြေခံအနေဖြင့် အသုံးပြုနိုင်သည်။

ကုသမှု 

ကုသနေစဉ်အတွင်း ကင်ဆာကုသမှုအား ကလေး၏တုံ့ပြန်ပုံကို စောင့်ကြည့်ရန်နှင့် ကုထုံးအတွင်း ဖြစ်ပေါ်လာနိုင်သော ပြသာနာများကို သိရှိစေရန် ဓာတ်မှန်များကို အသုံးပြုနိုင်သည်။

အစားထိုးတပ်ဆင်ထားသည့် အစိတ်အပိုင်းတုကို ဓာတ်မှန်ဖြင့် ဖန်သားပြင်ပေါ်တွင် ‌စစ်ဆေးနေသည့်ပုံ

ကုသမှု ပြီးဆုံးပြီးနောက်

လူနာများကို ကုသပြီးနောက် ရောဂါလက္ခဏာ သက်သာခြင်းကာလ.တွင် ကင်ဆာ ကျန်ရစ်ခြင်း ရှိမရှိ စစ်ဆေးရန် ဓာတ်မှန်များ လုပ်ဆောင်ရနိုင်သည်။

နှစ်ရှည် အသက်ရှင်သူ

ကင်ဆာ အသက်ရှင်သူများသည် အခြားသော ကင်ဆာများနှင့် ကျန်းမာရေးပြဿနာ အန္တရာယ်များ ရှိနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ကျန်းမာရေးကို စောင့်ကြည့်ရန် ပုံမှန်ရောဂါရှာဖွေသည့် ပုံရိပ်စကင်များ လုပ်ဆောင်နိုင်ပြီး ၎င်းတို့တွင် ဓာတ်မှန်ရိုက်ခြင်းများ ပါဝင်နိုင်သည်။ ပုံမှန်စကင်များသည် ပို၍ကုသနိုင်သော အချိန်တွင် စောစောပြဿနာများကို ရှာဖွေရန် စစ်ဆေးပါမည်။

ကလေးကင်ဆာ လူနာသည် စားပွဲပေါ်တွင် လှဲနေစဉ်တွင် ကလေးအထူးကုက iPad ကို ပြသပြီး ဓာတ်မှန်နည်းပညာ ကျွမ်းကျင်သူက ဝမ်းဗိုက် ဓာတ်မှတ်အတွက် စက်ကို နေရာချသည်။

ဓာတ်မှန်များကို ရောဂါရှာဖွေဖော်ထုတ်မှု၊ ကုသမှု နှင့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာများ၏ နောက်ဆက်တွဲ ကုသမှုပြီးနောက်တွင် အသုံးပြုသည်။

ဓာတ်မှန်စစ်ဆေးနေစဉ်တွင် မည်သို့ဖြစ်သနည်း။

စစ်ဆေးနေစဉ်အတွင်း ဓာတ်မှန်စက်သည် ခန္ဓာကိုယ်တစ်လျှောက် ဓာတ်ရောင်ခြည်တန်း ပို့လွှတ်ပြီး ပုံရိပ်ကို ကွန်ပျူတာပေါ်တွင် သို့မဟုတ် အထူးဖလင်ပေါ်တွင် မှတ်တမ်းယူသည်။ လူနာသည် အသုံးပြုသည့် စက်အမျိုးအစားပေါ်မူတည်ပြီး စားပွဲပေါ်တွင် မှတ်တပ်ရပ်ရန်၊ ထိုင်ရန် သို့မဟုတ် လဲလျောင်းခိုင်းပါမည်။ ဓာတ်မှန်ကျွမ်းကျင်ပညာရှင်သည် လူနာကို အရှင်းလင်းဆုံးမြင်ကွင်းရရန် နေရာချထားမည်ဖြစ်ပြီးမှ ပုံရိပ်ကို ရိုက်ယူပါမည်။ လူနာသည် ငြိမ်သက်စွာ နေရပြီး လှုပ်ရှားခြင်းက ဓာတ်မှန်ကို ဝါးစေနိုင်သည့်အတွက်ကြောင့် အသက် အောင့်ထားရန် လိုအပ်နိုင်သည်။ နည်းပညာကျွမ်းကျင်သူသည် နောက်ထပ် ဓာတ်မှန်များအတွက် လူနာကို နေရာပြောင်းပေးရာတွင် ကူညီနိုင်သည်။

ကလေးကင်ဆာလူနာကို ဓာတ်မှန်အထူးကျွမ်းကျင်သူက နေရာချနေပြီး အနားတွင် ခဲဝတ်စုံ ဝတ်ဆင်ထားသော အမေက ရပ်နေသည်။

ဓာတ်မှန်များကို ရောဂါရှာဖွေဖော်ထုတ်မှု၊ ကုသမှု နှင့် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာများ၏ နောက်ဆက်တွဲ ကုသမှုပြီးနောက်တွင် အသုံးပြုသည်။

ဓာတ်မှန်တစ်ခုအတွက် သင်မည်သို့ပြင်ဆင်သနည်း။

ဓာတ်မှန်စစ်ဆေးခြင်းသည် နာကျင်ခြင်းမရှိပါ။ သို့သော် ကြည်လင်သော ပုံရိပ်ရရှိရန်အတွက် လူနာသည် ခေတ္တမျှ ငြိမ်သက်စေရန် လိုအပ်သည်။ စမ်းသပ်နေစဉ်အတွင်း မလှုပ်ရန် အရေးကြီးပုံကို သင်၏ကလေးအား ပြောပြပါ။ ဓာတ်မှန်ပုံရိပ်များ ရယူစဉ်တွင် လူနာ သက်သောင့်သက်သာဖြစ်စေရန်နှင့် ကူညီရန် မိဘများကို အခန်းထဲတွင် နေခွင့်ပြုနိုင်သည်။ အကယ်၍ ကလေးသည် သက်သောင့်သက်သာ မဖြစ်ပါက မိဘများက နည်းပညာရှင်ကို အသိပေးသင့်သည်။

ဓာတ်မှန်အခန်းတွင်ရှိမည့် တစ်ဦးဦး (လူနာ သို့မဟုတ် မိဘ) သည် အကယ်၍ ကိုယ်ဝန်ဆောင်ထားပါက မမွေးဖွားလာသေးသော ကလေးကို ထိခိုက်နိုင်သည့် အန္တရာယ် ရှိနိုင်သည့် အတွက်ကြောင့် ဝန်ထမ်းအား အသိပေးရန် အရေးကြီးသည်။

လူနာကို လက်ဝတ်ရတနာများ၊ နာရီများ သို့မဟုတ် မျက်မှန်များ ချွတ်ခိုင်းနိုင်ပြီး ဆေးရုံ ဝတ်ရုံ ဝတ်ဆင်ရန် လိုအပ်နိုင်သည်။

အချို့သော ဓာတ်မှန်စမ်းသပ်မှုတွင် အရောင်ခြားနားမှုဖြစ်စေသော ပစ္စည်း အိုင်အိုဒင်း သို့မဟုတ် ဘယ်ရီယမ် ကဲ့သို့သော အရည်များ ကို အနုစိတ် ပုံရိပ်ကောင်းရရှိစေရန် မျိုချခိုင်းသည် သို့မဟုတ် ထိုးသွင်းသည်။ အကယ်၍ သင်၏ ကလေးသည် ဓာတ်မှန် ခွဲခြားမြင်နိုင်သည့် ပစ္စည်းနှင့် ဓာတ်မတည့်မှုရှိခဲ့ပါက နည်းပညာရှင် သို့မဟုတ် သင့်ဆေးကုသမှုဆိုင်ရာ ပြုစုစောင့်ရှောက်မှုအဖွဲ့ဝင်ကို ပြောပြပါ။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ