ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆီးသွားနေစဉ်တွင် ဆီးအိမ်နှင့်ဆီးချောင်းအား ဓာတ်မှန်ရိုက်စစ်ဆေးခြင်း (VCUG)

VCUG (ဆီးသွားစဉ်တွင် ဆီးအိမ်နှင့် ဆီးချောင်းအား ဓာတ်မှန်ရိုက်စစ်ဆေးခြင်း) သည် ဆီးလမ်းကြောင်း ၏ ပုံရိပ်များကို ထုတ်ပေးပြီး ၎င်းမည်ကဲ့သို့ အလုပ်လုပ်နေသည်ကို ပြသည်။

၎င်းသည် ဓာတ်မှန်နှင့် ဖလူရိုဆင့် အရောင်တွဲထားသည့် စမ်းသပ်ကိရိယာ ခေါ် နည်းပညာကို အသုံးပြုသည်။ ဓာတ်မှန်နှင့် ဖလူရိုဆင့် အရောင်တွဲထားသည့် စမ်းသပ်ကိရိယာကို တစ်ခါတစ်ရံတွင် “ရုပ်ရှင်” ဓာတ်မှန် အနေဖြင့် ဖော်ပြသည်။ ၎င်းသည် ခန္ဓာကိုယ် အတွင်းအင်္ဂါများ မည်ကဲ့သို့ လုပ်ဆောင်သည်ကို ပြသသည်။

ဆရာဝန်များသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း သို့မဟုတ် အခြားဆက်နွယ်သော ပြဿနာများ ထပ်ခါထပ်ခါ ဖြစ်နေသော လူနာများအတွက် ဤ စစ်ဆေးမှုကို လုပ်ခိုင်းသည်။

VCUG သည် လူနာတွင် ဆီးအိမ်မှ ဆီးများ နောက်ကြောင်းပြန်ထွက်ခြင်း (VU) ဟု ခေါ်သော အခြေအနေ ရှိခဲ့လျှင် ပြနိုင်သည်။ ဤအခြေအနေသည် ဆီးကို ဆီးအိမ်မှ နောက်ပြန် ကျောက်ကပ်များဆီသို့ လားရာ အမှားဖြင့် စီးဆင်းစေသည်။ ဆီးသွားပြွန်တွင် ပိတ်ဆို့မှုတစ်ခုခု သို့မဟုတ် ပုံမမှန်မှုများတစ်ခုခု ရှိပါကလည်း  VCUG က ပြနိုင်သည်။

ဓာတ်မှန် ပုံရိပ်သည် ကလေး ကင်ဆာ ရောဂါသည်တစ်ဦးတွင် VCUG စမ်းသပ်မှု၏ အစပိုင်းကို ပြသသည်။ 
ဓာတ်မှန်သည် ကလေး ကင်ဆာ ရောဂါသည်တစ်ဦးတွင် VCUG စမ်းသပ်မှုလမ်းကို ပြသသည်။
ဓာတ်မှန်သည် ကလေး ကင်ဆာ ရောဂါသည်တစ်ဦးတွင် VCUG စမ်းသပ်မှု၏ နောက်ထပ်လမ်းကြောင်း  ကို ပြသသည်။
ဓာတ်မှန်သည် ကလေး ကင်ဆာ ရောဂါသည်တစ်ဦးတွင် VCUG စမ်းသပ်မှုအတွဲများ၏ နောက်ဆုံးကို ပြသသည်။

ဆီးသွားပြွန်တွင် ပိတ်ဆို့မှု တစ်ခုခု သို့မဟုတ် ပုံမမှန်မှု တစ်ခုခု ရှိနေလား နှင့် လူနာတွင် ဆီးအိမ်မှ ဆီးများ နောက်ကြောင်းပြန်ထွက်ခြင်း ရှိသလားဆိုသည်ကို VCUG ပြနိုင်သည်။

VCUG ကို မည်သူလုပ်ဆောင်သနည်း။

ဓာတ်မှန် ကျွမ်းကျင်ပညာရှင် နှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ နည်းပညာရှင်သည် စမ်းသပ်မှုကို လုပ်ဆောင်သည်။ အခြားသော ဝန်ထမ်းအဖွဲ့ဝင်များက ကူညီနိုင်သည်။

စမ်းသပ်မှုသည် မည်မျှကြာမည်နည်း။

၎င်းစမ်းသပ်မှုသည် ပုံမှန်အားဖြင့် မိနစ် ၃၀ ခန့်ကြာသည်။

VCUG သည် ဘေးကင်းပါသလား။

VCUG သည် ဓာတ်မှန် အမျိုးအစားတစ်ခု ဖြစ်ပြီး ပုံရိပ်များ ဖန်တီးရန် အိုင်ယွန်နစ်ဖြာထွက်သော ဓာတ်ရောင်ခြည် ပမာဏအနည်းငယ်ကို အသုံးပြုသည်။ VCUG လုပ်ဆောင်နေစဉ်အတွင်း အသုံးပြုသော ဓာတ်ရောင်ခြည် ပမာဏသည် အလွန်နည်းပါသည်။ ဓါတ်ရောင်ခြည်အနည်းငယ်ထိတွေ့မှု ရှိသော်လည်း ဆေးဆိုင်ရာ ကောင်းကျိုးများသည် ပိုအားသာသည်။ မိသားစုများသည် မည်သည့်စိုးရိမ်ထိတ်လန့်မှုကိုမဆို ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။

မြင်နိုင်သော အင်္ဂါများကို စာတန်းထိုးဖော်ပြထားသည့် အရွယ်ရောက်ပြီးသော အမျိုးသား တစ်ယောက် ခန္ဓာကိုယ်၏ ရုပ်ပုံ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ် နှင့် ဆီးသွားပြွန် အပါအဝင် ဆီးလမ်းကြောင်း၏ အင်္ဂါများကို အထူး ဖော်ပြထားသည်။

VCUG သည် ဆီးလမ်းကြောင်း၏ ပုံရိပ်များကို ထုတ်ပေးပြီး ၎င်းမည်သို့ အလုပ်လုပ်နေသည်ကို ပြသသည်။

မိဘများက လူနာများကို ပြင်ဆင်ရာတွင် မည်ကဲ့သို့ ကူညီသင့်သနည်း။

မိဘများသည် ၎င်းတို့၏ ကလေးအား သေချာစေသင့်သည့် အချက်မှာ အောက်ပါအတိုင်း ဖြစ်သည်-

  • အဘယ်ကြောင့် သူ သို့မဟုတ် သူမ သည် စမ်းသပ်မှုခံယူနေရသည်နှင့် မည်သို့ ဖြစ်လာမည်ကို နားလည်စေပါ။ ကလေးအထူးကု သည် လူနာကို ပြင်ဆင်ရာနှင့် ထောက်ပံ့ရာတွင် ကူညီနိုင်သည်။
  • လဲရ ဝတ်ရ လွယ်သော ချောင်ပြီး သက်သောင့်သက်သာရှိသည့် အဝတ်ကို ဝတ်ဆင်ပါ။ စင်တာအများစု၌ လူနာသည် အဝတ်ကို ဖယ်ရှားပြီး ဝတ်ရုံကို ဝတ်ဆင်ရမည်။

စမ်းသပ်မှု မပြုလုပ်မီ မည်သည့်အသေးစိတ်များကို ဂရုစိုက်သင့်သနည်း။

  • ဆေးရုံပေါ်မူတည်ပြီး လုပ်ငန်းစဉ်အတွက် မည်မျှ ကုန်ကျမည်ကို သိရှိရန် မိဘများသည် ၎င်းတို့၏ အာမခံကုမ္ပဏီနှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်နိုင်သည်။
  • မိဘများသည် ဆေးဝါးကူညီမှု အသင်းကို အောက်ပါအရာတို့အား ပြောပြသင့်သည်-
    • ဆေးစာမဲ့ ဝယ်နိုင်သော ဆေး အပါအဝင် လူနာသောက်သည့် ဆေးဝါးများ
    • ဓာတ်မတည့်မှုများ အထူးသဖြင့် အိုင်အိုဒင်းကို ဓာတ်မတည့်ခြင်း။ ၎င်းသညိ VCUG လုပ်ဆောင်နေစဉ် အသုံးပြုသောဆေးရည် ဖြစ်သည်။
    • လူနာသည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ရှိနိုင်ပါက။
  • စင်တာသို့ ရောက်ရှိရန် အချိန်များစွာ ပေးထားပါ။ ချိန်းဆိုမှုကို အချိန်မှန်ရောက်ရှိရန် အရေးကြီးပြီး စာရင်းသွင်းရန်အတွက် အချိန်ပေးရန် မိနစ်အနည်းငယ် စောစောရောက်ရှိပါ။
  • မိဘနှင့် လူနာသည် လုပ်ငန်းစဉ်အတွက် အချိန်မရောက်ခင်တွင် နားနေသည့် နေရာတွင် ရှိပါမည်။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမည်ဆိုပါက ပြုလုပ်နိုင်သည့် အရာများကို စီစဉ်လာပါ။

VCUG လုပ်ဆောင်နေစဉ်အတွင်း မည်သည့်အရာ ဖြစ်ပေါ်သနည်း။

  • ဓာတ်ရောင်ခြည်ဝန်ထမ်း တစ်ဦးက လူနာသည် အဘယ်ကြောင့် VCUG လိုအပ်သည်ကို မိသားစုအား ပြောပြမည်ဖြစ်ပြီး လုပ်ငန်းစဉ်ကို ရှင်းပြပါမည်။
  • နည်းပညာရှင်သည် လူနာကို ဓာတ်မှန်စင်ပေါ်သို့ ကူတင်ပေးပါမည်။ လူနာများသည် ဤစမ်းသပ်မှုအတွက် ပက်လက်လှန်၍ လဲလျောင်းရမည် ပုံရိပ်ဖော်စဉ်အတွင်း နို့စို့ကလေးငယ်များနှင့် ငယ်ရွယ်သော ကလေးများ  ငြိမ်သက်စွာ နေစေရန် အထူးပြုလုပ်ထားသော ပစ္စည်းကို သုံးနိုင်သည်။ လူနာများသည် ငြိမ်သက်စွာ နေရမည် သို့မဟုတ်လျှင် ပုံရိပ်သည် ဝါးသွားနိုင်သည်။
  • စမ်းသပ်မှုသည် လူနာ၏ ဆီးအိမ်အတွင်း ထည့်ထားသော  ဆီးချူပိုက်ပါးပြီး အခေါင်းပေါက်ပါသည့် ပြွန်တစ်ခု လိုအပ်သည်။
    • သူနာပြု တစ်ဦး သို့မဟုတ် နည်းပညာရှင်တစ်ဦးသည် ဆီးချူပိုက် ထားမည့် နေရာကို သန့်ရှင်းမည်။ ဤအပြင်ပိုင်း ပိုးသတ်ဆေးရည်သည် အေးသလို ခံစားရနိုင်သည်။
    • အထူး လေ့ကျင့်ထားသော – သူနာပြုတစ်ဦး၊ နည်းပညာရှင်၊ သို့မဟုတ် ဆရာဝန်သည်- လူနာ၏ ဆီးသွားပြွန် မှတဆင့် ဆီးအိမ်အတွင်း ဆီးချူပိုက်ကို ထည့်မည်။ လူနာသည် ဆီးအိမ်တင်းလာ သည်ကိုခံစားရမည်ဖြစ်ပြီး သန့်စင်ခန်းသို့ သွားရန် လိုအပ် သည်ဟု ခံစားရနိုင်သည်။
    • သူနာပြု သို့မဟုတ် နည်းပညာရှင်သည် ဆီးချူပိုက်ကို သူ့နေရာနှင့်သူ တိပ်ဖြင့် ကပ်မည်ဖြစ်သောကြောင့် စစ်ဆေးနေစဉ်အတွင်း ၎င်းသည် ထွက်ပေါ်လာမည် မဟုတ်ပါ။
  • ဓာတ်ရောင်ခြည် ဝန်ထမ်း သည် ဆီးချူပိုက်ကို ဓာတ်ရောင်ခြည် ခွဲခြားနိုင်သော အရည် ပုလင်းထဲသို့ ဆက်သွယ်ပါမည်။ ၎င်းခွဲခြားမြင်နိုင်သောပစ္စည်းသည် ဓာတ်မှန်နှင့် ဖလူရိုဆင့် အရောင်တွဲထားသည့် စမ်းသပ်သည့် ဖန်သားပြင်ပေါ်တွင် အထူးသဖြင့် ဆီးလမ်းကြောင်း၊ ဆီးအိမ်နှင့် ဆီးသွားပြွန်တို့ကို ကြည့်ရာတွင် ကူညီသည်။
  • နည်းပညာရှင်သည် "ဖလူအိုရို တာဝါ" ဟုခေါ်သော ဓာတ်မှန်စက်ကို လူနာပေါ်သို့ ရွှေ့ပါမည်
    ခွဲခြားမြင်နိုင်သော အရည်သည် ဆီးချူပိုက် မှတဆင့် လူနာ၏ ဆီးအိမ်ထဲသို့ စီးဆင်းပါမည်။ နည်းပညာရှင်သည် ရှုထောင့်အမျိုးမျိုးမှ ပုံရိပ်များကို ရရှိရန် လူနာအား တစ်ဖက်မှ တစ်ဖက်သို့ ရွှေ့ရာတွင် ကူညီပေးမည်။
  • လူနာသည် အကယ်၍ ဆီးသွားရန် ဆန္ဒရှိပါက ဆီးကို ထိန်းထားရန် လိုအပ်မည်။ ဆီးအိမ် ပြည့်သောအခါ ဓာတ်မှန်အထူးကျွမ်းကျင်သူသည် လူနာကို စင်ပေါ်တွင် ဆီးသွားခိုင်းပါမည်။ ထိုနေရာတွင် တဘက်များ၊ အိပ်ယာထဲတွင် ဆီးသွားရန်အိုး သို့မဟုတ် အရည်ကို ရယူရန် စုပ်ယူနိုင်သော အခံ ရှိပါမည်။ လူနာသည် ဆီးသွားနေစဉ် ဓာတ်မှန်အထူးကျွမ်းကျင်သူသည် ဓာတ်မှန်များကို ပို၍ ရယူမည်။
  • လူနာဆီးသွားနေချိန်တွင် ဆီးချူပိုက်သည် အလိုလို ကန်ထွက်လာနိုင်သည်။ ပြီးနောက်တွင် ဓာတ်မှန်အထူးကျွမ်းကျင်သူသည် ဓာတ်မှန်များကို ပို၍ ရိုက်ယူမည်။

လူနာသည် စမ်းသပ်မှု ပြုလုပ်နေစဉ်အတွင်း မည်သည်ကို ခံစားရမည်နည်း။

VCUG စမ်းသပ်မှုသည် သက်သောင့်သက်သာ မရှိဖြစ်နိုင်ပါသည်။ ဆီးချူပိုက် ထည့်သွင်းခြင်း နှင့် ဆီးအိမ်ကို အရည်ဖြည့်ခြင်းသည် မသက်မသာဖြစ်နိုင်သည်။

VCUG သည် ကလေးများနှင့် ဆယ်ကျော်သက် လူငယ်များအတွက် ရှက်စရာ နှင့် သဘာဝမကျ ဟုထင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သီးသန့် သန့်စင်ခန်းသို့ သွားလေ့ရှိသောကြောင့်ဖြစ်သည်။ မိဘတစ်ဦးသည် ပုံမှန်အားဖြင့် လူနာနှင့် အတူ အခန်းထဲတွင် ရှိနေနိုင်သည်။ ထို့အပြင် မိသားစုများသည် ကလေးအထူးကုတစ်ဦးကို လုပ်ငန်းစဉ်အတွင်း ထိုနေရာတွင်ရှိနေရန် တောင်းဆိုနိုင်သည်။

ဓာတ်ရောင်ခြည် ဝန်ထမ်းသည် စမ်းသပ်မှုကို လုပ်ဆောင်ရာတွင် အတွေ့အကြုံရှိပြီးဖြစ်သည်။ လိုအပ်သော ဆေးဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု ဖြစ်သောကြောင့် လူနာများသည် ရှက်နေစရာမလိုအပ်ပါ။

လူနာသည် စမ်းသပ်မှု ပြီးနောက် မည်သည်ကို တွေ့ကြုံရမည်နည်း။

လူနာအချို့သည် လုပ်ငန်းစဉ်ပြီးနောက် ဆီးသွားနေစဉ်အတွင်း မသက်မသာဖြစ်နိုင်သည်။ ဤခံစားမှုသည် ပုံမှန်အားဖြင့် ၁၂ နာရီအတွင်း သက်သာ လာမည် ဖြစ်သည်။

မိသားစုများသည် အဖြေများကို မည်ကဲ့သို့ သိရှိမည်နည်း။

ဓါတ်မှန်ကျွမ်းကျင်ပညာရှင်သည် စမ်းသပ်မှုကို အဖြေထုတ်မည်ဖြစ်ပြီး VCUG စမ်းသပ်မှုကို ညွှန်ကြားခဲ့သော ဆရာဝန်ကို အစီရင်ခံစာ တစ်စောင် ပို့ပါမည်။ ဆေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးသည် နောက်ရက်ချိန်းတွင် လူနာ၊ မိသားစုနှင့်အတူ အဖြေများကို ပြန်လည် သုံးသပ်မည်။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ