ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်ကွန်ပျုတာ တိုမိုဂရပ်ဖီ (CT) ၊ တစ်နည်းအားဖြင့် ကွန်ပျူတာ အသုံးပြုပြီး တိုမိုဂရပ်ဖီနည်းဖြင့် ပုံရိုက်ယူခြင်း သို့မဟုတ် ကွန်ပျူတာ ဝင်ရိုးထိပ် တိုမိုဂရပ်ဖီ (CAT)သည် ခန္ဓာကိုယ်အတွင်းရှိ အနုစိတ်ပုံရိပ်များကို ထုတ်ယူရန် ကွန်ပျူတာများနှင့် ဓါတ်ရောင်ခြည်များကို သုံးသော စမ်းသပ်မှုဖြစ်သည်။ ကလေးကင်ဆာအတွက် CT ကို အကျိတ်တစ်ခု ရောဂါရှာဖွေရန်၊ ကင်ဆာအဆင့်နှင့် ပက်သက်၍ သတင်းအချက်အလက်များကို ပေးရန်၊ ကုသမှုကို လေ့လာရန်၊ စောင့်ကြည်စစ်ဆေးရန် အသားစထုတ်ယူစစ်ဆေးခြင်း ကဲ့သို့သော လုပ်ငန်းစဉ်များကို လမ်းညွှန်ရန် နှင့် ဓါတ်ရောင်ခြည် ကုသမှုများ.ကို စီမံရာတွင် ကူညီရန် အသုံးပြုနိုင်သည်။
CT စကင်ရိုက်နေစဉ်အတွင်း ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သော (ခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက် သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကို စကင်ဖတ်ယူသောကြောင့် ပုံမှန်အားဖြင့် အချိန်တိုအတွင်း ပုံအမျိုးမျိုးကို ရှုထောင့်အမျိုးမျိုးမှ ရိုက်ယူသည်။ ကန့်လန့် ပိုင်းဖြတ်ပြ ပုံရိပ်များကို ကွန်ပျူတာ မော်နီတာပေါ်တွင် မြင်နိုင်ပြီး ဖလင်ပေါ်တွင် ပရင့်ရိုက်ကာ သို့မဟုတ် စီဒီ သို့မဟုတ် ဒီဗီဒီ တစ်ခုပေါ်တွင် ပြောင်းယူသည်။ ၎င်းတို့သည် အမျိုးမျိုးသော မျက်နှာပြင်တွင် အသစ်ပြန်လည်စီစဉ်နိုင်ပြီး သုံးဘက်မြင်ပုံရိပ်များကို ထုတ်လုပ်နိုင်သည်။
CT စကင်သည် အချိန်စက္ကန့် အနည်းငယ် ကြာသော်လည်း အကြောဆေး ခွဲခြားမြင်နိုင်သော ပစ္စည်း ကိုပေးပါက ထပ်ခါထပ်ခါ ရိုက်နိုင်သည်။
ကလေး စင်တာ တစ်ခုစီတွင် ၎င်း၏ ကိုယ်ပိုင် လုပ်ငန်းစဉ်များ ရှိသော်လည်း လူနာသည် အောက်ပါတို့ကို မျှော်လင့်နိုင်သည်။
ပုံရိပ်များ ပို၍ ရှင်းလင်းစေရန်နှင့် အသေးစိတ် မြင်နိုင်ရန် ခွဲခြားမြင်နိုင်သော ပစ္စည်းတစ်ခုကို တစ်ခါတစ်ရံတွင် လိုအပ်ပါသည်။
လူနာများက အမွေးပွရုပ် သို့မဟုတ် ခြုံစောင် ကဲ့သို့ သက်သောင့်သက်သာရှိသည့် ပစ္စည်းတစ်ခု ယူဆောင်လာနိုင်ခြင်း ရှိမရှိ သင်၏ ပြုစုစောင့်ရှောက်ရေးစင်တာကို မေးမြန်းပါ။
ရှင်းလင်းသော ရင်ဘတ် CT တွင် ကလေး လူနာ၌ ပျံ့နှံ့လွယ်သော အရိုးကင်ဆာ အထောက်အထားမရှိသည်ကို ပြသသည်
ဖြစ်စဉ် ၁ ပြီးနောက် သန္ဓေသားနာ့ဗ်ဆဲလ်အကျိတ်ရှိသော လူနာ၏ ရင်ဘတ် CT
လင့်ကျိတ်ကင်ဆာရောဂါမဟုတ်သော ကလေး လူနာ ၏ ဝမ်းဗိုက် CT
သွေးကြောများ၊ တစ်ရှူးပျော့၊ အရိုးများ၊ ကိုယ်တွင်းအင်္ဂါများတို့၏ CT ပုံရိပ်များသည် ရိုးရိုး ဓါတ်မှန်များထက် ပို၍ အနုစိတ်သောပုံရိပ်များကို ရရှိစေသည်။ ၎င်းသည် အထူးသဖြင့် သွေးကြောများနှင့် တစ်ရှူးပျော့များဖြစ်သည်။ စကင်ဖတ်နေစဉ်အတွင်း ထွက်ပေါ်လာသော ပိုင်းဖြတ်ပြ ပုံရိပ်များကို မျက်နှာပြင် အမျိုးမျိုးတွင် ပြန်လည်ပြင်ဆင်နိုင်ပြီး သုံးဘက်မြင် ပုံရိပ်များထုတ်လုပ်နိုင်သည်။ စကင်များသည် ကလေးများတွင် ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသခြင်းတွင် ကူညီရန် ဆရာဝန်များအား သတင်းအချက်အလက်များစွာ ပေးသည်။
CT စကင်များသည် ကလေး၏ အသက်အရွယ်နှင့် အရွယ်အစားအရ ချိန်ညှိထားသော ဓါတ်ရောင်ခြည်ပမာဏ အနည်းငယ်ကို အသုံးပြုသည်။ စင်တာများအများစုသည် ကလေးတစ်ဦးချင်းစီ အတွက် အထူးပြုလုပ်ရည်ရွယ်ထားသော ဓါတ်ရောင်ခြည်ပမာဏကို လျှော့ချရန် နည်းဗျူဟာများကို အသေးစိတ် ဖော်ပြရှင်းလင်းသည်။
CT စကင်များမှ ဓါတ်ရောင်ခြည်ထိတွေ့မှုသည် အရွယ်ရောက်ပြီးသော လူကြီးများထက် ကလေးများအပေါ်တွင် ကွဲပြားခြားနားစွာ သက်ရောက်မှုရှိသည်။ ကလေးများသည် ၎င်းတို့၏ ကြီးထွားနေသော ခန္ဓာကိုယ်များနှင့် ဆဲလ်များ ကွဲပွားသည့်နှုန်းတို့ကြောင့် ဓါတ်ရောင်ခြည်သက်ရောက်မှုကို ပိုမိုခံစားရသည်။ ဒါ့အပြင် ၎င်းတို့သည် အရွယ်ရောက်ပြီးသော လူကြီးများထက် သက်တမ်းကြာရှည်စွာ ရှိသောကြောင့် ဓါတ်ရောင်ခြည်နှင့်ဆိုင်သော ဆိုးကျိုးများအတွက် အချိန်ပို၍ရှိမည်ဖြစ်ပြီး ၎င်းတွင် ကင်ဆာဖြစ်ပေါ်လာရန် ဖြစ်နိုင်ခြေ အန္တရာယ် အလွန်နည်းပါသည်။ စကင်တစ်ကြိမ်ရိုက်ခြင်းကြောင့် ကင်ဆာ၏ ရာသက်ပန် အန္တရာယ် သည် နည်းပါသည် - အမျိုးသား ကျန်းမာရေး အဖွဲ့အစည်းများအရ စကင်အကြိမ်ရေ ၁၀၀၀ တိုင်း၌ ဖြစ်ရပ် ၁ ခုခန့် ရှိသည်။ CT များ အကြိမ်များစွာ လုပ်ဆောင်သောအခါ အန္တရာယ် များလာသည်။
ဓါတ်ရောင်ခြည် ဘေးကင်းမှုနှင့် ပက်သက်၍ မိဘများက ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူများကို မေးနိုင်သော အဓိက မေးခွန်း သုံးမျိုးမှာ-
အကယ်၍ CT သည် ဆေးဆိုင်ရာ လိုအပ်ချက် ဖြစ်ပါက ကောင်းကျိုးများသည် ဓါတ်ရောင်ခြည် ထိတွေ့မှုကြောင့်ဖြစ်ပေါ်သော ရေရှည် အန္တရာယ်အနည်းငယ်ကို ကျော်လွန်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
အကယ်၍ သင်၌ CT ဘေးကင်းမှုနှင့် ပက်သက်၍ မေးခွန်းများရှိလျှင် သင်၏ ဆရာဝန်ကို မေးပါ။
—
ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ