ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပုံရိပ်ဖော်စစ်ဆေးခြင်းများ

ပုံရိပ်စစ်ဆေးခြင်းများသည် တစ်ရှူးပျော့များ၊ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများနှင့် အရိုးတို့၏ အနုစိတ်ပုံရိပ်များကို ထုတ်လုပ်ပေးသည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာတွင် ထိုပုံရိပ်များသည် အကျိတ်တည်နေရာကို ပြသသည်။ ဓာတ်မှန် ကျွမ်းကျင် ဆရာဝန်များသည် ပုံရိပ်များကို အကဲဖြတ်ပြီး အသေးစိတ် ဖော်ပြချက်များ ပေးသည်။

၎င်းတို့၏ အစီရင်ခံစာများသည် ဆရာဝန်များကို ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ ရောဂါရှာဖွေရန်နှင့် ကုသရန် ကူညီပေးသည်။ ကုသနေစဉ်အတွင်း ကုထုံးကို ကင်ဆာ မည်သို့ တုံ့ပြန်ကြောင်း ပုံရိပ်က ဆေးအဖွဲ့အား ဖော်ပြသည်။ ကုသမှု ပြီးနောက် လူနာများ တွင် နောက်ဆက်တွဲ ပြသမှုများ၏ တစိတ်တပိုင်းဖြစ်သော  ပုံရိပ်ဖော်စစ်ဆေးခြင်းများကို  ပြောင်းလဲမှုတစ်စုံတစ်ခု ရှိမရှိ စစ်ဆေးရန်  လုပ်ဆောင်သည်။

ဓာတ်မှန်ကျွမ်းကျင်ပညာရှင်သည် ထိုင်ခုံတွင်ထိုင်ပြီး ဖန်သားပြင်အမျိုးမျိုးပေါ်ရှိ ဦးနှောက် စကင်များကို ပြန်လည်သုံးသပ် ဆန်းစစ်သည်။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ