ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

စိတ်မသန့်ခြင်းကို စီမံခြင်း

ကင်ဆာရှိသည့်ကလေးများ၏ မိဘများအတွက် စိတ်မသန့်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော စိတ်ခံစားမှုဖြစ်သည်။ မိဘများသည် ဘဘာဝအားဖြင့် ၎င်းတို့၏ကလေးများကို အကာအကွယ်ပေးလိုသည်။ ကလေးများ ဝေဒနာခံစားရသောအခါ မိဘများသည် ၎င်းတို့ကိုယ်ကို အပြစ်ဖို့နိုင်သည် သို့မဟုတ် နာကျင်မှုကို မဖယ်ရှားပေးနိုင်သောအခါ ခွန်အားမဲ့သည်ဟု ခံစားရနိုင်သည်။

စိတ်မသန့်ခြင်း၏ အရင်းအမြစ်များ

ကင်ဆာအတွေ့အကြုံတစ်လျှောက်တွင် စိတ်မသန့်ခြင်းသည် အရင်းအမြစ်မျိုးစုံမှ လာရောက်နိုင်သည်။ အချို့မိဘများသည် စိတ်မသန့်ခြင်း ခံစားချက်ကို အချိန်တော်တော်များများတွင် ရုန်းကန်ကျော်ဖြတ်ရသည်။ အခြားသူများအတွက်မူ စိတ်မသန့်ခြင်းသည် စိတ်ဖိစီးချိန်များ သို့မဟုတ် အချိန် သို့မဟုတ် ဆုံးဖြတ်ချက် အများဆုံးလိုအပ်သည့်အချိန်များတွင် တဖြည်းဖြည်းတိုး၍ဆိုးရွားလာကြောင်း တွေ့ရှိရသည်။ ကင်ဆာကာလအတွင်း မိဘကစိတ်မသန့်ခြင်းကို ဖြစ်စေသည့် ယေဘုယျအချက်များမှာ-

  • ကင်ဆာကို ဖယ်ရှားရန် ခွန်အားမဲ့ခြင်း
  • လက္ခဏာများကို သတိမထားမိခြင်း သို့မဟုတ် ကလေးနေမကောင်းကို ပိုမိုစောစွာ မသိရှိခြင်းဟု ခံစားရခြင်း
  • ပြုစုစောင့်ရှောက်ခြင်းနှင့် ကုသခြင်းအတွက် “မှန်ကန်သော” ရွေးချယ်မှုများကို ပြုလုပ်ခြင်း
  • ကုထုံး၏ လက်ငင်း သို့မဟုတ် ကြာရှည်ခံစားရသော ဘေးထွက်ဆိုးကျိုးများကို မတားဆီးနိုင်ခြင်း
  • ကင်ဆာသည် မျိုးရိုးလိုက်၍ မျိုးရိုးဗီဇက ကင်ဆာကိုဖြစ်စေသည်ဟု ပူပန်ခြင်း
  • ကြိုတင်ကာကွယ်နိုင်သော တစ်စုံတစ်ရာသည် ကလေးကို ဖျားနာစေခြင်း သို့မဟုတ် ကလေး၏အခြေအနေ ပိုမိုဆိုးရွားမည်ကို ကြောက်ခြင်း
  • ထိန်းကျောင်းခြင်းဆိုင်ရာအမှားများ ပြုလုပ်မည်ကို စိုးရိမ်ခြင်း
  • မောင်နှမများအတွက် အချိန်ပေးမှုပိုနည်းခြင်းနှင့် မောင်နှမများအား လျစ်လျူရှုမိမည်ကို စိုးရိမ်ခြင်း
  • အလုပ်၊ အိမ်နှင့် မိသားစုတာဝန်များကြောင့် သို့မဟုတ် ၎င်းတို့ကိုယ်ကိုအချိန်ပေးရန် နေမကောင်းသည့်ကလေး၏ အနားတွင်မရှိနိုင်ခြင်း

စိတ်မသန့်ခြင်းသည် ကျိုးကြောင်းဆီလျော်ခြင်း သို့မဟုတ် ယုတ္တိတန်ခြင်း မရှိတတ်ပါ။ အမှန်တကယ် စေတနာရှိသောသူများက “စိတ်မသန့်ခြင်း မဖြစ်ပါနှင့်” ဟု ပြောပါလိမ့်မည်။ သို့သော် ခံစားမှုများသည် အစစ်အမှန်ဖြစ်ပြီး ကင်ဆာရှိသည့်ကလေးများ၏ မိဘများအတွက် စိတ်မသန့်ခြင်းသည် အထူးသဖြင့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်သည်။

စိတ်မသန့်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း

စိတ်မသန့်ခြင်း ခံစားချက်များကို လျစ်လျူရှုသည်ထက် ရင်ဆိုင်ဖြေရှင်းရန် အရေးကြီးသည်။ ရံဖန်ရံခါဖြစ်တတ်သော စိတ်မသန့်ခြင်းသည် မိဘများအတွက် ပုံမှန်ဖြစ်သည်။ သို့သော်လည်း အပြစ်ရှိသည်ဟုခံစားရခြင်း ခံစားချက်များတွင် အပျက်သဘောဆောင်သော သက်ရောက်မှုများ ရှိနိုင်သည်။ စိတ်မသန့်ခြင်းခံစားချက်များကြောင့် မိဘများတွင် စိုးရိမ်သောကနှင့် စိတ်ဓာတ်ကျခြင်း ဖြစ်နိုင်ပြီး စိတ်ဖိစီးချိန်တွင် လုပ်ကိုင်ဆောင်ရွက်ရန် ပိုမိုခက်ခဲစေသည်။ စိတ်မသန့်ခြင်းသည် အထူးသဖြင့် ကုထုံးနှင့် ပြုစုစောင့်ရှာက်မှုဆိုင်ရာ လိုအပ်ချက်များနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အနှောင့်အယှက်ပေးနိုင်သည်။ မိဘများသည် အလွန်အကျူး အကာအကွယ်ပြုခြင်းများ လုပ်ဆောင်နိုင်ပြီး ၎င်းသည် ကလေး၏ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတို့အပေါ် သက်ရောက်နိုင်သည်။ စိတ်မသန့်ခြင်းနှင့် အပြစ်ဖို့ခြင်း ခံစားမှုများသည် အိမ်ထောင်ရေးနှင့် မိသားစုပတ်သက်ဆက်နွယ်မှုများအတွက်လည်း အတားအဆီးဖြစ်နိုင်သည်။ သို့သော် စိတ်မသန့်ခြင်းခံစားချက်များကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းများရှိသည်။

စိတ်မသန့်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်းအဆင့်များ

  • စိတ်မသန့်ခြင်းကို သိရှိခြင်း
  • နားထောင်ပေးမည့် ယုံကြည်ရသူကို ရှာခြင်း
  • ထိန်းချုပ်နိုင်သည့်အရာကို ဖော်ထုတ်ခြင်းနှင့် မသိခြင်းကို အသိအမှတ်ပြုခြင်း
  • မိမိကိုယ်တိုင်၏ မျှော်မှန်းချက်များကို လျှော့ချခြင်း
  • အရှိအတိုင်းထားရန် သင်ယူခြင်း
  • အပြုသဘောကို အာရုံစိုက်ခြင်း
 

စိတ်မသန့်ခြင်းကို သိရှိပါ။

စိတ်မသန့်ခြင်းကို စီမံခြင်း၏ပထမအဆင့်သည် စိတ်မသန့်ခြင်း၊ မိမိကိုယ်ကိုအပြစ်ဖို့ခြင်းနှင့်သက်ဆိုင်သည့် သတ်မှတ်ခံစားချက်များကို အသိအမှတ်ပြုခြင်းဖြစ်သည်။ ၎င်းတွင် အပြစ်ရှိသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည့် သတ်မှတ်အခြေအနေများနှင့် စိတ်မသန့်ခြင်းကို ပိုမိုဆိုးရွားစေသည့်အချိန်တို့ကို ဖော်ထုတ်သိရှိခြင်းတို့ ပါဝင်သည်။ ခံစားချက်နှင့် အကြောင်းရင်းနှစ်ခုစလုံးကို နားလည်ခြင်းသည် ခန့်ခွဲရန်အစီအစဉ်တစ်ခု ရေးဆွဲရာ၌ အရေးကြီးသည်။

နားထောင်ပေးမည့် ယုံကြည်ရသူကို ရှာပါ။

မိဘအများအပြားသည် နားထောင်ပေးမည့် တစ်စုံတစ်ယောက်သာ လိုအပ်သည်။ အထူးသဖြင့် အပျက်သဘောဆောင်သော အတွေးများနှင့် ခံစားချက်များကို မိမိကိုယ်၌သာ ထားပါက ခံစားချက်များကို ဖွင့်ဟဝန်ခံခြင်းသည် စိတ်သက်သာမှု ဖြစ်နိုင်သည်။ မိတ်ဆွေအရင်းအခြာ၊ မိသားစုဝင်၊ ကုထုံးပညာရှင်၊ ဘာသာရေးခေါင်းဆောင် သို့မဟုတ် အခြေအနေတူသော အခြားမိဘတစ်ဦးသည် မှန်ကန်သောအရာကို ပြုလုပ်ခြင်းနှင့်သက်ဆိုင်သည့် စိတ်မသန့်ခြင်း၊ မိမိကိုယ်ကိုအပြစ်ဖို့ခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုများကို ထုတ်ပြောရန် ဘေးကင်းလုံခြုံသောနေရာတစ်ခု ဖန်တီးပေးနိုင်သည်။

မိမိထိန်းချုပ်နိုင်သည့်အရာကို ဖော်ထုတ်ပါ၊ မသိခြင်းကို အသိအမှတ်ပြုပါ။

စိတ်မသန့်ခြင်းသည် အကူအညီမဲ့သည်ဟု ခံစားရခြင်း သို့မဟုတ် မသေချာသော ဆေးဘက်ဆိုင်ရာ ပြုစုစောင့်ရှာက်မှု၊ ကျန်းမာရေးလိုအပ်ချက်များနှင့် မကြာခဏ ဆက်စပ်မှုရှိသည်။ ထိုခံစားချက်များကို အလုံးစုံဖယ်ရှားရန်မှာ မဖြစ်နိုင်ပေ။ သို့သော် ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် အရေးပါသော အရင်းအမြစ်တစ်ခုဖြစ်နိုင်သည်။ ကုထုံးဘေးထွက် ဆိုးကျိုးများမျိုးရိုးဗီဇ သို့မဟုတ် အခြားဆေးဘက်ဆိုင်ရာပြဿနာများနှင့်သက်ဆိုင်သည့် မေးခွန်းများနှင့် စိုးရိမ်မှုများကို ပြုစုစောင့်ရှောက်ရေးအဖွဲ့များနှင့် ပြောဆိုပါ။ မေးခွန်းနှင့်အဖြေများကို ရေးချပါ။ အစီအစဉ်နှင့် နောက်လုပ်မည့်အဆင့်များအတွက် မှတ်စုစာအုပ်ထားပါ။ သူနှင့် ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် ခက်ခဲသောအခြေအနေတွင် အကောင်းဆုံးလုပ်ဆောင်နေကြောင်း ၎င်းက ထပ်မံသေချာစေသည်။

မိမိကိုယ်တိုင်၏ မျှော်မှန်းချက်များကို လျှော့ချပါ။

မိဘအများအပြားအတွက်မူ စိတ်မသန့်ခြင်းသည် လိုလားချက်များ အလွန်များပြားခြင်းနှင့် အရာအားလုံးကို ဖြည့်ဆည်းနိုင်စွမ်းမရှိခြင်းနှင့် ဆက်စပ်သည်။ ပုံမှန်ဘဝအချိန်တွင် ထောင့်ပေါင်းစုံမှ ဆွဲယူခံရသည်ဟု မိဘများက ခံစားရသည်။ ကင်ဆာဖြစ်ချိန်တွင်မူ ၎င်းကို စီမံခန့်ခွဲရန် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်သည်။ အချိန်တိုင်းတွင် အရာအားလုံးကို ဟန်ချက်ညီစေရန်မှာ မဖြစ်နိုင်ပေ။ ရေတိုအတွက် ထိပ်ဆုံးဦးစားပေးများကို အာရုံစိုက်ပါ၊ ထို့နောက် မဝေးသောအနာဂတ် (ယနေ့၊ ဤအပတ်) တွင် ဂရုစိုက်ရန်လိုအပ်သည့်အရာကို သတ်မှတ်ပါ။ ထို့နောက် သင့်လက်ရှိအခြေအနေအတွက် လက်တွေ့ကျသော သေးငယ်သည့် ပိုမိုစီမံနိုင်သော ပန်းတိုင်များ သတ်မှတ်ပါ။ မျှော်မှန်းချက်များကို လျှော့ချခြင်းသည် ကျဆုံးခြင်းမဟုတ်ပေ၊ ၎င်းသည် ခက်ခဲသောအခြေအနေတွင် ကိုင်တွယ်ဖြေရှင်းခြင်းအတွက် အပြုသဘောဆောင်သည့် တုံ့ပြန်မှုဖြစ်သည်။

အရှိအတိုင်းထားရန် သင်ယူပါ။

စိတ်မသန့်ခြင်းကို ကြုံတွေ့နေရသော တစ်စုံတစ်ယောက်အတွက် အရှိအတိုင်းထားခြင်းသည် မလွယ်ကူပေ။ အတိတ်ကို အရှိအတိုင်းထားရန် မလွယ်ကူပါ။ ဆုံးဖြတ်ချက်များအပေါ် သက်ရောက်သော လွှမ်းမိုးမှုများကို အရှိအတိုင်းထားရန် မလွယ်ကူပါ။ ကလေးများ အရွယ်ရောက်လာပြီး ကိုယ်ပိုင်ရွေးချယ်မှုများ လုပ်ဆောင်ခြင်းကို အရှိအတိုင်းထားရန် မလွယ်ကူပါ။ သို့သော် စိတ်မသန့်ခြင်းကို ကျော်လွန်ရန် အတိုင်းအတာတစ်ခုအထိ အရှိအတိုင်းထားခြင်းသည် အရေးကြီးသည်။ အရှိအတိုင်းထားခြင်းဆိုသည်မှာ အဓိပ္ပါယ်အမျိုးမျိုးရှိသည်။ ၎င်းသည် စိတ်မသန့်ခြင်းအကြောင်း စဉ်းစားရန် မိမိကိုယ်ကို အချိန်ပေးခြင်းဖြစ်သော်လည်း ထိုနေ့အတွက် တွေးခေါ်မှုများကို ကန့်သတ်ခြင်းဖြစ်နိုင်သည်။ ၎င်းသည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် တက်ကြွခြင်းဖြစ်သော်လည်း သင့်ဆရာဝန်၏ အကြံပြုချက်များကို ယုံကြည်ခြင်းဖြစ်နိုင်သည်။ ၎င်းသည် အိမ်ထောင်ဖက်ကို ထိန်းကျောင်းခြင်း သို့မဟုတ် ကုထုံးရွေးချယ်မှုများတွင် ပါဝင်ခွင့်ပေးခြင်း ဖြစ်နိုင်သည်။ ၎င်းသည် အမှားများအတွက် သင့်ကိုယ်သင် သို့မဟုတ် အခြားသူများကို ခွင့်လွှတ်ခြင်းဖြစ်နိုင်သည်။ အရှိအတိုင်းထားရန် သင်ယူခြင်းသည် သင့်အား တာဝန်များကို မျှဝေရန်နှင့် အရေးအကြီးဆုံးအရာတွင် ပါဝင်လုပ်ဆောင်ရန် ခွင့်ပြုသည်။

အပြုသဘောကို အာရုံစိုက်ပါ။ 

စိတ်မသန့်ခြင်းကို ခံစားရသောအခါ အပြုသဘောဆောင်ရန် ခက်ခဲသည်။ သင်၏လုပ်ဆောင်မှုများသည် အရာအားလုံးတွင် မှားယွင်းနေကြောင်း မိမိကိုယ်ကိုအပြစ်ဖို့ခြင်းက ထင်မြင်စေသည်။ သို့သော် အပြုသဘောကို သတိထား၍ အာရုံစိုက်ခြင်းသည် အကျိုးကျေးဇူးများစွာ ဖြစ်စေသည်။ ၎င်းသည် လူနာနှင့် မိသားစုအတွက် စိတ်နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ မျှော်လင့်ချက်ရှိသော ပတ်ဝန်းကျင်ကို ဖန်တီးခြင်း၊ ယုံကြည်ချက်ကို တိုးစေခြင်းနှင့် ဘဝ အရည်အသွေး ပိုမိုကောင်းမွန်စေခြင်းတို့ ဖြစ်စေသည်။ သင်လုပ်ဆောင်နေသောအရာသည် မှန်ကန်ကြောင်းသိရှိပါက စိတ်မသန့်ခြင်း၏ လွှမ်းမိုးမှုမခံရစေရန် ကူညီနိုင်သည်။ အပြုသဘောကို အာရုံစိုက်ရန် နည်းလမ်းအချို့မှာ-

  • နေ့တစ်နေ့ပြီးဆုံးတိုင်းတွင် သင့်ကလေးနှင့် မိသားစုကို ကူညီနိုင်ခဲ့သော နည်းလမ်းများကို ချရေးပါ။ 
  • နေ့တစ်နေ့လုံးရှိ ကောင်းမွန်သောအရာများ၏ ကျေးဇူးမှတ်တမ်း ထားရှိပါ။
  • သင့်အိမ်ထောင်ဖက် သို့မဟုတ် ကလေးများကို ချီးကျူးရန်နှင့် ကျေးဇူးတင်အသိအမှတ်ပြုရန် မသိသာသောနည်းလမ်းများ ရှာဖွေပါ။ 
  • သင်ပုံမှန်လုပ်ဆောင်သည့်အရာများ ပါဝင်သည့် ပြုလုပ်ရန်စာရင်းကို ရေးပါ သို့သော် ၎င်းတွင် သင့်ကလေးကို ရယ်မောပျော်ရွှင်စေခြင်း၊ သင့်ကလေးနှင့် ပူးကပ်ပွေ့ဖက်နေရန် အချိန်ပေးခြင်း၊ ရှိုးပွဲတစ်ခုကို အတူတူကြည့်ရှုခြင်း၊ မောင်နှမများကို အထူးအာရုံထားခြင်း၊ မိတ်ဆွေနှင့် ချစ်ရသူများကို “သင့်အကြောင်း စဉ်းစားနေတာ” ဟု စာပို့ခြင်းကဲ့သို့အရာများ မဖြစ်မနေထည့်ပါ။
  • အပြုသဘောဆောင်စေရန် သတိပေးချက်များအနေနှင့် စိတ်ခွန်အားပေးသည့် ကိုးကားစာများ၊ ရုပ်ပုံများနှင့် သီချင်းများကို အသုံးပြုပါ။

စိတ်မသန့်ခြင်းကို စီမံသည့် ဤအဆင့်များမှာ အမြဲတမ်းမလွယ်ကူပေ။ စတင်လုပ်ဆောင်သူအနေနှင့် တစ်ခု သို့မဟုတ် နှစ်ခုကိုသာ အာရုံစိုက်စေချင်သည်။ မိဘအများအပြားအတွက် စိတ်မသန့်ခြင်း၏ အရင်းအမြစ်သည် ၎င်းတို့ကိုယ်တိုင်အတွက် အချိန်ပေးခြင်းဖြစ်သည်။ သို့သော် ဘုရားရှိခိုးရန်၊ တရားထိုင်ရန်၊ လေ့ကျင့်ခန်းလုပ်ရန်၊ တစ်ယောက်တည်းနေရန် သို့မဟုတ် မိတ်ဆွေများနှင့် အချိန်ဖြုန်းရန် အချိန်ယူခြင်းသည် ခွန်အားဖြစ်တည်မှု အရင်းအမြစ်ဖြစ်သည်။ အတွေးအခေါ်များနှင့် ခံစားချက်များကို မှတ်စုရေးခြင်းသည် စိတ်ခံစားချက်များကို ပိုမိုပုဂ္ဂိုလ်ရေးဆန်သောနည်းဖြင့် လှစ်ဟခြင်းနှင့် ဖော်ပြခြင်းဖြစ်သည်ဟုလည်း အချို့မိဘများက တွေ့ရှိထားသည်။ စိတ်မသန့်ခြင်းကို ကိုင်တွယ်ဖြေရှင်းနေသည့် မိဘများအတွက် အထောက်အကူပြုအဖွဲ့များသည် အရေးကြီးသော အခြားအရင်းအမြစ်တစ်ခု ဖြစ်နိုင်သည်။ သို့သော် စိတ်မသန့်ခြင်းကို ဆက်လက်ရုန်းကန်နေရပါက စိတ်ကျန်းမာရေး ပညာရှင်ထံမှ အကူအညီရယူခြင်းသည် စိတ်မသန့်ခြင်း၏ ခက်ခဲသောလုပ်ငန်းစဉ်များနှင့် ဖြစ်စဉ်တစ်လျှောက်ခံစားချက်များအား ကျော်ဖြတ်ရာတွင် မိဘများကိုကူညီပေးနိုင်သည်။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ