ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ခြင်း

ကလေးအားပြုစုကုသမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တိုင်းသည် အရေးကြီးသည်။ သို့သော် အချို့ဆုံးဖြတ်ချက်များသည် အခြားအရာများထက် ပိုမိုစိန်ခေါ်မှုရှိသည်။ မိသားစုများသည် အောက်ပါတို့ကို ရွေးချယ်ရခြင်းအပါအဝင် ပြုစုစောင့်ရှောက်စဉ်တွင် ခက်ခဲသောဆုံးဖြတ်ချက်များကို ရင်ဆိုင်ရသည်-

  • ဆေးကုရန်အတွက် အိမ်မှအဝေးကို ပြောင်းရွှေ့ခြင်း
  • စမ်းသပ်ကုသမှုသုတေသနလုပ်ငန်းတွင် ပါဝင်ရန် စာရင်းသွင်းခြင်း
  • ရေရှည် ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်စေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ကုထုံးများကို လက်ခံဆောင်ရွက်ခြင်း
  • ကင်ဆာရောဂါကုထုံးများကို ဆက်မလုပ်တော့ခြင်း
  • နှလုံးနှိုးခြင်း မလုပ်ဆောင်ရန် ညွှန်ကြားခြင်း (DNR) သို့မဟုတ် ကြိုတင်ညွှန်ကြားလွှာကို လုပ်ဆောင်ရန်စဉ်းစားခြင်း

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကာလအတွင်း မိဘများသည် အချက်များစွာကို ဟန်ချက်ညီစေရန် လုပ်ဆောင်ရသည်။ မိဘများသည် ပြုစုစောင့်ရှောက်ရေးအဖွဲ့၏ အကြံပြုချက်များ၊ ကလေး၏ လိုအင်ဆန္ဒ၊ မိသားစုအပေါ် သက်ရောက်မှုရှိပုံနှင့် လုပ်ဆောင်ပုံတို့သည် ဘာသာရေး သို့မဟုတ် သက်ဝင်ယုံကြည်မှုများနှင့် ကိုက်ညီသင့်တော်ခြင်း ရှိ၊မရှိ ထည့်သွင်းစဉ်းစားရသည်။

ငိုနေသောကလေးငယ်လူနာကို ဆေးရုံခန်းတွင် ချော့နေသော မိသားစု။

ကင်ဆာခရီးစဉ်တွင် မသိမှုများစွာရှိသည်။ ကလေးအားပြုစုကုသမှုနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တိုင်းသည် အရေးကြီးသော်လည်း အချို့ဆုံးဖြတ်ချက်များသည် အခြားအရာများထက် ပိုမိုစိန်ခေါ်မှုရှိသည်။

ကြုံတွေ့မည့်ရှေ့လမ်းခရီးကို နားလည်ခြင်း

ကင်ဆာခရီးစဉ်တွင် မသိမှုများစွာရှိသည်။ ပြုစုစောင့်ရှောက်မှုနှင့် ကုထုံးတွင် “အကောင်းဆုံး” ရွေးချယ်မှုကို သိရှိရန် မိသားစုများအတွက် ခက်ခဲနိုင်သည်။ သို့သော် ပြုစုစောင့်ရှောက်ရေးအဖွဲ့သည် မိသားစုများအား အောက်ပါအချက်များကို နားလည်စေရန် ကူညီပါလိမ့်မည်-

  • ကလေး၏ နာမကျန်းဖြစ်မှုအတွက် လက်ရှိ ပြုစုစောင့်ရှောက်မှု အဆင့်အတန်း
  • လက်ရှိကျန်းမာရေးနှင့် ယခင်ကုထုံးများအတွက် ပေးအပ်သော ကုထုံးနှင့် ပြုစုစောင့်ရှောက်ရေး ရွေးချယ်စရာများ
  • ကလေး၏ ရောဂါကြိုတင်ခန့်မှန်းချက် နှင့် နာမကျန်းဖြစ်မှုပုံစံ၏ ဖြစ်နိုင်သော အလားအလာ

ကလေးတစ်ဦးနှင့်တစ်ဦးသည် မတူညီပါ။ ကလေး၏ ရောဂါကြိုတင်ခန့်မှန်းချက်နှင့် ကုထုံးရွေးချယ်စရာများကို နားလည်ခြင်းသည် ကင်ဆာကာလအတွင်း ကြုံတွေ့မည့် အခက်ခဲဆုံး ဆုံးဖြတ်ချက်များကို သိရှိစေသည်။ သို့သော် ကလေးသည် ကုထုံးကို မည်သည့်အချိန် သို့မဟုတ် မည်သို့တုံ့ပြန်မည်ကို ပြုစုစောင့်ရှောက်ရေးအဖွဲ့က အတိအကျမသိနိုင်ပါ။ မိဘများအတွက် အရေးကြီးသော မေးခွန်းအချို့မှာ-

  • ကလေးကျန်းမာကောင်းမွန်လာမည်ဟု မျှော်လင့်ရမှာလား။
  • ယခုအချိန်တွင် ပြုစုစောင့်ရှောက်မှု၏ ပင်မရည်မှန်းချက်သည် အဘယ်နည်း။
  • ကုထုံးသည် ထိရောက်ခြင်း ရှိ၊မရှိ မည်သည့်အချိန်တွင် သိရှိရမည်နည်း။
  • သက်တောင့်သက်သာရှိမှုနဲ့ ဘဝအရည်အသွေး ပိုမိုကောင်းမွန်စေရန် မည်သို့လုပ်ဆောင်နိုင်သနည်း။

ကုထုံးရည်မှန်းချက်များ ချမှတ်ခြင်း

ရောဂါကြိုတင်ခန့်မှန်းချက်နှင့် ကုထုံးများနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်သည် ကလေး၏ဘဝအရည်အသွေးနှင့် အသက်ရှင်နိုင်ခြေအပေါ် မည်သို့သက်ရောက်မှုရှိပုံကို နားလည်ပါက နောက်တစ်ဆင့်သည် ကုထုံးရည်မှန်းချက်များကို ချမှတ်ခြင်းဖြစ်သည်။ ပြုစုစောင့်ရှောက်မှု ရည်မှန်းချက်များမှာ-

  • ရောဂါကို ပျောက်ကင်းသက်သာစေခြင်း
  • ကလေး၏ အသက်ကို ပိုမိုရှည်စေခြင်း
  • ကလေးကို နာကျင်မှု မခံစားရစေခြင်းနှင့် သက်သောင့်သက်သာဖြစ်စေခြင်း
  • ဘဝ အရည်အသွေးကို ပိုမိုကောင်းမွန်စေခြင်း

အချို့ရည်မှန်းချက်များသည် အောက်ပါတို့အပါအဝင် မိသားစုနှင့် အခြားသူများ၏ ကျန်းမာပျော်ရွှင်မှုအထိ တိုးချဲ့နိုင်သည်-

  • ကလေးကိုပြုစုစောင့်ရှောက်ရန် ဖြစ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ကြောင်း သိရှိခြင်း
  • ကလေး၏နာမကျန်းဖြစ်မှုကို ခန့်ခွဲရန် မိသားစုအား ကူညီခြင်း
  • ရောဂါတူညီသော အခြားကလေးများကို ကူညီခြင်း

ခက်ခဲသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကူညီနိုင်ရန် မိသားစုတစ်စုအနေနှင့် ရည်မှန်းချက်များအကြောင်း ဆွေးနွေးခြင်းနှင့် ချမှတ်ခြင်း။ ကုထုံးတစ်လျှောက် ပန်းတိုင်များက ပြောင်းလဲနိုင်သည်။ ရွေးချယ်စရာများ၊ ပြုစုစောင့်ရှောက်ရန်အတွက် မိသားစု၏ ဦးစားပေးများနှင့် ပတ်သက်၍ ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် ပုံမှန်ပြောဆိုဆွေးနွေးခြင်းသည် စိတ်ဖိစီးမှုကို လျော့နည်းစေပြီး ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကူညီနိုင်သည်။

ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကလေးကို ပါဝင်စေခြင်း

ဆုံးဖြတ်ချက်များတွင် ကလေးနှင့် ပြောဆိုရခက်ခဲခြင်းများ ပါဝင်နိုင်သည်။ ကင်ဆာကာလအတွင်း အကြောင်းအရာများစွာသည် ကလေး၏ထိန်းချုပ်နိုင်စွမ်းပြင်ပတွင် ဖြစ်သည်။ ၎င်းတို့၏ ဘဝများအပေါ် သက်ရောက်မှုရှိသော ဆုံးဖြတ်ချက်များတွင် ပါဝင်ပြောဆိုရန်နှင့် တစ်တပ်တစ်အားပါဝင်ရန် အသက်အရွယ်နှင့် ဆေးပညာအရ သင့်တော်သောနည်းလမ်းများဖြင့် ကလေးများအား အခွင့်အရေးပေးရန် အရေးကြီးသည်။ ပြုစုကုသမှုအပေါ်  ပိုမိုထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ခံစားရသည့်ကလေးများသည် စိုးရိမ်ပူပန်မှုပိုနည်း၍ ကုထုံးကို လိုက်နာနိုင်ခြေ ပိုများသည်။

သင့်ကလေးနှင့် ပြောဆိုရခက်ခဲခြင်းအတွက် ပြင်ဆင်သောအခါ-

  • နေရာ၊ အချိန်နှင့် မည်သို့ပြောဆိုမည်ကို စီစဉ်ပါ။ သင့်ကလေးသည် မည်သို့ဆက်သွယ်ပုံနှင့် အချက်အလက် လုပ်ဆောင်ပုံကို နှစ်သက်ကြောင်း စဉ်းစားပါ။
  • သတင်းအချက်အလက် ပေးပို့မည့်သူကို ရွေးချယ်ပါ။ ကလေးအချို့သည် သတင်းအချက်အလက်များကို ပြုစုစောင့်ရှောက်ရေးအဖွဲ့ သို့မဟုတ် ဆရာဝန်ထံမှ တိုက်ရိုက်ကြားလိုပြီး အခြားကလေးများသည် ၎င်းတို့၏မိဘများနှင့် ပြောဆိုဆက်သွယ်လိုသည်။ မိဘများသည် ၎င်းတို့၏ကလေးနှင့်အတူ သတင်းအချက်အလက်များ မျှဝေလိုသည်၊ ထို့နောက် ပြုစုစောင့်ရှောက်ရေးအဖွဲ့ သို့မဟုတ် ဆရာ၀န်နှင့် ၎င်းတို့၏ကလေးကို စကားပြောစေသည်။
  • သင့်ကလေးသည် မည်သို့တုံ့ပြန်နိုင်ကြောင်း ကြိုတင်မှန်းဆပါ။ သင့်ကလေးသည် အတိတ်တွင်ဖြစ်ခဲ့သည့် ခက်ခဲသောသတင်းကို မည်သို့တုံ့ပြန်ကြောင်း စဉ်းစားပါ။
  • ရိုးသားမှုရှိရမည်။ လူကြီးများ ဝမ်းနည်းသောအခါ သို့မဟုတ် ၎င်းတို့မသိစေရန် လျှို့ဝှက်ထားသောအခါ ကလေးများက ဂရုမစိုက်သည့်ပုံဖြစ်နေစေကာမူ အာရုံခံနိုင်သည်။ ကလေးများသည် ဖြစ်လာမည့်အရာကို ကြိုတင်သိရှိသောအခါ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။
  • မေးခွန်းများ မေးခိုင်းပါ။ မိဘများအတွက် စိတ်ခံစားမှု အလွန်များပြားသောကြောင့် ကလေးသည် မေးခွန်းများ မမေးနိုင်ပါ။ သို့သော် ကလေး၏စိတ်ထဲရှိ အခြေအနေများသည် အမှန်တကယ်လက်တွေ့ အခြေအနေထက် ပိုမိုကြောက်မက်ဖွယ်ကောင်းနိုင်သည်။ ကလေးများကို မေးခွန်းများမေးရန် အားပေးပါ၊ ထို့နောက် မည်သည့်အချိန်တွင် မေးသည်ဖြစ်စေ ပွင့်လင်းစွာဖြေပါ။
  • ကလေးသည် မည်မျှလက်ခံနိုင်ကြောင်း စဉ်းစားပါ။ ကလေးများသည် အချက်အလက်အားလုံးကို တစ်ကြိမ်တည်းဖြင့် နားမလည်နိုင်ပါ။ မေးခွန်းများကို ဖြစ်နိုင်သမျှ ပြည့်ပြည့်စုံစုံဖြေပါ သို့သော် သတင်းကို ကြေညက်စေရန် အချိန်ပေးပါ။ ရှင်းရှင်းလင်းလင်းဖြင့် တိုက်ရိုက်ဖြေပါ သို့သော် မရိုက်သွင်းမိပါစေနှင့်။ အခါခါထပ်ကျော့သော စကားပြောများအတွက် စီစဉ်ပါ။
  • စိတ်ခံစားမှုများသည် အဆင်ပြေကြောင်း လက်ခံအသိအမှတ်ပြုပါ။ မိဘများ ငိုခြင်း သို့မဟုတ် ဝမ်းနည်းခြင်းကို မြင်တွေ့ခြင်းသည် ကလေးများအတွက် ကြောက်ရွံ့ဖွယ်ကောင်းနိုင်သည်။ ၎င်း၏မိဘများ စိတ်မကောင်းဖြစ်နေချိန်တွင် စိတ်ခံစားမှုများသည် ပုံမှန်ဖြစ်ပြီး ၎င်းတို့ကို ဖော်ပြခြင်းသည် ကောင်းမွန်သောအရာဖြစ်ကြောင်း ကလေးနားလည်စေရန် ကူညီပါ။ ထိုအချက်က ကလေးများ၏ ကိုယ်ပိုင်ခံစားချက်များကို ပွင့်ပွင့်လင်းလင်းဖော်ပြရန် တွန်းအားပေးနိုင်သည်။
  • ခက်ခဲသောမေးခွန်းများအတွက် ကြိုတင်ပြင်ဆင်ထားပါ။ မည်မျှပင်ခက်ခဲစေကာမူ ရိုးသားသောအဖြေပေးနိုင်ရန် ကြိုးစားပါ။ ၎င်းက ယုံကြည်မှုကို ထပ်မံခိုင်မြဲစေပြီး လုံခြုံမှုရှိသည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။ သို့သော် အဖြေမပေးမီ အောက်ပါကဲ့သို့ မေးခွန်းများကို မေးပါ- “ဒီမေးခွန်းမေးဖို့ဖြစ်လာတာ ဘယ်အရာလို့ စဉ်းစားမိလဲ။” “ဘယ်လိုထင်လဲ။” “သား သေကာနီး/သေတော့မယ်လို့ ထင်လား။ ဒါကြောင့် ဒီလိုတွေးတာလား။” “ဒီကိစ္စကို ဘယ်လိုခံစားရလဲ။” မေးခွန်းများမေး၍ သင့်ကလေး၏ အတွေးနှင့်ခံစားချက်များကို ဖော်ပြခွင့်ပေးခြင်းဖြင့် မည်သို့ပြန်လည်ဖြေကြားရမည်ကို ပိုမိုသိရှိနိုင်သည်။”
  • သင်မသိပါက ဝန်ခံပါ။ ရိုးသားသောအဖြေတွင် “မသိဘူး” ဆိုသည့် အခြေအနေများ ရှိနိုင်သည်။ သင်သေချာသိသော အချက်အလက်ကို ပြောပြပါ ထို့နောက် အဖြေကို ပြုစုစောင့်ရှောက်ရေးအဖွဲ့ဝင် သို့မဟုတ် အခြားအရင်းအမြစ်မှ ရှာဖွေပါ။ ကလေးများသည် ၎င်းတို့၏မေးခွန်းများသည် အရေးပါပြီး အနာဂတ်တွင် အသုံးတည့်နိုင်ခြေရှိမည် ဟူသော အာမခံချက်ကို အလိုရှိကြသည်။

ထိုသို့စကားပြောဆိုမှုများအတွက် ကြိုတင်ပြင်ဆင်ရာတွင် လမ်းညွှန်ချက်များ တောင်းခံပါ။ မိသားစုဝင်များ၊ မိတ်ဆွေများ၊ အခြားမိဘများနှင့် ယုံကြည်မှုဆိုင်ရာခေါင်းဆောင်များသည် ပံ့ပိုးမှုနှင့် အကြံဉာဏ်ပေးနိုင်သည်။ ပြုစုစောင့်ရှောက်ရေးအဖွဲ့ဝင်များသည် ကလေး၏ အသက်အရွယ်၊ အခြေအနေ၊ လိုအပ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်သည့် အဖြေများကို ကူညီပြင်ဆင်ပေးနိုင်သည်။ ထိုသို့စကားပြောဆိုမှုများအတွင်း ပြုစုစောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးကို အခန်းတွင်းရှိနေပေးရန် တောင်းဆိုနိုင်သည်။

ကလေးနှင့် ဆက်သွယ်ရာတွင် မိဘများကို ထောက်ပံ့နိုင်သည့် ပြုစုစောင့်ရှောက်ရေးအဖွဲ့ အရင်းအမြစ်များတွင် ဝေဒနာသက်သက်မျှကိုသာ သက်သာပျောက်ကင်းစေသော ပြုစုစောင့်ရှောက်မှုကလေးဘဝစိတ်ပညာလူမှုအလုပ်နှင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ခြင်းတို့ ပါဝင်သည်။ မိဘများမသိစေရန် ဖုံးကွယ်လိုသည့် ကလေးများ၏ စိုးရိမ်မှုနှင့် ခံစားချက်များအကြောင်း အတွင်းကျကျအချက်အလက်များကို သင့်သူနာပြုအဖွဲ့ကလည်း ကူညီနိုင်သည်။

မိသားစု ပဋိပက္ခကို ဖြေရှင်းခြင်း

တစ်ခါတစ်ရံတွင် မိသားစုဝင်များသည် ဆုံးဖြတ်ချက်တစ်ခုကို သဘောမတူနိုင်ပါ။ ၎င်းတို့တွင် ပြုစုစောင့်ရှောက်ခြင်း၏ ရည်မှန်းချက်များ သို့မဟုတ် ကလေးအား ပြောပြမည့်အရာနှင့် ပတ်သက်၍ မတူညီသောရှုထောင့်များရှိနိုင်သည်။ အခြေအနေတစ်ခုအထိ ပဋိပက္ခဖြစ်ခြင်းသည် ပုံမှန်ဖြစ်သော်လည်း ၎င်းသည် စိတ်ဖိစီးမှု၏ အဓိကအကြောင်းအရင်း ဖြစ်နိုင်သည်။ ဤအခြေအနေများတွင် မိသားစုများသည် ပိုမိုရှင်းလင်းစွာ ဆက်သွယ်ရန်နှင့် ပဋိပက္ခကို ဖြေရှင်းရန် လုပ်ဆောင်ချက်အစီအစဉ်ချမှတ်ရာတွင် အဆင့်ဆင့်လုပ်ဆောင်နိုင်သည်။

  • လက်ရှိ ကုထုံးရည်မှန်းချက်များကို ပြန်လည်သုံးသပ်ပါ။
  • မေးခွန်းနှင့် စိုးရိမ်မှုများစာရင်း လုပ်ဆောင်ပါ။
  • ရွေးချယ်စရာများအကြောင်း ပြောဆိုရန်နှင့် မေးခွန်းများမေးမြန်းရန် ပြုစုစောင့်ရှောက်ရေးအဖွဲ့နှင့် တွေ့ဆုံပါ။
  • ဝေဖန်ခြင်း သို့မဟုတ် အငြင်းပွားခြင်းမရှိဘဲ အကြံဉာဏ်နှင့် ခံစားချက်များ မျှဝေရန် မိသားစုဝင်တိုင်းကို အခွင့်အရေးပေးပါ။
  • ဘုံသဘောတူချက်ကို ရှာဖွေပါ။
  • အပေးအယူပြုလုပ်မည့် သတ်မှတ်နည်းလမ်းများကို ရှာဖွေဖော်ထုတ်ပါ။
  • လက်ရှိအခြေအနေအပေါ်ကို အာရုံစိုက်ပါ။ မိသားစုပဋိပက္ခများသည် အတိတ်မှသဘောမတူညီမှုများ သို့မဟုတ် အနာဂတ်တွင် “အကယ်၍ဖြစ်လာသည်ရှိသော်” တို့ကို စိုးရိမ်ခြင်းတို့မှ ဖြစ်ပေါ်လာနိုင်သည်။
  • ကြိုတင်၍ စီစဉ်ပါ။ ဆုံးဖြတ်ချက်များကို အလောတကြီး သို့မဟုတ် ပြဿနာဖြစ်သည့် အချိန်များတွင် မပြုလုပ်ရစေရန် ကြိုတင်စီစဉ်ခြင်းက တစ်ခါတစ်ရံတွင် ကူညီနိုင်သည်။

မိသားစုပဋိပက္ခအားလုံးကို မဖြေရှင်းနိုင်ပါ။ သို့သော် သဘောမတူမှုများကြောင့် ကလေး၏ သက်သောင့်သက်သာဖြစ်မှုနှင့် ကျန်းမာပျော်ရွှင် မထိခိုက်စေရန် အရေးကြီးသည်။

စိတ်ဖိစီးမှု၊ မအိပ်ရခြင်း၊ ထင်မြင်ချက်များ ကွဲပြားခြင်းနှင့် ရှုပ်ထွေးသောအချက်အလက်များသည် ပဋိပက္ခကို စီမံရန်နှင့် ဆုံးဖြတ်ချက်များချရန် ခက်ခဲစေသည်။ ပြဿနာများကို ကူညီဖြေရှင်းရန်နှင့် ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူရစေရန် ဆွေးနွေးတိုင်ပင်ခြင်းကကူညီနိုင်သည်။


ပြန်လည်ဆန်းစစ်ခဲ့သည့်အချိန်။ ၂၀၁၈ ခုနှစ် ဇွန်လ