အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ပိုမိုကောင်းမွန်သော ဆက်သွယ်ဆက်ဆံမှုကို တည်ဆောက်ခြင်း

ဆက်သွယ်ဆက်ဆံမှုသည် အချက်အလက်များ၊ အကြံအစည်များ၊ အတွေးစိတ်ကူးများ သို့မဟုတ် ခံစားချက်များကို မျှဝေခြင်း ဖြစ်ပါသည်။ ဆက်သွယ်ဆက်ဆံမှုဆိုင်ရာ စွမ်းရည်များသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားယုံကြည်မှန်ကန်ခြင်း အခြေခံသည့် ဆက်ဆံရေးများအား တည်ဆောက်ခြင်းနှင့် နေ့စဉ်ကြုံရသောစိုးရိမ်ပူပန်မှုများကို စီမံကိုင်တွယ်ခြင်းတို့အတွက် အရေးပါလှသည်။ 

ကင်ဆာဖြစ်စဥ်အတွင်း ဆက်သွယ်ဆက်ဆံမှုဆိုင်ရာ စိန်ခေါ်မှုများ

ဆိုးရွားပြင်းထန်သော နာမကျန်းမှုကို ရင်ဆိုင်နေရသည့် မိသားစုများအတွက် ဆက်သွယ်ဆက်ဆံမှုဆိုင်ရာ လိုအပ်ချက်များသည် အဆမတန်များပြားနိုင်ပြီး စိတ်နှလုံးမောပန်းနွမ်းလျမှုကို ဖြစ်စေနိုင်ပါသည်။
မိသားစုများသည် နေ့စဉ်လိုအပ်ချက်များနှင့် ဘဝရှင်သန်မှုဆိုင်ရာ တောင်းဆိုမှုများအပြင် အောက်ပါတို့ကို လုပ်ဆောင်ရန် လိုအပ်ပါသည်-

  • ဆေးဖက်ဆိုင်ရာအသင်းနှင့်အတူ ဆွေးနွေးပြောဆိုပြီး စီစဉ်ပါ
  • ဆေးဝါးများနှင့် ဆေးဖက်ဆိုင်ရာစောင့်ရှောက်မှုအကြောင်းကို လေ့လာပါ
  • မိသားစုတစ်ခုသဖွယ် အချက်အလက်များကို မျှဝေပြီး ဆုံးဖြတ်ချက်များကို ချမှတ်ပါ
  • မိတ်ဆွေများနှင့် အမြဲအဆက်သွယ်ရှိနေပြီး လူမှုအသိုင်းအဝိုင်းကို ထောက်ပံ့ပါ
  • ကျောင်းများနှင့် ဆရာများကို အပ်ဒိတ်ပြုလုပ်ပါ
  • အလုပ်ခွင်၊ အာမခံနှင့် လက်တွေ့လုပ်ဆောင်ဖွယ်ရာများကို လမ်းညွှန်ပြုလုပ်ပါ
ကလေးကင်ဆာရောဂါနှင့် ရင်ဆိုင်နေရသည့် မိသားစုများသည် နေ့စဉ်လိုအပ်ချက်များနှင့် ဘဝရှင်သန်မှုဆိုင်ရာ တောင်းဆိုမှုများအပြင် ဆေးဖက်ဆိုင်ရာအသင်း နှင့်အတူ ဆွေးနွေးပြောဆိုပြီး စီစဉ်ခြင်းနှင့် ဆေးဝါးများနှင့် ဆေးဖက်ဆိုင်ရာစောင့်ရှောက်မှုအကြောင်းကို လေ့လာခြင်းတို့ကို လုပ်ဆောင်ရန်လည်း လိုအပ်ပါသည်။ ဤရုပ်ပုံအတွင်း မိသားစုတစ်ခုသည် ဆေးခန်းတစ်ခုအတွင်း ဆရာဝန်တစ်ဦးနှင့်အတူ တွေ့ဆုံနေသည်ကို ပြသထားသည်။ ဆရာ၀န်က အဖြေများကို သုံးသပ်ကြည့်ရှုနေသည့်အတွက် ဖခင်ဖြစ်သူက ငယ်ရွယ်သူလူနာအား တွန်းလှည်းပေါ်မှ လိမ့်မကျစေရန် ထိန်းထားသည်။

ကလေးကင်ဆာရောဂါနှင့် ရင်ဆိုင်နေရသည့် မိသားစုများသည် နေ့စဉ်လိုအပ်ချက်များနှင့် ဘဝရှင်သန်မှုဆိုင်ရာ တောင်းဆိုမှုများအပြင် ဆေးဖက်ဆိုင်ရာအသင်း နှင့်အတူ ဆွေးနွေးပြောဆိုပြီး စီစဉ်ခြင်းနှင့် ဆေးဝါးများနှင့် ဆေးဖက်ဆိုင်ရာစောင့်ရှောက်မှုအကြောင်းကို လေ့လာခြင်းတို့ကို လုပ်ဆောင်ရန်လည်း လိုအပ်ပါသည်။

မိသားစုများသည် ကလေးကင်ဆာကုသမှုအတွင်း ဆက်သွယ်ဆက်ဆံမှုဆိုင်ရာ လိုအပ်ချက်များကို ပိုမိုရင်ဆိုင်ရသည်။  ထပ်လောင်း၍ရှိသောအတားအဆီးများလည်း ရှိပြီး ၎င်းတို့မှာ- 

  • ဆေးဖက်ဆိုင်ရာအချက်အလက်များမှာ နားလည်ရန် ခက်ခဲသည်
  • စိတ်ဖိစီးမှုနှင့် စိတ်ခံစားချက်မှုများ က ၎င်းကို လုပ်ငန်းလုပ်ဆောင်ရန်နှင့် အချက်အလက်များ မျှဝေရာတွင် အခက်အခဲဖြစ်ပေါ်စေသည်။
  • မိသားစုဝင်များ (လူနာများ၊ လူနာနှင့် မွေးချင်းများ) တွင် မတူညီသော လိုအပ်ချက်များနှင့် ဆက်သွယ်ဆက်ဆံမှု ပုံစံအမျိုးမျိုးရှိသည်
  • ကောင်းစွာဆက်သွယ်ဆက်ဆံမှု ပြုလုပ်ခြင်းကို ခက်ခဲအောင်လုပ်သည့် မကြာခဏတွေ့ရသော အာရုံအပြောင်းအလဲများ

ပိုမိုကောင်းမွန်သော ဆက်သွယ်ဆက်ဆံမှုအတွက် ရိုးရှင်းသော မဟာဗျူဟာများ

ပုံမှန်ကြုံရသည့် အတားအဆီးများကို ကျော်ဖြတ်ရန်အတွက် ၎င်းသည် လူများက အချက်အလက်များအား မည်သို့ မျှဝေမည်ကို စဉ်းစားဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်။ အခြေခံအဆင့်တွင် ဆက်သွယ်ဆက်ဆံမှု၌ လူများ (ပေးပို့သူနှင့် လက်ခံရမည့်သူ)၊ မက်ဆေ့ချ်တစ်စောင် (အချက်အလက်များ၊ အတွေးစိတ်ကူး၊ အကြံအစည် သို့မဟုတ် ခံစားချက်) နှင့် နည်းလမ်းတစ်ခု (အချက်အလက်များအား မျှဝေသည့်နည်းလမ်း) တို့ပါဝင်သည်။ မည်သည့်လုပ်ငန်းစဉ်တွင်မဆို ဆက်သွယ်ဆက်ဆံမှု အားနည်းပြတ်တောက်ခြင်း ဖြစ်ပေါ်နိုင်သည်။ အချို့သော အခြေခံ ဆက်သွယ်ဆက်ဆံမှုဆိုင်ရာ မဟာဗျုဟာများက အထူးသဖြင့် စိတ်ဖိစီးမှုဖြစ်ပေါ်ချိန်အတွင်း အကူအညီပြုပေးနိုင်ပါသည်။

ပိုမိုကောင်းမွန်သော ဆက်သွယ်ဆက်ဆံမှုများ- မက်ဆေ့ချ်များကို ထိရောက်စွာ ပို့ဆောင်ခြင်း

  • မက်ဆေ့ချ်ကို ရိုးရိုးရှင်းရှင်း တည်ဆောက်ထားရှိပါ။ ရှင်းလင်းပြီး အချက်အလက်တိကျစွာ ပါဝင်ရမည်။
  • ရိုးသားမှုရှိရမည်။ အသက်အရွယ်နှင့် သင့်တော်သည့် ဆက်သွယ်ဆက်ဆံမှုကို တည်ဆောက်ထားရှိရမည်ဖြစ်ပြီး အချက်အလက်များကို လိမ်လည်ထည့်သွင်းခြင်း သို့မဟုတ် ထိမ်ချန်ထားခြင်း မပြုလုပ်ပါနှင့်။ အဖြေမသိပါက 'ကျွန်ုပ်မသိပါ' ဟု ဖြေဆို၍ရပါသော်လည်း မေးခွန်းများအားမဖြေခင်တွင် အချက်အလက်များကို ပိုမို ရှာဖွေပါ။
  • သင့်စိတ်ခံစားချက်များကို အ​မြဲသတိပြုပါ။ ၎င်းသည် သင့်မက်ဆေ့ချ်ကို မျှဝေခြင်း မပြုလုပ်မီ သင်မည်သို့ခံစားနေရကြောင်း ပြောရန်အတွက်ပင် အထောက်အကူပြုနိုင်သည်။
  • ဆက်သွယ်ဆက်ဆံမှုပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပါ။ အခြေအနေကိုလိုက်၍ သင် ဘယ်အရာအားပြောဆိုရန် လိုအပ်သနည်း၊ မည်သည့် နည်းလမ်း (အီးမေးလ်၊ ဖုန်းခေါ်ဆိုမှု၊ လူကိုယ်တိုင်တွေ့ဆုံခြင်း) က သင့်တော်မှန်ကန်သနည်းစသော အကြောင်းများကို စဉ်းစားပါ။ သင်သည် သီးခြားတုံ့ပြန်ချက်တစ်ခုကို မျှော်လင့်ထားရှိပါက အခြားသူအားလည်း သိရှိပါစေ။ တစ်စုံတစ်ဦးအား မည်သို့ပြုလုပ်စေလိုသည် သို့မဟုတ် မည်သို့ပြောဆိုစေလိုသည်ကို ဖော်ပြပါ။
  • အခြားသူတစ်ဦးမှ နားလည်သဘောပေါက်ရဲ့လား ဆိုတာကို သိမြင်ရန် စစ်ဆေးပါ။ မေးခွန်းများအတွက် အချိန်သတ်မှတ်ပါ။ ဤသည်မှာ ညွှန်ကြားချက်များပေးခြင်း သို့မဟုတ် ဆေးဖက်ဆိုင်ရာ လိုအပ်ချက်များအကြောင်းကို ပြောဆိုဆွေးနွေးခြင်း တို့ ဖြစ်ပါက အထူးသဖြင့် အရေးကြီးပါသည်။
  • လိုအပ်ပါက အခြားဆက်သွယ်ဆက်ဆံမှုအမျိုးအစားဖြင့် နောက်ဆက်တွဲ ဆက်သွယ်ပါ။ အထူးသဖြင့် ၎င်းဆက်သွယ်ဆက်ဆံမှုသည် ဆက်သွယ်ဆက်ဆံမှုမှတ်တမ်းတစ်ခု အနေဖြင့်ရှိရန် အထောက်အကူပြုပါက သတိပေးသည့် စာသားမက်ဆေ့ချ်  သို့မဟုတ် အီးမေးလ် ပေးပို့ပါ။

မက်ဆေ့ချ်များ ပေးပို့ရန် နည်းလမ်းများ-

  • လူကိုယ်တိုင်တွေ့ဆုံ၍ စကားပြောဆိုခြင်း
  • ဖုန်းခေါ်ဆိုမှု
  • အီးမေးလ်
  • စာသား
  • လူမှုကွန်ရက် သို့မဟုတ် အွန်လိုင်းအသိုင်းအဝိုင်း
  • အခြားသူများမှ တစ်ဆင့်

ဆက်သွယ်ဆက်ဆံမှုကို စီစဉ်သည့်အခါ ထည့်သွင်းစဉ်းစားရမည့်အရာ-

  • သင်၏ သုံးနိုင်သော အချိန်ပမာဏ
  • သင်သည် ဆက်သွယ်ဆက်ဆံမှုကို ပြုလုပ်ရန် လိုအပ်ခြင်းရှိမရှိ
  • ဆက်သွယ်ဆက်ဆံမှုမှတ်တမ်း လိုအပ်ခြင်းရှိမရှိ
  • ဆေးဖက်ဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို မျှဝေထားခြင်း ရှိမရှိ
  • မေးခွန်းအမြောက်အမြား ထွက်ပေါ်နိုင်ခြင်း ရှိမရှိ
  • လိုအပ်သည့် စိတ်ခံစားချက်ဆိုင်ရာ အားပေးထောက်ပံမှု၏ အတိုင်းအတာ
 
စောင့်ရှောက်မှုအဖွဲ့မှ သင်နှင့်အတူ မျှဝေသည့် အချက်အလက်များကို အာရုံစိုက်နိုင်စေရန် အာရုံအပြောင်းအလဲများကို ကန့်သတ်ပါ။ တစ်စုံတစ်ဦးအား အသက်ပိုငယ်သည့် ကလေးများကို စောင့်ကြည့်ရန် တောင်းဆိုပါ။ ဤဓာတ်ပုံအတွင်း မိဘများက ဆရာဝန်နှင့် စကားပြောဆိုနေသည့် နောက်ခံအနေအထားတွင် သူနာပြုဆရာမတစ်ဦးက ကလေးကင်ဆာလူနာတစ်ဦးအား ပွေ့ဖက်ရန်လှမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

စောင့်ရှောက်မှုအဖွဲ့မှ သင်နှင့်အတူ မျှဝေသည့် အချက်အလက်များကို အာရုံစိုက်နိုင်စေရန် အာရုံအပြောင်းအလဲများကို ကန့်သတ်ပါ။ တစ်စုံတစ်ဦးအား အသက်ပိုငယ်သည့် ကလေးများကို စောင့်ကြည့်ရန် တောင်းဆိုပါ။

ပိုမိုကောင်းမွန်သော ဆက်သွယ်ဆက်ဆံမှု- အချက်အလက်များကို လက်ခံရရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်း

  • သင့်အနေနှင့် ဆုံချက်ထားနိုင်သည့် အာရုံအပြောင်းအလဲများကို ကန့်သတ်ပါ။ ဤသို့ပြုလုပ်ခြင်းသည် ဆေးဖက်ဆိုင်ရာ စကားဝိုင်းများအတွက် အထူးတလည်အရေးပါသည်။ ဆိတ်ငြိမ်အေးဆေးသည့်နေရာကို ရှာပါ၊ ထို့နောက်တစ်စုံတစ်ဦးအား အသက်ပိုငယ်သည့် ကလေးများကို စောင့်ကြည့်ရန် တောင်းဆိုပါ။
  • သင်၏ စိတ်ခံစားချက်များ နှင့် ၎င်းတို့က သတင်းစကားတစ်ခုကို သင်က မှတ်ယူနားလည်ပုံ၌ မည်သို့ သက်ရောက်မှုရှိနိုင်ကြောင်း တို့ကို သတိပြုပါ။
  • အရေးကြီးသော အသေးစိတ်အချက်အလက်များကို မှတ်စု ရေးချ၍မှတ်ပါ။ လိုအပ်သည့်အခါ ၎င်းတို့ကို ရှာတွေ့နိုင်စေရန် မှတ်စုများနှင့် မက်ဆေ့ချ်များကို တစ်နေရာတည်းတွင် ထိန်းသိမ်းထားရှိပါ။
  • မေးခွန်းများ မေးမြန်းပါ၊ ထို့အပြင် သင့်အနေဖြင့် နားလည်သဘောပေါက်ကြောင်းကို သေချာမှုရှိပါစေ။
  • အထူးသဖြင့် သင်သည် စိတ်ခံစားချက်များ ဖြစ်ပေါ်နေသည့်အခါ၌ ပြန်လည်တုံ့ပြန်ခြင်းမပြုမီ အချိန်ယူစောင့်ဆိုင်းပါ။

ကလေးကင်ဆာ၏ ဆက်သွယ်ဆက်ဆံမှုဆိုင်ရာ စိန်ခေါ်မှုများအတွက် မည်သည့် မိသားစုကိုမှ ပြင်ဆင်ပေးထားခြင်းမရှိပါ။ ဆေးဝါးကူညီမှု အသင်းနှင့် အပြန်အလှန်အားဖြင့် ဖြစ်နိုင်သမျှအတတ်နိုင်ဆုံး ပွင့်လင်းမှု နှင့်တကွ ရိုးသားမှုရှိပါစေ။။ ရုန်းကန်လှုပ်ရှားမှုများနှင့် စိုးရိမ်ပူပန်မှုများအကြောင်းကို ပြောဆိုဆွေးနွေးရန် နှင့် အကူအညီတောင်းခံရန်။ ဆက်သွယ်ဆက်ဆံမှုအတွက် အထောက်အပံ့ကို စိတ်ပညာကလေးဘဝ, လူမှုကူညီရေးလုပ်ငန်းနှင့် စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုအပါအဝင် များစွာသော အရင်းအမြစ်များမှ ရရှိနိုင်ပါသည်။


ပြန်လည်သုံးသပ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ