အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

စစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းခြင်း

ရောဂါရှာဖွေဖော်ထုတ်မှုလုပ်ငန်းဆိုသည်မှာ အဘယ်နည်း။

"ရောဂါရှာဖွေဖော်ထုတ်မှုလုပ်ငန်း" ဆိုသည်မှာ ရောဂါရှာဖွေမှုတစ်ခုကို ပြုလုပ်ရာတွင် ဆရာ၀န်များအသုံးပြုသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖော်ပြရန်အတွက် တစ်ခါတစ်ရံတွင် အသုံးပြုသည့် အထွေထွေသုံး ဝေါဟာရတစ်ခုဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် အချိန်ကြာမြင့်နိုင်သည်။ 

ဆေးရုံသို့ သွားရောက်ပြသမှုတစ်ကြိမ်အတွင်း၌ သွေးစစ်ဆေးမှုများနှင့် ဓာတ်မှန်ရိုက်ကူးမှုများကဲ့သို့ လုပ်ငန်းစဉ်အများအပြားကို ပြုလုပ်ရနိုင်ပါသည်။ CT စကန်ဖတ်ခြင်း၊ MRI စကန်ဖတ်ခြင်းနှင့် အပ်ဖြင့်အသားစယူ၍ ရောဂါရှာဖွေစစ်ဆေးမှုများကဲ့သို့ စစ်ဆေးမှုအချို့ကို နောင်အခါတွင် အသုံးပြုရန်အတွက် စီစဉ်သတ်မှတ်ရမည်ဖြစ်သည်။ မိသားစုများသည် ၎င်းစစ်ဆေးမှုများကို ခံယူပြုလုပ်ရန်အတွက် ဝန်ဆောင်မှုပြုလုပ်နိုင်သည့် အခြားနေရာများသို့လည်း သွားရောက်နိုင်ပါသည်။ 

လူအများစုက ၎င်းတို့၏ရောဂါရှာဖွေခြင်းလုပ်ငန်းစဉ်အနက် စစ်ဆေးမှုရလဒ်များအား စောင့်ဆိုင်းရခြင်းသည် စိတ်ဖိစီးမှုကို အမြင့်ဆုံးဖြစ်ပေါ်စေသည့် အစိတ်အပိုင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ၎င်းသည် စစ်ဆေးမှုအမျိုးအစားအပေါ် မူတည်ပြီး ရလဒ်များအဆင်သင့်မဖြစ်မီ နာရီအနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိ ကြာမြင့်နိုင်သည်။

ရောဂါဆိုင်ရာ အချက်အလက်များအား ဆွေးနွေးခြင်း မပြုလုပ်မီ စစ်ဆေးမှုရလဒ်များအား ​ဆရာ၀န်မှ စောင့်ဆိုင်းရနိုင်သည်။ ၎င်းသည် စစ်ဆေးမှုအမျိုးအစားအပေါ် မူတည်ပြီး ရလဒ်များအဆင်သင့်မဖြစ်မီ နာရီအနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိ အချိန်ကြာမြင့်နိုင်ပါသည်။ ဤဓာတ်ပုံအတွင်း ဖခင်တစ်ဦးမှ ၎င်း၏ သားဖြစ်သူအား အနီရောင်ရှိသော တွန်းလှည်းဖြင့် စင်္ကြန်တစ်လျှောက် ဆွဲခေါ်နေသည်ကို တွေ့မြင်နိုင်သည်။

ရောဂါဆိုင်ရာ အချက်အလက်များအား ဆွေးနွေးခြင်း မပြုလုပ်မီ စစ်ဆေးမှုရလဒ်များအား ​ဆရာ၀န်မှ စောင့်ဆိုင်းရနိုင်သည်။ ၎င်းသည် စစ်ဆေးမှုအမျိုးအစားအပေါ် မူတည်ပြီး ရလဒ်များအဆင်သင့်မဖြစ်မီ နာရီအနည်းငယ်မှ ရက်သတ္တပတ်အနည်းငယ်အထိ အချိန်ကြာမြင့်နိုင်ပါသည်။

ရလဒ်များထွက်လာရန် ဘာကြောင့်အချိန်ကြာသလဲ။

ဓာတ်မှန်ရိုက် စစ်ဆေးခြင်း ကို ဆောင်ရွက်သည့်အခါ ဓာတ်ရောင်ခြည်အထူးကုဆရာဝန်သည် ပုံရိပ်များကို ဖတ်ရှုပြီး ခွဲခြားစိတ်ဖြာ၍ ၎င်းစစ်ဆေးမှုများကို ပြုလုပ်ရန် ညွှန်ကြားသည့် ဝန်ဆောင်မှုပံ့ပိုးသူထံသို့ ပေးပို့ရန် အစီရင်ခံစာတစ်စောင်ကို ပြင်ဆင်ရမည်။ ဤလုပ်ငန်းစဉ်သည် ရက်ပေါင်းများစွာ အချိန်ကြာမြင့်နိုင်သည်။ ပုံရိပ်စစ်ဆေးမှုများတွင် ပါဝင်သည့်အရာများမှာ ဓာတ်မှန်ရိုက်ခြင်းအာလ်ထွာဆောင်းကွန်ပျူတာ တိုမိုဂရပ်ဖီ (CT) စကန်ဖတ်ရှုမှုများနှင့် သံလိုက်ဓာတ်သုံး ပုံဖော်နည်း (MRI) တို့ ဖြစ်ကြသည်။

အသားစထုတ်ယူစစ်ဆေးခြင်း ကို ဆောင်ရွက်လျှင် ရလဒ်များရရှိရန် ရက်အနည်းငယ်မှသည် ရက်သတ္တပတ်အနည်းငယ်အထိ ကြာမြင့်နိုင်ပါသည်။ စစ်ဆေးမည့် နမူနာပစ္စည်းကို ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ရန်အတွက် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပါသည်။ တစ်ခါတစ်ရံတွင် ၎င်းကို အခြားထပ်ဆောင်း စစ်ဆေးမှုပြုလုပ်ရန်အတွက် အခြားအထူးရှာဖွေရေး ဓာတ်ခွဲခန်းများသို့ ပို့ဆောင်နိုင်ပါသည်။

အခြေအနေအများအပြား၌ ရောဂါဆိုင်ရာ အချက်အလက်များအား ဆွေးနွေးခြင်း မပြုလုပ်မီ စစ်ဆေးမှုရလဒ်များအား ​ဆရာ၀န်မှ စောင့်ဆိုင်းရနိုင်သည်။ ကလေးအား ပြုလုပ်ခဲ့သည့် အခြားစစ်ဆေးမှုများအားလုံးနှင့် တိုက်ဆိုင်သုံးသပ်မှု မပြုလုပ်ဘဲ စစ်ဆေးမှုတစ်ခု၏ ရလဒ်များက အဖြေအမြောက်အမြားကို ပံ့ပိုးနိုင်မည်မဟုတ်ပါ။

ကင်ဆာ လက္ခဏာများကို ရှာဖွေရန်အတွက် ဆရာ၀န်မှ ညွှန်ကြားခြင်းသည် ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်ခြင်းပြုလုပ်နေသည်ဟု မဆိုလိုပါ။ ဝန်ဆောင်မှုပံ့ပိုးသူသည် ကင်ဆာအား သံသယရှိနိုင်သည် သို့မဟုတ် ကင်ဆာဖြစ်ပွားနိုင်ခြေကို ရှာဖွေဖော်ထုတ်ရန် အလိုရှိသည်။

စကန်ဖတ်စစ်ဆေးစမ်းသပ်ခြင်းနှင့်ဆက်နွှယ်သော စိုးရိမ်သောကဆိုတာ ဘာလဲ။

စစ်ဆေးမှုများဆိုင်ရာနှင့် စကန်ဖတ်စစ်ဆေးစမ်းသပ်မှုရလဒ်များ စောင့်ဆိုင်းရခြင်းဆိုင်ရာ စိုးရိမ်ပူပန်မှုနှင့် စိတ်သောကတို့ကို — စကန်ဖတ်စစ်ဆေးစမ်းသပ်ခြင်းနှင့်ဆက်နွှယ်သော စိုးရိမ်သောက ဟုပင် အမည်ပေးထားသည်။ ဤစကားလုံးကို တရားဝင်ထုတ်ဝေသော မည်သည့်အဘိဓာန်အတွင်း၌မဆို ထည့်သွင်းဖော်ပြမှု မပြုလုပ်သေးသော်လည်း လူနာများ၊ မိသားစုများနှင့် ဆေးကုသရေး ကျွမ်းကျင်ပညာရှင်များက အလွယ်တကူသုံးစွဲလျက်ရှိသည်။

Urbandictionary.com တွင် ဤအဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည်- ဆေးကုသမှုဆိုင်ရာ စမ်းသပ်စစ်ဆေးမှုရလဒ်များကို မကြုံတွေ့မီကာလနှင့် လက်ခံရယူသောကာလတို့နှင့်အတူ တွဲဖက်ဖြစ်ပေါ်တတ်သည့် စိတ်သောကနှင့် စိုးရိမ်ပူပန်မှု။ စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွှယ်သော စိုးရိမ်သောကသည် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး လူနာများနှင့် မိသားစုများက မကြာမကြာ တွေ့ကြုံရခြင်းမရှိလျှင်ပင် အများအပြားက ကြုံတွေ့နေရသည့်အရာဖြစ်သည်။

'စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောက' သည် ဖတ်ရှုမှုရလဒ်များအား စောင့်ဆိုင်းရခြင်းကို ကိုင်တွယ်ဖြေရှင်းရသည့် လူနာများနှင့် မိသားစုများ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြရန် အသုံးပြုသည့် အလွယ်သုံးဝေါဟာရဖြစ်သည်။ ဤဓာတ်ပုံအတွင်းတွင် ကလေးသူငယ်ကင်ဆာ လူနာတစ်ဦးသည် ဆေးရုံရှိ အဖြေရလဒ်များ စောင့်ဆိုင်းရန်နေရာအတွင်းရှိ ငါးကန်တစ်ခုကို စိတ်ဝင်တစား ကြည့်ရှုနေပုံကို ဖော်ပြထားသည်။

'စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောက' သည် ဖတ်ရှုမှုရလဒ်များအား မရရှိမီ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရသည့် လူနာများနှင့် မိသားစုများ၏ စိုးရိမ်ပူပန်မှုကို ဖော်ပြရန် အသုံးပြုသည့် အလွယ်သုံးဝေါဟာရဖြစ်သည်။

'စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောက' အား ကိုင်တွယ်ဖြေရှင်းရန်နည်းလမ်းများတွင် အောက်ပါတို့ပါဝင်သည်-

  • သင်နှစ်သက်လိုလားသည့် လုပ်ဆောင်မှုများနှင့်အတူ စိုးရိမ်သောကကို လျော့ပါးသက်သာစေခြင်း — နှစ်သက်မွေ့လျော်ဖွယ်ကောင်းသော တစ်စုံတစ်ခုအား ပြုလုပ်ရန် အချိန်သုံးစွဲခြင်းသည် စကင်ဖတ်ရှုများ မပြုလုပ်မီနှင့် ရလဒ်များ စောင့်ဆိုင်းနေစဉ် သင်၏ အာရုံစူးစိုက်မှုကို အခြားတစ်စုံတစ်ခုဆီသို့ ရက်မှ ရက်သတ္တပတ်ချီသည်အထိ ရောက်ရှိနေစေသည်။
  • လေ့ကျင့်ခန်း — လေ့လာမှုအများအပြားတွင် ပြဆိုထားသည်မှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကတို့ကို လျှော့ချရာတွင် ထိရောက်မှုရှိသည်။
  • အပန်းဖြေနည်းလမ်းများ — အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အပန်းဖြေဂီတကို နားထောင်ခြင်း၊ ပုံရိပ်ဖော်ယူမှုပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ အနှိပ်အနင်းခံခြင်း သို့မဟုတ် ထိုက်ချိကစားခြင်းတို့ကို ကြိုးစားကြည့်ပါ။
  • စိုးရိမ်သောကကို အသိအမှတ်ပြုပြီး လက်ခံပါ — သင်၏ ခံစားချက်များအား အသိအမှတ်ပြုခြင်းသည် ၎င်းတို့အား စီမံခန့်ခွဲမှုပြုလုပ်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်။ စကန်ဖတ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောကသည် စိတ်ဖိစီးသည့်အချိန်အား သာမန်တုံ့ပြန်ချက်တစ်ခုဖြစ်ကြောင်း သင့်ကိုယ်သင် သတိပေးပါ။
  • လူမှုအထောက်အပံ့ကို ရှာဖွေပါ — အခြားသူများနှင့် ဆွေးနွေးပြောဆိုခြင်းသည် စိတ်ဖိစီးမှုဖြစ်ပေါ်သောအချိန်များတွင် အကျိုးရှိနိုင်သည်။ စကန်ဖတ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောကအကြောင်း ပြောဆိုသည့်အခါ သင့်အတွက် စိတ်သက်သာမှုကို အကောင်းဆုံးပေးနိုင်မည့် တည်ငြိမ်အေးဆေးပြီး အထောက်အကူပြုနိုင်သော မိသားစုဝင်များနှင့် မိတ်ဆွေများကို သတ်မှတ်ဖော်ထုတ်ပါ။
  • ကြိုတင်စီစဉ်ပါ — စိတ်ဖိစီးမှုကို အနည်းဆုံးဖြစ်စေမည့် အချိန်တွင် စကန်ဖတ်ခြင်း ပြုလုပ်ရန် အချိန်ကို စီစဉ်သတ်မှတ်ပါ။ စကန်ဖတ်ရှုမှုများ မပြုလုပ်မီ၊ ပြုလုပ်စဉ်နှင့် ပြီးလုပ်ပြီးနောက် မည်သူ့ကို ခေါ်ယူမည်ဖြစ်ကြောင်းနှင့် မည်သည့်ဖြေရှင်းရေးကိရိယာများ သို့မဟုတ် အရင်းအမြစ်များအား အသုံးချမည်ဆိုသည်ကိုလည်း စီစဉ်ပါ။ စကန်ပြုလုပ်ပြီးနောက် ပျော်ရွှင်ဖွယ်ရာတစ်စုံတစ်ခုကို ပြုလုပ်ရန် စီစဉ်ပါ။
  • ရလဒ်များအတွက် ပြင်ဆင်ထားပါ — ၎င်းရလဒ်များကို မည်သည့်အချိန်၊ မည်သို့နည်းအားဖြင့် ရရှိမည်ဖြစ်ကြောင်းကို သိရှိပါစေ။ အပြုသဘောဆောင်သော ရလဒ်များကို ရရှိမည်ဖြစ်ကြောင်း မျှော်လင့်ချက်ထားရှိရမည်ဖြစ်ပြီး ဆိုးရွားသော အဖြစ်အပျက်အနေအထားအတွက်လည်း အစီအစဉ်များကို ပြုလုပ်ပါ။ ရလဒ်များကို စောင့်ဆိုင်းရခြင်းက တစ်စုံတစ်ဦးသည် အခြေအနေတစ်ခုအတွက် ထိန်းချုပ်နိုင်ခြင်း မရှိဆိုသည့်ခံစားချက်ကို ရရှိစေနိုင်သည်။ အစီအစဉ်ပြုလုပ်ခြင်းသည် အခြေအနေများအား ထိန်းချုပ်နိုင်သည့် အာရုံခံစားမှုကို ရရှိစေနိုင်သည်။
  • အခြားသူများကို အကူအညီပေးပါ — လိုအပ်ချက်ရှိသူများအား အကူအညီပေးရန်အတွက် သင်၏ အာရုံစူးစိုက်မှုကို ဦးတည်ပြုလုပ်ခြင်းသည် သင်၏ စိတ်ဖိစီးမှုအပေါ် အာရုံစိုက်မိနေခြင်းမှ လွတ်ကင်းစေနိုင်သည်။
  • ပရော်ဖက်ရှင်နယ်ဆန်သော အထောက်အပံ့ကို ရှာဖွေပါ — စကန်ဖတ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောကသည် လွန်ကဲများပြားလာပြီး ဖြေရှင်းဆောင်ရွက်ရေး အရင်းအမြစ်များက အထောက်အကူဖြစ်စေနိုင်ခြင်းမရှိလျှင် သင်၏ ပင်မကျန်းမာရေးစောင့်ရှောက်မှုပံ့ပိုးသူနှင့် ဆွေးနွေးပြောဆိုပါ။ သင်သည် ဆွေးနွေးအတိုင်ပင်ခံသူတစ်ဦး သို့မဟုတ် အခြား စိတ်ကျန်းမာရေးကျွမ်းကျင်ပညာရှင်တစ်ဦးထံမှ ထပ်ဆောင်းအထောက်အပံ့အတွက် လွှဲပြောင်းညွှန်ကြားပေးပို့မှုပါဝင်နိုင်သည့် စောင့်ရှောက်မှုအစီအစဉ်တစ်ခုကို ဖော်ဆောင်ပြုလုပ်ရန်အတွက် အတူတကွ လုပ်ဆောင်နိုင်ပါသည်။
သင်နှစ်သက်မွေ့လျော်သည့် လုပ်ဆောင်မှုများနှင့်အတူ စိုးရိမ်သောကကို လျော့ပါးသက်သာစေခြင်းက 'စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောက' နှင့် ပတ်သက်၍ သင့်အား အထောက်အကူပြုနိုင်သည်။

သင်နှစ်သက်မွေ့လျော်သည့် လုပ်ဆောင်မှုများနှင့်အတူ စိုးရိမ်သောကကို လျော့ပါးသက်သာစေခြင်းက 'စစ်ဆေးစမ်းသပ်ခြင်းနှင့် ဆက်နွယ်သော စိုးရိမ်သောက' နှင့် ပတ်သက်၍ သင့်အား အထောက်အကူပြုနိုင်သည်။

အထောက်အကူပြုနိုင်သော ဆောင်းပါးများ


ပြန်လည်သုံးသပ်သည့်ရက်စွဲ- ဩဂုတ်လ၊ 2018