အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကင်ဆာရောဂါအကြောင်း သင့်ကလေးအား ပြောပြခြင်း

ကင်ဆာအကြောင်း သင့်ကလေးကို ပြောပြသည့်အခါ စိတ်အတွင်း၌ စည်းမျဉ်း ၃ ခုကို စွဲမြဲမှတ်သားပါ။

ဆေးရုံကုတင်ပေါ်ရှိ ငယ်ရွယ်သော ကင်ဆာရောဂါလူနာသည် ပြုံးရွှင်စွာ ခွေးအရုပ်တစ်ခုကို ဆုပ်ကိုင်ထားပြီး  နဖူးများကို  ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး အိပ်ရာပေါ်သို့မှီနေသော ၎င်း၏ဖခင်နှင့် ထိတွေ့နေသည်။

ကင်ဆာရောဂါရှိသူ ကလေးငယ်များသည် ၎င်းတို့အား ဂရုစိုက်သူများထံမှ ချစ်ခင်နှစ်သက်ခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် ဝန်းရံပေးခြင်းတို့ကို ပြုလုပ်ပေးနေကြောင်း သိရှိရန် လိုအပ်ပါသည်။

ရိုးသားမှုနှင့် ပွင့်လင်းလွတ်လပ်မှု၏ အရေးပါမှု

သင့်ကလေးအပေါ်တွင် ထားရှိသည့် ရိုးသားမှုနှင့် ပွင့်လင်းလွတ်လပ်မှုတို့သည် ယုံကြည်မှုတည်ဆောက်ပေးပြီး သင်တို့၏ဆက်ဆံရေးကို ခိုင်မာစေမည်ဖြစ်သည်။ သူ သို့မဟုတ် သူမသည် ကင်ဆာရောဂါရှိနေကြောင်း သင့်ကလေးအား ထုတ်ဖော်ပြောကြားမှုမပြုလုပ်ခြင်း သို့မဟုတ် အနုတ်သဘောဆောင်သော အချက်အလက်များအား မရရှိစေရန် ကာကွယ်တားဆီးရန် ကြိုးစားခြင်းသည် လက်ခံနိုင်လောက်သည့် အနေအထားဖြစ်ပါသည်။ ကလေးများအား မနှစ်မြို့ဖွယ်သောအာရုံများမှ ကာကွယ်လိုခြင်းသည် သဘာဝကျသောအရာဖြစ်ပါသည်။

သို့ရာတွင် ကလေးများသည် စူးစမ်းလိုစိတ်ရှိသူများ ဖြစ်ပါသည်။ ၎င်းတို့သည် အာရုံစူးစိုက်နေသည့်ဟု မထင်ရသည့်တိုင်အောင် ၎င်းတို့၏ မိဘများ၊ လူနာကို ပြုစုစောင့်ရှောက်သည့် အဖွဲ့ဝင်များနှင့် အခြားမိသားစုဝင်များ သို့မဟုတ် အရွယ်ရောက်သူများကို စောင့်ကြည့်ကြပြီး မည်သို့ဖြစ်ပျက်နေသည်ကို သိရှိရန် ကြိုးစားကြသည်။ သင့်ကလေးအား ကုသမှုပြုလုပ်စဉ် အချို့သောအခြေအနေ အချိန်အခါတစ်ခုအတွင်း ကင်ဆာ ဟူသော စကားလုံးကို အသုံးမပြုရန်အတွက် သတိပေးထားလျှင်ပင် သူ သို့မဟုတ် သူမသည် (ဝန်ထမ်းများ၊ ဆေးရုံရှိအခြား သက်တူရွယ်တူသူ သို့မဟုတ် လာရောက်လည်ပတ်သည့် မိသားစုနှင့် မိတ်ဆွေများထံမှ) ကြားရလိမ့်မည်ဖြစ်သည်။ ကင်ဆာရောဂါအကြောင်းကို ပြောဆိုခြင်းမပြုရန် တားဆီးနေမည့်အစား ကင်ဆာရောဂါအကြောင်းကို ရှင်းလင်းပြောဆိုခြင်းသည် ပင်ပန်းကြီးစွာ လုပ်ဆောင်ရန်မလိုဘဲ အမြဲတစေ ကာကွယ်ပြောဆိုရန် ကြိုးစားနေရသည့် ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားနိုင်သည်ဟု မိဘအများစုက ပြောဆိုကြသည်။

  • ဆက်သွယ်ဆက်ဆံမှုဆိုင်ရာ လမ်းကြောင်းများကို ဖွင့်ထားပေးခြင်းသည် အကြောင်းအမျိုးမျိုးတွက် အရေးကြီးသည်-  ငယ်ရွယ်သော ကလေးသူငယ်များသည်ပင် တစ်စုံတစ်ခု မှားယွင်းနေသည့်အခါမှာ သိရှိခံစားနိုင်သည်။ မည်ကဲ့သို့ဖြစ်ပျက်နေကြောင်း သင့်ကလေးအား မပြောပြပါက ၎င်းတို့သည် ယူဆမှုများကို ပြုလုပ်မည် သို့မဟုတ် ၎င်းတို့၏ စိတ်ကူးပုံဖော်မှုကို အသုံးပြုမည်ဖြစ်သည်။ ၎င်းတို့၏စိတ်ကူးပုံဖော်မှုသည် အမှန်တကယ်ဖြစ်နေသည့် အတိုင်းအတာထက် ပို၍ဆိုးရွားကြောင်း မကြာမကြာတွေ့ရှိရသည်။
  • ကလေးများသည် ခက်ခဲသော တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ မိမိကိုယ်ကို အပြစ်တင်လိုကြသည်။ ၎င်းတို့အနေဖြင့် ကင်ဆာရောဂါအကြောင်း သိရှိခြင်းသည် အပြစ်တစ်ခု မဟုတ်ပါ။
  • သင့်ကလေးသည်ပို၍နားလည်သိရှိလေလေ၎င်းတို့အနေဖြင့် ကြောက်ရွံ့ထိတ်လန့်ရမည့်အရာများ လျော့နည်းသွားလေလေ ဖြစ်ပါသည်။ ကုသမှုက ၎င်းတို့အပေါ် အထောက်အကူပေးမည်ဟု ကလေးများသိရှိပါက ကုသမှုပြုလုပ်ရာတွင် ပူးပေါင်း လုပ်ဆောင်လိုကြသည်။
  • ရိုးသားမှုရှိခြင်းသည် ကလေး၏ စိုးရိမ်ပူပန်မှု၊ မရေမရာမသဲကွဲသော ခံစားချက်၊ အပြစ်ရှိသည်ဟု မှားယွင်းသော တလွဲယူဆချက်တို့ကို လျော့နည်းသက်သာစေမည်ဖြစ်ပါသည်။

ပြောပြမည့်အကြောင်းအရာနှင့် ပြောပြမည့်နည်းလမ်းတို့ကို စီစဉ်ပါ။

ပြောပြမည့်အကြောင်းအရာကို လေ့ကျင့်ပါ။ သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့ သို့မဟုတ် ယခုကဲ့သို့ ဆင်တူသော အနေအထားတစ်ခုအတွင်း ကြုံတွေ့ခဲ့ဖူးသည့် အခြားမိဘတစ်ဦးဦးထံမှ အကြံဉာဏ်တောင်းခံပါ။

သတင်းအချက်အလက်မျှဝေသည့် နည်းလမ်းသည်လည်း အရေးကြီးပါသည်။ သင့်ကလေးသည် သင်၏ပြောဆိုသည့်အသံအနေအထားနှင့် မျက်နှာဟန်အမူအရာများမှ အမြောက်အမြားကို သင်ယူမည်ဖြစ်ပါသည်။ သင့်ကလေးနှင့် စကားပြောဆိုသည့်အခါ အေးဆေးငြိမ်းသက်စွာ ပြောဆိုပါ။ မျက်ရည်များကျခြင်းသည် ပြဿနာမဟုတ်ပါ၊မျက်ရည်ကျပါကသင်သည် အဘယ်ကြောင့် မျက်ရည်ကျရသည်ကို ရှင်းပြပါ။ မိဘများအနေဖြင့် ၎င်းတို့၏ ကလေးများ နေထိုင်မကောင်းဖြစ်သည့်အခါ ဝမ်းနည်းရသည်မှာ သဘာဝဖြစ်ကြောင်း သို့မဟုတ် အပြောင်းအလဲများစွာ ဖြစ်ပေါ်လာသည့်အခါ စိတ်မသက်သာ ခံစားရခြင်းသည် သဘာဝဖြစ်ကြောင်း ကလေးများအား ပြောဆိုနိုင်သည်။ မျက်ရည်များကျခြင်းသည် စိတ်လှုပ်ရှားခံစားမှုများကိုဖော်ပြသော နည်းလမ်းတစ်ခုဖြစ်သည်။ ကလေးများအနေဖြင့် ၎င်းတို့သည် ကင်ဆာကိုဖြစ်စေသည့်သူများမဟုတ်ကြောင်းနှင့် လူများက ဝမ်းနည်းပူဆွေးရသည်မှာ ၎င်းတို့၏အပြစ်မဟုတ်ကြောင်းသိရှိပြီး စိတ်သက်သာမှုရရန် အရေးကြီးပါသည်။

သူ သို့မဟုတ် သူမ၏ ကင်ဆာရောဂါ ရောဂါရှာဖွေခြင်းနှင့်ပတ်သက်၍ သင့်ကလေးအား ပြောဆိုသည့်နည်းလမ်းမှာလည်း အရေးကြီးသည်။ သင့်ကလေးအား စကားပြောဆိုသည့်အခါ အေးဆေးငြိမ်းသက်စွာ ပြောဆိုပါ။ ဤရုပ်ပုံအတွင်းတွင် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာလူနာတစ်ဦးသည် သူမ၏ မိခင်နှင့်အတူ ဂိမ်းကစားနေသည်။

သူ သို့မဟုတ် သူမ၏ ကင်ဆာရောဂါ ရောဂါရှာဖွေခြင်းနှင့်ပတ်သက်၍ သင့်ကလေးအား ပြောဆိုသည့်နည်းလမ်းမှာလည်း အရေးကြီးသည်။ သင့်ကလေးအား စကားပြောဆိုသည့်အခါ အေးဆေးငြိမ်းသက်စွာ ပြောဆိုပါ။

သင့်ကလေးအား ပြောပြမည့်သူနှင့် ပြောပြမည့်အချိန်ကို ရွေးချယ်ဆုံးဖြတ်ခြင်း

မိဘအများအပြားသည် ၎င်းတို့ကလေး၏ ရောဂါရှာဖွေခြင်းကို ဆရာဝန်ထံမှ သ်ရှိသည့်တစ်ချိန်တည်းမှာပင် ၎င်းတို့၏ကလေးသည်လည်း ရောဂါအကြောင်းကို သိရှိသွားတတ်သည်။ သို့ရာတွင် သင်သည် ကလေးအား ပြောဆိုမည်သူ ဖြစ်လိုပါက ပြောဆိုရမည့်အရာနှင့် သင့်ကလေး၏ မေးခွန်းများကို ဖြေကြားနည်းတို့ကို ဆုံးဖြတ်ရာတွင် သင့်ကလေး၏ စောင့်ရှောက်မှုအဖွဲ့က သင့်အား အကူအညီပေးနိုင်သည်။

ကလေးများကို တတ်နိုင်သမျှ စောစောစီးစီးပြောပြပါ။ ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြင့် ယုံကြည်မှုကို တည်ဆောက်ပေးနိုင်သည်။

သင့်ကလေးနှင့် ပထမဆုံး စတင်ပြောဆိုသည့်အခါ သင်နှင့်အတူ အခြားလူပုဂ္ဂိုလ်တစ်ဦးလည်းရှိစေရန် ထည့်သွင်းစဉ်းစားပါ။ ထိုပုဂ္ဂိုလ်သည် အထောက်အပံ့ပေးနိုင်သည့် အခြားမိသားစုဝင် သို့မဟုတ် ယုံကြည်စိတ်ချရသော မိတ်ဆွေတစ်ဦးဖြစ်နိုင်ပါသည်။ ၎င်းသည် ဆရာ၀န်၊ သူနာပြုဆရာမ၊ ကလေးအထူးကုဆရာဝန် သို့မဟုတ် လူမှုအလုပ်သမားတစ်ဦးဦး ဖြစ်နိုင်ပြီး ကင်ဆာကို ပို၍အသေးစိတ်အချက်အလက်များဖြင့် ဖော်ပြရာတွင် အကူအညီပေးနိုင်ပါသည်။

ကင်ဆာရောဂါနှင့်ပတ်သက်၍ သင့်ကလေးအား ပြောပြရမည့်အရာ

ကလေးနှင့် ဆယ်ကျော်သက်အများစုတွင် တူညီသော အခြေခံမေးခွန်းများရှိပြီး ၎င်းတို့မှာ-

  • ကင်ဆာဆိုတာဘာလဲ။
  • ကျွန်ုပ်က ဘာဖြစ်လို့ ကင်ဆာဖြစ်တာလဲ။
  • ကျွန်ုပ် သက်သာလာမှာလား။
  • ဘာတွေဖြစ်လာနိုင်မလဲ။
  • ဘယ်တော့အိမ်ပြန်ရမလဲ။
  • ကျောင်းတက်ရတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ။

ကလေးများသည် ကုသမှုများ သို့မဟုတ် လုပ်ငန်းစဉ်များကိုဆောင်ရွက်ရန်၊ ခံစားချက်များကို ဖြေရှင်းရန်နှင့် ၎င်းတို့၏ အခြေအနေအပေါ် ထိန်းချုပ်မှုအချို့ကို ပြုလုပ်နိုင်ရန်အတွက် အချက်အလက်များကို လိုအပ်ပါသည်။ အများအားဖြင့် ၎င်းတို့အား ဂရုစိုက်သူများထံမှ ချစ်ခင်နှစ်သက်ခြင်း၊ ထောက်ပံ့ပေးခြင်းနှင့် ဝန်းရံပေးခြင်းတို့ကို ပြုလုပ်ပေးနေကြောင်း သိရှိရန် လိုအပ်ပါသည်။

သင့်ပင်ကိုယ်စွမ်းရည်များကို ယုံကြည်ပါ။ သင့်ကလေးသည် မည်သူ့ထက်မဆို ပို၍တော်ကြောင်း သင်သိပါသည်။ ၎င်းတို့အား အကောင်းဆုံးပြောပြနိုင်သည့် နည်းလမ်းကို သင်သိပါသည်။ အကူအညီရရှိနိုင်သော အကြံပေးချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • အသက်အရွယ်နှင့်သင့်လျော်သော အချက်အလက်ကို ပေးသိပါ။ ကင်ဆာရောဂါကုဌာနရှိ ကလေးအထူးကုဆရာဝန်တစ်ဦး နှင့်အတူ ပြောဆိုဆွေးနွေးရန် ထည့်သွင်းစဉ်းစားပါ။ ၎င်းတို့သည် ကလေးငယ် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ကျွမ်းကျင်သူများ ဖြစ်ပါသည်။ ၎င်းတို့သည် အသက်အရွယ်နှင့်သင့်လျော်သော အသုံးအနှုန်းဝေါဟာရများကို အသုံးပြု၍ ကင်ဆာရောဂါအကြောင်းကို ရှင်းပြရာတွင် သင့်အားအကူအညီပေးနိုင်ပြီး ၎င်းတို့၏ဖွံ့ဖြိုးမှုအဆင့်ကို အခြေခံ၍ အခက်အခဲဖြေရှင်းမှုများ ပြုလုပ်ရာတွင်လည်း ကလေးများအား အကူအညီပေးနိုင်ပါသည်။ ၎င်းတို့သည် ကုထုံးဆိုင်ရာ ဆေးကုသရေး ကစားနည်း နှင့် ပုံပြအထောက်အကူပြုပစ္စည်းများကို အသုံးပြုပြီး သဘောတရားအယူအဆများကို ရှင်းပြနိုင်ပါသည်။ လူမှုအလုပ်သမားများစိတ်ကျန်းမာရေးဆရာဝန်များ၊ နှင့် ခရစ်ယန်ဂိုဏ်းသင်းအုပ် တို့သည်လည်း အထောက်အပံ့များ ပြုလုပ်ပံ့ပိုးနိုင်ပါသည်။
  • တစ်ကြိမ်စီ၌ မျှဝေမည့်အချက်အလက်များကို ဂရုပြု၍ စဉ်းစားဆုံးဖြတ်ပါ။ ယေဘုယျဆန်သော "ရုပ်ပုံအကြီး" ဖြင့် စတင်ခြင်းသည် ပုံမှန်အားဖြင့် ကောင်းမွန်သော စည်းမျဉ်းတစ်ရပ်ဖြစ်ပါသည်။ သင့်ကလေးအား တစ်ကြိမ်တည်းနှင့် အသေးစိတ်အချက်အလက်အများအပြားဖြင့် ဝန်ပိခြင်းမဖြစ်စေရန် ကြိုးစားပါ။ အချိန်တိုတောင်းသော စကားဝိုင်းအများအပြား ပြုလုပ်ပါ။ အသေးစိတ်အချက်အလက်အများအပြားကို နားလည်မှတ်သားရန်မှာ ကလေးအများစုအတွက် ခက်ခဲနိုင်ပါသည်။ သင်သည် အချက်အလက်များကို အချိန်နှင့်အမျှ မျှဝေနိုင်ပါသည်။ စကားအကြောင်းအရာများကို ချိတ်ဆက်ပြုလုပ်နိုင်ရန်အတွက် သင့်ကလေးအား စောင့်ကြည့်အကဲခတ်ပါ။ ၎င်းတို့သည် အကြောင်းအရာကို ပြောင်းလဲလျှင် သို့မဟုတ် အာရုံအပြောင်းအလဲကို စတင်ရှာဖွေလျှင် ၎င်းတို့သည် ထိုအချိန်အတွက် လုံလောက်သည့် အချက်အလက်များကို ရရှိသွားပြီးဖြစ်နိုင်သည်။ စကားဝိုင်းကို ဦးဆောင်နိုင်ရန်အတွက်လည်း ၎င်းတို့အား မေးခွန်းများ မေးမြန်းခွင့်ပေးပါ။ မေးခွန်းများ မေးရန် လုံခြုံစိတ်ချရမှုရှိသည်ဟု ခံစားရခြင်းသည် ကလေးများအတွက် ဆက်သွယ်မှုပြုလုပ်ရန်  နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး ၎င်းတို့သည် အချက်အလက်များကို ပိုသိရှိလိုလာစေပြီး ၎င်းတို့အကြောင်းကို အထူးသီးသန့်သင်ယူမှုပြုလုပ်ရန် သင့်အတွက်လည်း နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါသည်။
  • နာမကျန်းမှု၊ ကုသမှုနှင့် မျှော်လင့်ထားနိုင်သည့်အရာတို့နှင့်ပတ်သက်၍ အခြေခံအချက်အလက်များကို နားလည်သဘောပေါက်စေရန် သင့်ကလေးအား ကူညီပါ။
  • ကင်ဆာအကျိတ်ကီမိုဆေးသွင်းကုထုံး၊ နှင့် ဘေးထွက်ဆိုးကျိုးများကဲ့သို့သော ကလေးမှ ပုံမှန်ကြားသိနိုင်သည့် အသုံးများသောဝေါဟာရများကို ရှင်းပြပါ။
  • ခံစားချက်များကို မျှဝေရန်နှင့် မေးခွန်းများ မေးမြန်းရန် သင့်ကလေးအား တိုက်တွန်းပါ။ သင့်ကလေး၏ မေးခွန်းများကို ဖြေကြားခြင်းနှင့် ရိုးသားမှုရှိခြင်း၊ စကားဝိုင်းများကို ဆက်လက်ပြုလုပ်ခြင်းတို့က သင့်ကလေး၏အခက်အခဲဖြေရှင်းမှုများတွင် အကူအညီပေးနိုင်ပါသည်။
  • ကလေးများသည် တခါတရံတွင် မေးခွန်းများမေးမြန်းရန် ကြောက်ရွံ့တတ်ကြောင်းကို သိရှိပါ။ အခြေအနေအမျိုးမျိုးအတွက် ၎င်းတို့၏တုံ့ပြန်ချက်များကို စောင့်ကြည့်အကဲခတ်ပါ။ ဥပမာအားဖြင့် ကလေးများသည် ဆံပင်မရှိသော ကလေးတစ်ဦးအား တွေ့မြင်ရသည့်အခါ စိတ်ပျက်လက်ပျက်ဖြစ်သည့်ပုံကို တွေ့မြင်ရပါက ၎င်းတို့၏ ခံစားချက်များအကြောင်းကို မေးမြန်းရန် သို့မဟုတ် ၎င်းတို့တွင် မေးမြန်းလိုသည့် မေးခွန်းများရှိ၊ မရှိကို မေးမြန်းရန် အခွင့်အလမ်းတစ်ရပ်အနေဖြင့် အသုံးပြုပါ။
  • အမှန်တရားများကို အတည်ပြုပြီး မှားယွင်းသော အချက်အလက်များကို မှန်ကန်အောင် ပြုလုပ်ပါ။ သင့်ကလေးသည် တီဗီပေါ်တွင် မြင်တွေ့ဖူးပြီးသော အခြေအနေများကိုဖြစ်စေ ၎င်းတို့၏ ရောဂါရှာဖွေမှုကို မပြုလုပ်မီ မိသားစု သို့မဟုတ် မိတ်ဆွေများထံမှ ကြားသိပြီးသော အချက်အလက်များကိုဖြစ်စေအခြေခံ၍ ကင်ဆာနှင့်ပတ်သက်သော အတွေးစိတ်ကူးများကို ပုံဖော်ပြုလုပ်ပြီး ဖြစ်နိုင်သည်။ ကင်ဆာနှင့်ပတ်သက်၍ သူ သို့မဟုတ် သူမသိရှိထားသည့်အရာကို သင့်ကလေးအား မေးမြန်းပါ။
  • မျှော်လင့်ချက် ပေးပါ။ စောင့်ရှောက်မှုအဖွဲ့သည် ကင်ဆာကိုရင်ဆိုင်ရာတွင် အကူအညီပေးအပ်ရန် ရှိနေပါသည်။ ကင်ဆာကို သုတ်သင်တိုက်ဖျက်ရန် ကြိုးစားပြုလုပ်နိုင်သည့် ကုသမှုအများအပြားရှိပါသည်။
  • မွေးချင်းမောင်နှမများကို မမေ့ပါနှင့်။ ညီအစ်ကို မောင်နှမများသည်လည်း ရှင်းပြပေးရန် လိုအပ်ကြောင်း အမှတ်ရပါ။

ကင်ဆာအပေါ် ကလေးများ၏ အများအားဖြင့် တုံ့ပြန်မှုများ

ကလေးတစ်ဦးချင်းစီအလိုက် ကွဲပြားမှုရှိသည်။ ၎င်းတို့၏ တုံ့ပြန်မှုများနှင့် ကင်ဆာရောဂါရှာဖွေခြင်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်းဆိုသည်မှာ ၎င်းတို့၏ အသက်အရွယ်၊ ဖွံ့ဖြိုးမှုအဆင့်နှင့် ကိုယ်စွမ်းကိုယ်စတို့အပေါ် မူတည်ပြီး ကွဲပြားမှုရှိနိုင်သည်။

  • အချို့တွင် ငိုကြွေးခြင်း သို့မဟုတ် ဒေါသပေါက်ကွဲခြင်း တို့ကဲ့သို့ မျက်မြင် ထင်ရှားသိသာသော တုံ့ပြန်မှုများ ရှိနိုင်သည်။
  • အခြားသူများကမူ တိတ်ဆိတ်နေနိုင်သည်။
  • အချို့ကမူ ၎င်းတို့၏ ခံစားချက်များကို စကားလုံးများဖြင့် ဖော်ပြပြီး အချို့ကမူ လုပ်ဆောင်ချက်များဖြင့် ဖော်ပြကြသည်။
  • အချို့ကလေးများကမူ ၎င်းတို့ငယ်ရွယ်ချိန်တွင် ဤသို့ဖြစ်ရသည့်အတွက် ယူကျုံးမရသော အမူအရာများကို ပြသကြသည်။
  • တစ်နေ့နှင့် တစ်နေ့သည် တူညီမှုမရှိနိုင်ပါ။ ကလေးများ၏ အချိန်ဇယားများ၊ ၎င်းတို့၏ ရှုမြင်ခံစားသည့် နည်းလမ်းနှင့် ၎င်းတို့၏ ခင်မင်ရင်းနှီးမှုများအားလုံးသည် အပြောင်းအလဲများမပြတ်ဖြစ်ပေါ်နေနိုင်သည်။
  • အချို့နေ့များတွင်အဆင်မပြေ ဖြစ်နေနိုင်သည်။ အခြားနေ့များတွင်မူ ချောမွေ့အဆင်ပြေလိမ့်မည်ဖြစ်သည်။

ကလေးများသည် သင့်ဦးဆောင်မှုနောက်သို့ လိုက်ပါမည်ဖြစ်သည်။ စိတ်အေးဆေးငြိမ်သက်မှုရှိရန် ကြိုးစားပါ။ သင့်ကလေးများ (မွေးချင်းမောင်နှမများ အပါအဝင်)ကို  သင်သည်၎င်းတို့အတွက် အမြဲရှိနေပေးမည်ဖြစ်ကြောင်း  ပြောဆိုရန်နှင့် ပြသရန်အတွက် နည်းလမ်းများ ရှာဖွေပါ။

ကင်ဆာနှင့်ပတ်သက်၍ အတွေ့ရများသော ကြောက်ရွံ့မှုများနှင့် မှားယွင်းသောအယူအဆများ

ကလေးအများစုသည် ကင်ဆာနှင့်ပတ်သက်၍ သိရှိလာရသည့်အခါတွင် အတွေ့ရများသော ကြောက်ရွံ့မှုအချို့ရှိသည်။ သင့်ကလေးသည် အဆိုပါစိုးရိမ်ပူပန်များနှင့်ပတ်သက်၍ ပြောဆိုရန် ကြောက်ရွံ့နိုင်သည်။ သင်သည် ၎င်းတို့ကို ကိုယ်တိုင် ပြောဆိုစေလိုနိုင်သည်။ အောက်ပါကဲ့သို့သော ဝါကျများကိုအသုံးပြုပါကလေးတချို့က ဒီလိုစဉ်းစားကြတယ်....ကြားပြီးပြီလား...?

  • မှားယွင်းသော ယူဆချက် — ကင်ဆာသည် ၎င်းတို့၏ မှားယွင်းမှုအပြစ်ဖြစ်သည်။ ငယ်ရွယ်သောကလေးများက အများအားဖြင့် ထင်မြင်မိသည်မှာ မကောင်းသော တစ်စုံတစ်ခုအား ပြုလုပ်ခြင်း၊ ပြောဆိုခြင်း၊ သို့မဟုတ် စဉ်းစားမိခြင်းကြောင့် ကင်ဆာဖြစ်ပွားရသည်ဟူ၍ဖြစ်သည်။ ကင်ဆာသည် ပြစ်ဒဏ်တစ်ရပ်မဟုတ်ပါ။
  • မှားယွင်းသော ယူဆချက်— ကင်ဆာသည် ထိတွေ့ရာမှ ကူးစက်မိနိုင်သည်။ အခြားတစ်ဦးဦးထံမှ ကင်ဆာကို "ကူးစက်ခြင်းဖြင့် မရရှိနိုင်ကြောင်း" သင့်ကလေးအား ရှင်းပြပါ။ ကလေးများအား ကင်ဆာနှင့်ပတ်သက်၍ အသက်အရွယ်နှင့်သင့်လျော်သော အချက်အလက်များကို ပေးပါ။
  • မှားယွင်းသော ယူဆချက်— လူတိုင်းသည် ကင်ဆာကြောင့် သေဆုံးရသည်။ ကင်ဆာသည် ဆိုးရွားပြင်းထန်သော နာမကျန်းမှုတစ်ရပ်ဖြစ်ကြောင်းနှင့် လူသန်းပေါင်းများစွာသည် ကင်ဆာရောဂါမှ ပြန်လည်ရှင်သန်ကြကြောင်း ရှင်းပြနိုင်ပါသည်။ ကလေးများက တစ်စုံတစ်ဦးသည် ကင်ဆာရောဂါကြောင့် သေဆုံးခဲ့ရကြောင်းကို သိရှိပါက ကင်ဆာအမျိုးအစား အများအပြားရှိကြောင်းကို ၎င်းတို့အား အသိပေးပါ။ ဖြစ်ပွားသူများအားလုံး၏ ကင်ဆာအမျိုးအစားတိုင်းသည် နာမည်အမျိုးမျိုးရှိပြီး မတူညီသော ဆေးဝါးများကို သောက်သုံးရန် လိုအပ်သည်။ သင်သည် သင့်ကလေးအား ကုသမှုပြုလုပ်နေစဉ်တွင် ဤအချက်များကို အကြိမ်များစွာ ထပ်ခါထပ်ခါ ပြုလုပ်ရန် လိုအပ်နိုင်သည်။

သူ သို့မဟုတ် သူမ၏ ခံစားချက်များနှင့် မေးခွန်းများကို မျှဝေရန် သင့်ကလေးအား တိုက်တွန်းပါ၊ သင့်ကိုယ်ပိုင် ခံစားချက်များ၊ မေးခွန်းများနှင့်ပတ်သက်၍ ပွင့်လင်းပြီး ရိုးသားမှုရှိပါစေ။

သင်သည် သင့်ကလေးအတွက် အချက်အလက်များနှင့် အထောက်အပံ့ရယူရန် အရေးပါဆုံးသော အရင်းအမြစ်ဖြစ်နိုင်သည်။ 


ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ၂၀၁၈ ခုနှစ်၊ ဇွန်လ