ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

COVID-19 ခံစားနေရသူကို အိမ်တွင် ပြုစုစောင့်ရှောက်ခြင်း

COVID-19 လူနာအများစုကို အိမ်တွင် ပြုစုစောင့်ရှောက်ပါမည်။ ဤကာလတွင် အောက်ပါတို့ကို လုပ်ဆောင်ရန် အရေးကြီးသည်-

  • ရောဂါလက္ခဏာများကို ဆရာ၀န်၏ လမ်းညွှန်ချက်များနှင့်အညီ ကုသပါ။
  • နာမကျန်းဖြစ်မှု ပိုမိုဆိုးရွားလာသည့် လက္ခဏာများကို စောင့်ကြည့်ပါ။
  • အခြားသူများထံသို့ COVID-19 ပျံ့နှံ့မှုကို တားဆီးပါ။

အိမ်တွင်း၌သာ သီးသန့်နေခြင်းဆိုတာ ဘာလဲ။

အိမ်တွင်း၌သာ သီးသန့်နေခြင်းဆိုသည်မှာ လူနာတွင် COVID-19 ရှိကြောင်း အတည်ပြုထားပြီး သို့မဟုတ် သံသယရှိ သူကို အိမ်၌ ပြုစုစောင့်ရှောက်နေခြင်း ဖြစ်သည်။ ရောဂါလက္ခဏာများ သက်သာလာသည်အထိနှင့် ကူးစက်မှုမဖြစ်နိုင်တော့သည်အထိ လူနာများသည် အိမ်၌သာနေပြီး အခြားသူများနှင့် သီးခြားနေသင့်သည်။ ဤကာလတွင် COVID-19 ပျံ့နှံ့မှု တားဆီးရန်အဆင့်များကို လိုက်နာရန် အရေးကြီးသည်။ အခြား အိမ်ထောင်စုဝင်များတွင် ပြင်းထန်နာမကျန်းဖြစ်မှုအတွက် အန္တရာယ်ရှိနိုင်ပါက သာ၍ပင် အရေးကြီးသည်။

COVID-19 ခံစားနေရသူကို အိမ်တွင် ပြုစုစောင့်ရှောက်နည်း

  • ကြုံတွေ့ရမည့် ရောဂါလက္ခဏာများကို သိရှိအောင်လုပ်ပါ။ ဖြစ်တတ်သော COVID-19 ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူမဝခြင်းတို့ ဖြစ်သည်။ အခြားလက္ခဏာများတွင် နုံးခွေခြင်း၊ ခန္ဓာကိုယ်ယားယံခြင်းနှင့် ချမ်းတုန်ခြင်းတို့ ပါဝင်သည်။ အချို့လူများတွင် နှာရည်ယိုခြင်း၊ အနံ့ နှင့်/သို့မဟုတ် အရသာ အာရုံခံနိုင်စွမ်း ပျောက်ဆုံးခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်သည်။ ဗိုင်းရပ်စ်ကို ကုသနိုင်သော သို့မဟုတ် ရောဂါလက္ခဏာများ အရှင်းပျောက်ကင်း သက်သာစေနိုင်သော ဆေးဝါးမရှိပါ။
  • လူနာသည် အရည်များများသောက်ပြီး ရေဓာတ်ပြည့်ဝအောင် နေပါ။
  • လူနာကို အနားယူခိုင်းပါ။
  • ဆရာ၀န်အကြံပြုထားသည့် ဝယ်ရလွယ်ကူသောဆေးဝါးများဖြင့် ရောဂါလက္ခဏာများကို ကုသပါ။
  • ရောဂါလက္ခဏာများကို စောင့်ကြည့်လေ့လာပြီး အရေးပေါ်သတိပေးချက် လက္ခဏာများကို စောင့်ကြည့်ပါ-
    • အသက်ရှူရခက်ခြင်း
    • မရပ်မနား ရင်ဘတ် အောင့်ခြင်း သို့မဟုတ် နာခြင်း
    • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်း
    • နှုတ်ခမ်း သို့မဟုတ် မျက်နှာ ပြာနှမ်းခြင်း

သံသယရှိသော ရောဂါလက္ခဏာများအကြောင်းကို ဆရာ၀န်နှင့် ဆွေးနွေးပါ။ ဤစာရင်းတွင် ပိုမိုအဖြစ်များသော သတိပေးချက်လက္ခဏာအချို့ ပါဝင်သည်။ အခြားအရာများလည်း ရှိနိုင်သည်။ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွင် ၉၁၁ ကို ဖုန်းခေါ်ပါ။ လူနာတွင် COVID-19 ရှိကြောင်းကို စေလွှတ်သူနှင့် တုံ့ပြန်ဖြေဆိုသူများကို အသိပေးပါ။