အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးကင်ဆာဖြစ်ပွားရာတွင် အရေပြား ထိန်းသိမ်းမှု

အနာနှင့် အရေပြားထိန်းသိမ်းမှု၏ အရေးပါမှု

အနာနှင့် အရေပြားထိန်းသိမ်းမှုသည် ကင်ဆာရောဂါရှိသော ကလေးများအတွက် အလွန်အရေးကြီးသည်။ ကင်ဆာနှင့် ဆက်စပ်သော အရေပြား ပြဿနာများကို ပုံမှန်လေ့လာစောင့်ကြည့်ခြင်းနှင့် သန့်စင်ခြင်းဖြင့် ပြဿနာများစွာကို မဖြစ်စေရန် တားဆီးနိုင်ပါသည်။

ငယ်ရွယ်သော ကလေးကင်ဆာလူနာသည် သူမ၏ အကိုနှင့် အပြင်ဘက်တွင် ဆော့ကစားနေသည်။

လူနာများနှင့် လူနာစောင့်ရှောက်သူများသည် အနာများဖြစ်ပေါ်လာသောလက္ခဏာများကို သတိထားစောင့်ကြည့်သင့်ပြီး မသက်သာမှုတစ်စုံတစ်ရာဖြစ်ပါက ဆေးကုသရေးအဖွဲ့ကို အသိပေးသင့်သည်။

အရေပြားသည် လူ့ခန္ဓာကိုယ်တွင် အကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး စုစုပေါင်း ၂၀ စတုရန်းပေ ဧရိယာခန့် ရှိသည်။ အရေပြားသည် အကာအကွယ်ပေးသော အတားအဆီးတစ်ခုအနေဖြင့် ဆောင်ရွက်သည့် ခန္ဓာကိုယ်၏ ပထမဆုံးသော အခုအခံအကာအကွယ်ဖြစ်သည်။ အရေပြားသည် အခြားသော ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှုးပျော့များနှင့် တွဲဖက်၍ ခန္ဓာကိုယ်ကို ကာကွယ်ရန်၊ ပုံမှန်ထိန်းချုပ်ပေးရန် နှင့် ထောက်ပံ့ပိုးပေးရန် များကိုလည်း ဆောင်ရွက်သည်။

ပုံမှန် အခြေအနေများတွင် အရေပြားသည် အနာကျက်ခြင်းနှင့် အရေပြားအသစ်ဖြစ်ခြင်းကို သိသာထူးခြားစွာလုပ်ဆောင်နိုင်သည့် စွမ်းဆောင်ရည်ရှိသည်။ ကျန်းမာရေးကောင်းမွန်သည့် ကလေးများတွင် အရေပြား ထိရှကွဲပြဲ ခြင်းအများစုသည် နောက်ထပ်ပြဿနာများမရှိဘဲ အနာကျက်ကြသည်။ သို့သော် ကင်ဆာနှင့် ကင်ဆာကုသမှုများသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အားလျော့စေသည်။ သေးငယ်သော အရေပြားထိခိုက်ပြတ်ရှမှုများသည်ပင် ပိုးမွှားများကို ကူးစက်ဝင်ရောက်စေနိုင်သည်။ အရေပြားပြဿနာများသည် အချို့သောကင်ဆာကုသမှုများ၏ ဘေးထွက်ဆိုးကျိုးများကြောင့် ဖြစ်နိုင်သည်။ ကလေး၏ အရေပြားသည် လူကြီးအရေပြားလောက် မဖွံဖြိုးသောကြောင့် အရေပြားကို ထိန်းသိမ်းကာကွယ်ရန် လိုအပ်မှုများသည် အသက်အရွယ်အလိုက် အလွန်ကွာခြားနိုင်သည်။

အနာနှင့် အရေပြားထိန်းသိမ်းမှုအကြောင်း ဆွေးနွေးပြောဆိုခြင်း 

ကင်ဆာကုသမှုခံယူနေစဉ်တွင် မိသားစုများအနေဖြင့် အနာနှင့် အရေပြားကို ထိန်းသိမ်းကာကွယ်ခြင်းအကြောင်းကို ဆွေးနွေးပြောဆိုရန် အရေးကြီးသည်။ သတိထား၍ စောင့်ကြည့်လေ့လာခြင်းနှင့် ပုံမှန်အရေပြားစစ်ဆေးမှုများသည် အရေးကြီးပြီး ကလေးငယ်များအနေဖြင့်လည်း ၎င်းတို့၏ အရေပြားကို သတိထားကြည့်ရှုပြီး ပြဿနာတစ်ခုဖြစ်သည့် လက္ခဏာတွေ့ပါက ထုတ်ဖော်ပြောဆိုရန် လိုအပ်သည်။ လူနာများအနေဖြင့် အနာနှင့် အရေပြားနှင့် ပတ်သက်သော ပြဿနာများကို ဖော်ထုတ်ပြောဆိုရန် မလွယ်ကူခြင်း သို့မဟုတ် ရှက်ရွံ့နေခြင်းတို့ကို ခံစားရနိုင်သည်။ ကလေးအများစု (အထူးသဖြင့် ဆယ်ကျော်သက်အရွယ်များ) သည် သူတို့၏ ပြင်းထန်သော မသက်သာမှုကို မခံစားရခင်အထိ ဖော်ထုတ် မပြောဆိုကြသည်ကို ပုံမှန်တွေ့ရတတ်သည်။ သူတို့သည် သူတို့၏ တချို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများကို စစ်ဆေးကြည့်ရှုခံရခြင်းမှ ရှောင်ကြဉ်ရန်ပင် ကြိုးစားတတ်ကြသည်။

အရေပြား ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် မည်သည့်အတွက်ကြောင့် ၎င်းသည် အရေးကြီးခြင်းများကို ဆွေးနွေးပြောဆိုခြင်းသည် ကလေးများအနေဖြင့် သူတို့၏အရေပြားကို ပိုမိုသတိထားစောင့်ရှောက်ရန် အထောက်အကူပြုသည်။ မိသားစုများ — လူနာများနှင့် လူနာစောင့်ရှောက်သူများ — သည် အနာများဖြစ်ပေါ်လက္ခဏာများကို သတိထားကြည့်ရှုပြီး ခန္ဓာကိုယ်တွင် မသက်သာမှု တစ်စုံတစ်ရာဖြစ်ပါက ဆေးကုသရေးအဖွဲ့ကို အသိပေးပါ။


ပြန်လည်သုံးသပ်ပြီး- ၂၀၁၈ ခုနှစ်၊ ဇွန်လ