ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ခရာနီယိုဖရန့်ဂီယိုမာ

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ဆိုတာ ဘာလဲ။

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်များသည် ဦးနှောက်အတွင်းတွင် ရှားရှားပါးပါးဖြစ်တတ်သည့် အကျိတ်များဖြစ်ပါသည်။ အသက် 5 နှစ်မှ 14 နှစ်ကြား ကလေးငယ်များတွင် အများဆုံးတွေ့ရှိရတတ်သည်။ ကလေးများတွင် ဖြစ်တတ်သော ဦးနှောက်အကျိတ်များ၏ 6% ခန့်သည် ၎င်းအကျိတ်များဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ကလေးတွင်ဖြစ်ပွားသည့် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ဖြစ်ပွားသည့် ဖြစ်စဉ်အသစ်သည် နှစ်စဉ် 100 မှ 200 ခန့်အထိရှိသည်။ ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ဝေဒနာရှင်များအတွက် 10-နှစ်အထိ အသက်ရှင်နိုင်ခြေမှာ 80% မှ 90% ခန့်အထိရှိသည်။

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်များကို ပုံမှန်အားဖြင့် အစိုင်အခဲ ဒြပ်ထု နှင့် အရည်များဖြင့် ပြည့်လျှမ်းနေသော အိတ်ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းတို့သည် ကင်ဆာမဟုတ်သော အကျိတ်များဖြစ်ပြီးနှေးကွေးစွာကြီးထွားကြကာ ဦးနှောက်၏အခြားအစိတ်အပိုင်းများသို့လည်း ပျံ့နှံ့ခဲသည်။ သို့သော်လည်း အကျိတ်သည် အရေးကြီးသော ကပ်လျက် ဦးနှောက်ဖွဲ့စည်းပုံများကိုပါ ထိခိုက်နိုင်ခြေရှိသည့်အတွက် အလွန်အန္တရာယ်များသည်။ ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်များသည် ပုံမှန်အားဖြင့် ပစ်ကျူထရီဂလင်း နှင့် ဟိုက်ပိုသဲလမတ်အနီးတွင် တည်လေ့ရှိသည်။ ထိုနေရာမျိုးတွင် တည်နေခြင်းကြောင့်လည်း အကျိတ်သည် အတွင်းထုတ်ဂလင်း လုပ်ဆောင်ချက်ကို ပျက်ယွင်းစေပါသည်။. အကျိတ်သည် အမြင်နဗ်ကြောနှင့် ကပ်နေပါက အမြင်အာရုံကိုထိခိုက်စေနိုင်သည်။

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် ကုသမှုတွင် ခွဲစိတ်ကုထုံးဓာတ်ရောင်ခြည်ကုထုံးသို့မဟုတ် ကုထုံးနှစ်မျိုးစလုံးပါဝင်နိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို အကန့်အသတ်ဖြင့် လျှော့ချပြီး အကျိတ်ကို ဘေးကင်းစွာဖယ်ထုတ်၍ရနိုင်သည့် ရွေးချယ်ထားသော ဖြစ်စဉ်များတွင် ခွဲစိတ်ကုထုံးတစ်မျိုးတည်းကိုပင် အသုံးပြုနိုင်သည်။ ယေဘုယျအားဖြင့် အမြင်လမ်းကြောင်းများအပေါ် ဖိသိပ်နေမှု သို့မဟုတ် အရည်များဖြင့် ပြည့်လျှမ်းနေသော (ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်) လမ်းကြောင်းများပိတ်ဆို့နေမှုကို လျှော့ချရန်အတွက် အကျိတ်၏တစ်စိတ်တစ်ဒေသကို ဖြတ်ထုတ်ရာတွင် ခွဲစိတ်ကုထုံးကို လိုအပ်နိုင်သည်။

ခွဲစိတ်မှုတွင် အကျိတ်၏အရည်အိတ်အတွင်းသို့ အရည်ထုတ်ပိုက်တစ်ခုအပြီးထည့်သွင်းခြင်းလည်း ပါဝင်နိုင်သည်။ အရည်ထုတ်ပိုက်ကို အရည်ထုတ်ပေးမည့် အရည်ထိန်းအိတ်နှင့် ဆက်ထားရပါသည်။ ခွဲထုတ်နိုင်သည့် အကျိတ်ပမာဏ သို့မဟုတ် ဖောက်ထုတ်နိုင်မည့် အရည်ပမာဏကို အကျိတ်တည်နေရာက ကန့်သတ်နိုင်သည်။

ခွဲစိတ်ပြီးနောက် ကျန်ရှိသည့် အကျိတ်အကြွင်းအကျန်ကို ဓာတ်ရောင်ခြည်ကုထုံးသုံးပြီး ကုသပါသည်။ ရွေးချယ်ထားသော ဖြစ်စဉ်များတွင် ဓာတ်ရောင်ခြည်တစ်မျိုးတည်းကိုသာ သုံး၍ရနိုင်သည်။

ဓာတ်ရောင်ခြည်ကုထုံးကို နည်းနည်းချင်းစီခွဲ၍ပေးသည်က များသည် သို့မဟုတ် တစ်ခါပေးတိုင်းတွင် အချိန်အဆနည်းနည်းချင်းစီ ခွဲပေးသည်။ လူနာအများစုသည် ကုထုံးများကို တနင်္လာမှ သောကြာအထိ၊ တစ်ပတ် 5 ရက်နှုန်းဖြင့် ခန့်မှန်းခြေ 6 ပတ် (တစ်လခွဲ) ခံယူရတတ်သည်။ ဓာတ်ရောင်ခြည်ကုထုံးကို တစ်ခါသုံးကုထုံးအဖြစ် ယူဆကြပါသည်။ ဓာတ်ရောင်ခြည်ကို နည်းနည်းချင်းစီခွဲပေးသည့် ကုထုံးပြီးဆုံးပြီးနောက်တွင် ကုထုံးပြန်ကျော့ခြင်းမျိုးက ရှားပါသည်။

ဓာတ်ရောင်ခြည်ကုထုံးခံယူပြီးမှ ရောဂါပိုတိုးလာသော လူနာများပါဝင်သည့် ထူးခြားဖြစ်စဉ်များတွင် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကို ကုသရန် ဓာတ်ရောင်ခြည်ကို တစ်ကြိမ်တည်းအပြီးပေးသည့် ကုထုံး (ဓာတ်ရောင်ခြည်နှင့် ခွဲစိတ်ကုထုံးတွဲဖက်ဖော်ဆောင်မှု) ကို သုံးနိုင်ပါသည်။ ဓာတ်ရောင်ခြည်နှင့် ခွဲစိတ်ကုထုံးတွဲဖက်ဖော်ဆောင်မှုတွင် ဓာတ်ရောင်ခြည်အချိန်အဆများများကို အကျိတ်ဖြစ်နေသော နေရာတစ်ခုတည်းပေါ်သို့ စုပြီးပေးပါသည်။

ဓာတ်ရောင်ခြည်ကုထုံးပုံစံသစ်တစ်မျိုးဖြစ်သည့် ပရိုတွန်ဓာတ်ရောင်ခြည်ကုထုံးသည် အစဉ်အဆက်သုံးခဲ့သည့် X-rays ဓာတ်ရောင်ခြည်ကုထုံးများထက်စာလျှင် ပိုအကျိုးရှိနိုင်ပါသည်။ သို့သော် ဤအမျိုးအစားကုထုံးကို လေ့လာဆဲဖြစ်သောကြောင့် ၎င်းကို ကျန်းမာရေးဌာနတိုင်းတွင် မရနိုင်ပါ။

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အကြောင်းအချက်များနှင့် အကြောင်းရင်းများ

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ရောဂါဖြစ်စေသော အကြောင်းရင်းကို မသိရှိရသေးပါ။ ဤအကျိတ်များနှင့် ဆက်စပ်နေသည့် မျိုးဗီဇပြောင်းလဲမှုများကို အသေးစိတ်လေ့လာနိုင်ရန် သုတေသနများကို လုပ်ဆောင်လျှက်ရှိပါသည်။ ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်များကို အသက် 5 နှစ်မှ 14 နှစ်ကြား ကလေးငယ်များတွင် အများဆုံးတွေ့ရှိရတတ်သည်။ ၎င်းအကျိတ်သည် အသက် 2 နှစ်အောက် ကလေးငယ်များတွင် ဖြစ်ခဲသည်။  

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်၏ ရောဂါလက္ခဏာများ

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်၏ ရောဂါလက္ခဏာများသည် အကျိတ်အရွယ်အစားနှင့် တည်နေရာအပေါ်တွင် အခြေခံပြီး ကွဲပြားပါသည်။ ၎င်းလက္ခဏာတို့တွင် ပါဝင်သည်များမှာ-

  • ဟော်မုန်းနှင့် အတွင်းထုတ်ဂလင်းလုပ်ဆောင်ချက်ပြောင်းလဲမှု။ ရလဒ်အနေဖြင့် ဖွံ့ဖြိုးမှုနှေးခြင်းနှင့် အရွယ်ရောက်ချိန်နောက်ကျခြင်းများကဲ့သို့သော ပြဿနာများကို ဖြစ်စေနိုင်ပါသည်။
  • အမြင်အာရုံပြောင်းလဲမှု
  • မနက်ပိုင်းတွင် ပိုဆိုးကာ အန်ပြီး ပြန်ကောင်းသွားတတ်သည့် ခေါင်းကိုက်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • ပျို့ခြင်းနှင့် အန်ခြင်း
  • စွမ်းအင်အတိုင်းအတာပြောင်းလဲလာခြင်း၊ မောပန်းလွယ်လာခြင်း
  • တွေးခေါ်သင်ယူလေ့လာမှုအပိုင်းတွင် ပြဿနာများရှိလာခြင်း
  • ကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်များပြောင်းလဲလာခြင်း
  • ရေအလွန်ဆာလာခြင်း သို့မဟုတ် ဆီးခဏခဏသွားခြင်း
  • သွေးပေါင်ချိန် ကျဆင်းခြင်း
  • ကိုယ်အလေးချိန်တက်လာခြင်း
  • စားချင်သောက်ချင်စိတ်များလာခြင်း သို့မဟုတ် အစားအသောက်ပျက်လာခြင်း

ကြီးထွားလာသော အကျိတ်သည် ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်၏ ပုံမှန်စီးဆင်းမှုကို ပိတ်ထားသလိုဖြစ်နေမည်။  ၎င်းသည် ဦးခေါင်းရေဝင်ခြင်းဟု သိကြသည့် ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်းကို ဖြစ်စေသည်။  အရည်များသည် ဦးနှောက်အရည်ကြည်ပြည့်နေသည့်အခန်းများကို ကျယ်သွားစေပြီး ဦးနှောက်အပေါ်သို့ ဖိအားများ (ခေါင်းခွံတွင်း ဖိအား) တိုးမြင့်စေသည်။  ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်၏လက္ခဏာအများစုသည် ဦးနှောက်တစ်ရှူးပေါ်သို့ ဖိအားများပိုမိုသက်ရောက်လာခြင်းကြောင့်ဖြစ်သည်။  

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အား ရှာဖွေဖော်ထုတ်ခြင်း

ဆရာဝန်များသည် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်နှင့် ၎င်း၏ဆိုးကျိုးများကို နည်းမျိုးစုံဖြင့် စမ်းသပ် ဖော်ထုတ်ကြသည်။ ဤစမ်းသပ်မှုများတွင် အောက်ပါအချက်များ ပါဝင်ပါသည်။

  • ကျန်းမာရေးမှတ်တမ်းနှင့် လူနာ၏ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းသည် ဆရာဝန်များအား ရောဂါလက္ခဏာများ၊ ယျေဘုယျ ကျန်းမာရေးအခြေအနေ၊ ယခင် ဖျားနာမှုနှင့် ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များကို လေ့လာရန် ကူညီပေးပါသည်။
  • သွေးနှင့် ဆီးထဲတွင် ပါဝင်သောအရာများကို သွေး၊ ဆီးနှင့် ဟော်မုန်း ပိုင်းဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပြီး ဆန်းစစ်လေ့လာပါသည်။

ဆရာဝန်များသည် ဆီးချိုကြောင့်ဖြစ်ခြင်းမဟုတ်သော ရေငတ်ဆီးလွန်ရောဂါ (ဒိုင်ရာဘီဒစ်စ် အင်ဆစ်ဗစ်ဒက်စ်) ရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် သွေးရည်ကြည်နှင့် ဆီးထဲတွင် ဆိုဒီယမ်ကဲ့သို့သော ဓာတ်ဆားပါဝင်မှုပမာဏ၊ ဓာတ်တစ်ခုစီ၏ ပြင်းအား (ဆီးထဲတွင် ပါဝင်သော ဓာတ်ပမာဏ) များကို စစ်ဆေးကြည့်ကြပါသည်။ ဆရာဝန်များသည် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်နှင့် မကြာခဏမှားတတ်သည့် မျိုးပွားဗီဇဆဲလ်အကျိတ် တည်ရှိနိုင်ခြေကို ဖယ်ထုတ်နိုင်ရန်အတွက် alpha-feto ပရိုတင်း (α-FP) နှင့် beta-human (သန္ဓေမြှေး ဂိုနာဒိုထရိုပင်ဟော်မုန်း β-hCG) သွေးရည်ကြည်ပမာဏများကို စစ်ဆေးကြည့်နိုင်ပါသည်။ မူမမှန်သည့် ဟော်မုန်းများကို စစ်ကြည့်ရန်အတွက် ကြီးထွားမှုဟော်မုန်း၊ သိုင်းရွိုက်ဟော်မုန်း၊ အဒရီနိုကော်တီကိုထရိုးပစ်ဟော်မုန်းနှင့် မျိုးပွားအင်္ဂါဟော်မုန်းလျော့နည်းနေမှု သို့မဟုတ် ပိုလျှံနေမှုများကိုပါ စစ်ဆေးသုံးသပ်ကြည့်နိုင်ပါသည်။

  • အာရုံကြောပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုသည် ဦးနှောက်၊ ကျောရိုးဆစ်တွင်း အာရုံကြောမကြီးနှင့် အာရုံကြောများ၏ လုပ်ဆောင်ချက်များကို ဆန်းစစ်လေ့လာပေးပါသည်။ ၎င်းစမ်းသပ်စစ်ဆေးမှုများသည် မှတ်ဉာဏ်၊ အမြင်၊ အကြား၊ ကြွက်သားအင်အား၊ ဟန်ချက်၊ ထိန်းညှိလုပ်ဆောင်နိုင်စွမ်းနှင့် တုံ့ပြန်မှုများပါဝင်သည့် လုပ်ဆောင်ချက်၏ အမျိုးမျိုးသော ရှုထောင့်များကို တိုင်းတာပေးပါသည်။
  • ကွန်ပျူတာ တိုမိုဂရပ်ဖီ (CT) နှင့် သံလိုက်စွမ်းအားဖြင့် ပုံရိပ်ဖော်၍ ရောဂါရှာဖွေခြင်း (MRI) များပါဝင်သည့် ပုံရိပ်ဖော်လေ့လာမှုများသည် ဦးနှောက်နှင့် ကျောရိုးဆစ်တွင်း အာရုံကြောမကြီး၏ အနုစိတ်ပုံရိပ်များကို ဖန်တီးပေးပါသည်။ ဆရာဝန်များသည် အကျိတ်အရွယ်အစားနှင့် တည်နေရာကိုကြည့်ခြင်းအားဖြင့် ဦးနှောက်၏မည်သည့်အပိုင်းများအား ထိခိုက်နိုင်သည်ကို ပိုမိုနားလည်တွက်ဆနိုင်သွားပါသည်။ ယေဘုယျအားဖြင့် ဦးနှောက်အကျိတ်များကို ကွက်ကွက်ကွင်းကွင်းရိုက်ပြပေးသည့် MRI ကို အသုံးပြုစေလိုပါသည်။
  • ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကို ရှာဖွေဖော်ထုတ်ရန် အသားစနမူနာထုတ်ယူစစ်ဆေးခြင်း နည်းကို သုံးနိုင်ပါသည်။ အသားစနမူနာထုတ်ယူစစ်ဆေးခြင်းတွင် အကျိတ်တစ်ရှူးနမူနာအပိုင်းအစကို အပ်ငယ်တစ်ချောင်းကိုသုံးပြီး ထုတ်ယူပါသည်။ အဆိုပါတစ်ရှူးနမူနာကို ရောဂါဗေဒပညာရှင်က အဏုကြည့်ကိရိယာဖြင့် စစ်ဆေးပြီး အကျိတ်၏ အမျိုးအစားကိုဖော်ထုတ်ပါသည်။ နောက်ထပ်ရွေးချယ်စရာအနေနှင့် အကျိတ်အရည်အိတ်ထဲမှ အရည်ကို စစ်ဆေးပြီးရောဂါရှာကြည့်နိုင်သည်။ ခွဲစိတ်မှုလုပ်၍မရပါက သို့မဟုတ် အသားစနမူနာထုတ်ယူစစ်ဆေးမှုသည် ပြည့်စုံခိုင်လုံမှုမရှိပါက အဆိုပါအကျိတ်ကို CT စကန်တွင် ပေါ်နေသည့် အကျိတ်အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် တည်နေရာဆိုင်ရာ ဝိသေသလက္ခဏာများအပြင် ထုံးအနည်ကွက်များ (ထုံးသားတက်ခြင်း) များဖြင့် ရှာဖွေဖော်ထုတ်နိုင်သည်။
ဝင်ရိုး CT က မြားထိုးဖော်ပြပေးနေသည့် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော  ဦးနှောက်အကျိတ်

ဝင်ရိုး CT က ဖော်ပြပေးနေသည့် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်

ဝင်ရိုး MRI က အရွယ်အစားအမှတ်အသားများနှင့်တစ်ကွ ဖော်ပြပေးနေသည့် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်

ဝင်ရိုး MRI က ဖော်ပြပေးနေသည့် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်

Sagittal MRI က အရွယ်အစားအမှတ်အသားများနှင့်တစ်ကွ ဖော်ပြပေးနေသည့် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်

Sagittal MRI က အရွယ်အစားအမှတ်အသားများနှင့်တစ်ကွ ဖော်ပြပေးနေသည့် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် ရောဂါကြိုတင်ခန့်မှန်းချက်

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် စံပြုထားသည့် အဆင့်ခွဲခြားခြင်း နည်းလမ်း မရှိသေးပါ။ အသစ်စတွေ့သည့် အကျိတ် သို့မဟုတ် ပြန်ပေါ်သော အကျိတ်အဖြစ်သာ ဖော်ပြတတ်ပါသည်။

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်များသည် ကင်ဆာမဟုတ်သော အကျိတ်များ ဖြစ်ပြီး ဦးနှောက်၏အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့ခြင်းမရှိသလောက်ပင်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် အတွင်းထုတ်ဂလင်းလုပ်ဆောင်ချက်တွင် ပြောင်းလဲစေခြင်းနှင့် အမြင်အာရုံကြောများကို ထိခိုက်စေနိုင်သည့် ပြင်းထန်သော ပြဿနာများကို ဖြစ်စေနိုင်ပါသည်။ အကျိတ်တည်နေရာကြောင့်လည်း ကုသရခဲယဉ်းနိုင်ပါသည်။

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ် ဝေဒနာရှင်များ၏ အသက်ရှင်နိုင်ခြေသည် ရောဂါရှာတွေ့ပြီးချိန်မှ စ၍ 10 နှစ်အထိ အသက်ရှင်ရန်ရာခိုင်နှုန်းသည် 80% မှ 90% အထိရှိပါသည်။ သို့သော် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် ကုသမှုများကို စီစဉ်ရာတွင် လူနာများ၏လူနေမှုဘဝအရည်အသွေးကို ထိန်းထားနိုင်စေရေးမှာလည်း အရေးတကြီးထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်ပါသည်။ ဓာတ်ရောင်ခြည်ကုထုံးခံယူပြီးနောက် ရောဂါအဆင့်တက်လာသော အကျိတ်များကို အရှင်းခွဲထုတ်နိုင်ခြင်းမရှိပါက ကုသပျောက်ကင်းရန် ခဲယဉ်းပါမည်။

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကုသမှု

ကုသမှုသည် အကျိတ်၏အရွယ်အစားနှင့် တည်နေရာ၊ ကလေး၏အသက်အရွယ်နှင့် အကျိတ်၏ ရောဂါသွင်ပြင်များအပေါ်တွင် မူတည်သည်။ ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် ကုသမှုများတွင် ခွဲစိတ်ကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများပါဝင်သည်။ ကီမိုဆေးသွင်းခြင်း ကုထုံးဖြင့် ထိရောက်ခြင်းမရှိပါ။ ဖြစ်စဉ်အများစုတွင် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကုသရန် ချဉ်းကပ်မည့် နည်းလမ်းသည် အသက်ရှင်ရန်ဆိုသည်ထက် လူနေမှုဘဝအရည်အသွေးကို ထိန်းထားနိုင်ရန်ကို ပိုအဓိကထားပြီး ဆုံးဖြတ်ရပါမည်။ လူနာများကို ကင်ဆာဓာတ် ရောင်ခြည်ပါရဂူ၊ အာရုံကြောခွဲစိတ်မှုပါရဂူ၊ အတွင်းထုတ်ဂလင်းကျွမ်းကျင်ပါရဂူ၊ အာရုံကြောပါရဂူနှင့် မျက်စိပါရဂူများပါဝင်သော အတွေ့အကြုံရှိသော ပါရဂူများအဖွဲ့နှင့် ပြသပြီး ကုသမှုခံယူသွားရန် အရေးကြီးပါသည်။ မိသားစုများအနေဖြင့် ဆုံးဖြတ်ချက်များကို ပိုင်ပိုင်နိုင်နိုင်ချနိုင်စေရန်အတွက် ကုသမှုတစ်ခုစီ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်များနှင့် အကျိုးကျေးဇူးများကို ဆရာဝန်များက ဆွေးနွေးထားပေးသင့်ပါသည်။

  1. ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် ခွဲစိတ်ကုထုံး သုံးနိုင်သည့် အတိုင်းအတာသည် အကျိတ်၏ အရွယ်အစားနှင့် တည်နေရာအပြင် ခွဲစိတ်မှုတွင် ကြုံလာနိုင်သည့် ပြဿနာများအပေါ်တွင် အခြေခံပါသည်။ အချို့သောဖြစ်စဉ်များတွင် အကျိတ်ကို ခွဲစိတ်ကုထုံးတစ်မျိုးတည်းနှင့်ပင် ရေရှည်ထိန်းထား၍ရသည်မျိုးလည်းရှိပါသည်။ သို့ရာတွင် အကျိတ်ကိုအရှင်းခွဲမထုတ်နိုင်ခြင်းမျိုးလည်း ရှိတတ်ပါသည်။ ထို့ပြင် အကျိတ်ကို ခွဲစိတ်ကုထုံးဖြင့် ဖယ်ထုတ်မှု (အရှင်းဖယ်ထုတ်မှု) တွင် ဦးနှောက်နှင့် အတွင်းထုတ်ဂလင်း၏ အရေးကြီးလုပ်ဆောင်ချက်များကို ထိခိုက်နိုင်သောကြောင့် ပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးများရှိတတ်ပါသည်။

    အကျိတ်ကိုအရှင်းဖယ်ထုတ်၍မရပါက အကန့်အသတ်ဖြင့် ဖယ်ထုတ်နိုင်အောင် ဆရာဝန်များက စီစဉ်ရပါသည်။ သို့သော်လည်း အကန့်အသတ်ဖြင့် ခွဲစိတ်မှု၏ မူလရည်မှန်းချက်မှာ ရောဂါလက္ခဏာများ သို့မဟုတ် ပြဿနာများကိုကုသရန်ဖြစ်သည်။ အကန့်အသတ်ဖြင့် ခွဲစိတ်မှုတွင် ခွဲစိတ်ဆရာဝန်သည် ရောဂါစစ်တမ်းကို အတည်ပြုခြင်း၊ အမြင်အာရုံကြောအပေါ် သက်ရောက်နေသည့် ဖိအားကို အကျိတ်အတွင်းရှိ အရည်အိတ် ထဲမှ အရည်ကိုဖောက်ထုတ်ပြီး လျော့စေခြင်းများကို အလေးထားလုပ်ဆောင်ရပါသည်။ အကန့်အသတ်ဖြင့် ခွဲစိတ်သည့် ကုထုံးပြီးလျှင် ဓာတ်ရောင်ခြည်ကုထုံးကို ဆက်လက်ဖော်ဆောင်ရစမြဲဖြစ်သည်။

    ဖြစ်စဉ်အများစုတွင် ခွဲစိတ်ဆရာဝန်သည် အကျိတ်အတွင်းရှိ အရည်အိတ်ထဲသို့ အရည်ထုတ်ပိုက် ကိုထည့်ပါသည်။ အရည်ထုတ်ပိုက်ဆိုသည်မှာ အရည်အိတ်ထဲမှ အရည်ကို ဖောက်ထုတ်ပေးသည့် သေးသွယ်သော ပြွန်ဖြစ်ပါသည်။ ၎င်းအရည်များကို ဖယ်ထုတ်ခြင်းသည် ရောဂါနှင့်ဆက်စပ်နေသည့် လက္ခဏာများကို လျော့ကျအောင် ထောက်ကူပေးပါသည်။ အရည်ထုတ်ပိုက်သည် ယာယီထည့်ရနိုင်သလို အမြဲလည်းထည့်ရနိုင်ပါသည်။

    ပိုက်ကို အကျိတ်ထဲအရောက်ထည့်နိုင်စေရန် မတူညီသည့် ခွဲစိတ်နည်းစနစ်များကို သုံးပါသည်။ ခွဲစိတ်ဆရာဝန်များသည် သပ်ရိုးဖောက်ထည့်သည့် သို့မဟုတ် ပြွန်ဖြင့် နှာခေါင်းမှတစ်ဆင့် ခွဲစိတ်သည့် နည်းလမ်းမှတစ်ဆင့် အကျိတ်သို့ လက်လှမ်းမီခွဲစိတ်နိုင်ကြသည်။ ၎င်းကို နှာခေါင်းလမ်းကြောင်းနှင့် နှာခေါင်းပေါက်နှင့် ဆက်သွယ်ထားသော ဦးခေါင်းခွံအတွင်း လေလမ်းကြောင်းများမှတစ်ဆင့် ဖြတ်သန်းပြီး အကျိတ်သို့ လက်လှမ်းမီခွဲစိတ်ကြပါသည်။ သို့မဟုတ်ပါက ခွဲစိတ်ဆရာဝန်များသည် ဦးခွံရိုးဖောက်ခြင်း သို့မဟုတ် ဦးခွံကို ခွဲစိတ်ကုထုံးဖြင့် ဖွင့်ယူခြင်းများကို လုပ်ဆောင်နိုင်ပါသည်။ ခွဲစိတ်မှုနည်းလမ်းသည် အကျိတ်တည်နေရာနှင့် ခွဲစိတ်ရခြင်းရည်ရွယ်ချက်များအပေါ် မူတည်ပါသည်။

      အားသာချက်များ အားနည်းချက်များ
    အရှင်းဖြတ်ထုတ်မှု
    ဓာတ်ရောင်ခြည်ကုထုံးနှင့်ဆက်စပ်နေသည့် နောက်ဆက်တွဲရှုပ်ထွေးမှုများကို ရှောင်ကြဉ်နိုင်ရန်
    လေဖြတ်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ ဆီးချိုကြောင့်ဖြစ်ခြင်းမဟုတ်သော ရေငတ်ဆီးလွန်ရောဂါ ဒိုင်ရာဗစ်ဒစ်စ် အင်ဆစ်ဗစ်ဒက်စ်၊ ဟော်မုန်းလျော့ကျခြင်းများနှင့် ဦးနှောက်တွင် ဒဏ်ဖြစ်ခြင်းအပါအဝင် ပြင်းထန်သည့် ဒဏ်ရာ၊ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်း၊ ဆီးချိုကြောင့် ဖြစ်ခြင်းမဟုတ်သော ရေငတ်ဆီးလွန်ရောဂါ ဒိုင်ရာဗစ်ဒစ်စ် အင်ဆစ်ဗစ်ဒက်စ်၊ ဟော်မုန်းလျော့ကျခြင်းများနှင့် ရောဂါအခံကြောင့် အဝလွန်ခြင်းများအပါအဝင် ရေရှည်ဆိုးကျိုးများ
    ကန့်သတ်ခွဲစိတ်ကုထုံး + ဓာတ်ရောင်ခြည်
    ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်းနည်းသည်။
    သိမြင်မှုဆိုင်ရာ အကျိုးသက်ရောက်မှုများ၊ ဟော်မုန်းလျော့ကျခြင်းများ၊ အကြားအာရုံဆုံးရှုံးခြင်းများအပြင် လေဖြတ်ခြင်း၊ ဆဲလ်သေခြင်း၊ ဆင့်ပွားအကျိတ်များပေါ်လာခြင်း (ကင်ဆာမဟုတ်သော အကျိတ်နှင့် ကင်ဆာအကျိတ်) များပါဝင်သည့် သွေးကြောဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ
  2. အကန့်အသတ်ဖြင့် ခွဲစိတ်မှုကို လုပ်ဆောင်ရပါက ၎င်းကုထုံးနှင့်အတူဓာတ်ရောင်ခြည်ကုထုံး ကိုပါ သုံးသည်။ အသုံးပြုမည့် ဓာတ်ရောင်ခြည်ကုထုံးအမျိုးအစားသည် အကျိတ်တည်နေရာအပေါ်တွင် မူတည်သည်။ ဓာတ်ရောင်ခြည်ကုထုံးကိုသုံးမည်ဆိုပါက ကလေး၏အသက်အရွယ်ကိုထည့်သွင်းစဉ်းစားရန် အရေးကြီးသည်။ ပြန်ပေါ်သည့် ကင်ဆာဖြစ်ပါက အရှင်းဖြတ်ထုတ်ထားသည်ဟု ယူဆရသည့် ယခင်ခွဲစိတ်မှုကို လုပ်ဆောင်ပြီးနောက်ပိုင်းတွင် ဓာတ်ရောင်ခြည်ကုထုံးကိုပါသုံးသည်။

    ဓာတ်ရောင်ခြည်ကုထုံးကို နည်းနည်းချင်းစီခွဲ၍ပေးသည်က များသည်သို့မဟုတ် တစ်ကြိမ်လျှင် အချိန်အဆနည်းနည်းချင်းစီ ခွဲပေးသည်။ လူနာအများစုသည် ကုထုံးများကို တနင်္လာမှ သောကြာအထိ၊ တစ်ပတ် 5 ရက်နှုန်းဖြင့် ခန့်မှန်းခြေ 6 ပတ် (တစ်လခွဲ) ခံယူရတတ်သည်။ ဓာတ်ရောင်ခြည်ကုထုံးကို တစ်ခါသုံးကုထုံးအဖြစ် ယူဆကြပါသည်။ ဓာတ်ရောင်ခြည်ကို နည်းနည်းချင်းစီခွဲပေးသည့် ကုထုံးပြီးဆုံးပြီးနောက်တွင် ကုထုံးပြန်ကျော့ခြင်းမျိုးက ရှားပါသည်။

    ဓာတ်ရောင်ခြည်ကုထုံးခံယူပြီးမှ ရောဂါပိုတိုးလာသော လူနာများပါဝင်သည့် ထူးခြားဖြစ်စဉ်များတွင် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကို ကုသရန် ဓာတ်ရောင်ခြည်ကို တစ်ကြိမ်တည်းအပြီးပေးသည့် ကုထုံး (ဓာတ်ရောင်ခြည်နှင့် ခွဲစိတ်ကုထုံးတွဲဖက်ဖော်ဆောင်မှု) ကို သုံးနိုင်ပါသည်။ ဓာတ်ရောင်ခြည်နှင့် ခွဲစိတ်ကုထုံးတွဲဖက်ဖော်ဆောင်မှုတွင် ဓာတ်ရောင်ခြည်အချိန်အဆများများကို အကျိတ်ဖြစ်နေသော နေရာတစ်ခုတည်းပေါ်သို့ စုပြီးပေးပါသည်။ 

    ဓာတ်ရောင်ခြည်ကုထုံးပုံစံသစ်တစ်မျိုးဖြစ်သည့် ပရိုတွန်ဓာတ်ရောင်ခြည်ကုထုံ၊ X-rays ကိုအသုံးပြုပြီး အစဉ်အဆက်သုံးခဲ့သည့် ဓာတ်ရောင်ခြည်ကုထုံးများထက်စာလျှင် ပိုအကျိုးရှိနိုင်ပါသည်။ သို့သော် ဤအမျိုးအစားကုထုံးကို လေ့လာဆဲဖြစ်သောကြောင့် ၎င်းကို ကျန်းမာရေးဌာနတိုင်းတွင် မရနိုင်ပါ။

    ခွဲစိတ်မှုကို အကန့်အသတ်ဖြင့် လုပ်ဆောင်ရပါက ခွဲစိတ်ကုထုံးအပြင် ဓာတ်ရောင်ခြည်ကုထုံးကိုပါ တွဲသုံးသည်။ ဤကုထုံးသည် ဓာတ်ရောင်ခြည် ဖြာကျမှုများ၊ X-rays ရောင်ခြည် သို့မဟုတ် ပရိုတွန်များကို သုံးပြီး ကင်ဆာဆဲလ်များကျုံ့သွားစေသည် သို့မဟုတ် သေသွားစေသည်။ ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာဆဲလ်များအတွင်းရှိ DNA ကို ဖျက်ဆီးခြင်းအားဖြင့် အလုပ်လုပ်ပါသည်။

    ခွဲစိတ်မှုကို အကန့်အသတ်ဖြင့် လုပ်ဆောင်ရပါက ခွဲစိတ်ကုထုံးအပြင် ဓာတ်ရောင်ခြည်ကုထုံးကိုပါ တွဲသုံးသည်။ ဤကုထုံးသည် ဓာတ်ရောင်ခြည် ဖြာကျမှုများ၊ X-rays ရောင်ခြည် သို့မဟုတ် ပရိုတွန်များကို သုံးပြီး ကင်ဆာဆဲလ်များကျုံ့သွားစေသည် သို့မဟုတ် သေသွားစေသည်။ ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာဆဲလ်များအတွင်းရှိ DNA ကို ဖျက်ဆီးခြင်းအားဖြင့် အလုပ်လုပ်ပါသည်။

  3. ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကို ကုသရာတွင်ကီမိုဆေးသွင်းခြင်း ကုထုံးကို သုံးခဲသည်။  

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ဖြစ်ပွားပြီး နောက်ပိုင်းဘဝ

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကုသပျောက်ကင်းသူအများစုသည် အကျိတ် သို့မဟုတ် အကျိတ်ကုထုံးကြောင့် လူနေမှုဘဝအရည်အသွေးကို ထိခိုက်စေသည့် နောက်ဆက်တွဲရှုပ်ထွေးမှုများဖြင့် အသက်ရှင်သွားရတတ်ပါသည်။

အဆိုပါပြဿနာများမှာ−

  • ပစ်ကျူထရီဂလင်းနှင့် ဟိုက်ပိုသဲလမတ်ဂလင်းများထိခိုက်သွားမှုနှင့်ဆက်နွယ်သော အတွင်းထုတ်ဂလင်းကောင်းကောင်းအလုပ်မလုပ်တော့ခြင်း
  • အမြင်အာရုံဆုံးရှုံးခြင်း
  • သိမှုဆိုင်ရာ ပြဿနာများ
  • စိတ်ခံစားမှုဆိုင်ရာ ပြဿနာများ
  • ဇီဝဓာတုမူမမှန်သည့် ရောဂါလက္ခဏာစု
  • သွေးကြောဖောင်းခြင်းနှင့် လေဖြတ်ခြင်းတို့ကဲ့သို့သော သွေးကြောအခြေအနေများ

ဟော်မုန်းများစွာနှင့် အခြားဂလင်းများအား ထိန်းချုပ်မှုကိုပါ တာဝန်ယူရသော ပစ်ကျူထရီဂလင်းကို မာစတာပစ်ကျူထရီဂလင်းဟုခေါ်သည်။ ပစ်ကျူထရီဂလင်းလုပ်ဆောင်ချက်မူမမှန်မှု သည် ပြဿနာပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်ပါသည်။ ၎င်းပြဿနာများတွင် အဝလွန်ခြင်း၊ အဆီ ပါဝင်မှုရလဒ်မကောင်းခြင်း ၊ အရိုးတွင်းသတ္ထုသိပ်သည်းဆလျော့ခြင်းနှင့် မျိုးအောင်မှုလျော့ခြင်းတို့ ပါဝင်နိုင်သည်။ ၎င်းပြဿနာများသည် ဟော်မုန်းအစားထိုးဆေးများကို သုံးနေရသည့် လူနာများတွင်ပင် ပေါ်လာနိုင်သည်။

ဟိုက်ပိုသဲလမတ်ကို ထိခိုက်ခြင်းကြောင့် လူနေမှုဘဝအရည်အသွေးကို ထိခိုက်စေသည့်ဟော်မုန်းပြောင်းလဲမှုများဖြစ်တတ်ပါသည်။ ၎င်းပြဿနာများတွင် အစာစားချင်စိတ်များခြင်း၊ ရောဂါအခံကြောင့် အဝလွန်ခြင်းနှင့် အပြုအမူနှင့် စိတ်ခံစားမှုများပြောင်းလဲလာခြင်းများပါဝင်သည်။ 

ကိုယ်တွင်းဓာတုဖြစ်ပျက်မှုဆိုင်ရာ ရောဂါလက္ခဏာစု သည် ကလေးဘဝတွင်ဖြစ်သော ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ကုသပျောက်ကင်းသူများ၏ လူနေမှုဘဝအရည်အသွေးနှင့် အသက်ရှည်မှုကို ထိခိုက်စေသည့် အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပါသည်။ ၎င်းရောဂါလက္ခဏာစုတွင် အဝလွန်ခြင်း၊ ထရိုင်ဂလစ်ဆရိုက်ဒ်ပမာဏမြင့်မားခြင်း၊ HDL (အကျိုးပြု ကိုလက်စထရော) ပမာဏနည်းနေခြင်း၊ သွေးပေါင်ချိန်တက်နေခြင်းနှင့် သွေးတွင်းသကြားဓာတ်များနေခြင်းများပါဝင်သည့် အခြေအနေစုများဖြစ်သည်။ ကိုယ်တွင်းဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါလက္ခဏာစုသည် နှလုံးရောဂါများ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါများနှင့် ဆက်စပ်နေသည်။ 

ခွဲစိတ်ကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများအပါအဝင် ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်အတွက် ကုသမှုများသည် လူတစ်ယောက်၏ ဦးနှောက်သွေးကြောဆိုင်ရာ ပြဿနာများပေါ်လာနိုင်သည့် အန္တရာယ်ကို မြင့်တက်စေနိုင်ပါသည်။ ၎င်းသည် သွေးကြောဖောင်းခြင်းနှင့် လေဖြတ်ခြင်းများကိုလည်း ဦးတည်စေနိုင်သည်။ လူနာများတွင် ရုတ်တရက်တက်ခြင်းများနှင့် သိမှုချို့ယွင်းခြင်းဆိုင်ရာ ပြဿနာများပေါ်လာနိုင်သည့် အန္တရာယ်ရှိပါသည်။

ပီကျူထရီသန္ဓေသားကလာပ်စည်းမှဖြစ်လာသော ဦးနှောက်အကျိတ်ရှိနေသည့် ကလေးများသည် ရောဂါတိုးတက်မှုကို စောင့်ကြည့်စစ်ဆေးရန်၊ ဟော်မုန်းပမာဏနှင့် လုပ်ဆောင်ချက်များကို လေ့လာသုံးသပ်ရန်၊ ရောဂါ နှင့်/သို့မဟုတ် ကုသမှုများနှင့် ဆက်စပ်နေသည့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် ပညာရပ်နယ်ပယ်အသီးသီးမှ ပညာရှင်များပါဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွင် ပုံမှန်ပြသွားရန်လိုပါသည်။

ကုသမှုခံယူနေစဉ်ကာလနှင့် ဆက်လက်ရှင်သန်သူဘဝအတွင်းတွင် စိတ်ဆက်ဆံရေးအထောက်အကူပေးမှုသည် လူနာများအတွက် အကျိုးရှိနိုင်ပါသည်။ စိတ်ကျန်းမာရေးဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်များ၊ လူမှုဝန်ထမ်းများနှင့် အခြားသောပညာရပ်နယ်ပယ်အသီးသီးကို ကိုယ်စားပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်များသည် လူမှုနယ်ပယ်တွင် အထီးကျန်မှု နှင့် စိတ်ဓာတ်ကျမှုများဖြစ်နိုင်သည့် အန္တရာယ်အပါအဝင် အလေးထားရမည့် ကိစ္စများနှင့် လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိရာတွင်နှင့် ရင်ဆိုင်ဖြေရှင်းရာတွင်ထောက်ကူပေးနိုင်ပါသည်။

အခြားဆက်လက်လေ့လာရန်− ဦးနှောက်အကျိတ်များဖြစ်ပြီး နောက်ပိုင်းဘဝ

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018