အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အမြင်အာရုံကြောလမ်းကြောင်းပေါ်ရှိအကျိတ်

အခြားအမည်များ/မျိုးကွဲများ− အမြင်အာရုံကြောအကျိတ်၊ မျက်စိနဗ်ကြောနှစ်ခုကန့်လန့်ဖြတ်နေရာ မျှင်ထူတစ်ရှူးမြင်း၊ အမြင်နဗ်ကြော မျှင်ထူတစ်ရှူးမြင်း

အလင်းလမ်းကြောင်းအကျိတ်ဆိုတာ ဘာလဲ။

အလင်းလမ်းကြောင်းအကျိတ်ဆိုသည်မှာ မျှင်ထူတစ်ရှူးမြင်းအမျိုးအစားတစ်မျိုးဖြစ်ပြီး အာရုံကြောဆဲလ်များကို ဝန်းရံထောက်မပေးနေသည့် ကွန်ရက်ဆဲလ်များ မှ ကြီးထွားလာခြင်းဖြစ်သည်။ ကလေးများတွင် ဖြစ်တတ်သော အလင်းလမ်းကြောင်းအကျိတ်များသည် အမြဲလိုလိုပင် အဆင့်နိမ့်သည့် အကျိတ်များဖြစ်သည်။ ၎င်းတို့သည် အမြင်အာရုံကြော၊ အမြင်လမ်းကြောင်း နှင့်/သို့မဟုတ် မျက်စိနဗ်ကြောနှစ်ခု ကြက်ခြေကူးနေရာများပါဝင်သည့် စက္ခုအဖွဲ့အစည်းတလျှောက် ကြီးထွားကြသည်။

အကျိတ်ကြီးထွားလာသည်နှင့်အမျှ စက္ခုအဖွဲ့အစည်းဖွဲ့စည်းတည်ဆောက်ပုံများအပေါ် ဖိအားပေးသလိုဖြစ်ပြီး အမြင်အာရုံဆိုင်ရာ ပြဿနာများပေါ်လာနိုင်သည်။ အလင်းလမ်းကြောင်းအကျိတ်များသည် ပစ်ကျူထရီဂလင်း နှင့် ဟိုင်ပိုသဲလမတ်တဝိုက်တွင် ဖြစ်ပေါ်နိုင်ပါသည်။ အကျိတ်၏တည်နေရာအပေါ်မူတည်၍ အတွင်းထုတ်ဂလင်း လုပ်ဆောင်ချက်နှင့် ဟော်မုန်း ထုတ်လုပ်မှုကို ထိခိုက်စေနိုင်သည်။

ကလေးများတွင် ဖြစ်တတ်သည့် အလင်းလမ်းကြောင်းအကျိတ်သည် အမြင်အာရုံကြော၊ အမြင်လမ်းကြောင်း နှင့်/သို့မဟုတ် မျက်စိနဗ်ကြောနှစ်ခုကြက်ခြေကူးနေရာများပါဝင်သည့် စက္ခုအဖွဲ့အစည်းတလျှောက် ကြီးထွားကြသည်။

ကလေးများတွင် ဖြစ်တတ်သည့် အလင်းလမ်းကြောင်းအကျိတ်သည် အမြင်အာရုံကြော၊ အမြင်လမ်းကြောင်း နှင့်/သို့မဟုတ် မျက်စိနဗ်ကြောနှစ်ခုကြက်ခြေကူးနေရာများပါဝင်သည့် စက္ခုအဖွဲ့အစည်းတလျှောက် ကြီးထွားကြသည်။

အလင်းလမ်းကြောင်းအကျိတ်များသည် ကလေးများတွင် ဖြစ်တတ်သည့် ဗဟိုနဗ်ကြောအဖွဲ့အစည်း (CNS) အကျိတ်များ၏ ၅% ရှိသည်။ ငယ်ရွယ်သော ကလေးများနှင့် နဗ်ကြောမျှင်ထူမြင်း ပွားခြင်း အမျိုးအစား ၁ (NF1) ရှိနေသည့် ကလေးများတွင် အများဆုံးဖြစ်ကြသည်။

အလင်းလမ်းကြောင်းအကျိတ်အတွက် ကုထုံးသည် အသက်အရွယ်၊ အမြင်အာရုံ၊ NF1 အဆင့်အခြေနှင့် အကျိတ်တည်နေရာအပေါ်တွင် မူတည်သည်။ အလင်းလမ်းကြောင်းအကျိတ်များကို ကုသရန်ခွဲစိတ်ကုထုံးကီမိုဆေးသွင်းကုထုံး၊ နှင့်/သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံး များကို အသုံးပြုနိုင်သည်။ သို့ရာတွင် အမြင်နှင့်အတွင်းထုတ်ဂလင်းလုပ်ဆောင်ချက်များကို ထိခိုက်နိုင်သည့် အလားအလာရှိသောကြောင့် ကုထုံးသည် ရှုပ်ထွေးသည်။ ရောဂါအဆင့်တက်ပုံကို သိရရန်အတွက် အချို့သောလူနာများစောင့်ကြည့်လေ့လာရခြင်းမျိုးလည်းရှိနိုင်သည်။

အလင်းလမ်းကြောင်းအကျိတ်၏ ရောဂါလက္ခဏာများ

အလင်းလမ်းကြောင်းအကျိတ်၏ ရောဂါလက္ခဏာများသည်အောက်ပါတို့အပါအဝင် အချက်တော်တော်များများအပေါ် မူတည်သည်−

  • ကလေး၏အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်
  • အကျိတ် အရွယ်အစား
  • အကျိတ်၏တည်နေရာ

အလင်းလမ်းကြောင်းအကျိတ်ရောဂါလက္ခဏာများတွင် အောက်ပါတို့ပါဝင်နိုင်သည်−

  • အမြင်အာရုံနှင့် မျက်စိပြဿနာများ−
    • အမြင်အာရုံဆုံးရှုံးခြင်း
    • အရောင်မြင်နိုင်စွမ်းလျော့ကျလာခြင်း
    • မျက်စိ ဖောင်းလာခြင်း သို့မဟုတ် ရှေ့သို့စူထွက်လာခြင်း (မျက်လုံးစူထွက်ခြင်း) 
    • မျက်စိထောင့်ကပ်ခြင်း (မျက်စိစွေခြင်း)
    • မျက်စိသူငယ်အိမ် ရောင်ခြင်း သို့မဟုတ် သိမ်သွားခြင်း
    • အမြင်တစ်ဆုံးကြည့်နိုင်စွမ်းလျော့ကျလာခြင်း
  • ခေါင်းစောင်းခြင်း
  • မျက်စိလှုပ်ရှားမှု ပုံမှန်မဟုတ်တော့ခြင်း
  • ဟော်မုန်းမညီမျှမှုကြောင့် စားချင်စိတ်၊ ကိုယ်အလေးချိန်၊ အိပ်စက်ခြင်း၊ ကြီးထွားမှုပိုင်းတွင် ပြောင်းလဲခြင်း သို့မဟုတ် အတွင်းထုတ်ဂလင်းနှင့်ဆိုင်သော အခြားပြဿနာများရှိလာခြင်း

ရောဂါရှာဖွေဖော်ထုတ်မှု၊ စမ်းသပ်စစ်ဆေးမှုနှင့် လုပ်ငန်းစဥ်များ

ဆရာဝန်များသည် အလင်းလမ်းကြောင်းအကျိတ်ကို နည်းပေါင်းစုံဖြင့် စစ်ဆေးဆန်းစစ်ကြသည်။ 

  • ကျန်းမာရေးမှတ်တမ်းနှင့် လူနာ၏ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းသည် ရောဂါလက္ခဏာများ၊ အထွေထွေကျန်းမာရေးအခြေအနေ၊ ယခင်က နာမကျန်းဖြစ်မှု၊ မိသားစု ရောဂါရာဇဝင်၊ ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသော အချက်များနှင့် စပ်လျဥ်းပြီး ပိုမိုလေ့လာနိုင်စေရန် ဆရာဝန်များအား ထောက်ကူပေးပါသည်။ အချို့သော အကျိတ်များတည်နိုင်သည့် အန္တရာယ်ကို မြင့်တက်စေသည့် မျိုးရိုးလိုက်သော အခြေအနေများရှိမရှိသိရရန်မျိုးဗီဇ စမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်ကြည့်နိုင်ပါသည်။ သွေးနှင့်ဆီးထဲရှိ ဓာတ်များကို သွေးတွင်းဓာတုပစ္စည်းလေ့လာမှုများနှင့် ဟော်မုန်းလေ့လာမှုများကို အသုံးပြုပြီး စစ်ဆေးပါသည်။
    • အလင်းလမ်းကြောင်းအကျိတ်များသည် ၁၀ နှစ်အောက် ကလေးများတွင် အဖြစ်များပါသည်။ မျိုးရိုးလိုက်သည့် နဗ်ကြောမျှင်ထူမြင်း ပွားခြင်း အမျိုးအစား ၁ (NF1) ရှိနေသည့် အခြေအနေသည် ဤအကျိတ်များတည်နိုင်သည့် အန္တရာယ်ကို မြင့်တက်စေပါသည်။ NF1 ဝေဒနာရှင် ကလေးများ၏ ၁၅%−၂၀%ခန့်သည် အလင်းလမ်းကြောင်းအကျိတ်များတည်လာတတ်ပါသည်။
  • အကျိတ်သည် ပစ်ကျူထရီဂလင်းနှင့် ကပ်နေပါက အတွင်းထုတ်ဂလင်းလုပ်ဆောင်ချက်ကို ဘက်စုံစစ်ဆေးကြည့်ရပါမည်။
  • အာရုံကြောပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုသည် မှတ်ဉာဏ်၊ အမြင်အာရုံ၊ အကြားအာရုံ၊ ကြွက်သားအင်အား၊ ဟန်ချက်၊ ထိန်းညှိလုပ်ဆောင်နိုင်စွမ်းနှင့် တုံ့ပြန်မှုများပါဝင်သည့် ဦးနှောက်လုပ်ဆောင်ချက်၏အမျိုးမျိုးသော လုပ်ဆောင်ချက်ရှုထောင့်အမျိုးမျိုးများကို တိုင်းတာပေးပါသည်။
  • မျက်လုံးဖွဲ့စည်းပုံ ဆန်းစစ်မှု၊ အမြင်အာရုံကြည်လင်ပြတ်သားမှု၊ မြင်နိုင်စွမ်းအကွာအဝေးနှင့် အရောင်သိမှုများပါဝင်သည့် အမြင်အာရုံဆိုင်ရာ လုပ်ဆောင်ချက်ကို မတူညီသည့် ရှုထောင့်အစုံမှ ဆန်းစစ်လေ့လာအကဲဖြတ်ရန် ဘက်စုံမျက်စိစစ်ဆေးမှုကို သုံးပါသည်။
  • ပုံရိပ်ဖော်စမ်းသပ်စစ်ဆေးမှုများကို အကျိတ်ကိုရှာဖွေဖော်ထုတ်နိုင်ရန်၊ အကျိတ်အရွယ်အစားကိုကြည့်ရန်နှင့် အဆိုပါအကျိတ်ကြောင့် ထိခိုက်သည့် ဦးနှောက်အစိတ်အပိုင်းများကို သိရှိရန်အတွက် အထောက်အကူအဖြစ်သုံးပါသည်။ 
    • သံလိုက်ဓာတ်သုံး ပုံဖော်နည်း(အမ်အာအိုင်) ဟာ ခန္ဓာကိုယ်အသေးစိတ်ဓာတ်ပုံများရိုက်ဖို့ ရေဒီယိုလှိုင်းများနဲ့ သံလိုက်များကို သုံးတာဖြစ်ပါတယ်။ အမ်အာအိုင်က ပြုလုပ်တဲ့ပုံရိပ်တွေဟာ အကျိတ်ရဲ့အမျိုးအစား၊ ရောဂါရဲ့ပျံ့နှံ့နိုင်ခြေနဲ့ပတ်သက်လို့ အချက်အလက် ပိုပေးနိုင်ပါတယ်။ ဤနည်းသည် အလင်းလမ်းကြောင်း မျှင်ထူတစ်ရှူးမြင်းကို ဆန်းစစ်လေ့လာအကဲဖြတ်ရန် အဓိကထားသုံးသည့် နည်းဖြစ်ပါသည်။
    • ကွန်ပျူတာ တိုမိုဂရပ်ဖီ (CT scan) သည် ခန္ဓာကိုယ်တွင်းရှိ အင်္ဂါနှင့် တစ်ရှူးများ၏ ဖြတ်ပိုင်းပုံရိပ်များကို ဖန်တီးရန် ဓာတ်မှန်များကို အသုံးပြုပါသည်။ ထိုစက်သည် အလွန်အသေးစိတ်သည့် ပုံကို ရရှိရန် ပုံရိပ်များစွာကို ရိုက်ယူပါသည်။ ထိုပုံရိပ်များကို ခန္ဓာကိုယ်၏ အပိုင်းများအတွက် အတွဲလိုက်အဖြစ် ရိုက်ယူပြီး ကွန်ပျူတာတွင် သိမ်းထားပါသည်။
  • ပုံရိပ်ဖော်ခြင်း၊ ကျန်းမာရေးမှတ်တမ်းများနှင့် ရောဂါရှာ၍မရသောအခါမျိုးတွင် အလင်းလမ်းကြောင်းအကျိတ်ကို ရှာဖွေဖော်ထုတ်ရန် အသားစထုတ်ယူစစ်ဆေးခြင်း ကို သုံးလေ့ရှိပါသည်။ ဓာတ်ခွဲစစ်ဆေးမှုမှာ အကျိတ်နမူနာအသေးလေးကို ခွဲစိတ်မှုအတွင်း ဖယ်ရှားတာဖြစ်ပါတယ်။ အဆိုပါတစ်ရှူးနမူနာကို ရောဂါဗေဒပညာရှင်က အဏုကြည့်ကိရိယာဖြင့် စစ်ဆေးပြီး အကျိတ်အမျိုးအစားနှင့် အဆင့်ကိုဖော်ထုတ်ပါသည်။

အလင်းလမ်းကြောင်းအကျိတ်များအား အဆင့်ခွဲခြားသတ်မှတ်ခြင်း

အလင်းလမ်းကြောင်းအကျိတ်များကို အဏုကြည့်ကိရိယာဖြင့် မြင်ရသော ပုံစံကိုကြည့်ပြီး အုပ်စုခွဲသည်။ အကျိတ်ဆဲလ်များ မူမမှန်သည့် ပုံ ပိုပေါ်လေလေ၊ ရောဂါအဆင့်မြင့်သွားလေလေဖြစ်သည်။ ကလေးများတွင် ဖြစ်တတ်သည့် အလင်းလမ်းကြောင်းအကျိတ်အများစုသည် အဆင့်နိမ့်သည်။ ဆဲလ်များမှာလည်း ပုံမှန်ဆဲလ်များနှင့်သိပ်ခြားနားခြင်းမရှိသည့်အပြင် ကြီးထွားနှုန်းနှေးသည်။ CNS ၏ အခြားအပိုင်းများသို့ ပျံ့နိုင်သည့် အလားအလာနည်းသည်။

ကလေးများတွင် အဆင့်မြင့် အလင်းလမ်းကြောင်းအကျိတ်ဖြစ်ခြင်းမျိုးရှားသည်။ ဤအကျိတ်များသည် ပို၍အင်တိုက်အားတိုက်ရှိပြီး လျင်မြန်စွာ ကြီးထွားကာ ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးတလျှောက် ပျံ့နှံ့သွားတတ်သည်။

အလင်းလမ်းကြောင်းအကျိတ်အတွက် ရောဂါကြိုတင်ခန့်မှန်းချက်

ကလေးများတွင် ဖြစ်တတ်သည့် အလင်းလမ်းကြောင်းအကျိတ် ဝေဒနာရှင်များ၏ ရေရှည်အသက်ရှင်နှုန်းမှာ မြင့်သည် (90% အထက်ရှိသည်)။ NF1 ဝေဒနာရှင် ကလေးများတွင် အကျိတ်များသည် ကြီးထွားနှုန်းနှေးသောကြောင့် အန္တရာယ်ရှိမရှိကို စောင့်ကြည့်လေ့လာခြင်းပြုနိုင်သည်။ အသက်ရှင်နှုန်းမြင့်စေကာမူ ဤအကျိတ်များအတွက် ကုထုံးနှင့် စီမံခန့်ခွဲမှုသည် ရှုပ်ထွေးသည်။ အလင်းလမ်းကြောင်း မျှင်ထူတစ်ရှူးမြင်းဖြစ်ပြီး ပြန်ကောင်းလာသူများတွင် အမြင်ပြဿနာ အဖြစ်များသည်။ အကျိတ်တည်နေရာအပေါ်မူတည်၍ အတွင်းထုတ်ဂလင်းလုပ်ဆောင်ချက်ကိုလည်း ထိခိုက်နေနိုင်သည်။ ကုသမှုနှင့် လူနေမှုဘဝအရည်အသွေးကို ဟန်ချက်ညီအောင် ထိန်းပေးနိုင်သည့် ကုထုံးများကို စီစဥ်ရန်အတွက် ဘက်စုံကျန်းမာရေးပြုစုစောင့်ရှောက်မှုအဖွဲ့ရှိရန် လိုအပ်သည်။

ရောဂါအခြေအနေတိုးတက်မှုကို လွှမ်းမိုးသည့် အချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်။

  • ရောဂါစစ်တမ်းထုတ်ချိန် ကလေး၏အသက်အရွယ်
  • အကျိတ်အမျိုးအစားနှင့် အဆင့်
  • ကင်ဆာအကျိတ်သည် မူလနေရာတွင်သာရှိမရှိ သို့မဟုတ် ဦးနှောက်၏အခြားနေရာများသို့ ပျံ့သွားခြင်းရှိမရှိ
  • ခွဲစိတ်မှုက အကျိတ်ကိုလုံးဝဖယ်ရှားနိုင်ခြင်းရှိမရှိ
  • NF1 ကဲ့သို့ ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ကို မြင့်တက်စေနိုင်သည့် မျိုးရိုးလိုက်သော အခြေအနေရှိခြင်း
  • ကင်ဆာအသစ်ဖြစ်ခြင်း သို့မဟုတ် ပြန်ပေါ်သည့် (ပြန်ဖြစ်သည့်) ကင်ဆာဖြစ်ခြင်း

စောစီးစွာ ရောဂါရှာဖွေဖော်ထုတ်နိုင်မှုသည် အမြင်အာရုံနှင့် မျက်စိကျန်းမာရေးကို ထိန်းသိမ်းထားရန် အထောက်အကူဖြစ်သည်။ အမြင်လမ်းကြောင်းဖွဲ့စည်းပုံအပေါ် သက်ရောက်နေသော ဖိအားကို စောစီးစွာလျှော့ချနိုင်လေ၊ အမြင်အာရုံတိုးတက်ကောင်းမွန်ရန် နီးစပ်လေဖြစ်သည်။

အလင်းလမ်းကြောင်းအကျိတ်ကုသမှု

အလင်းလမ်းကြောင်းအကျိတ်အတွက် သီးသန့်ကုထုံးမရှိသေးပါ။ အမြဲလိုလို အဆင့်နိမ့်အကျိတ်များဖြစ်သည့်အားလျော်စွာ ကောင်းမွန်သော အမြင်အာရုံကို ထိန်းသိမ်းထားခြင်းသည် အပူတပြင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ အမြင်နဗ်ကြော မျှင်ထူတစ်ရှူးမြင်းကုသရန်သုံးသော ကုထုံးများသည် ကလေးအသက်အရွယ်၊ အမြင်အာရုံဆုံးရှုံးမှုအတိုင်းအတာ၊ အကျိတ်အရွယ်အစားနှင့် တည်နေရာ၊ ကလေးတွင် NF1 ရှိမရှိတို့အပေါ် မူတည်သည်။

ရွေးချယ်နိုင်သည့် ကုထုံးများမှာ−

ဆရာဝန်များသည် မျက်စိစစ်ဆေးခြင်းနှင့် MRI စကန်ပုံမှန်ရိုက်ကူးခြင်းများကိုသုံးပြီး လူနာများကို စောင့်ကြည့်စစ်ဆေးကြပါသည်။ အမြင်အာရုံအခြေအနေဆိုးလာခြင်း၊ အကျိတ်အရွယ်ကြီးလာခြင်း သို့မဟုတ် ရောဂါပြန့်သွားခြင်းများသည် ရောဂါအဆင့်မြင့်လာခြင်းကို ညွှန်ပြနေသည့် အချက်များဖြစ်သည်။

အလင်းလမ်းကြောင်းအကျိတ်ကုသပြီး နောက်ပိုင်းဘဝ

လူနာများကို ကာလရှည်စောင့်ကြည့်နိုင်ရန် ပုံရိပ်ဖော်စစ်ဆေးမှုနှင့် ဘက်စုံမျက်စိစစ်ဆေးမှုများကို သုံးရပါသည်။ ဘက်စုံကျန်းမာရေးပြုစုစောင့်ရှောက်မှုတွင် ပြန်လည်အားဖြည့်မှုအာရုံကြောနှင့် အတွင်းထုတ်ဂလင်းလေ့လာမှုအပါအဝင် အထူးပြုဘာသာရပ်နယ်ပယ်စုံကို ထည့်သွင်းနိုင်ပါသည်။ အလင်းလမ်းကြောင်းအကျိတ်သက်သာပျောက်ကင်းသူအားလုံးအတွက် အထူးအရေးကြီးသည်မှာ မျက်စိကျန်းမာရေးဖြစ်သည်။ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုတွင် မျက်စိအထူးပြုသမားတော်နှင့် တစ်နှစ်တစ်ခါ မျက်စိစစ်ဆေးမှုခံယူရန် အကြံပြုပါသည်။ ကျန်ရှိသည့် ဘဝသက်တမ်းလျှောက်လုံးအမြင်အာရုံချို့ယွင်းသွားသည့် ကလေးပေါင်းများစွာအတွက် အမြင်အထောက်အကူလိုအပ်နိုင်သည်။ အမြင်အာရုံလျော့နည်းခြင်းဆိုင်ရာ ပါရဂူများနှင့် ကျောင်းတက်နိုင်ရန် ဝန်ဆောင်မှုပေးခြင်းသည် အမြင်အာရုံဆုံးရှုံးမှုကို အလိုက်သင့်လက်ခံနိုင်အောင် ကြိုးပမ်းနေရသည့် ကလေးများကို ထောက်ကူပေးနိုင်ပါသည်။ မျက်စိထိခိုက်မှုကို ကာကွယ်နိုင်ရန် အကာအကွယ်မျက်မှန်များကိုလည်း တပ်ထားသင့်ပါသည်။

အခြားဆက်လက်လေ့လာရန်− ဦးနှောက်အကျိတ်များဖြစ်ပြီး နောက်ပိုင်းဘဝ

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018