ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဦးနှောက်၏ ပီနီယယ် အာရုံကြောမှ ဖြစ်သော ကင်ဆာကျိတ်

အခြားအမည်များ− ပီနီယယ်ဂလင်းအကျိတ်၊ ပီနီယယ်ဂလင်း သန္ဓေလောင်းဆဲလ်များမှ အစပြုလာသောအကျိတ်

ပီနီယယ်ဂလင်း အသားဦးအကျိတ်ဆိုတာ ဘာလဲ။

ပီနီယယ်ဂလင်း အသားဦးအကျိတ်ဆိုသည်မှာ ဦးနှောက်ထဲရှိ ပီနီယယ်ဂလင်းတွင် ဖြစ်သည့် အလွန်ဖြစ်ခဲသော အကျိတ်တစ်မျိုးဖြစ်ပါသည်။ ပီနီယယ်ဂလင်းသည် ဦးနှောက်၏နက်ရှိုင်းသည့် အတွင်းပိုင်းရှိသေးငယ်သည့် ဖွဲ့စည်းပုံတစ်ခုဖြစ်ပါသည်။ ပီနီယယ်ဂလင်း၏ အဓိကလုပ်ဆောင်ချက်မှာ အိပ်စက်မှုကို ထိန်းချုပ်ပေးသည့် မယ်လာတိုနင် ဟော်မုန်း ကို ထုတ်လွှတ်ပေးရန်ဖြစ်သည်။ ၎င်းသည် ပစ်ကျူထရီဂလင်းမှ အချို့ဟော်မုန်းများထုတ်လွှတ်မှုအပေါ်ကိုလည်း လွှမ်းမိုးမှုရှိပါသည်။

ကလေးများတွင် ဖြစ်တတ်သော ပီနီယယ်ဂလင်း အသားဦးအကျိတ်သည် ဦးနှောက်ထဲရှိ ပီနီယယ်ဂလင်းတွင် ဖြစ်သည့် အလွန်ဖြစ်ခဲသော အကျိတ်တစ်မျိုးဖြစ်ပါသည်။ ပီနီယယ်ဂလင်းထဲတွင် တည်သည့် အကျိတ်များအနက် ထက်ဝက်ခန့်မှာ ပီနီယယ်ဂလင်း အသားဦးအကျိတ်များဖြစ်သည်။

ကလေးများတွင် ဖြစ်တတ်သော ပီနီယယ်ဂလင်း အသားဦးမြင်းသည် ဦးနှောက်ထဲရှိ ပီနီယယ်ဂလင်းတွင် ဖြစ်သည့် အလွန်ဖြစ်ခဲသော အကျိတ်တစ်မျိုးဖြစ်ပါသည်။ ပီနီယယ်ဂလင်းထဲတွင် တည်သည့် အကျိတ်များအနက် ထက်ဝက်ခန့်မှာ ပီနီယယ်ဂလင်း အသားဦးအကျိတ်များဖြစ်သည်။

ပီနီယယ်ဂလင်းသည် အတွင်းထုတ်ဂလင်းစနစ်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ဦးနှောက်ဗဟိုချက်အနီးတွင် တည်ရှိသည်။ ပီနီယယ်ဂလင်းအကျိတ်သည် သေးသည်။ ဆန်စေ့တစ်စေ့စာခန့်သာ ရှိသည်။ အဓိက လုပ်ငန်းတာဝန်မှာ မယ်လာတိုနင်ဟော်မုန်းကို ထုတ်လုပ်ပေးရန်ဖြစ်သည်။ ပီနီယယ်ဂလင်းများသည် မျက်စိက မြင်နိုင်မည့် အလင်းအပေါ် မူတည်သည့် အာရုံကြောအချက်ပြများကို လက်ခံရယူပေးသည်။ အလင်းရောင်မရှိမှုသည် မယ်လာတိုနင်ကို ထုတ်လွှတ်ပေးသည်။ မယ်လာတိုနင်သည် ခန္ဓာကိုယ်၏ အိပ်စက်မှု/နိုးထမှုသံသရာများကို ကူညီထိန်းချုပ်ပေးသည်။ မယ်လာတိုနင်သည် အမျိုးသမီးများအတွက် ဉကြွေခြင်းကို သို့မဟုတ် အမျိုးသားများအတွက် ကျားဟော်မုန်းဖွဲ့စည်းခြင်းကို လှုံ့ဆော်သော ဟော်မုန်း (LH) နှင့် ဥ သို့မဟုတ် သုတ်ပိုးဖြစ်ပေါ်မှုကို အားပေးသောဟော်မုန်း (FSH) များအပါအဝင် မျိုးပွားဟော်မုန်းအချို့ကို ထိန်းချုပ်နိုင်အောင် ကူညီပေးသည်။ အားလုံးသည် မျိုးပွားရန် လုပ်ဆောင်ချက်အတွက် အရေးကြီးသော ဟော်မုန်းများဖြစ်ကြသည်။

ပီနီယယ်ဂလင်း အသားဦးအကျိတ်သည် ကလေးများနှင့် လူငယ်လူရွယ်များတွင် အဖြစ်များသည်။ သို့ရာတွင် ဤအကျိတ်များသည် ကလေးသူငယ်များတွင် ဖြစ်တတ်သည့် ဦးနှောက်အကျိတ်များ၏ 1% အောက်တွင်သာရှိသည်။ ပီနီယယ်ဂလင်းတွင် တည်သည့် အကျိတ်များ၏ ထက်ဝက်ခန့်သည် ပီနီယယ်ဂလင်း အသားဦးအကျိတ်များဖြစ်ကြသည်။ ပီနီယယ်ဂလင်းတွင် တည်သည့် အခြားအကျိတ်များတွင် မျိုးပွားဗီဇဆဲလ်ပါဝင်သည့် ဆဲလ်အကျိတ်များ၊ ဦးနှောက်မျှင်ထူ တစ်ရှူးအကျိတ်များနှင့် ပီနီယယ်ဂလင်းတွင်ဖြစ်သည့် ကင်ဆာမဟုတ်သောအကျိတ် ဖြစ်သည့် ပယ်ရင်ခိုင်မာအကျိတ်များပါဝင်သည်။ ပီနီယယ်ဂလင်းတွင် တည်သည့် အကျိတ်များသည် တစ်ရှူးဗေဒ ပိုင်းဆိုင်ရာတွင် အခြားနေရာများ၌ တည်တတ်သည့် medulloblastoma (ကလေးများတွင်သာ အများဆုံးဖြစ်သော ဦးနှောက်ငယ်ကင်ဆာ) ကဲ့သို့သော သန္ဓေခဲအကျိတ်များနှင့် အလွန်ဆင်တူသည်။

ပီနီယယ်ဂလင်း အသားဦးအကျိတ်များကို ခွဲစိတ်ကုထုံးဓာတ်ရောင်ခြည်ကုထုံးနှင့် ကီမိုဆေးသွင်းခြင်း ကုထုံးများဖြင့် ကုသလေ့ရှိသည်။ ကလေးများတွင် ဖြစ်တတ်သော ပီနီယယ်ဂလင်း အသားဦးအကျိတ်များအတွက် အသက်ရှင်နိုင်ခြေမှာ 60% မှ 65% ခန့်အထိဖြစ်သည်။

ပီနီယယ်ဂလင်း အသားဦးအကျိတ်ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည့် အကြောင်းအချက်များနှင့် ဖြစ်ရသည့်အကြောင်းရင်းများ

ပီနီယယ်ဂလင်း အသားဦးအကျိတ်သည် လူကြီးလူယ်အရွယ်မရွေးဖြစ်နိုင်သည်။ သို့သော် အသက် 10 နှစ်နှင့်အောက် ကလေးငယ်များတွင် အများဆုံးဖြစ်တတ်သည်။ ဖြစ်ရပ်တော်တော်များများတွင် ပီနီယယ်ဂလင်း အသားဦးအကျိတ်ဖြစ်ရသည့် အကြောင်းရင်းကို မသိရှိရသေးပါ။ ဖြစ်ခဲသည့် ပီနီယယ်ဂလင်း အသားဦးအကျိတ်များသည် ဘယ်ညာ နှစ်ဖက်စလုံးဖြစ်သည့် အရွယ်မရောက်သေးသော မျက်စိအတွင်းမြင်လွှာဆဲလ်မှ အစပြုလာသောမြင်းရှိသည့် ကလေးများတွင် တွေ့ရသည့်ကင်ဆာရောဂါတစ်ခုမျိုးဗီဇ RB1 တွင်ပြောင်းလဲမှုတစ်ခုကြောင့် ဖြစ်ရခြင်းဖြစ်သည်။ အဆိုပါရောဂါအခြေအနေကို DICER1ရောဂါလက္ခဏာစုရှိနေသည့် လူနာများတွင် တွေ့ရတတ်သည်။

ပီနီယယ်ဂလင်း အသားဦးအကျိတ်၏ရောဂါလက္ခဏာများ

ပီနီယယ်ဂလင်း အသားဦးအကျိတ်၏ရောဂါလက္ခဏာများသည် အကျိတ်အရွယ်အစားနှင့် ဦးနှောက်၏အခြားနေရာများသို့ ရောဂါပျံ့နှံ့နေခြင်းရှိမရှိ အပေါ် မူတည်သည်။ ယေဘုယျအားဖြင့် အကျိတ်သည် ဦးနှောက်အတွင်းအရည်စီးဆင်းသော ပြွန်ငယ်ကို ဖိမိလျက်သား ဖြစ်နေတတ်သည်။ ၎င်းသည် ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည် များအား (ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်း) ကိုဖြစ်စေပြီး ဦးနှောက်ပေါ်သို့ ဖိအားသက်ရောက်စေသည်။

ပီနီယယ်ဂလင်း အသားဦးအကျိတ်ရောဂါလက္ခဏာများမှာ−

  • ခေါင်းကိုက်ခြင်း၊
  • ပျို့ခြင်းနှင့် အန်ခြင်း
  • စွမ်းအင်ပမာဏ ပြောင်းလဲလာခြင်း၊ နုံးခွေခြင်း
  • ထိန်းညှိလုပ်ဆောင်မှု၊ ဟန်ချက် သို့မဟုတ် လှုပ်ရှားမှုပိုင်းဆိုင်ရာ ပြဿနာများ
  • မျက်စိလှုပ်ရှားမှုများပြောင်းလဲလာခြင်း၊ အထူးသဖြင့် အပေါ်သို့ မကြည့်နိုင်ခြင်း

ကြီးထွားလာသော အကျိတ်သည် ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်၏ ပုံမှန်စီးဆင်းမှုကို ပိတ်ထားသလိုဖြစ်နေမည်။ ၎င်းသည် ဦးခေါင်းရေဝင်ခြင်းဟု ခေါ်သည့် ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်းကိုဖြစ်စေသည်။ အရည်များသည် ဦးနှောက်အရည်ကြည်ပြည့်နေသည့်အခန်းများကို ကျယ်သွားစေပြီး ဦးနှောက်အပေါ်သို့ ဖိအားများ (ခေါင်းခွံတွင်း ဖိအား) တိုးမြင့်သက်ရောက်စေသည်။ ပီနီယယ်အပိုင်းရှိ အကျိတ်လက္ခဏာအများစုသည် ဦးနှောက်တစ်ရှူးအပေါ်သို့ ဖိအားတိုးမြှင့်သက်ရောက်ခြင်းကြောင့်ဖြစ်သည်။

ပီနီယယ်ဂလင်း အသားဦးအကျိတ်ရောဂါရှာဖွေဖော်ထုတ်ခြင်း

ဆရာဝန်များသည် ပီနီယယ်ဂလင်း အသားဦးအကျိတ်ကို နည်းလမ်းအမျိုးမျိုးဖြင့် ရောဂါရှာဖွေဖော်ထုတ်ကြသည်။  

  • ကျန်းမာရေးမှတ်တမ်းနှင့် လူနာ၏ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းသည် ဆရာဝန်များအား ရောဂါလက္ခဏာများ၊ ယျေဘုယျ ကျန်းမာရေးအခြေအနေ၊ ယခင် ဖျားနာမှုနှင့် ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းအချက်များကို လေ့လာရန် ကူညီပေးပါသည်။
  • သွေးနှင့်ဆီးထဲရှိ ဓာတ်များကို သွေးတွင်းဓာတုပစ္စည်းလေ့လာမှုများနှင့် ဟော်မုန်းလေ့လာမှုများကို အသုံးပြုပြီး စစ်ဆေးပါသည်။
  • အာရုံကြောပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုသည် ဦးနှောက်၊ ကျောရိုးဆစ်တွင်း အာရုံကြောမကြီးနှင့် အာရုံကြောများ၏လုပ်ဆောင်ချက်များကို ဆန်းစစ်လေ့လာပေးပါသည်။ ၎င်းစမ်းသပ်စစ်ဆေးမှုများသည် မှတ်ဉာဏ်၊ အမြင်၊ အကြား၊ ကြွက်သားအင်အား၊ ဟန်ချက်၊ ထိန်းညှိလုပ်ဆောင်နိုင်စွမ်းနှင့် တုံ့ပြန်မှုများပါဝင်သည့် လုပ်ဆောင်ချက်၏ အမျိုးမျိုးသော ရှုထောင့်များကို တိုင်းတာပေးပါသည်။
  • အကျိတ်ကိုဖော်ထုတ်ရာတွင် သံလိုက်စွမ်းအားဖြင့် ပုံရိပ်ဖော်၍ ရောဂါရှာဖွေခြင်း (MRI) နှင့် ကွန်ပျူတာ တိုမိုဂရပ်ဖီ (CT) ကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများကို အသုံးပြုပါသည်။ ပုံရိပ်များသည် ဆရာဝန်များအား အကျိတ်အရွယ်အစား၊ တည်နေရာများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များစွာကို ပံ့ပိုးပေးပြီး အကျိတ်ကြောင့် ထိခိုက်နိုင်သည့် နေရာများအကြောင်းကို ပိုမိုနားလည်သိရှိနိုင်စေပါသည်။
  • ခါးပိုင်းဖောက်၍ ကျောရိုးမှ အရည်ထုတ်စစ်ဆေးခြင်း ကို ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်တွင် ကင်ဆာဆဲလ်ရှိမရှိ စစ်ဆေးရန် လုပ်ဆောင်နိုင်သည်။
  • အချို့သောအကျိတ်များက ထုတ်လွှတ်သည့် အကျိတ်အမှတ်လက္ခဏာ ခေါ် ဓာတ်ပစ္စည်းများကို သွေးစစ်ဆေးမှု၊ ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်စစ်ဆေးမှုများဖြင့် စမ်းသပ်စစ်ဆေးကြည့်နိုင်ပါသည်။ alpha-fetoprotein (AFP) နှင့် beta-human သန္ဓေမြှေး ဂိုနာဒိုထရိုပင် ဟော်မုန်း (β-hCG) တို့ကဲ့သို့သော အဆိုပါအကျိတ်အမှတ်အသားများပါရှိနေမှုသည် ပီနီယယ်အပိုင်း၌ပါ ဖြစ်တည်နိုင်သည့် မျိုးပွား့် ဆဲလ်အကျိတ် ကို ညွှန်ပြပေးနိုင်သည်။
  • ပီနီယယ်ဂလင်း အသားဦးအကျိတ်ကို ရောဂါရှာဖွေဖော်ထုတ်ရန် အသားစနမူနာထုတ်ယူစစ်ဆေးခြင်း နည်းကို သုံးလေ့ရှိပါသည်။ ဓာတ်ခွဲစစ်ဆေးမှုမှာ အကျိတ်နမူနာအသေးလေးကို ခွဲစိတ်မှုအတွင်း ဖယ်ရှားတာဖြစ်ပါတယ်။ အဆိုပါတစ်ရှူးနမူနာကို ရောဂါဗေဒပညာရှင် က အဏုကြည့်ကိရိယာဖြင့် စစ်ဆေးပြီး အဏုဇီဝရုပ်ပါဝင်သည့် ဆဲလ်အကျိတ်၏ အမျိုးအစားကိုဖော်ထုတ်ပါသည်။

ပီနီယယ်ဂလင်း အသားဦးအကျိတ်အား အဆင့်သတ်မှတ်ခွဲခြားခြင်း

ပီနီယယ်ဂလင်း အသားဦးအကျိတ်အား အဆင့်သတ်မှတ်ခွဲခြားရန် စံပြုထားသည့် အဆင့်ခွဲခြားခြင်း နည်းလမ်း မရှိသေးပါ။ သို့ရာတွင် ဆရာဝန်များသည် ရောဂါပျံ့နှုန်းကိုကြည့်၍ အကျိတ်ကို အမျိုးအစားခွဲခြားနိုင်ကြပါသည်။ ဖြစ်စဉ် 10% မှ 20% ခန့်တွင် အကျိတ်သည် ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်မှတစ်ဆင့် ပျံ့နှံ့တတ်ကြပါသည်။ ဗဟိုနဗ်ကြောအဖွဲ့အစည်းပြင်ပ ခန္ဓာကိုယ်၏ အခြားအပိုင်းများသို့ ပျံ့နှံ့ခဲသည်။

ပျံ့နှံ့ကြောင်း စစ်ဆေးသိရှိပြီးသည့် လူနာများသည် အန္တရာယ်မြင့်နေပြီဟု ယူဆရသည်။ ဖြစ်နိုင်ခြေကို မြင့်တက်စေသည့် နောက်ထပ်အကြောင်းအချက်များတွင် ကနဦးခွဲစိတ်မှုခံယူပြီး နောက်တွင် ရောဂါအကြွင်းအကျန်ကြွလာခြင်း၊ အသက်ငယ်ရွယ်လွန်းခြင်း (3 နှစ် အောက်) တို့ပါဝင်သည်။

အမြင်လမ်းကြောင်းအကျိတ်များ ကို အဏုကြည့်မှန်ပြောင်းအောက်တွင် မြင်ရသည့်ပုံစံအပေါ် မူတည်၍ အုပ်စုခွဲပါသည်။ အကျိတ်ဆဲလ်များ မူမမှန်သည့်ပုံပေါ်လေလေ၊ ရောဂါ အဆင့်မြင့်လေလေဖြစ်သည်  ပီနီယယ်ဂလင်း အသားဦးအကျိတ်များသည် အဆင့်မြင့် (အဆင့် ၄) အကျိတ်များဖြစ်ကြသည်။

ပီနီယယ်ဂလင်း အသားဦးအကျိတ်အတွက် ရောဂါကြိုတင်ခန့်မှန်းချက်

ပီနီယယ်ဂလင်း အသားဦးအကျိတ်ကို ကုသရန် ခွဲစိတ်ကုထုံးသည် ရှုပ်ထွေးသည်။ ပီနီယယ်ဂလင်းသည် ဦးနှောက်၏ သွေးကြောပေါင်းများစွာရှိနေရာ နက်ရှိုင်းသည့် အတွင်းပိုင်းတွင် တည်ရှိနေသည်။ သို့ရာတွင် အကျိတ်ခွဲထုတ်မှုအောင်မြင်လျှင် (အရှင်းခွဲထုတ်နိုင်လျှင်) နာလန်ထရန် အခွင့်အလမ်းပိုများတတ်သည်။

ရောဂါကြိုတင်ခန့်မှန်းချက်အပေါ် လွှမ်းမိုးသည့် အချက်များမှာ−

  • ရောဂါရှိမှန်းသိချိန်တွင် ရောက်ရှိနေသည့် အသက်အရွယ်၊ အသက်ပိုကြီးသည့် ကလေးများတွင် ရလဒ်ပိုကောင်းတတ်သည်။
  • ကင်ဆာသည် မူလနေရာတွင်သာရှိမရှိ ဦးနှောက် သို့မဟုတ် ကျောရိုးဆစ်တွင်း အာရုံကြောမကြီး၏အခြားနေရာများသို့ ပျံ့နှံ့သွားခြင်းရှိမရှိ။
  • အကျိတ်ကို ခွဲစိတ်ကုထုံးဖြင့် အရှင်းဖယ်ထုတ်နိုင်ခြင်းရှိမရှိ။
  • ကင်ဆာအသစ်ဖြစ်ခြင်း သို့မဟုတ် ပြန်ပေါ်သည့် (ပြန်ဖြစ်သည့်) ကင်ဆာဖြစ်ခြင်း။

ပီနီယယ်ဂလင်း အသားဦးအကျိတ်အတွက် အသက်ရှင်နိုင်ခြေမှာ 60% မှ 65% အကြားရှိသည်ဟု ခန့်မှန်းရပါသည်။

ပီနီယယ်ဂလင်း အသားဦးအကျိတ်အတွက် ကုသမှု

ပီနီယယ်ဂလင်း အသားဦးအကျိတ်အတွက် ကုသမှုသည် အကျိတ်အရွယ်အစားနှင့် တည်နေရာ၊ ကလေး၏အသက်အရွယ်အပါအဝင် အကြောင်းအချက်များစွာအပေါ် မူတည်နိုင်ပါသည်။ ပီနီယယ်ဂလင်း အသားဦးအကျိတ်အတွက် အဓိကကုသမှုများမှာ ခွဲစိတ်ကုထုံး၊ ကီမိုဆေးသွင်းခြင်း ကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများဖြစ်သည်။ ယေဘုယျအားဖြင့် ကုသမှုမှတ်တမ်းများသည် ကလေးများတွင်သာ အများဆုံးဖြစ်သော ဦးနှောက်ငယ်ကင်ဆာအတွက် သုံးသည့် ကုသမှုမှတ်တမ်းများနှင့် ဆင်တူနေတတ်ပါသည်။

  1. အကျိတ်တည်နေရာနှင့် ကပ်လျက် သွေးကြောများကို ထိခိုက်နိုင်ခြေရှိသည့်အတွက် ခွဲစိတ်မှု ခက်ခဲနိုင်ပါသည်။ အကျိတ်ကိုရနိုင်သလောက်ခွဲထုတ်ရန်ခွဲစိတ်ကုထုံး ကို အသုံးပြုပါသည်။ အချို့ သောဖြစ်ရပ်များတွင် ပီနီယယ်ဂလင်း အသားဦးအကျိတ်ဖြစ်နေသည့် လူနာများသည် ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်း (ဦးခေါင်းရေဝင်ခြင်း) ကို ထိန်းရန် ဦးနှောက်ထဲသို့ အရည်လွှဲလမ်းကြောင်း ထည့်သည့် သို့မဟုတ် တတိယဦးနှောက်အရည်ရှိသောအခန်းအခြေတွင် အပေါက်ဖောက်သည့် (တတိယဦးနှောက်အခန်းတွင် အပေါက်ဖောက်ခြင်း) ခွဲစိတ်မှုကိုခံယူရပါမည်။

    အရည်လွှဲလမ်းကြောင်း ဆိုသည်မှာ ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည် (CSF) ကို ဦးနှောက်ထဲမှ ဖယ်ထုတ်နိုင်အောင် ဖောက်ထုတ်ပေးသည့် ပြွန်ငယ်ဖြစ်သည်။ အရည်များပိုလျှံနေမှုသည် ဦးနှောက်တွင်းဖိအားကို မြင့်တက်စေပြီး ပီနီယယ်ဂလင်းမြင်းများနှင့် ဆက်စပ်နေသည့် ရောဂါလက္ခဏာများစွာကို ပေါ်လာစေနိုင်ပါသည်။ အရည်လွှဲလမ်းကြောင်းကို ယာယီထည့်ထားနိုင်သလို အပြီးလည်းထည့်ထားရနိုင်ပါသည်။

    အချို့ သောဖြစ်စရပ်များတွင် ပီနီယယ်ဂလင်း အသားဦးမြင်းရှိနေသော လူနာသည် ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်း (ဦးခေါင်းရေဝင်ခြင်း) ကို ထိန်းရန် ဦးနှောက်ထဲသို့ အရည်လွှဲလမ်းကြောင်း ထည့်ထားရန် ခွဲစိတ်မှုခံယူရပါမည်။ အရည်လွှဲလမ်းကြောင်းဆိုသည်မှာ ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်ကို ဦးနှောက်ထဲမှ ဖယ်ထုတ်နိုင်အောင် ဖောက်ထုတ်ပေးသည့် ပြွန်ငယ်ဖြစ်သည်။

    အချို့ သောဖြစ်စရပ်များတွင် ပီနီယယ်ဂလင်း အသားဦးအကျိတ်ရှိနေသော လူနာသည် ဦးနှောက်ဝန်းကျင်၌ အရည်များခိုအောင်းနေခြင်း (ဦးခေါင်းရေဝင်ခြင်း) ကို ထိန်းရန် ဦးနှောက်ထဲသို့ အရည်လွှဲလမ်းကြောင်း ထည့်ထားရန် ခွဲစိတ်မှုခံယူရပါမည်။ အရည်လွှဲလမ်းကြောင်းဆိုသည်မှာ ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်ကို ဦးနှောက်ထဲမှ ဖယ်ထုတ်နိုင်အောင် ဖောက်ထုတ်ပေးသည့် ပြွန်ငယ်ဖြစ်သည်။

  2. ယေဘုယျအားဖြင့် ပီနီယယ်ဂလင်း အသားဦးအကျိတ်ခွဲစိတ်မှုပြီးဆုံးပြီးနောက်တွင်ဓာတ်ရောင်ခြည်ကုထုံး ကိုသုံးသည်။ ဓာတ်ရောင်ခြည်ကုထုံးတွင် သုံးမည့် ဓါတ်ရောင်ခြည်ပမာဏနှင့် အတိုင်းအတာသည် အကျိတ်ပျံ့မပျံ့နှင့် လူနာ၏အသက်အရွယ်အပေါ်တွင် မူတည်သည်။ ယေဘုယျအားဖြင့် အသက် 3 နှစ်အထက် လူနာများအတွက် ဓာတ်ရောင်ခြည်ကို ဗဟိုနဗ်ကြောအဖွဲ့အစည်း (ခေါင်းခွံမှသည် ကျောရိုးတလျှောက်လုံးကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း) တလျှောက် မူရင်းအကျိတ်နေရာအထိ ပမာဏမြှင့်ပြီး (တိုးမြှင့်)ပေးရသည်။ ဓာတ်ရောင်ခြည်သင့်မှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများပေါ်လာနိုင်ခြေရှိသည့်အတွက် စောင့်ကြည့်စစ်ဆေးသွားရန်လိုပါသည်။

    ဤကုထုံးသည် ဓာတ်ရောင်ခြည် ဖြာကျမှုများ၊ X-rays ရောင်ခြည် သို့မဟုတ် ပရိုတွန်များကို သုံးပြီး ကင်ဆာဆဲလ်များကျုံ့သွားစေသည် သို့မဟုတ် သေသွားစေသည်။ ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာဆဲလ်များအတွင်းရှိ DNA ကို ဖျက်ဆီးခြင်းအားဖြင့် အလုပ်လုပ်ပါသည်။

    ဤကုထုံးသည် ဓာတ်ရောင်ခြည် ဖြာကျမှုများ၊ X-rays ရောင်ခြည် သို့မဟုတ် ပရိုတွန်များကို သုံးပြီး ကင်ဆာဆဲလ်များကျုံ့သွားစေသည် သို့မဟုတ် သေသွားစေသည်။ ဓာတ်ရောင်ခြည်ကုထုံးသည် ကင်ဆာဆဲလ်များအတွင်းရှိ DNA ကို ဖျက်ဆီးခြင်းအားဖြင့် အလုပ်လုပ်ပါသည်။

  3. ယေဘုယျအားဖြင့်ကီမိုဆေးသွင်းခြင်း ကုထုံး ကို ဓာတ်ရောင်ခြည်ကုထုံး၊ ခွဲစိတ်ကုထုံးများဖြင့် တွဲဖက်အသုံးပြုကြပါသည်။ အလွန်ငယ်သည့် ကလေးငယ်များတွင် ဓာတ်ရောင်ခြည်ကုထုံးကို မသုံးဘဲ ဆိုင်းငံ့ထားရန် ကီမိုဆေးသွင်းခြင်း ကုထုံးကို အသုံးပြုနိုင်သည်။

ပီနီယယ်ဂလင်း အသားဦးအကျိတ်ဖြစ်ပြီး နောက်ပိုင်းဘဝ

ကုသပြီး လူနာများကိုလည်း သံလိုက်စွမ်းအားဖြင့် ပုံရိပ်ဖော်၍ ရောဂါရှာဖွေခြင်းကို အချိန်အပိုင်းအခြားဖြင့် လုပ်ဆောင်ပြီး စောင့်ကြည့်စစ်ဆေးနေသင့်ပါသည်။ နောက်ဆက်တွဲကုသမှုတွင် ဖြစ်လာနိုင်ခြေရှိသည့် အာရုံကြောပိုင်းဆိုင်ရာ၊ သိမြင်မှုပိုင်းဆိုင်ရာနှင့် ဟော်မုန်းထုတ်ဂလင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများကို စောစီးစွာ ရောဂါရှာဖွေဖော်ထုတ်မှုနှင့် ကြားဝင်ခြင်း များကို အာရုံစိုက်လုပ်ဆောင်သင့်ပါသည်။

ပီနီယယ်ဂလင်းသို့ ဓာတ်ရောင်ခြည်ပေးထားသည့် လူနာများသည် ပစ်ကျူထရီဂလင်းလုပ်ဆောင်ချက်များမမှန်တော့ခြင်းများအပါအဝင် ဟော်မုန်းထုတ်ဂလင်းလုပ်ဆောင်ချက်ပိုင်းတွင် ရေရှည်ပြဿနာကြုံရမည့် အန္တရာယ်ရှိပါသည်။ ဟော်မုန်းပမာဏကိုလည်း စောင့်ကြည့်စစ်ဆေးသွားရန် အရေးကြီးပါသည်။ လူနာများအတွက် ဟော်မုန်းအစားထိုးမှုအပါအဝင် ဆေးဝါးများလိုအပ်နိုင်ပါသည်။

ဟော်မုန်းများစွာနှင့် အခြားဂလင်းများအား ထိန်းချုပ်မှုကိုပါ တာဝန်ယူရသော ပစ်ကျူထရီဂလင်းကို မာစတာပစ်ကျူထရီဂလင်းဟုခေါ်သည်။ ပစ်ကျူထရီဂလင်းလုပ်ဆောင်ချက်လျော့ကျမှုသည် ပြဿနာပေါင်းများစွာကို ဖြစ်ပေါ်စေနိုင်ပါသည်။ ၎င်းပြဿနာများတွင် ဖွံ့ဖြိုးမှုနှေးခြင်း၊ နုံးခွေခြင်း၊ မျိုးပွားခြင်းဆိုင်ရာ ပြဿနာများပါဝင်သည်။

အခြားဆက်လက်လေ့လာရန်− ဦးနှောက်အကျိတ်များဖြစ်ပြီး နောက်ပိုင်းဘဝ

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018