ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ (ALL)

မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ ဆိုတာ ဘာလဲ။

မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ(ALL) သည် သွေးနှင့် ရိုးတွင်းခြင်ဆီကင်ဆာ ဖြစ်သည်။ သွေးကင်ဆာတွင်၊ ကင်ဆာဆဲလ်များသည် ကျန်းမာသော ဆဲလ်များကိုဖယ်ထုတ်သည်၊ ထိုသည်မှာ ဖျားနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ သွေးခြေဥလွယ်ခြင်း၊ သွေးထွက်ခြင်းပြသာနာများ၊ ရောဂါပိုးကူးစက်ခြင်းနှင့် အခြားပြဿနာများကိုဖြစ်စေနိုင်သည်။ မြန်ဆန်ပြင်းထန်သော သွေးကင်ဆာဆိုသည်မှာ ပုံမှန်အားဖြင့် အချိန်တိုအတွင်း ရောဂါလက္ခဏာများ ဆိုးရွားလာခြင်းဖြစ်သည်။ ကလေးများသည် အလွန်မြန်ဆန်စွာ နာမကျန်းဖြစ်လာနိုင်ပြီး၊ ဆေးဖက်ဆိုင်ရာစောင့်ရှောက်မှု ချက်ချင်းလိုအပ်နိုင်သည်။

ALL သည်ပြန်ရည်ဆဲလ်ဟုခေါ်သော သွေးဖြူဥဆဲလ်များ ကိုထိခိုက်သည်။ ဤဆဲလ်များသည် ရောဂါပိုးကူးစက်ခြင်း ကိုတိုက်ခိုက်ပြီး၊ ခန္ဓာကိုယ်ကို ရောဂါများမှ ကာကွယ်ရန်ကူညီပေးသည်။ ALL လူနာများတွင် သူတို့၏ရိုးတွင်းခြင်ဆီထဲတွင် အရွယ်မရောက်သေးသော သွေးဖြူဥဆဲလ်များ ( သက်နုဆဲလ်များ) လွန်ကဲများပြားစွာ ရှိသည်။ ဤဆဲလ်များသည် ပုံမှန်အားဖြင့် အလုပ်မလုပ်ပါ။ သူတို့သည် သွေးဖြူဥဆဲလ်များ၊ သွေးနီဥဆဲလ်များ၊နှင့် သွေးဉမွှားများကိုဖယ်ထုတ်သည်။ အကျိုးဆက်တစ်ခုအနေဖြင့်၊ ရောဂါပိုးကူးစက်ခြင်းများကိုတိုက်ခိုက်မှု၌ ခန္ဓာကိုယ်တွင် ပို၍ခက်ခဲသောအချိန်တစ်ခုရှိလာသည်၊ အရေပြားဖြူရော်လာသည့်အပြင်၊ လူနာတွင် သွေးထွက်ခြင်းပြဿနာများ ဖြစ်ထွန်းလာသည်။

ပြန်ရည်ဆဲလ်များ အမျိုးအစားများ နှစ်မျိုးရှိသည်- B (ဘီ)- ပြန်ရည်ဆဲလ်များ နှင့် T (တီ)- ပြန်ရည်ဆဲလ်များ ALL သည် ပြန်ရည်ဆဲလ် အမျိုးအစား တစ်မျိုးမဟုတ်တစ်မျိုးမှ ဖြစ်ပေါ်နိုင်သည်၊ ထို့ကြောင့် ALL ဖြစ်စဉ်များသည် B (ဘီ)-ဆဲလ် သို့မဟုတ် T (တီ)-ဆဲလ် ALL တစ်မျိုးမျိုး ဟုသိကြသည်။ B-ဆဲလ် ALL သည် အဖြစ်အများဆုံးဖြစ်သည်။

ALLတွင် အမျိုးအစားကွဲများစွာရှိသည်။ ဖြစ်စဉ်အများတွင်၊ ဆရာဝန်များသည် သွေးကင်ဆာ မှအန္တရာယ်ရှိသည့်အုပ်စုအပေါ်တွင် အခြေခံပြီး၊ ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရန် ALL အမျိုးအစားကွဲများကို သုံးနိုင်သည်။ ထပ်ဆင့်သတင်းအချက်အလက်များအတွက် ကုသမှုအပိုင်းတွင်ကြည့်ပါ။

ALL အမျိုးအစားကွဲများ (ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ ၂၀၁၆)

B ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ

B-ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ၊ အခြားနည်းဖြင့် မသတ်မှတ်ပါ
ထပ်တလဲလဲဖြစ်ပေါ်နေသော မျိုးရိုးဗီဇမူမမှန်မှုများရှိသည့် ဘီ-ပြန်ရည်ဆဲလ်ကွဲသွေးကင်ဆာ
ခရိုမိုဆုန်း ၉ နှင့် ၂၂ (ဖီလာဒဲလ်ဖီးယား ခရိုမိုဆုန်း- အပေါင်းလက္ခဏာပြသည့် ALL) တို့၏ နေရာပြောင်းမှုနှင့် B-ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ
KMT 2A (ကေအမ်တီ ၂အေ) နေရာပြောင်းမှုနှင့် B-ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ
ခရိုမိုဆုန်း ၁၂ နှင့် ၂၁ (ETV6-RUNX1) တို့၏ နေရာပြောင်းမှုနှင့် B-ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ
ခရိုမိုဆုန်း ၅၀ ကျော်နှင့် ကလေးများတွင်ဖြစ်သော B-ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ
ခရိုမိုဆုန်း ပုံမှန်အသစ် ၄၆ အောက်နှင့် ကလေးများတွင်ဖြစ်သော B-ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ
ခရိုမိုဆုန်း ၅ နှင့် ၁၄ (IL3-IGH) တို့၏ နေရာပြောင်းမှုနှင့် B-ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ
ခရိုမိုဆုန်း ၁ နှင် ၁၉ (TCF3-PBX1) တို့၏ နေရာပြောင်းမှုနှင့် B-ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ။
B-ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ/ ပြန်ရည်ကျိတ်ကင်ဆာ (ဖီလာဒဲလ်ဖီးယား ခရိုမိုဆုန်း- တူသည့်)
iAMP21နှင့် B-ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ/ ပြန်ရည်ကျိတ်ကင်ဆာ

T(တီ)- ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ

စောသော T-ဆဲလ်အကြို ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ

NK ဆဲလ် ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ / ပြန်ရည်ကျိတ်ကင်ဆာ

သွေးဖွဲ့စည်းထုတ်လုပ်ပုံအဆင့်ဆင့်နှင့် သက်နုဆဲလ်များအဖြစ် မည်သို့ ဖြစ်ပေါ်လာပုံကို ဖော်ပြထားသည့် ရုပ်ပုံ။ ဤပုံတွင် ပင်မသွေးဆဲလ်တစ်ခုဖြင့် စတင်သည်။ ပုံ၏ဘယ်ဘက်တွင်၊ ပင်မသွေးဆဲလ်က မိုင်းလွိုက် ပင်မဆဲလ်အဖြစ်သို့ ဖြာထွက်သွားပြီး၊ ထိုဆဲလ်မှတစ်ဆင့် သွေးဥမွှားများ၊ သွေးနီဥဆဲလ်များ၊ မိုင်အယ်လိုဘလပ်စ်နှင့် မိုနိုဘလပ်စ်တို့အဖြစ် ဖြာထွက်သည်။ မိုင်အယ်လိုဘလပ်စ်သည် သွေးဖြူဥဆဲလ်များ (ဂရန်နျူလိုဆိုက်များဟုလည်းခေါ်သည်)အဖြစ်သို့ ပြောင်းသွားသည်၊ မိုနိုဘလပ်စ်က မိုနိုဆိုက်တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။ ပင်မသွေးဆဲလ် ၏ ညာဘက်အခွဲသည် ပြန်ရည်ပင်မဆဲလ် အဖြစ်ခွဲထွက်သည်၊ ထိုဆဲလ်မှ ပြန်ရည်ဆဲလ်များ (ထိုမှ သွေးဖြူဥဆဲလ်များအဖြစ်သို့ ပြောင်းသွားသည်) နှင့် သက်နုဆဲလ်များ အဖြစ်သို့ ဖြာထွက်သည်။

ALL သည် ပြန်ရည်ဆဲလ်များဟုခေါ်သော သွေးဖြူဥများကို တိုက်ခိုက်သည်။ ALL လူနာများသည် သူတို့၏ ရိုးတွင်းခြင်ဆီထဲတွင် အရွယ်မရောက်သေးသော သွေးဖြူဥများ (သက်နုဆဲလ်များ) လွန်ကဲစွာအမြောက်အများရှိသည်။ ဤဆဲလ်များသည် ပုံမှန်အားဖြင့် အလုပ်မလုပ်ပါ။ သူတို့သည် သာမန်သွေးဖြူဥဆဲလ်များ၊ သွေးနီဥဆဲလ်များ၊ နှင့် သွေးဉမွှားများကို ဖယ်ထုတ်သည်။

ALLသည် ကလေးကင်ဆာထဲတွင် အများဆုံးတွေ့ရသောအမျိုးအစားဖြစ်သည်။ နှစ်စဉ် အမေရိကန်ပြည်ထောင်စုတွင် အသက် ၂၀ အောက်အရွယ် လူ ၃၀၀၀ ခန့် တွင် ALL ရှိကြောင်းတွေ့ရသည်။ ၎င်းသည် ကလေးများ အသက် ၂ နှစ်မှ ၅နှစ်ကြားတွင် အများဆုံးဖြစ်လေ့ရှိသည်၊ သို့သော် ၎င်းသည် အသက်ပိုကြီးသော ကလေးများနှင့် ကြီးကောင်ဝင်အရွယ်များ တွင်လည်းဖြစ်သည်။ ၎င်းသည် မိန်းကလေးများထက် ယောက်ျာလေးများတွင် အနည်းငယ်ပိုသက်ရောက်သည်။

မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ် သွေးကင်ဆာ၏ ရောဂါသွင်ပြင်များနှင့်ရောဂါလက္ခဏာများ

ALLတွင်၊ ပါဝင်နိုင်သည့် ရောဂါသွင်ပြင်များနှင့်ရောဂါလက္ခဏာများ-

  • မကြာခဏ ကူးစက်ရောဂါပိုးဝင်ခြင်း
  • ဖျားနာခြင်း
  • သွေးခြေဥလွယ်ခြင်း
  • ရပ်ရန်ခက်ခဲသောသွေးထွက်ခြင်း
  • အရေပြားအောက်တွင် သွေးထွက်သောကြောင့် သေးငယ်သော၊ ပြားသော၊ အနီရင့်ရောင်အရေပြားအစက်များ (သွေးကင်းအပြောက်ငယ်များ)
  • အရိုး သို့မဟုတ်အဆစ်များတွင် နာခြင်း
  • လည်ပင်း၊ လက်မောင်းအောက်၊ အစာအိမ် သို့မဟုတ် ပေါင်ခြံတွင် အဖုအကျိတ်များ
  • နံရိုးအိမ်အောက်တွင် နာကျင်ခြင်း သို့မဟုတ် ပြည့်နေခြင်း
  • အလွန် ပင်ပန်းခြင်း သို့မဟုတ် အားနည်းခြင်း ခံစားရခြင်း
  • ဖြူဖျော့ခြင်း
  • စားချင်စိတ်မရှိခြင်း
  • အသက်ရှုခက်ခဲခြင်း
သာမန်သွေးဆဲလ်များနှင့် အသစ်ရောဂါရှာဖွေဖော်ထုတ်သည့် ALL မှ သွေးဆဲလ်များ
အကြား ကွဲပြားပုံကို ဖော်ပြသော၊ တစ်သျူးဗေဒအဏုကြည့် ကားချပ်နှစ်ချပ်အား ဘေးချင်းယှဉ် ပြထားသည့်ပုံ။

သွေးကင်ဆာဖြစ်နေသောကလေးများတွင် များသောအားဖြင့် သူတို့၏သွေးထဲတွင် သွေးဖြူဥဆဲလ်ပမာဏများသည်။

မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ် သွေးကင်ဆာ၏ ရောဂါရှာဖွေဖော်ထုတ်မှု

သွေးကင်ဆာကို ရောဂါရှာဖွေဖော်ထုတ်ရာတွင် ရိုးတွင်းခြင်ဆီ စစ်ဆေးမှုများ များသောအားဖြင့် လိုအပ်သည်။ ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုတစ်ခုလုပ်ခြင်း၊ ဆေးဘက်ဆိုင်ရာမှတ်တမ်းတစ်ခုယူခြင်းနှင့် သွေးစစ်ဆေးမှုအဖြေများကိုကြည့်ရှုခြင်းဖြင့် ဆရာဝန်များသည် သွေးကင်ဆာအား စတင်တွေးထင်နိုင်သည်။ သွေးကင်ဆာဖြစ်နေသောကလေးများတွင် များသောအားဖြင့် သူတို့၏သွေးထဲတွင် သွေးဖြူဥဆဲလ်ပမာဏများသည်။

  1. ပထဆုံးအနေဖြင့်၊ ဆရာဝန်တစ်ဦးသည် ကိုယ်ခန္ဓာစမ်းသပ်မှုတစ်ခုကို လုပ်ဆောင်လိမ့်မည်၊ ထို့အပြင် လူနာ၏ ဆေးဘက်ဆိုင်ရာမှတ်တမ်း  အားကြည့်ရှုမည်။ ကိုယ်ခန္ဓာစမ်းသပ်မှုအတွင်း၊ ဆရာဝန်သည် အဖုအကျိတ်များ သို့မဟုတ် သမားရိုးကျနှင့်မတူသော တစ်စုံတစ်ရာစသော ရောဂါသွင်ပြင်များ အပါအဝင်၊ ယေဘုယျကျန်းမာရေးဆိုင်ရာ သွင်ပြင်များကို စစ်ဆေးမည်။ မျက်လုံးများ၊ ပါးစပ်၊ အရေပြား နှင့် နားများကို သေချာစွာကြည့်ရှုလိမ့်မည်။ အာရုံကြောစနစ်ဆိုင်ရာ စမ်းသပ်မှုတစ်ခုကို လုပ်ကောင်းလုပ်နိုင်သည်။ သရက်ရွက် သို့မဟုတ် အသည်း ကြီးသည့်လက္ခဏာများအတွက် ဆရာဝန်က လူနာ၏ဝမ်းဗိုက်ကို စမ်းကြည့်လိမ့်မည်။  

    ဆေးဘက်ဆိုင်ရာမှတ်တမ်းတွင်၊ ဆရာဝန်သည် ကလေးကင်ဆာကြီးထွားလာမှုကို ကူနိုင်သည့် ဖြစ်နိုင်ချေရှိသော မျိုးရိုးလိုက်သည့်အခြေအနေများကို ရှာကြည့်မည်။ သို့သော်၊ ကလေးကင်ဆာများ၏ ၈ - ၁၀ ရာခိုင်နှုန်းမျှသာ မျိုးရိုးလိုက်သည်ဟု လေ့လာချက်များသည် ဖော်ပြထားသည်။ ထို့အပြင် တစ်စုံတစ်ဦး၌ မျိုးရိုးဗီဇအခြေအနေတစ်ခု ရှိသည့်အတွက်ကြောင့်ဆိုရုံမျှဖြင့်၊ ထိုသူ သို့မဟုတ် ထိုသူမ ကင်ဆာဖြစ်လာမည်ဟု မဆိုလိုပါ။

    အန္တရာယ်ဖြစ်နိုင်ချေရှိသည့် အချက်များ- 

    • မမွေးဖွားမှီ X-rays (ဓာတ်ရောင်ခြည်) ထိတွေ့ ခံရခြင်း
    • ယခင်က ကီမိုဆေးသွင်းကုသခြင်းနှင့် ဓာတ်ရောင်ခြည်ကုသဖူးခြင်း

    အချို့သော မျိုးရိုးလိုက်သည့် အခြေအနေများရှိနေခြင်း-

    • ဒေါင်း(Down) ရောဂါလက္ခဏာစု (စိတ်ပိုင်းဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုနှေးကွေးသည့်ရောဂါ)
    • ဘလွန်း (Bloom) ရောဂါလက္ခဏာစု (မျိုးရိုးဗီဇငုပ်မှုမှ အရပ်ပု၊ နေရောင်လောင်အရေပြားအပိန့် များဖြစ်စေသည့်ရောဂါ)
    • ဖန်ကိုးနီး (Fanconi ) သွေးအားနည်းရောဂါ၏ အချို့သောပုံစံများ (မျိုးရိုးဗီဇဆိုင်ရာ ရိုးတွင်းခြင်ဆီထိခိုက်သည့်သွေးအားနည်းရောဂါ)
    • Ataxia-telangiectasia (မျိုးရိုးဗီဇငုပ်မှုမှ အာရုံကြောစနစ်၊ ခုခံအားစနစ်နှင့် အခြားခန္ဓာကိုယ်စနစ်များကို ထိခိုက်သည့်ရောဂါ)
    • လီ-ဖရော်မီနီ (Li-Fraumeni ) ရောဂါလက္ခဏာစု (မျိုးရိုးဗီဇလွှမ်းမှုမှကျယ်ပြန့်စွာဖြစ်သည့်ကင်ဆာ လီ-ဖရော်မီနီ (Li-Fraumeni ) ရောဂါလက္ခဏာစု)
    • ကိုယ်ခန္ဓာတည်ဆောက်ပုံဆိုင်ရာ မကိုက်ညီမှုကို ပြုပြင်ခြင်း အားနည်းမှု (အချို့မျိုးဗီဇများရှိ သန္ဓေပြောင်းလဲမှုများသည် DNA များ မိမိကိုယ်ကို ပြန်လည်ပြုပြင်ခြင်းအား ရပ်တန့်စေသည်)
    • မွေးရာပါ သွေးနီဥဆဲလ်လောင်း မဖွံ့ဖြိုးသည့် သွေးအားနည်းခြင်း
    • မျိုးရိုးလိုက် ရိုးတွင်းခြင်ဆီအလုပ်မလုပ်နိုင်သည့် ရွှချ်မန်း-ဒိုင်းမန်း (Shwachman-Diamond) ရောဂါလက္ခဏာစု
    • မျိုးရိုးလိုက် PAX5 ရောဂါလက္ခဏာစု
    • မျိုးရိုးလိုက် ETV6 ရောဂါလက္ခဏာစု
    • မျိုးရိုးလိုက် SH2B3 ရောဂါလက္ခဏာစု
  2. သွေးဥဆဲလ်အရေအတွက် အပြည့်အစုံ

    ဆရာဝန်က သွေးဆဲလ်အားလုံး၏အရေအတွက် (complete blood count) ဟုခေါ်သည့် သွေးစစ်ဆေးမှုတစ်ခု ပြုလုပ်ရန်မှာကြားလိမ့်မည်။ သွေးနမူနာဖောက်ယူပြီး သွေးနီဥဆဲလ်နှင့် သွေးဥမွှားများ အရေအတွက်၊ သွေးဖြူဥဆဲလ် အမျိုးအစားနှင့် အရေအတွက်၊ သွေးနီဥဆဲလ်များထဲမှ အနီရောင်ခြယ်ပစ္စည်း ဟေမိုဂလိုဘင် နှင့် သွေးနီဥဆဲလ်များဖြစ်စေသည့် သွေးနမူနာ အပိုင်းကို စစ်ဆေးပါမည်။ သွေးကင်ဆာတွင်၊ သွေး၌ သွေးဖြူဥဆဲလ်များ လွန်ကဲစွာ အမြောက်အများ ရှိနိုင်သည်၊ ထို့အပြင် အများစုမှ သက်ငယ်ဆဲလ်များဖြစ်နိုင်ပြီး ကျန်းမာသောကလေးများ၏ ရိုးတွင်းခြင်ဆီတွင်သာ များသောအားဖြင့်တွေ့သော ဆဲလ်၏အစောပိုင်းပုံစံတစ်ခု ဖြစ်သည်။

    သွေးတွင်းရှိ ဓာတုပစ္စည်းများကို လေ့လာခြင်းများ

    ကိုယ်တွင်းအင်္ဂါများ နှင့် တစ်သျှူးများမှ သွေးတွင်းသို့ထုတ်လွှတ်သော တချို့ပစ္စည်းများ၏ပမာဏကို တိုင်းတာရန် သွေးနမူနာတစ်ခုကို စစ်ဆေးပါသည်။ ပစ္စည်းတစ်မျိုး၏ ပုံမှန်မဟုတ်သည့် (ပုံမှန်ထက် အမြင့် သို့မဟုတ် အနိမ့်) သည် ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။

    ငယ်ရွယ်သောလူနာတစ်ဦးသည် သူနာပြုတစ်ဦးက သွေးနမူနာထုတ်ယူနေစဉ်တွင် စမ်းသပ်သည့်စားပွဲ၌ သူမ၏မိဘများနှင့်အတူ ထိုင်ရပါသည်။

    ခန္ဓာကိုယ်စမ်းသပ်မှု ပြုလုပ်ခြင်း၊ ကျန်းမာရေးမှတ်တမ်းယူခြင်းနှင့် သွေးစစ်ဆေးမှုအဖြေများကို စစ်ဆေးအပြီးတွင် ဆရာဝန်များအနေဖြင့် လူခီးမီးယားရောဂါကို သံသယစတင်ရှိနိုင်ပါသည်။

  3. ရိုးတွင်းချဉ်ဆီထုတ်ယူစစ်ဆေးမှု နှင့် အသားစထုတ်ယူစစ်ဆေးမှု ကဲ့သို့သော ရိုးတွင်းခြင်ဆီစစ်ဆေးစမ်းသပ်မှုများက ကင်ဆာရောဂါတစ်ခုအားအမည်တပ်မှုကို အတည်ပြုပေးပြီး ကင်ဆာရောဂါအမျိုးအစားကို ထောက်ပြပါလိမ့်မည်။ လုပ်ငန်းစဉ်အဆင့်ဆင့်အတွင်း ကလေးအများအပြားသည် (စိတ်ငြိမ်ဆေးပေး၍) အိပ်ပျော်နေကြသည်။ လုပ်ငန်းစဉ်ကို လုပ်ဆောင်နေစဉ် နိုးနေပါက လူနာအား သင့်တော်သည့် နာကျင်မှုသက်သာသည့်ဆေးပေးထားပါသည်။ဆေးဝါး။

    ရိုးတွင်းခြင်ဆီထုတ်ယူစစ်ဆေးမှု-ဆရာဝန်များသည် ပါးလွှာပြီး ခေါင်းပေါက်ပါသောအပ်နှင့် တင်ပါးရိုးအတွင်းသို့ ထိုးသွင်းပြီး ရိုးတွင်းခြင်ဆီနမူနာကို ထုတ်ယူပါမည်။ ရောဂါဗေဒပညာရှင်တစ်ဦးသည် ကင်ဆာ၏လက္ခဏာများကို ရှာဖွေရအဏုကြည့်မှန်ဘီလူး အောက်တွင် ရိုးတွင်းခြင်ဆီကို ကြည့်ရှုပါမည်။

    ပုံမှန်ဖြစ်သောရိုးတွင်းခြင်ဆီကိုပြထားသည့် အဏုကြည့်မှန်ဘီလူးမှပုံရိပ်

    ဤအဏုကြည့်မှန်ဘီလူးမှပုံရိပ်သည် ပုံမှန်ဖြစ်သော၊ ကျန်းမာသော ရိုးတွင်းခြင်ဆီကိုပြသည်။

    အဏုကြည့်မှန်ဘီလူးမှပုံရိပ်သည် မြန်ဆန်ပြင်းထန်သောပြန်ရည်သက်နုဆဲလ် သွေးကင်ဆာ လူနာတစ်ဦး၏ ရိုးတွင်းခြင်ဆီကိုပြသည်

    ဤအဏုကြည့်မှန်ဘီလူးမှပုံရိပ်သည် မြန်ဆန်ပြင်းထန်သောပြန်ရည်သက်နုဆဲလ် သွေးကင်ဆာ လူနာ၏ ရိုးတွင်းခြင်ဆီကိုပြသည်။

    ရိုးတွင်းခြင်ဆီထုတ်ယူစစ်ဆေးမှု နှင့် အသားစထုတ်ယူစစ်ဆေးမှု- ဆရာဝန်သည် ရိုးတွင်းခြင်ဆီထဲတွင် ကင်ဆာရောဂါ ဘယ်လောက် ပျံ့နှံ့နေသည်ကို စစ်ဆေးရန် အရိုးတစ်သျှူး အစိတ်အပိုင်းသေးလေးကိုထုတ်ယူမည်။ ရိုးတွင်းခြင်ဆီကို မစုပ်ယူခင် သို့မဟုတ် စုပ်ယူပြီးချိန်တွင်ဖြစ်စေ၊ အသားစယူ၍ စစ်ဆေးခြင်းကို လုပ်ဆောင်သည်။

    ရိုးတွင်းခြင်ဆီထုတ်ယူစစ်ဆေးမှု နှင့် အသားစထုတ်ယူစစ်ဆေးမှု ကို မည်ကဲ့သို့ လုပ်ဆောင်ပါသနည်း။

    • လူနာများသည် အိပ်ယာပေါ်တွင် ဘေးတိုက်လဲလျောင်းရမည် သို့မဟုတ် တစ်ခါတစ်ရံတွင် ခြေထောက်ကိုကွေးပြီး ခြေကျင်းဝတ်တွင်ချိတ်ကာ ထိုင်ရပါမည်။ 
    • ဆရာဝန် သို့မဟုတ် အဆင့်မြင့်သူနာပြုသည် စစ်ဆေးမှုအတွက် မှန်ကန်သောနေရာကို ရှာရန် လူနာ၏နောက်ကြောဘက်ကို စမ်းသပ်ပါမည်။ 
    • ပြီးလျှင် ဆေးစစ်မည့်သူမှ လက်အိပ်ဝတ်ပြီး လူနာ၏နောက်ကြောကို ပိုးသတ်ဆပ်ပြာနှင့် သန့်စင်မည်။ ထို့နောက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ဖော်ပြမည့် အရေပြား၏သေးငယ်သောနေရာတနေရာကိုသာချန်ထားပြီး၊ ပလတ်စတစ်တဘက်များကို နောက်ကြောပေါ်တွင် နေရာချ နိုင်သည်။ 
    • အကယ်၍ လူနာအနေဖြင့် ခြင်ဆီစုပ်ယူစဉ် သို့မဟုတ် အသားစနမူနာယူချိန်တွင် နိုးကြားနေမည်ဆိုလျှင်၊ ရိုးတွင်းခြင်ဆီ စုပ်ယူမည့် သို့မဟုတ် အသားစနမူနာယူမည့် နေရာပေါ်တွင် လုပ်ထုံးလုပ်နည်း မလုပ်ဆောင်မီ တစ်နာရီခန့်ကြိုတင်၍ ထုံဆေးလိမ်းဆေးပေးပါလိမ့်မည်။ ထုံစေသည့်ဆေးရည်ကို လုပ်ထုံးလုပ်နည်းလုပ်ဆောင်မည့်နေရာတွင် ဆေးထိုးအပ်ဖြင့် ထိုးသွင်းပေးနိုင်ပါသည်။ 
    • ကျန်းမာရေးစောင့်ရှောက်မှုပေးသူက အရေပြားကိုဖောက်ပြီး ရိုးတွင်းခြင်ဆီအတွင်းသို့ အပ်တစ်ချောင်းကို ထိုးသွင်းပါလိမ့်မည်။ စုပ်ယူခြင်းနှင့် အသားစယူ၍ စစ်ဆေးခြင်း နှစ်ခုစလုံးကို လုပ်ဆောင်ပါက တစ်ခုစီအတွက် အပ်တစ်ချောင်းစီကို အသုံးပြုပါမည်။
    • ကျန်းမာရေးဝန်ဆောင်မှုပေးသူမှ အပ်ကိုထုတ်လိုက်ပြီးနောက် လုပ်ဆောင်ထားသောနေရာကို အရက်ပြန်နှင့်သန့်ရှင်းပြီး ဆေးပတ်တီးဖြင့်အုပ်ပေးမည်။
    ကလေး ကင်ဆာလူနာတစ်ဦးအား ရိုးတွင်းခြင်ဆီဖောက်ယူရန် အတွက် လုပ်ထုံးလုပ်နည်းလုပ်ဆောင်မည့် ကုသမှုပေးသူ၏လက်များဖြင့် နေရာချထားပေးပါသည်။

    သွေးကင်ဆာကို ရောဂါရှာဖွေဖော်ထုတ်ရာတွင် ရိုးတွင်းခြင်ဆီ စစ်ဆေးမှုများ များသောအားဖြင့် လိုအပ်သည်။

အကယ်၍ ကင်ဆာဟုဆုံးဖြတ်ထားပါက ကင်ဆာမျိုးကွဲများကို တိတိကျကျညွှန်ပြရန် ထပ်ဆောင်းစစ်ဆေးမှုများကို လုပ်ဆောင်ပါသည်။ ဤစမ်းသပ်မှုများတွင် အောက်ပါအချက်များ ပါဝင်ပါသည်။

  1. ဆဲလ်မှဖော်ပြသောအမှတ်အသားများစစ်ဆေးမှုကို ကင်ဆာဆဲလ်များအား ကိုယ်ခံစွမ်းအားစနစ်  ၏ သာမန်ဆဲလ်များနှင့် နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သွေးကင်ဆာ၏သီးခြားအမျိုးအစားကို ရှာဖွေဖော်ထုတ်ရန် အသုံးပြုသည်။

    ပဋိပစ္စည်းဆိုင်ရာအဏုကြည့်စစ်ဆေးမှု (Immunohistochemistry) နှင့် လေဆာအခြေခံ၍ဆဲလ်စမ်းသပ်မှု (flow cytometry) တို့သည် ဓာတ်ခွဲခန်းစစ်ဆေးမှုများ ဖြစ်ကြသည်။

    • ပဋိပစ္စည်းဆိုင်ရာအဏုကြည့်စစ်ဆေးမှု (Immunohistochemistry) ဆိုသည်မှာ တစ်သျူးနမူနာထဲမှ သီးခြားပရိုတင်းကို ဖော်ထုတ်ရန် ပဋိပစ္စည်းများကိုအသုံးပြု၍ စစ်ဆေးခြင်းဖြစ်သည်။ ပရိုတင်းများနှင့် ပဋိပစ္စည်းများ ပေါင်းစပ်အစုများသည်အညိုရောင် သို့မဟုတ် အနီရောင် ဆေးဆိုး ပြီးနောက် အဏုကြည့်မှန်ဘီလူးတစ်ခု အောက်တွင် ကြည့်ရှုနိုင်သည်။
    • လေဆာအခြေခံ၍ဆဲလ်စမ်းသပ်မှု တွင် ဆဲလ်များကိုအလင်းတုန့်ပြန်မှုကောင်းသည့် ဆိုးဆေးတစ်မျိုး နှင့် ဆေးဆိုးပြီး၊ အရည်ထဲတွင်ထည့်သည်၊ ထို့နောက် လေဆာ သို့မဟုတ် အခြားအမျိုးအစားအလင်းရောင် ၏ စီးကြောင်းရှေ့တွင် ဖြတ်သန်းစေသည်။ ဤစစ်ဆေးမှုသည် ဆဲလ်များ၏အရေအတွက်၊ အသက်ရှင်သောဆဲလ်များ၏ရာခိုင်နှုန်းနှင့် အရွယ်အစား၊ ပုံစံ စသော အချို့သောလက္ခဏာရပ်များ၊ ထို့အပြင် ဆဲလ်မျက်နှာပြင်ပေါ်ရှိ သွေးကင်ဆာ ဆိုင်ရာအမှတ်အသားများပါရှိမှုတို့ကို တိုင်းသည်။
  2. ဆဲလ်မျိုးရိုးဗီဇ ခွဲခြားစိစစ်ခြင်း (Cytogenetic analysis) သည်တွင် ရောဂါဗေဒပညာရှင်များက ခရိုမိုဆုန်းများအတွင်း တိကျသည့်ပြောင်းလဲမှုများကို ရှာဖွေသည့် ဓါတ်ခွဲစစ်ဆေးမှုများပါဝင်သည်။

    အဆိုပါစမ်းသပ်စစ်ဆေးမှုတစ်ခုကိုဆိုရပါမူ FISH (fluorescence in situ hybridization) ဖြစ်သည်။ ၎င်းစမ်းသပ်စစ်ဆေးမှုသည် ဆဲလ်များနှင့် တစ်သျှူးများအတွင်းရှိ မျိုးဗီဇများ သို့မဟုတ် ခရိုမိုဆုန်းများကို စစ်ဆေးသည်။ အလင်းရောင်ထွက်စေသည့် ရောင်ခြယ်ပစ္စည်းပါဝင်သော DNA အပိုင်းများကို ဓာတ်ခွဲခန်းတွင် ထုတ်လုပ်ပြီးနောက်၊  ဆဲလ်များ သို့မဟုတ် တစ်သျှူး များနှင့် ဖန်ပြားတစ်ချပ်ပေါ်တွင်ပေါင်းစပ်စေသည်။ ထို DNA အပိုင်းအစများသည် ဖန်ပြားပေါ်ရှိ တချို့သော မျိုးရိုးဗီဇများ သို့မဟုတ် ခရိုမိုဆုန်းများ၏ တချို့သောဧရိယာများပေါ်တွင် တွယ်ကပ်သောအခါ၌ ၎င်းတို့သည် အလင်းရောင်ထွက်လာသည်။

  3. ဆရာဝန်သည် သွေးကင်ဆာတွင် ပါဝင်သော သတ်မှတ်မျိုးရိုးဗီဇများ၊ ပရိုတင်းများနှင့် အခြားအချက်များကို ခွဲခြားသိရှိရန် ဓာတ်ခွဲစမ်းသပ်မှု လုပ်ဆောင်ရန်အကြံပြုပါမည်။ ဤစမ်းသပ်စစ်ဆေးမှုက အရေးကြီးပါသည်၊ အဘယ်ကြောင့်ဆိုသော် ဆဲလ်၏မျိုးရိုးဗီဇများအတွင်း မှားယွင်းမှုများ (သန္ဓေပြောင်းခြင်းများ)က ကင်ဆာ ဖြစ်စေသောကြောင့်ဖြစ်သည်။ ထိုအမှားအယွင်းများကို ခွဲခြားသတ်မှတ်ခြင်းက သွေးကင်ဆာသီးခြားမျိုးကွဲများကို ရောဂါရှာဖွေဖော်ထုတ်ရာတွင် ကူညီသည်။ ၎င်း သတင်းအချက်အလက်များအပေါ်အခြေခံပြီး၊ ဆရာဝန်များသည် ဖြစ်စဉ်တစ်ခုချင်းစီအတွက် သီးသန့်ပြုလုပ်ထားသည့်ကုသမှုရွေးချယ်စရာများကို ရွေးချယ်နိုင်သည်။ ကောင်းသော အကျိုးရလဒ်နှင့် ဆက်နွယ်နေသော ဗီဇပြောင်းလဲမှုများကို ဖော်ပြနေသည့် သွေးကင်ဆာရောဂါဖြစ်နေသော ကလေးငယ်များသည် အဆိပ်သင့်မှုနည်းသည့် ကုသမှုများကို ရရှိနိုင်ပါသည်။ အခြားတစ်ဖက်တွင် ဆရာဝန်များအနေဖြင့် မကောင်းသည့်ရလဒ်များနှင့် ဆက်စပ်နေသော သန္ဓေပြောင်းခြင်းများရှိသည့်သွေးကင်ဆာရောဂါတစ်ခုအတွက်ပိုပြီး ပြင်းထန်သည့်ကုသမှုများ ပေးနိုင်ပါသည်။ သန္ဓေပြောင်းခြင်းများကိုခွဲခြားသတ်မှတ်နိုင်သည်၊ ထို့အတွက် ထိုတိကျသောသန္ဓေပြောင်းလဲမှုအတွက်သာ စူးစိုက်ဦးတည်သော ကုသမှုတစ်ခုကို အသုံးပြုနိုင်သည်။သန္ဓေပြောင်းခြင်းများကိုခွဲခြားသတ်မှတ်နိုင်ပါသည်။ 

ကင်ဆာပျံ့နှံ့မှုရှိမရှိကို ဆုံးဖြတ်သည့် စစ်ဆေးစမ်းသပ်မှုများတွင် အောက်ပါတို့ပါဝင်ပါသည် -

  1. ခါးဆစ်ရိုးကြားဖောက်ခြင်း ဆိုသည်မှာ အကယ်၍ ကင်ဆာက ဦးနှောက်နှင့် ဗဟိုအာရုံကြောဆိုင်ရာအရည် ထဲသို့ ပျံ့နှံ့သွားပြီးဖြစ်ကြောင်းကိုကင်ဆာရောဂါဗဟိုအာရုံကြောစနစ် တွင်း ပျံ့နှံ့မှုရှိမရှိ သိစေပါသည်။ ဤလုပ်ထုံးလုပ်နည်းကို ခါးဆစ်ရိုးကြားဖောက်ခြင်း သို့မဟုတ် အာရုံကြောအရည်ဖောက်ခြင်းဟု ခေါ်သည်။ 

    အပ်တစ်ချောင်းကို ကျောရိုးမကြီးတွင်းရှိ အရိုးနှစ်ခုအကြားထားကာကျောရိုးဆစ်အတွင်းရှိဗဟိုအာရုံကြောမကြီး ပတ်လည်ရှိ အရည်အတွင်းသို့ ထည့်သည်။ အရည် နမူနာတစ်ခုကို ထုတ်ယူပါသည်။ ကင်ဆာဆဲလ်များ ဦးနှောက်နှင့်ဗဟိုအာရုံကြောမကြီးသို့ ပျံ့နှံ့ပြီးမပြီး လက္ခဏာများ အတွက် ၎င်းကို အဏုကြည့်မှန်ပြောင်းတစ်ခုအောက်တွင် စစ်ဆေးသည်၊ ခန္ဓာကိုယ်သည် အာရုံကြောဆိုင်ရာအရည်ကို အဆက်မပြတ် ပြုလုပ်သည်၊ ထို့ကြောင့် ခါးဆစ်ရိုးကြားဖောက်ခြင်း မှ ယူလိုက်သော ပမာဏအနည်းငယ်ကို လျင်မြန်စွာ အစားထိုးပေးသည်။ 

  2. X-rayတစ်ခုဆိုသည်မှာ ကိုယ်ခန္ဓာကို ဖောက်ထွင်းဖြတ်သန်းကာ ဖလင်ပြားတစ်ခုအပေါ် သွားနိုင်ကာ ကိုယ်ခန္ဓာအတွင်းပိုင်းရှိဧရိယာများ၏ပုံရိပ်တစ်ခုကို ကွန်ပြူတာဖန်သားပြင်တစ်ခု သို့မဟုတ် အထူးဖလင်ပြားတစ်ခုပေါ်တွင် ပေါ်အောင်လုပ်နိုင်သော စွမ်းအင်တန်းအမျိုးအစားတစ်ခုဖြစ်သည်။ ရင်ဘတ်ဓာတ်မှန် (chest X-ray) ကို သွေးကင်ဆာဆဲလ်များက အစိုင်အခဲတစ်ခုအဖြစ် ရင်ဘတ်၏အလယ်တွင် ဖြစ်စေခြင်း ရှိမရှို ကြည့်ရန်ပြုလုပ်သည်။ 

မြန်ဆန်ပြင်းထန်သောပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ ကုသမှု

ကီမိုဆေးသွင်းကုထုံးသည် ကလေးများတွင် အဖြစ်များသော ALL အတွက် အဓိက ကုထုံး ဖြစ်ပါသည်။ ကုသမှုတွင်ပါဝင်နိုင်သောအရာများမှာသီးခြားပစ်မှတ်ထားတားသည့်ကုထုံး၊မူရင်းသွေးဆဲလ်ကုထုံး (ရိုးတွင်းခြင်ဆီ အစားထိုး ကုသခြင်း သို့မဟုတ် ပင်မဆဲလ် အစားထိုးကုသခြင်း) ကိုယ်ခံစွမ်းအားစနစ် နှင့် ဓာတ်ရောင်ခြည် ကုထုံးတို့ဖြစ်သည်။

ALL ကို ကုသရာတွင် မကြာခင်ကတွေ့ရှိထားသော တိုးတက်မှုများကြောင့်၊ အမျိုးမျိုးသော ကုသမှု ရွေးချယ်စရာများ များစွာ ရှိသည်။ ဆရာဝန်များသည် ကုသမှုများအား အန္တရာယ်ရှိသောအုပ်စုအပေါ်အခြေခံသော လူနာတစ်ဦးချင်းစီအတွက် သီးသန့်ကိုက်ညီစွာလုပ်ခြင်းကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်လာသည်။

အန္တရာယ်ရှိသောအုပ်စု

အန္တရာယ်ရှိသောအုပ်စုသည် လူနာ၏ ကင်ဆာသည် ကုသမှုကို မတုံ့ပြန်သည် (တုံ့ပြန်မှုမရှိ) ဖြစ်စေ သို့မဟုတ် အစပိုင်းကုသမှုတစ်ခုကိုတုံ့ပြန်ပြီး ကင်ဆာ ပြန်ဖြစ်သည် (တစ်ကျော့ပြန်ဖြစ်ခြင်း) ဖြစ်စေ ထိုသို့သောဖြစ်နိုင်ချေကို ကိုယ်စားပြုသည်။ အန္တရာယ်နည်းသော အုပ်စုရှိ လူနာတို့သည် များသောအားဖြင့် ကင်ဆာကိုပျောက်ကင်းအောင် အောင်မြင်စွာကုသပေးနိုင်သော သိပ်မပြင်းထန်သည့် ကုထုံးများကိုရရှိကြသည်။ကင်ဆာရောဂါ။ အန္တရာယ်များသောအုပ်စုရှိ လူနာတို့သည် ပို၍ ပြင်းထန်သော ကုထုံးများကို လက်ခံရလေ့ ရှိပါသည်။

အန္တရာယ်ရှိသောအုပ်စုများကို အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်-

  • ကလေး၏ အသက်အရွယ် အသက် ၁ နှစ်မှ ၉ နှစ်အတွင်းကလေးများရှိ B-ဆဲလ် ALL များကို အန္တရာယ်နည်းသည့် အုပ်စုဟု သတ်မှတ်သည်။ အသက် ၁ နှစ်အောက်နှင့် ၁၀ နှစ်အထက် ကလေးများကို အန္တရာယ်များသည့် လူနာများဟု သတ်မှတ်သည်။
  • ရောဂါရှာဖွေဖော်ထုတ်ချိန်၌ သွေးထဲတွင် ပါဝင်သော သွေးဖြူဥဆဲလ်များ အရေအတွက် ၁ ကုဗမီလီမီတာတွင် ၅၀,၀၀၀ အထက်ရှိသော ကလေးများသည် အန္တရာယ်များသည်ဟု သတ်မှတ်ထားပါသည်။
  • ဘယ်အရာမဆိုကင်ဆာရောဂါB-ပြည်ရည်ဆဲလ်များ သို့မဟုတ် T-ပြည်ရည်ဆဲလ်များတွင် စတင်ခဲ့သည်။ T-ဆဲလ် ALLကို အန္တ ရာယ်များသည်ဟု ယူဆပါသည်။
  • ခရိုမိုဆုန်းများ သို့မဟုတ် မျိုးရိုးဗီဇများတွင် သတ်မှတ်ထားသော ပြောင်းလဲမှုများ ရှိခြင်း၊ မရှိခြင်း ETV6-RUNX1 ပေါင်းစပ်မျိုးရိုးဗီဇအတွက် အပေါင်းလက္ခဏာဖြစ်သည့် ALL ဖြစ်စဉ်များကို အန္တရာယ်နည်းသည်ဟု သတ်မှတ်သည်။ ALL သည် ဖီလာဒဲလ်ဖီးယား ခရိုမိုဆုန်း  အတွက် အပေါင်းလက္ခဏာပြခြင်း သို့မဟုတ် ခရိုမိုဆုန်း ၁ နှင့် ၁၉တို့၏ နေရာပြောင်းမှု ရှိခြင်း သို့မဟုတ် ခရိုမိုဆုန်း ၁၁ ပါဝင်ခြင်းစသည်တို့ကို အန္တရာယ်များသည်ဟု သတ်မှတ်ပါသည်၊ သို့သော် ရလဒ်များသည် မကြာသေးမီက ကုထုံးကြောင့် တိုးတက်မှု ရှိနေပါသည်။
  • အရေအတွက်ခရိုမိုဆုန်း၏ ။ ခရိုမိုဆုန်း ၂ ဆရှိသော အခြေအနေများ (ခရိုမိုဆုန်း ၅၀ ထက်ပိုသော) ကို အန္တရာယ်ဖြစ်နိုင်ခြေ နည်းသည်ဟု ယူဆပြီး ခရိုမိုဆုန်း တစ်ဝက်ရှိသော အခြေအနေများ (ခရိုမိုဆုန်း ၄၄ ထက်နည်းသော) ကို အန္တရာယ်ဖြစ်နိုင်ခြေ များသည်ဟု ယူဆသည်။
  • ကနဉီး ကုသပြီးနောက် သွေးကင်ဆာဆဲလ်များ၏အရေအတွက်မည်မျှလောက်လျင်မြန်စွာနှင့် မည်မျှလျော့နည်းသွားသနည်း။ ပထမဦးဆုံး ကုသသည့် ရက်သတ္တပတ်အနည်းငယ်တွင်သွေးကင်ဆာဆဲလ်များ အံ့သြဖွယ်ကောင်းစွာ ကျဆင်းသွားသည့် ဖြစ်ရပ်များကိုအန္တရာယ်ဖြစ်နိုင်ချေနည်းသည်ဟု သတ်မှတ်သည်။ ကလေးအထူးကု ကင်ဆာဌာနများ အများအပြားသည် ကင်ဆာဆဲလ်ကျန်မှုရောဂါ (MRD) ကို တိုင်းတာရန် အလွန်တရာ တုံ့ပြန်မှုအားကောင်းသည့် စစ်ဆေးမှုများကို အသုံးပြုကြပါသည်။

ကင်ဆာဆဲလ်ကျန်မှုရောဂါ (MRD) ဆိုသည်မှာ ရိုးတွင်းခြင်ဆီအတွင်းတွင် သွေးကင်ဆာဆဲလ်အလွန်နည်းစွာရှိသည့် အတွက်ကြောင့်၊ ၎င်းဆဲလ်များအား အဏုကြည့်မှန်ပြောင်းတစ်ခုသုံး၍ မရှာဖွေ နိုင်သည့်အခါ သုံးသော ဝေါဟာရတစ်ခုဖြစ်သည်။ လေဆာအခြေခံ၍ဆဲလ်စမ်းသပ်မှု၊ PCR နှင့် ကပ်ရပ်မျိုးရိုးဗီဇကို အစဉ်အတိုင်းစီခြင်းကဲသို့ အာရုံခံမှုမြင့်မားသည့် စမ်းသပ်မှုများသည် ရိုးတွင်းခြင်ဆီရှိ သာမန်ဆဲလ် ၁၀၀၀၀- ၁၀၀၀၀၀ တွင် သွေးကင်ဆာဆဲလ် ၁ ခုကို ဖမ်းယူသိရှိနိုင်သည်။ အပေါင်းလက္ခဏာပြ MRD ရှိသော ကလေးများ (ပထမအဆင့် ALL ကုသမှု (အစပျိုးခြင်း) ပြီးစီးသည့်နောက် ဆဲလ် ၁၀,၀၀၀ တွင် ဆဲလ် ၁ ခုထက် ပိုတွေ့ ) သည် ရောဂါလက္ခဏာပြန်ပေါ်မှုတွင် အစိုးရိမ်ရဆုံး ဖြစ်သည်။

  • လူကီမီးယားဆဲလ်များကို ဦးနှောက်နှင့် အာရုံကြောကျောရိုးအရည်တွင် ရောဂါရှာဖွေစဉ် တွေ့ရခြင်းရှိမရှိ. အကယ်၍ကင်ဆာဆဲလ် ပျံ့နှံ့ပြီးပါက၊ ၎င်းဖြစ်စဉ်ကို အန္တရာယ်များသည်ဟု သတ်မှတ်သည်။

ကုသမှု ၃ ဆင့်

ALL ကုသမှုသည် ၃ ဆင့် ရှိပြီ၊ ပြီးဆုံးရန်အတွက် ၂ နှစ်မှ ၃ နှစ်ခန့်ထိ ကြာသည်။ ကီမိုဆေးသွင်းခြင်းကုထုံး သည် ALL ၏ အဓိက ကုထုံးဖြစ်သည်။ ကီမိုဆေးသွင်းခြင်းကုထုံးသည် အစွမ်းထက်သည့်ဆေးဝါးများအား သုံး၍ ဆဲလ်များသတ်ခြင်း သို့မဟုတ် ပွားခြင်းမှတားဆီးခြင်း တနည်းနည်းဖြင့် ကင်ဆာဆဲလ်များ၏ကြီးထွားမှုကိုရပ်တန့်စေသည်။ ကလေးများအား မတူညီသောဆေးဝါးများပေါင်းစပ်မှုတစ်ခုကို ပေးနိုင် ရှိသည်။ ထိုဆေးများအား သွေးလှည့်ပတ်မှု (သွေးပြန်ကြောလမ်းကြောင်း) ထဲသို့ ထိုးသွင်းနိုင်သည် ၊ ပါးစပ် (ပါးစပ်လမ်းကြောင်း) မှပေးနိုင်သည် ၊ သို့မဟုတ် ဦးနှောက်နှင့် ဗဟိုအာရုံကြောဆိုင်ရာအရည် (ကျောရိုးအာရုံကြောစည်းအတွင်း လမ်းကြောင်း) ထဲသို့ တိုက်ရိုက်ထည့် နိုင်သည်။

ကီမိုဆေးသွင်းကုထုံးနည်းလမ်းနှင့် ဆေးအမျိုးအစားများသည် ကလေး၏ အန္တရာယ်ရှိနိုင်သည့် အုပ်စုပေါ် မူတည်သည်။ အန္တရာယ်များသည့် သွေးကင်ဆာနှင့် ကလေးများတို့သည် အန္တရာယ်နည်းသည့် ALL ရှိသော ကလေးများထက် ယေဘုယျအားဖြင့် ပိုများသော ကင်ဆာဆေးများ နှင့် /သို့မဟုတ် ဆေးချိန်အမြင့်များ ခံယူရသည်။

၁။ အစပျိုးခြင်း

ရောဂါလက္ခဏာများလျော့ပါးသည့်အစပျိုး ကုထုံး၏ ရည်ရွယ်ချက်မှာ သွေးနှင့် ရိုးတွင်းခြင်ဆီအတွင်းရှိ သွေးကင်ဆာဆဲလ်များကို တိုက်ဖျက်ရန်နှင့် ရောဂါကို ရောဂါလက္ခဏာများလျော့ပါးသက်သာခြင်း  ဆီသို့ခေါ်ဆောင်ရန်ဖြစ်သည်။ ဤအဆင့်သည် များသောအားဖြင့် ၄-၆ ရက်သတ္တပတ် ကြာမြင့်သည်။ ဗဟိုအာရုံကြောစနစ် (CNS) မပျံနှံ့ရန်ကာကွယ်သည့်ကုထုံး (တစ်နည်းအားဖြင့် ဗဟိုအာရုံကြောစနစ် ရောဂါမဖြစ်စေရန် ကာကွယ်ခြင်း) ကို ကျောရိုးအရည်အတွင်းကျန်ရှိနေသော သွေးကင်ဆာဆဲလ်များကို သတ်ရန် ဤအချိန်အတွင်းတွင် ပေးနိုင်သည်။ ဤဆေးများသည် ကျောရိုးဆစ် အာရုံကြောမကြီးကို ဖုံးထားသော တစ်သျူးအမြှေးပါးကြားထဲရှိ အရည်များနှင့် ပြည့်နေသော နေရာသို့ ထိုးသွင်းရပါသည်(ကျောရိုးအာရုံကြောစည်းအတွင်း လမ်းကြောင်း)။

ကုသမှုတွင် ကီမိုဆေးသွင်းကုထုံးဆေးများ၏ပေါင်းစပ်မှုတစ်ခု ပါဝင်မည်။ ဤဆေးများတွင် ဗင်ခရစ်စတင်းစတီးရွိက်များ နှင့် ပက်အက်စ်ပဂေ့ သို့မဟုတ် အာဝီးနီးယား အက်ပါရာဂျီနေ့စ်တစ်ခါတစ်ရံတွင် ဒေါ့ဆိုရူဘီစင်း သို့မဟုတ် ဒါနာရူဘစင်ကဲ့သို့သော အန်သာရာဆိုက်ကလင်း ဆေးများလည်း ပါဝင်တတ်ပါသည်။ အချို့ဆေးဝါးမှတ်တမ်းများတွင် ဆိုက်ကလိုဖော့စဖာမိုက်ဆိုက်တရာဘိုင်းနှင့် ၆ မာကပ်တိုပူရင်း တို့ ပါဝင်သော ကုသမှုအစီအစဉ်ကို အစပျိုးခြင်း ကုထုံးတွင် အသုံးပြုပါသည်။

၂။ အားပြင်းခြင်း

အားပြင်းကုထုံးသည် ကြီးထွားရန် တဖန်စတင်နိုင်ပြီး သွေးကင်ဆာ ပြန်ဖြစ်   နိုင်စေသော ကျန်ရှိနေသောဆဲလ်များမှန်သမျှအား တိုက်ဖျက်ရန် ဖြစ်သည်။ ဤအဆင့်သည် များသောအားဖြင့် 8-16 ရက်သတ္တပတ် ကြာမြင့်သည်။

လူနာသည် ဆိုက်ကလိုဖော့စဖာမိုက်ဆိုင်တရာဘိုင်းနှင့် ၆ မာကပ်တိုပူရင်း (၆-အမ်ပီ) ကဲ့သို့သော မတူသောဆေးများကို သုံးစွဲရပါသည်။ ဖော်လစ်နစ်အက်စစ် နှင့်တွဲ၍/ မတွဲ၍ မက်သိုထရီစိတ် ကိုလည်းပေးနိုင်ပါသည်။

၃။ ရောဂါပြန်မဖြစ်ရန် ကုသမှု

နောက်ဆုံးနှင့် အကြာဆုံးအဆင့်ဖြစ်သည့် ရောဂါပြန်မဖြစ်ရေးကုထုံး၏ ရည်ရွယ်ချက်သည် ပထမ အဆင့် ၂ ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြေရှိသော ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်ဖြစ်သည်။ ရောဂါပြန်မဖြစ်ရန် ကုသမှုသည် ၂ နှစ် သို့မဟုတ် ၃ နှစ် ကြာမြင့်နိုင်သည်။

ဤအဆင့်တွင် မက်သိုထရီစိတ်ဗင်ခရစ်စတင်း၊ စတီးရွိက်များ နှင့် ၆ မာကပ်တိုပူရင်း (၆- အမ်ပီ) ဆေးဝါးများ ပါဝင်နိုင်ပါသည်။ ပိုမိုအန္တရာယ်ရှိနိုင်သော လူနာများအတွက် အန်သာရာဆိုက်ကလင်း ဆေးဝါးများ၊ ဆိုက်ကလိုဖော့စဖာမိုက်နှင့် ဆိုင်တရာဘိုင်း တို့ကို ပေးနိုင်ပါသည်။

တခြားကုထုံးများ

မူရင်းပင်မဆဲလ် အစားထိုးခြင်း (ရိုးတွင်းခြင်ဆီ အစားထိုး ကုသခြင်း သို့မဟုတ် ပင်မဆဲလ် အစားထိုး ကုသခြင်းဟုလည်းခေါ်သည်။)

မူရင်းပင်မဆဲလ် အစားထိုးခြင်း ရိုးတွင်းခြင်ဆီ အစားထိုး ကုသခြင်း သို့မဟုတ် ပင်မဆဲလ် အစားထိုး ကုသခြင်းဟုလည်းခေါ်သည်) ကို ရောဂါပြန်ဖြစ်ရန် အန္တရာယ်များသော သို့မဟုတ် ကုသမှုကို ခုခံနိုင်သော ALL ရှိသည့် ကလေးများအတွက် အကြံပြုပါသည်။ ဆရာဝန်များသည် အစားထိုးကုသမှုတစ်ခု လိုသည်၊ မလိုသည်ကို ဆုံးဖြတ်ရန်အတွက် ရောဂါလက္ခဏာများလျော့ပါးသည့်အစပျိုး ကီမိုဆေးသွင်းကုထုံး မည်မျှ ကောင်းမွန်စွာ အလုပ်လုပ်သည်ကို တခါတရံတွင် ကြည့်သည်။

တုံ့ပြန်မှုမရှိသော သွေးကင်ဆာရှိသည့် (ကုထုံးကို မတုံ့ပြန်သော) သို့မဟုတ် ရောဂါပြန်ဖြစ်ပေါ်သည့် (ရောဂါပြန်ဖြစ်ခြင်း) ALL လူနာများသည် ဆေးပညာအရ စွမ်းဆောင်နိုင်ပြီး သင့်တော်မည့် အလှူရှင်ရှိပါက အစားထိုးကုသနိုင်ပါသည်။

သီးခြားပစ်မှတ်ထားတားသည့်ကုထုံး

သီးခြားပစ်မှတ်ထားတားသည့်ကုထုံး သည် အနီးနားဝန်းကျင်ရှိ ပုံမှန်ဆဲလ်များကို ထိခိုက်ခြင်း မရှိဘဲ ကင်ဆာဆဲလ်များကိုသာ ရှာဖွေပြီး တိုက်ဖျက်သော ဆေးဝါးများကိုသာ သုံးပါသည်။ ဤကုထုံးသည် ရနိုင်သောပစ်မှတ်ထားဆေးဝါးများကို တုံ့ပြန်သော ခွဲခြားနိုင်သည့် အမှတ်အသားများပါရှိသော ကင်ဆာဖြစ်မှသာ ဖြစ်နိုင်ခြေရှိသည်။

ကိုယ်ခံစွမ်းအားကုထုံး

ကိုယ်ခံစွမ်းအားကုထုံး  သည် ကင်ဆာကို တိုက်ဖျက်ရန် ခုခံအားစနစ်ကို အသုံးပြုသော ကင်ဆာကုသမှုအမျိုးအစားတစ်မျိုး ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ကိုယ်ခံစွမ်းအားကုထုံး များသည် ကင်ဆာဆဲလ်များကို ရှာဖွေရန် ခုခံအားစနစ်ကို ကူညီပေးပါသည်၊ သို့ဖြစ်၍ ၎င်းသည် ကင်ဆာဆဲလ်များကို တိုက်ဖျက်နိုင်သည် နှင့်အတူ (သို့မဟုတ်) ကင်ဆာကို ပြန်တုံ့ပြန်နိုင်ရန် ခုခံအားစနစ်၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။

သီးခြားပစ်မှတ်ထားတားသည့်ကုထုံး၏ ဆေးဝါးအုပ်စုထဲမှ တစ်ခုမှာ တိုင်ရိုစင်းကိုင်းနေ့စ် အင်ဇိုင်းကို ဟန့်တားဆေး (tyrosine kinase inhibitors) (TKIs) တီကေအိုင်အက်စ် ဟုခေါ်ပါသည်။ TKIs (တီကေအိုင်အက်စ်)သည် တစ်ခါတစ်ရံအချို့သောကင်ဆာဆဲလ်များတွင် ပမာဏများတွေ့ရတတ်သော သို့မဟုတ် လှုပ်ရှားမှုများနေတတ်သော tyrosine kinase (တိုင်ရိုစင်းကိုင်းနေ့စ်) အင်ဇိုင်းကို တားဆီးပါသည်။ Imatinib mesylate (အီမန်တစ်နစ်ဘ် မက်ဆိုင်လိတ်) နှင့် dasatinib (ဒါစာတစ်နစ်ဘ်)ဟုခေါ်သော ဆေးများသည် ဖီလာဒယ်ဖီးယား ခရိုမိုဆုန်း အပေါင်းလက္ခဏာ ပြနေသည့် ALL ရှိသည့် ကလေးများကို ကုသရန် သုံးသော TKIs (တီကေအိုင်အက်စ်) ဖြစ်ပါသည်။ အခြားသော လေ့လာနေဆဲ TKIs တွင် စစ်ဆေးချက်အသစ် တွေ့ရှိထားသည့် အန္တရာယ်များသော ALL အတွက် ruxolitinib (ရူဆိုလီတီနမ့်) ပါဝင်ပါသည်။

အခြားသော သီးခြားပစ်မှတ်ထားတားသည့်ကုထုံးအမျိုးအစားတစ်မျိုးမှာ monoclonal antibody (မိုနိုကလိုနယ်ပဋိပစ္စည်း) ကုထုံးဟုခေါ် ပါသည်။ ဓာတ်ခွဲခန်းတွင် ပြုလုပ်ထားသော antibodies (ပဋိပစ္စည်းများ) ကို ကင်ဆာဆဲလ်တွင် တွေ့ရသော အရာဝတ္ထုများ သို့မဟုတ် ကင်ဆာဆဲလ်များကို ကြီးထွားစေသော ပုံမှန်အရာဝတ္ထုများကို ခွဲခြားသိရှိရန်အတွက် အသုံးပြုပါသည်။ ပဋိပစ္စည်းများသည် ကင်ဆာပွားများစေသော အရာဝတ္ထုများကို တွယ်ကပ်ကာ ကင်ဆာဆဲလ်များကို တိုက်ဖျက်ပြီး ၎င်းတို့၏ကြီးထွားမှုကို တားဆီးခြင်း သို့မဟုတ် ပျံ့နှံ့မှုမှ ထိန်းသိမ်းခြင်းတို့ ပြုလုပ်ပါသည်။ ၎င်းတို့ကို သီးသန့် အသုံးပြုနိုင်သကဲ့သို့ ဆေးဝါးများ၊ အဆိပ်များ၊ ရေဒီယို သတ္တိကြွ အရာဝတ္ထုများကို ကင်ဆာဆဲလ်များဆီသို့ တိုက်ရိုက်ပို့ပေးရာတွင်လည်း အသုံးပြုနိုင်ပါသည်။ Blinatumomab (ဘလင်အာတွန်အိုမက်)နှင့် inotuzumab (အင်အိုတူဇူမက်)တို့သည် ကုထုံးကို ခံနိုင်ရည်ရှိသော (တုံ့ပြန်မှု မရှိသော) ကလေးများတွင် တွေ့ရသည့် ALL ကို ကုသရန် လေ့လာနေဆဲဖြစ်သည့် ခုခံအားစနစ်သုံး မိုနိုကလိုနယ်ပဋိပစ္စည်းနှစ်မျိုး ဖြစ်ကြပါသည်။ ပဋိပစ္စည်းများသည် T (တီ)-ဆဲလ်များစသောကိုယ်ခံစွမ်းအားဆဲလ်များ ပေါ်တွင်ပေါ်လာနိုင်ပြီး၊ ကိုယ်ခံစွမ်းအားဆဲလ်များအား သွေးကင်ဆာဆဲလ်များကို တိုက်ရိုက် တိုက်ဖျက်ရန် ပြုလုပ်သည်။ ထိုသို့သော T (တီ) ဆဲလ်များကို chimeric antigen receptor (ခိုင်မက်ရစ် အန်တီဂျန် ရီစက်တာ) (CAR) (ကား) (ကိုယ်ခံစွမ်းအား T (တီ) ဆဲလ်များကိုလူနာထံမှ ထုတ်ယူကာ ဓါတ်ခွဲခန်းတွင် လူနာကင်ဆာဆဲလ်၏ ပဋိဇာတ်ကို အထူးလက်ခံရန် ကား (CAR) မျိုးရိုးဗီဇ ပေါင်းထည့်ထားသည့်) T (တီ)ဆဲလ်များဟုခေါ်သည်။

Bortezomib (ဘော်တီဇိုမင့်)နှင့် vorinostat (ဗော်ရင်နိုစတက်)ဟူသည့် ပစ်မှတ်ထားကုထုံးဆေးများအား ALL စံကိုက်ကုသမှုများသို့ ပေါင်းထည့်ခြင်းသည် ALL ဖြစ်နေသောလသားကလေးများတွင် လေ့လာနေဆဲ ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် လသား၏ ALL သည် များသောအားဖြင့်ကုသရန် ပို၍ ခက်ခဲသောကြောင့် ဖြစ်သည်။ ဤဆေးဝါးများသည် လူနာများက ကုသမှုကို ကောင်းမွန်စွာ မတုံ့ပြန်သည့်အခါ အသုံးပြုရန်အတွက် ဖြစ်ပါသည်။

မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ၏ ရောဂါနှင့်ပတ်သက်၍ခန့်မှန်းချက် (ကုသမှု အလားအလာ)

ALL ရှိနေသော ကလေးများ၏ ၉၈% ခန့်သည် ကုသမှု စတင်ခံယူပြီး ရက်သတ္တပတ်အတွင်း ရောဂါ သက်သာသွားကြပါသည်။

ALL ရှိနေသော ကလေးတို့၏ ၉၀% အထက်သည် ပျောက်ကင်းနိုင်ပါသည်။ လူနာများသည် ရောဂါသက်သာပြီး ၅နှစ်ခန့်အကြာတွင် ပျောက်ကင်းသွားပြီဟု သတ်မှတ်ကြပါသည်။

အန္တရာယ်ပေးမှုနည်းသော အဖွဲ့ရှိ ALL ဖြစ်နေသော လူနာများ၏ အသက်ရှင်နိုင်နှုန်းသည် ၉၅% အထက်တွင် ရှိပါသည်။

အကယ်၍ လူနာများသည် ကုသမှုကို မတုံ့ပြန်သော (တုံ့ပြန်မှုမရှိသော) ALL ရှိနေပါက သို့မဟုတ် ကုသမှုခံယူပြီး နောက် ပြန်ဖြစ်လာပါက (ရောဂါပြန်ပေါ်ခြင်း)၊ ဆေးဘက်ဆိုင်ရာအဖွဲ့သည် ကုသမှု ရွေးချယ်စရာများကို ဆွေးနွေးပေးပါမည်။

မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ၏နောက်ပိုင်းဆိုးကျိုးမျာ

နောင်ဖြစ်လာနိုင်သည့် ဆိုးကျိုး   ရောဂါတစ်ခုကို ရှာဖွေဖော်ထုတ်သိရှိပြီးနောက် သို့မဟုတ် ကုသမှု ခံယူပြီးနောက် လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ် အကြာတွင် ပေါ်ပေါက်သည့် ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ပါသည်။ နောက်ပိုင်းဆိုးကျိုးများ (Late effects) က ကင်ဆာကြောင့် သို့မဟုတ် ကင်ဆာကုသမှုကြောင့် ဖြစ်ပေါ်နိုင်သည်။ ယင်းတို့တွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေးပိုင်းဆိုင်ရာ ပြဿနာများ နှင့် ဒုတိယကင်ဆာရောဂါများ ဝင်ရောက်ခြင်းတို့ ပါဝင်နိုင်ပါသည်။

နောက်ပိုင်းဆိုးကျိုးများတွင် အောက်ပါတို့ ပါဝင်နိုင်သည် -

  • ALL နောက်တစ်ကြိမ်ပြန်ဖြစ်ပေါ်ခြင်း
  • အရေပြား၊ ဦးနှောက်ကင်ဆာ၊ အရိုး၊ ရင်သား၊ တစ်သျူးပျော့ နှင့် လည်ပင်းအကျိတ်စသော ဒုတိယကင်ဆာများ ALL အတွက် စံကုထုံးများအနေဖြင့် ဦးနှောက်ထဲဓာတ်ရောင်ခြည်ပေးခြင်း ကို ပယ်လိုက်ပါက အနာဂတ်နှစ်များတွင် ဆင့်ပွားကင်ဆာများ၏ အရေအတွက် လျော့ကျသွားနိုင်သည်ဟု ယုံကြည်ကြပါသည်။
  • နှလုံးနှင့် အဆုတ် ပြဿနာများ
  • အရိုးပြဿနာများ
  • အတွင်းထုတ်ဂလင်း (Endocrine)ရှိ အခြေအနေများ
  • အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ (Gastrointestinal)ပြဿနာများ
  • စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလက်ခံနိုင်ခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ စီမံကိန်းဆွဲခြင်း နှင့် စနစ်တကျဖွဲ့စည်းလုပ်ဆောင်ခြင်း တို့တွင် အခက်အခဲများရှိခြင်း
  • စိတ်ကျရောဂါ
  • အိပ်စက်မှုဆိုင်ရာ ပြဿနာများ

မြန်ဆန်ပြင်းထန်သော ပြန်ရည်သက်နုဆဲလ်သွေးကင်ဆာ၏ လက်ရှိအာရုံစိုက်မှု

လက်ရှိသုတေသနသည် မူလကုထုံးကို တုံ့ပြန်မှုမရှိသော ကင်ဆာကို ခံစားနေရသည့် ကလေးများအတွက် ပိုမိုအကျိုးသက်ရောက်သည့် ကုထုံးများ ဖွံ့ဖြိုးလာစေရန်နှင့် အနီးအနားတွင် ရှိသော ကျန်းမာနေသည့် ဆဲလ်များကို ထိခိုက်မှု မရှိစေဘဲ ကင်ဆာဆဲလ်ကိုသာ ပစ်မှတ်ထားသော ကုထုံးများ ပိုမိုထွက်လာစေရန် အာရုံစိုက်ပါသည်။ သုတေသီများသည် ကင်ဆာအသက်ရှင်သူများ၌ နောင်တွင်ဖြစ်စေသည့် ဘေးထွက်ဆိုးကျိုး များစွာမဖြစ်စေသည့် ကုထုံးများ ဖြစ်ပေါ်စေရန်လည်း ကြံဆနေပါသည်။ သက်တမ်းရှည် ရှင်သန်သူ အရေအတွက်တိုးပွားလာခြင်း နောက်ပိုင်းဆိုးကျိုးများ အပေါ်လေ့လာမှုသည် ဤပြသာနာကို အထောက်အကူ ဖြစ်စေသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018