အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သိုင်းရွိုက်အကျိတ်များ

သိုင်းရွိုက်အကျိတ်များဆိုသည်မှာ အဘယ်နည်း။

သိုင်းရွိုက် အလုံးများသည် သိုင်းရွိုက်ဂလင်းတွင်ဖြစ်ပေါ် တတ်သော ပုံမှန်မဟုတ်သည့် ဆဲလ်များ၏ အဖုများ ဖြစ်ကြသည်။ သိုင်းရွိုက် အလုံးအများစုသည် ပြန်ပွားခြင်းမရှိပါ။ သို့မဟုတ် ကင်ဆာမဟုတ်သော အကျိတ်များဖြစ်ပါသည်။ ကလေးလူနာ အများစုတွင် ၂၅ ရာခိုင်နှုန်း သော သိုင်းရွိုက် အလုံးများသည် ဒုက္ခပေးနိုင်သည်။ သို့မဟုတ် ကင်ဆာအကျိတ်များဖြစ်ပါသည်။ သိုင်းရွိုက်တွင် ဖြစ်သောကင်ဆာကို သိုင်းရွိုက်ကင်ဆာဟု ခေါ်သည်။

သိုင်းရွိုက်ဂလင်းသည် လည်ပင်း၏ အရှေ့ရှိ လည်မျို၏ အောက်ခြေတွင် တည်ရှိသော လိပ်ပြာပုံစံ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ ၎င်းသည် အဖုလုံး နှစ်လုံးပုံစံနှင့် တည်ရှိပါသည်။ တစ်ခုမှာ ဘယ်ဘက်တွင် ရှိပြီး အခြားတစ်ခုမှာ ညာဘက်တွင် ရှိသည်။ ၎င်းအဖုလုံးများ ကို အိုက်စ်သမက်စ် (ကျွန်းဆက်) ဟုခေါ်သော သေးသွယ်သည့် တစ်ရှုးငယ်တစ်ခုဖြင့် ဆက်သွယ်ထားပါသည်။ ပုံမှန်အားဖြင့် ကျန်းမာသော သိုင်းရွိုက်အား အရေပြားမှ ထိတွေ့စမ်းသပ်မိရန် ခက်ခဲပါသည်။  သိုင်းရွိုက်ဂလင်းသည် ခန္ဓာကိုယ်၏ ဟော်မုန်းထုတ်လုပ်သော အကျိတ်များရှိသည့် စနစ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ သိုင်းရွက်ဂလင်း၏ အလုပ်မှာ သိုင်ရိုဇင်း (T4) နှင့် ထရီယိုင်အိုသိုင်ရိုနိုင်း (T3)‌ ကဲ့သို့သော ဟော်မုန်းများကို ထုတ်လုပ်သည်။ စားသုံးသည့် ဓာတ်စာမှ အိုင်အိုဒင်းကို သိုင်းရွိုက် ဟော်မုန်းများထုတ်လုပ်ရန် အသုံးပြုသည်။ သိုင်းရွက်ဟော်မုန်းများသည် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များ ဖြစ်သော အပူချိန်၊ အစာစားချင်စိတ်၊ ကြီးထွားမှုနှင့် စွမ်းအင် အသုံးပြုမှုပမာဏ စသည်တို့ကို လည်ပတ်စေရန် ကူညီပေးသည်။ သိုင်းရွိုက်ဟော်မုန်းများ ထုတ်လုပ်ခြင်းကို သိုင်းအား လှုံ့ဆော်သည့် ဟော်မုန်း (TSH) မှ ထိန်းချုပ်ပါသည်။ သိုင်ရိုဂလိုဗျူလင်သည် ကျန်းမာသော သိုင်းရွိုက်တစ်ရှူးနှင့် သိုင်းရွိုက်ကင်ဆာဆဲလ်များမှ ထုတ်လုပ်သည့် ပရိုတင်းဖြစ်ပြီး ကုသမှုပြီးနောက် သိုင်းရွိုက်ကင်ဆာကို စောင့်ကြည့်ရန် အသုံးပြုနိုင်ပါသည်။

မြင်တွေ့နိုင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းအင်္ဂါများပါရှိသော အရွယ်ရောက်အမျိုးသမီးတစ်ယောက်၏ ခန္ဓာကိုယ်ပုံစံနှင့် သိုင်းရွိုက်ဂလင်းများကို အရောင်ခြယ်၍ နာမည်တပ်ထားပါသည်။

သိုင်းရွိုက်ဂလင်းသည် လည်ပင်း၏ အရှေ့ရှိ လည်မျို၏ အောက်ခြေတွင် တည်ရှိသော လိပ်ပြာပုံစံ ကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်သည်။ ၎င်းသည် အဖုလုံး နှစ်လုံးပုံစံနှင့် တည်ရှိပါသည်။ တစ်ခုမှာ ဘယ်ဘက်တွင် ရှိပြီး အခြားတစ်ခုမှာ ညာဘက်တွင် ရှိသည်။

ကလေးများနှင့် ဆယ်ကျော်သက်များတွင် သိုင်းရွိုက်ကင်ဆာဖြစ်မှုသည် အလွန်ရှားပါးပါသည်။ အမေရိကန်ပြည်ထောင်စုတွင် စစ်ဆေးတွေ့ရှိသော သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားမှုအသစ်များအားလုံး၏ ၂ ရာခိုင်နှုန်းခန့်သည် အသက်၂၀ အောက် လူများတွင် ဖြစ်လေ့ရှိသည်။ ဤ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာသည် ကလေးများတွင်ဖြစ်သည့် ကင်ဆာများအနက်တွင် ၁ ရာခိုင်နှုန်းသာ ပါဝင်သည်။ သိုင်းရွုက်ကင်ဆာအတွက် ပုံမှန်ကုသမှုတွင် အကျိတ်အား ဖယ်ရှားရန် ခွဲစိတ်ကုသထုံး ပါဝင်သည်။ ဤ ကင်ဆာသည် ကလေးများအတွက် အသက်ရှင်နိုင်ရန် ရာခိုင်နှုန်း အလွန်များသည်။ ပုံမှန်အားဖြင့် ၉၅ ရာခိုင်နှုန်းနီးပါး ဖြစ်ပါသည်။

ကလေးဘဝတွင်ဖြစ်သော သိုင်းရွိုက်ကင်ဆာကြောင့် အန္တရာယ် ဖြစ်နိုင်သော အချက်များမှာ -

  • အိုင်းယွန်း အသွင်ကူးပြောင်းသော ဓာတ်ရောင်ခြည်အများအပြားနှင့် ထိတွေ့မှု။
  • မျိုးရိုးဆိုင်ရာ ပင်ကိုသဘာဝ။

ကလေးများတွင် တွေ့ရသည့် သိုင်းရွိုက်ကင်ဆာတွင် အဓိက ၃ မျိုး ရှိပါသည်။ ပါပီလရီ သိုင်းရွိုက်ကင်ဆာနှင့် ဖော်လီကျူလာ သိုင်းရွိုက်ကင်ဆာ (နှစ်မျိုးလုံးသည် ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာများ ဖြစ်သည်) နှင့် မီဒူလာရီ သိုင်းရွိုက်ကင်ဆာတို့ဖြစ်သည်။ ထူးခြား၍ ခွဲခြားနိုင်သော သိုင်းရွိုက်ကင်ဆာ (DTC) တွင် ဆဲလ်များသည် ပုံမှန် ဆဲလ်များနှင့် ပိုပြီးတူပြီး ပို၍နှေးကွေးစွာ ကြီးထွားလေ့ရှိပါသည်။

ပါပီလရီ သိုင်းရွိုက်ကင်ဆာသည် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဖြစ်အများဆုံး သိုင်းရွိုက်ကင်ဆာ ဖြစ်ပါသည်။ ဤရောဂါသည် ကလေးသိုင်းရွိုက်ကင်ဆာများတွင် ၉၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ နောက်ထပ် အဖြစ်အများဆုံး သိုင်းရွိုက်ကင်ဆာသည် ဖော်လီကျူလာ သိုင်းရွိုက်ကင်ဆာ ဖြစ်သည်။ ပါပီလရီနှင့် ဖော်လီကျူလာ သိုင်းရွိုက်ကင်ဆာ နှစ်မျိုးလုံးသည် ပုံမှန်အားဖြင့် ကုသမှု တူညီကြပါသည်။

မီဒူလာရီ သိုင်းရွိုက်ကင်ဆာ (MTC) သည် ပုံမှန်အားဖြင့် မျိုးရိုးလိုက်သော ရောဂါလက္ခဏာစု ဖြစ်ပါသည်။ ဖော်လီကျူလာ ဆဲလ်များမှ ဖြစ်လာသော ထူးခြား၍ ခွဲခြားနိုင်သည့် သိုင်းရွိုက်အကျိတ်နှင့် မတူဘဲ MTC သည် ပါရာဖော်လီကျူလာ C ဆဲလ်များမှ ဖြစ်လာပါသည်။ ၎င်းသည်အာရုံကြောစနစ်မှ ထုတ်သောအကျိတ် ဖြစ်ပြီးထူးခြား၍ ခွဲခြားနိုင်သည့် သိုင်းရွိုက်ကင်ဆာနှင့် မတူသည့် ထင်ရှားသော နည်းလမ်းဖြင့် ကုသရပါသည်။

သိုင်းရွိုက်ကင်ဆာအား အကဲဖြတ်ခြင်းနှင့် ကုသခြင်းသည်သီးခြားကင်ဆာရောဂါအမျိုးအစားအပေါ် မူတည်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018