ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

Non-Hodgkin ပြန်ရည်ကျိတ်ကင်ဆာမဟုတ်သော ရောဂါလက္ခဏာ

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာဆိုတာ ဘာလဲ။

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာသည် Hodgkin ပြန်ရည်ကျိတ်ကင်ဆာမဟုတ်သည့် ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစားအားလုံးကိုပေးထားသည့် အုပ်စုအမည်ဖြစ်သည်။ ပြန်ရည်ကျိတ်ကင်ဆာများသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်တွင် ပါဝင်သည့် ပြန်ရည်ကြောစနစ်တွင် အစပြုသော ကင်ဆာများဖြစ်သည်။

ပြန်ရည်ကြောစနစ်သည် ကူးစက်ရောဂါများကို တိုက်ဖျက်သည့် ပြန်ရည်ဆဲလ် ခေါ် သွေးဖြူဥများကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ရွေ့လျားစေသည်။ ရလဒ်အနေဖြင့် ပြန်ရည်ကျိတ်ကင်ဆာသည် အောက်ပါတို့အပါအဝင် နေရာတော်တော်များများတွင် စတင်နိုင်သည်− 

  • ပြန်ရည်ကျိတ်များ
  • သိုင်းမတ်စ်ဂလင်း (မွေးစကလေးတွင် ရင်ရိုးအောက်ရှိ ပြန်ရည်ဂလင်း)
  • သရက်ရွက်
  • ဝမ်းဗိုက်
  • အသည်း
  • ရိုးတွင်းခြင်ဆီ
  • အရေပြား
  • အရိုးများ

ကလေးများတွင် ဖြစ်တတ်သည့် Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာအများစုသည် လူကြီးများတွင် ဖြစ်တတ်သည့် Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာများနှင့် မတူဘဲ ကွဲပြားသည်။ ကလေးများတွင် ဖြစ်တတ်သည့် Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာများသည် ကုရခက်သော်လည်း ကုသပျောက်ကင်းနိုင်စွမ်းမြင့်မားသည်။

ကလေးများနှင့် ဆယ်ကျော်သက်များတွင် ဖြစ်တတ်သည့် Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာရောဂါ ဘယ်လောက်အထိအဖြစ်များပါသလဲ။

အမေရိကန်ပြည်ထောင်စုရှိ ကလေးများနှင့် ဆယ်ကျော်သက်များတွင် ဤရောဂါဖြစ်ပွားမှုဖြစ်စဥ်သစ်သည် နှစ်စဥ် ၈၀၀ ခန့်ရှိသည်။။

ဤလူငယ်ပုံတွင် ပြန်ရည်ကြောစနစ်တွင် ပါဝင်သော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို စာတန်းများနှင့်တစ်ကွဖော်ပြထားပါသည်− လည်ပင်းရှိ ပြန်ရည်ကျိတ်များ၊ ပြန်ရည်သွေးကြောများ၊ ချိုင်းကြား ပြန်ရည်ဖုများ၊ ပေါင်ခြံပြန်ရည်ကျိတ်များ၊ သရက်ရွက်၊ သိုင်းမတ်စ်နှင့် အာသီးများ။

ကိုယ်ခံအားစနစ်၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ပြန်ရည်ကြောစနစ်သည် ကူးစက်ရောဂါများကို တိုက်ဖျက်သည့် ပြန်ရည်ဆဲလ် ခေါ် သွေးဖြူဥများကို ခန္ဓာကိုယ်အနှံ့အပြားသို့ ရွေ့လျားစေသည်။

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာတွင် မျိုးကွဲများစွာရှိသည်။ ကလေးများတွင် ဖြစ်တတ်သည့် Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာများတွင်−

  1. Burkitt ပြန်ရည်ကျိတ်ကင်ဆာသည် B ပြန်ရည်ဆဲလ်များကမောက်ကမဖြစ်ခြင်းကြောင့် ဖြစ်ရသည့် ဥပဒ်ပေးတတ်သော (လျင်မြန်စွာ ကြီးထွားတတ်သော) ကင်ဆာဖြစ်သည်။ ၎င်းသည် ဝမ်းဗိုက်၊ အာသီး၊ ဝှေးစေ့၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အရေပြား သို့မဟုတ် ဗဟိုနဗ်ကြောအဖွဲ့အစည်းတွင် ဖြစ်တည်နိုင်သည်။

    Burkitt ပြန်ရည်ကျိတ်ကင်ဆာ သုံးမျိုးရှိသည်− ကွက်ကြားဖြစ်ပွားလေ့ရှိသော Burkitt ပြန်ရည်ကျိတ်ကင်ဆာ၊ တိုင်းပြည်၊ ဒေသ၊ လူစုအလိုက် ဖြစ်ပွားလေ့ရှိသော Burkitt ပြန်ရည်ကျိတ်ကင်ဆာ၊ ခုခံအားကျဆင်းမှုနှင့် ဆက်နွှယ်နေသော Burkitt ပြန်ရည်ကျိတ်ကင်ဆာများဖြစ်သည်။

    • ကွက်ကြားဖြစ်ပွားလေ့ရှိသော Burkitt ပြန်ရည်ကျိတ်ကင်ဆာသည် ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားတတ်သည်။
    • တိုင်းပြည်၊ ဒေသ၊ လူစုအလိုက် ဖြစ်ပွားလေ့ရှိသော Burkitt ပြန်ရည်ကျိတ်ကင်ဆာသည် အာဖရိကတိုက်တွင်သာ ဖြစ်ပွားသည်။
    • ခုခံအားကျဆင်းမှုနှင့် ဆက်နွှယ်နေသော Burkitt ပြန်ရည်ကျိတ်ကင်ဆာကို AIDS လူနာများတွင် အများဆုံးတွေ့ရသည်။

    Burkitt ပြန်ရည်ကျိတ်ကင်ဆာ၏ အခြားပုံစံတစ်မျိုးဖြစ်သည့် Burkitt သွေးကင်ဆာသည် Burkitt ပြန်ရည်ကျိတ်ကင်ဆာကဲ့သို့ပင် ပြန်ရည်ကျိတ်များမှအစပြုပြီး သွေးနှင့်ရိုးတွင်းခြင်ဆီအထိ ပျံ့နှံ့သွားသည်။ သို့မဟုတ် ပြန်ရည်ကျိတ်များတွင် အရင်မတည်ဘဲ သွေးနှင့် ရိုးတွင်းခြင်ဆီများတွင် အစပျိုးနိုင်သည်။

    Burkitt ပြန်ရည်ကျိတ်ကင်ဆာ ဓာတ်မှန်

    Burkitt ပြန်ရည်ကျိတ်ကင်ဆာ

    Burkitt ပြန်ရည်ကျိတ်ကင်ဆာကုသမှု

    ကုသမှုသည် အကြောင်းအချက်များစွာအပေါ် မူတည်သည်။ ၎င်းတွင် ကီမိုဆေးသွင်းခြင်း ကုထုံး ဆေးများပေါင်းပြီး ကုခြင်း သို့မဟုတ် ပေါင်းစပ် ကီမိုဆေးသွင်းခြင်းကုထုံး ကို rituximabနှင့်ပေါင်းပြီး ကုသခြင်းများပါဝင်နိုင်သည်။

    အသစ်ရှာဖွေတွေ့ရှိသော ရောဂါ

    အသစ်ရှာဖွေတွေ့ရှိသော ရောဂါအတွက် ကီမိုဆေးသွင်းခြင်း ကုထုံးကို စီစဥ်ရာတွင် ကုထုံးဆရာဝန်သည် တစ်ခါပေးမည့် ဆေးချိန်၏ပြင်းအား၊ ကုထုံးအလိုက် ကုသမှုခံယူရမည့်ကာလကို အကြောင်းအချက်များစွာအပေါ် မူတည်၍ ထည့်သွင်းစဥ်းစားပါမည်။

    အဆိုပါအကြောင်းအချက်များတွင် ရောဂါအဆင့်၊ ရောဂါဖြစ်ပွားရာ နေရာ (များ)နှင့် လက်တစ် ဒီဟိုင်ဒရိုဂျင်နေ့ သွေးခဲရည်ကြည် (LDH) ပမာဏစသည်တို့ပါဝင်သည်။ ကလေးများတွင် ဖြစ်ပွားတတ်သော Burkitt ပြန်ရည်ကျိတ်ကင်ဆာအတွက် အသုံးများသည့် ဆေးနမူနာများမှာ− 

    အချို့သောလူနာများတွင် rituximabဆေးလိုကောင်းလိုနိုင်သည်။ ကုထုံးကာလသည် အန္တရာယ်ဖြစ်စေသည့် အကြောင်းအချက်များအပေါ် မူတည်၍ ၃ လမှ ၈ လအထိကြာနိုင်သည်။

    ရောဂါလက္ခဏာ ပြန်ပေါ်ခြင်း

    ပြန်ဖြစ်သော ရောဂါအတွက် ကီမိုဆေးသွင်းခြင်း ကုထုံးကို rituximab နှင့်တွဲပေးပြီး ရိုးတွင်းခြင်ဆီ အစားထိုးမှုကို ဆက်လုပ်ပေးရသည်။ ပြန်ဖြစ်သော ရောဂါအတွက် အသုံးများသည့် ကီမိုဆေးပေါင်းမှာ RICE ဖြစ်ပြီး အရှည်မှာ (rituximabifosfamidecarboplatinနှင့် etoposide) တို့ဖြစ်သည်။ လက်ရှိတွင် ကုထုံးသစ်ဖြစ်သည့် ပစ်မှတ်ထားကုထုံးဆိုင်ရာ နည်းဗျူဟာများကိုမူ လေ့လာနေဆဲဖြစ်ပါသည်။

    Burkitt ပြန်ရည်ကျိတ်ကင်ဆာရောဂါကြိုတင်ခန့်မှန်းချက်

    ရောဂါကြိုတင်ခန့်မှန်းချက် သည် ရောဂါအဆင့်၊ အကျိတ်တည်နေရာနှင့် လက်တစ် ဒီဟိုင်ဒရိုဂျင်နေ့ သွေးခဲရည်ကြည် (LDH) ပမာဏများအပါအဝင် အကြောင်းအချက်များစွာအပေါ် မူတည်သည်။ အချို့သောပြန်ရည်ကျိတ်ကင်ဆာအကျိတ်လူနာများတွင် ရောဂါအဆင့်သည် သာမန်ထက်ပိုမြင့်နေတတ်သည်။ ကလေးများတွင် ဖြစ်ပွားတတ်သော Burkitt ပြန်ရည်ကျိတ်ကင်ဆာအတွက် ကန့်သတ်အဆင့် (အဆင့် I နှင့် II) အတွက် ငါးနှစ်တာ အသက်ရှင်နိုင်သည့် နှုန်းမှာ ၉၀ ရာခိုင်နှုန်း အထက်ဖြစ်သည်။

    ကလေးများတွင် ဖြစ်ပွားတတ်သော Burkitt ပြန်ရည်ကျိတ်ကင်ဆာ၏ ပိုအဆင့်မြင့်သည့် (အဆင့် III နှင့် IV) အတွက် ငါးနှစ်တာ အသက်ရှင်နိုင်သည့် နှုန်းမှာ ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိဖြစ်သည်။

  2. ပျံ့နှံ့လွယ်သည့် ဘီ-ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာသည် ကလေးငယ်များထက် ဆယ်ကျော်သက်များတွင် ပိုအဖြစ်များသည်။ Hodgkin မဟုတ်သည့် ဘီ−ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစားဖြစ်ပြီး ပြန်ရည်ကျိတ်များထဲတွင် လျင်မြန်စွာကြီးထွားကြသည်။ ယေဘုယျအားဖြင့် သရက်ရွက်၊ အသည်း၊ ရိုးတွင်းခြင်ဆီ သို့မဟုတ် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများသို့လည်း ပျံ့လေ့ရှိသည်။

    ပျံ့နှံ့လွယ်သည့် ဘီ-ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာကုသမှု

    ကလေးများတွင် ဖြစ်ပွားတတ်သော ပျံ့နှံ့လွယ်သည့် ဘီ-ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာအတွက် ကုထုံးသည် Burkitt ပြန်ရည်ကျိတ်ကင်ဆာကုထုံးနှင့် အတူတူပင်ဖြစ်သည်။

    ပျံ့နှံ့လွယ်သည့် ဘီ-ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာအတွက် ရောဂါကြိုတင်ခန့်မှန်းချက်

    ရောဂါကြိုတင်ခန့်မှန်းချက်သည် ရောဂါအဆင့်အပါအဝင် အကြောင်းအချက်များစွာအပေါ် မူတည်သည်။

    ပျံ့နှံ့လွယ်သည့် ဘီ-ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာအအတွက် ကန့်သတ်အဆင့် (အဆင့် I နှင့် II) အတွက် ငါးနှစ်တာ အသက်ရှင်နိုင်သည့် နှုန်းမှာ ၉၀ ရာခိုင်နှုန်းအထက်ဖြစ်သည်။

    ပျံ့နှံ့လွယ်သည့် ဘီ-ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာ၏ ပိုအဆင့်မြင့်သည့် (အဆင့် III နှင့် IV) အတွက် ငါးနှစ်တာ အသက်ရှင်နိုင်သည့် နှုန်းမှာ ၈၀% မှ ၉၀% အထိဖြစ်သည်။

    ပျံ့နှံ့လွယ်သည့် ဘီ-ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာ

    ပျံ့နှံ့လွယ်သည့် ဘီ-ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာ

  3. ရင်ခေါင်းတွင်းအဆုတ်နှစ်ခုကြားဖြစ်သောပင်မအကျိတ် အကြီးစား ဘီ-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာ (PMBCL) သည် ရင်လယ်ကန့်အတွင်းရှိ ဘီဆဲလ်များတွင် စတင်ဖြစ်ပေါ်ကြီးထွားတတ်သည်။ အဆုတ်နှင့် နှလုံးဝန်းကျင်ရှိ အရည်အိတ်များအပါအဝင် အနီးအနားရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားတတ်သည်။ ကျောက်ကပ်များအပါအဝင် အလှမ်းဝေးသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် ပြန်ရည်ကျိတ်များသို့လည်း ပျံ့နှံ့သွားတတ်သည်။ ကလေးများတွင် ဖြစ်ပွားတတ်သောရင်ခေါင်းတွင်းအဆုတ်နှစ်ခုကြားဖြစ် ပင်မအကျိတ် အကြီးစား ဘီ-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာ (PMBCL) သည် အသက်ပိုကြီးသည့် မြီးကောင်ပေါက်များတွင် ပိုအဖြစ်များသည်။

    ရင်ခေါင်းတွင်းအဆုတ်နှစ်ခုကြားဖြစ်သော ပင်မအကျိတ် အကြီးစား ဘီ-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာ (PMBCL) အတွက် ကုထုံး

    ကုထုံးရွေးချယ်မှုများသည် အကြောင်းအချက်များစွာအပေါ် မူတည်သည်။ ကလေးများတွင် ဖြစ်ပွားတတ်သော ရင်ခေါင်းတွင်းအဆုတ်နှစ်ခုကြားဖြစ် ပင်မအကျိတ် အကြီးစား ဘီ-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာ (PMBCL) အတွက် အဓိကကုထုံးမှာ ကီမိုဆေးသွင်းခြင်း ကုထုံး နှင့် ပစ်မှတ်ထားကုထုံး (rituximab)တို့ဖြစ်သည်။

    ရင်ခေါင်းတွင်းအဆုတ်နှစ်ခုကြားဖြစ် ပင်မအကျိတ် အကြီးစား ဘီ-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာ (PMBCL) ရောဂါကြိုတင်ခန့်မှန်းချက်

    ကလေးများတွင် ဖြစ်တတ်သော ရင်ခေါင်းတွင်းအဆုတ်နှစ်ခုကြားဖြစ် ပင်မအကျိတ် အကြီးစား ဘီ-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာ (PMBCL) အတွက် နောက်ဆက်တွဲရှုပ်ထွေးမှုတစ်စုံတစ်ရာမခံစားရဘဲ ရေရှည်အသက်ရှင်နှုန်းသည် ၇၀% ဖြစ်သည်။ ပစ်မှတ်ထားကုထုံးအသစ်ကို ထည့်သွင်း၍ရနိုင်သည့် အဆင့်မြင့်ကုထုံးတစ်ခုရှိရန် လိုအပ်လာပြီဖြစ်သည်။

    ရင်ခေါင်းတွင်းအဆုတ်နှစ်ခုကြားဖြစ် ပင်မအကျိတ် အကြီးစား ဘီ-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာ (PMBCL)

    ရင်ခေါင်းတွင်းအဆုတ်နှစ်ခုကြားဖြစ် ပင်မအကျိတ် အကြီးစား ဘီ-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာ (PMBCL)

  4. ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာရောဂါသည် တီ−ဆဲလ် ဟုခေါ်သည့် ပြန်ရည်ဆဲလ်များကို အဓိကထား၍တိုက်ခိုက်သည်။ ၎င်းသည် အဆုတ်နှစ်ခုအကြားရင်ခေါင်းအပိုင်းတွင် ဖြစ်ပေါ်လေ့ရှိသည်။ ရောဂါလက္ခဏာများမှာ အသက်ရှူရန်ခက်ခဲခြင်း၊ အသက်ရှူကျပ်ခြင်း၊ အစာနှင့်ရေမျိုချရခက်ခြင်း သို့မဟုတ် ဦးခေါင်းနှင့် လည်ပင်းရောင်ရမ်းခြင်းများဖြစ်သည်။ ၎င်းသည် ပြန်ရည်ကျိတ်များ၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အရေပြား၊ ဗဟိုအာရုံကြောစနစ်၊ ဝမ်းတွင်းအင်္ဂါများနှင့် အခြားအစိတ်အပိုင်းများအထိ ပျံ့နှံ့သွားတတ်သည်။ ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာသည် ပြင်းထန်သော သွေးဆဲလ်ဖြူကင်ဆာ (ALL) နှင့် အလွန်ပင် အလားသဏ္ဍာန်တူသည်။

    ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာကုသမှု

    ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာရောဂါရှင် ကလေးငယ်များကို ကုသရန်သုံးသော ဆေးဝါးများနှင့် ကုသရန် အချိန်ဇယားသည် ယေဘုယျအားဖြင့် ပြင်းထန်သော သွေးဆဲလ်ဖြူကင်ဆာကို ကုသရန် ထုတ်ဖော်ထားသည့် ကုထုံးအစီအစဥ်များမှ ဆင်းသက်လာသည်။ အသုံးများသည့် ဆေးဝါးများမှာ vincristineprednisonepegaspargase သို့မဟုတ် Erwinia asparaginasedaunorubicinmethotrexatemercaptopurinecytarabine နှင့် cyclophosphamideတို့ဖြစ်သည်။ ကုသကာလမှာ ၂ နှစ်ဖြစ်သည်။

    ကင်ဆာကျိတ်သည် ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအထိပျံ့နေပါက ဓာတ်ရောင်ခြည် ကုထုံးနှင့် ကီမိုဆေးသွင်းခြင်း ကုထုံးများကို ထည့်သွင်းကုသနိုင်သည်။ လက်လှမ်းမီရရှိနိုင်သည့် လူနာ၏ ရောဂါအခြေအနေ မှတ်တမ်းများအပါအဝင် ကုထုံးရွေးချယ်မှုကို ကလေးကင်ဆာအထူးကုသမားတော်က သုံးသပ်မည်ဖြစ်သည်။ ဗဟိုအာရုံကြောစနစ်သို့ ရောဂါပျံ့သွားခြင်းကို ကာကွယ်ရန်အတွက် မတူညီသည့် ကီမိုဆေးသွင်းကုထုံးများထည့်သွင်းအသုံးပြုသွားရန်ကိစ္စကို စမ်းသပ်ကုသမှုဆိုင်ရာ သုတေသနတွင် မိဘများနှင့် ဆွေးနွေးလာနိုင်သည်။

    ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာအတွက် ကုထုံးတွင် ကီမိုဆေးသွင်းခြင်း ကုထုံးတစ်မျိုးတည်း သို့မဟုတ် (ရိုးတွင်းခြင်ဆီ သို့မဟုတ် ပင်မဆဲလ် အစားထိုးကုသမှုဟုလည်း ခေါ်တွင်သည့်) ဟီမာတိုပွိုင်အက်တစ် ဆဲလ်အစားထိုးကုသမှု နှင့် ဆေးချိန်မြှင့် ကီမိုဆေးသွင်းခြင်းကုထုံး တို့ပေါင်းစပ်ပါဝင်သည့် ပေါင်းစပ်ကုထုံးတို့ပါဝင်နိုင်သည်။

    ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာအတွက် ရောဂါကြိုတင်ခန့်မှန်းချက်

    ရောဂါကြိုတင်ခန့်မှန်းချက်သည် ရောဂါအဆင့်နှင့် ကင်ဆာမျိုးဗီဇဖြစ်ပေါ်ပြောင်းလဲမှုများအပါအဝင် အကြောင်းအချက်များစွာအပေါ် မူတည်သည်။

    ကြပ်ကြပ်မတ်မတ်ကုသမည်ဆိုပါက ကန့်သတ်အဆင့်များ (အဆင့် I သို့မဟုတ် II) ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာဝေဒနာရှင် ကလေးငယ်များ၏ ရောဂါသည် ၉၀ ရာခိုင်နှုန်း ကုသပျောက်ကင်းနိုင်သည်။

    အဆင့်မြင့်သွားသည့် ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာ (အဆင့် III သို့မဟုတ် IV) အတွက် ကုသပျောက်ကင်းနိုင်ခြေသည် ယေဘုယျအားဖြင့် ၈၀ ရာခိုင်နှုန်း အထက်တွင်ရှိသည်။

    ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာ

    ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာ

  5. ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သော ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာသည် တီ−ဆဲလ် အမျိုးအစား ပြန်ရည်ဆဲလ်များကို အဓိကထား၍တိုက်ခိုက်သည်။ ၎င်းသည် ပြန်ရည်ကျိတ်များ၊ အရေပြား သို့မဟုတ် အရိုးတွင် တည်တတ်ပြီး တစ်ခါတစ်ရံတွင် အစာအိမ် အူလမ်းကြောင်း၊ အဆုတ်၊ အဆုတ်အမြှေးတစ်ရှူးနှင့် ကြွက်သားများအတွင်းတွင်လည်း ဖြစ်တည်တတ်သည်။

    ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သော ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာကုသမှု

    ကုထုံးရွေးချယ်မှုများသည် ရောဂါအဆင့်နှင့် ကင်ဆာမျိုးဗီဇဖြစ်ပေါ်ပြောင်းလဲမှုများအပါအဝင် အကြောင်းအချက်များစွာအပေါ် မူတည်သည်။ ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သော ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာကို အမျိုးမျိုးသော နည်းများကိုအသုံးပြုပြီး ကုသကြသည်။ ကီမိုဆေးသွင်းခြင်း ကုထုံး တွင် အသုံးများသော ဆေးဝါးများမှာ− 

    ကုထုံးကာလသည် ၄ လမှ ၁၂ လအထိ ကြာမြင့်သည်။

    ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သော ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာပြန်ဖြစ်သည့် ကလေးငယ်များအတွက် ကုထုံးရွေးချယ်မှုများတွင် ကီမိုဆေးသွင်းခြင်း ကုထုံးပင်မဆဲလ်အစားထိုးကုသခြင်း ကုထုံး စမ်းသပ်ကုသမှုဆိုင်ရာ သုတေသနတွင် ပါဝင်သည့် ပစ်မှတ်ထားကုထုံး (crizotinib)၊ ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သော ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာပြန်ဖြစ်ပြီး ALK မျိုးဗီဇပြောင်းလဲမှုများရှိနေသည့် ကလေးငယ်များအတွက် ကီမိုဆေးသွင်းခြင်းကုထုံးနှင့် crizotinib ကို ပူးတွဲကုသသည့် ကုခန်းစမ်းသပ်မှု သို့မဟုတ် CD30 အတွက် ပဋိပစ္စည်းကို အခြားကင်ဆာဆေးတစ်ခုခုနှင့် ပူးတွဲကုသသည့် ကုခန်းစမ်းသပ်မှု ( brentuximabကဲ့သို့သော ပဋိပစ္စည်းပေါင်းစပ်ဆေးဝါး )၊ ၎င်းပေါင်းစပ်မှုကို ရောဂါပြီးကုထုံးဟု ရည်ညွှန်းပါသည်။

    ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သော ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာကုသမှုဆိုင်ရာ ရောဂါကြိုတင်ခန့်မှန်းချက်

    ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သော ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာအတွက် နောက်ဆက်တွဲရှုပ်ထွေးမှုတစ်စုံတစ်ရာမခံစားရဘဲ ၅ နှစ်တာရေရှည်အသက်ရှင်နှုန်းသည် ၇၀ ရာခိုင်နှုန်း ဖြစ်သည်။

    ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သော ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာ

    ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်သော ဆဲလ်အကြီးစား ပြန်ရည်ကျိတ်ကင်ဆာ

Hodgkin မဟုတ်သည့် ပြန်ရည်ကျိတ်ကင်ဆာရောဂါလက္ခဏာများ

ရောဂါစဖြစ်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းအပေါ်တွင် မူတည်၍ ရောဂါလက္ခဏာများကွဲပြားကြသည်။

  • ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
  • ဗိုက်နာခြင်း
  • ပျို့အန်ချင်စိတ်ဖြစ်ခြင်း
  • အော့အန်ခြင်း
  • အသားအရေဖြူဖျော့လာခြင်း
  • အရိုးနာကျင်ကိုက်ခဲခြင်း
  • အရေပြားအနာများ

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာ ရောဂါရှာဖွေဖော်ထုတ်မှု

ဆရာဝန်များသည် ကလေး၏ ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှု၊ ကျန်းမာရေးမှတ်တမ်းနှင့် သွေးစစ်ဆေးမှုရလဒ်များအပေါ် ထည့်သွင်းစဥ်းစားခြင်းနှင့် ကလေးခံစားနေရသော ရောဂါလက္ခဏာများအပေါ် အခြေခံ၍ မည်သည့်ရောဂါအမျိုးအစားဖြစ်သည်ကို သံသယရှိနိုင်သည်။ တစ်ခါတစ်ရံတွင် ဆရာဝန်များသည် အချို့သော ရောဂါရှာဖွေဖော်ထုတ်ပေးနိုင်မည့် ပုံရိပ်ဖော်စစ်ဆေးမှုများကို ပြုလုပ်ရန် ပြောလာနိုင်သည်။

၎င်းစစ်ဆေးမှုများကို ဆရာဝန်၏ ရုံးခန်း၊ ဆေးရုံ သို့မဟုတ် ကင်ဆာဌာနတွင် လုပ်ဆောင်နိုင်သည်။

  1. ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုနှင့် ကျန်းမာရေးမှတ်တမ်း− ကလေးငယ်သည် ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုနှင့် ကျန်းမာရေးမှတ်တမ်းကို ကလေးအထူးကုဆရာဝန်၏ရုံးခန်းအတွင်းမှာပင် ပြုလုပ်ရတတ်ပါသည်။ ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုပြုလုပ်ချိန်အတောအတွင်းတွင် ဆရာဝန်သည် အလုံးအကျိတ်များ သို့မဟုတ် ပုံမှန်မဟုတ်ဟု ထင်ရသည့်အခြားအရာများအပါအဝင် ကျန်းမာရေးဆိုင်ရာ အထွေထွေလက္ခဏာများကို စစ်ဆေးပါမည်။ မျက်စိများ၊ ခံတွင်း၊ အရေပြားနှင့် နားရွက်များကို စေ့စေ့စပ်စပ်စစ်ဆေးမည်ဖြစ်ပြီး အာရုံကြောစစ်ဆေးမှုကိုပါ ပြုလုပ်ရတတ်ပါသည်။ ဆရာဝန်သည် လူနာတွင် သရက်ရွက် သို့မဟုတ် အသည်းကြီးမကြီးကိုသိရရန်အတွက် လူနာ၏ဝမ်းဗိုက်ကို စမ်းသပ်နိုင်ပါသည်။

  2. သွေးစစ်ဆေးမှုများတွင် သွေးဥဆဲလ်အရေအတွက် အပြည့်အစုံ (CBC) နှင့် သွေးတွင်းရှိ ဓာတ်ပစ္စည်းများအား လေ့လာမှုများပါဝင်နိုင်ပါသည်။ CBC သည် သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားများ၊ သွေးဆဲလ်ထုထည်စမ်းသပ်ခြင်းနှင့် ဟေမိုဂလိုဘင်များကို စစ်ဆေးပေးသည်။ သွေးတွင်းရှိ ဓာတ်ပစ္စည်းများအား လေ့လာမှုများပြုလုပ်နေစဥ်အတောအတွင်းတွင် ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများက သွေးထဲသို့ထုတ်လွှတ်ပေးလိုက်သည့် အချို့သော ဓာတ်များကိုတိုင်းတာရန် လူနာ၏သွေးနမူနာကို စစ်ဆေးပါသည်။ ဓာတ်တစ်ခုခုသည် ပုံမှန်ရှိနေကျ ပမာဏထက် ပိုများနေခြင်း သို့မဟုတ် ပိုနည်းနေခြင်းသည် ရောဂါရှိကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။

  3. X-ray ဆိုသည်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်း ပုံရိပ်ကို ရောင်ခြည်အနည်းငယ်သုံးပြီး ရိုက်ယူပေးသည့် ဓာတ်မှန်ဖြစ်သည်။ ရင်ဘတ် X-rays သည် နှလုံး၊ အဆုတ်များ၊ ပြန်ရည်ကျိတ်များ၊ ရင်ဝမ်းခြားကြွက်သား၊ ကျောရိုး၊ နံရိုးများ၊ ညှပ်ရိုးနှင့် ရင်ညွန့်ရိုးများကို ရိုက်ကူးဖော်ပြပေးပါသည်။

အသားစစစ်ဆေးမှု

ကင်ဆာရောဂါဟု သံသယရှိပါက အသားစထုတ်ယူစစ်ဆေးခြင်း ကို ပြုလုပ်ရန် ဆရာဝန်ကပြောလာနိုင်သည်။ ရောဂါရှာဖွေဖော်ထုတ်မှုပြုလုပ်ရန်အတွက် ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစားကို အတိအကျဆုံးဖြတ်ပေးမည့် အသားစထုတ်ယူစစ်ဆေးခြင်းကို လုပ်ဆောင်ရန် လိုအပ်ပါသည်။ ရောဂါဗေဒဆရာဝန်သည် အသားစထုတ်ယူစစ်ဆေးခြင်းပြုလုပ်ချိန်အတောအတွင်းတွင် ကင်ဆာဟုသံသယရှိနေသည့် အကျိတ်မှ အသားစကို ထုတ်ယူပြီး အဏုကြည့်ကိရိယာအောက်တွင် စစ်ဆေးပါသည်။

သံသယရှိနေသည့် ကင်ဆာကျိတ်၏တည်နေရာအပေါ် မူတည်၍ အောက်ပါအသားစထုတ်ယူစစ်ဆေးခြင်းအမျိုးအစားများကို လုပ်ဆောင်ကြပါသည်။

  • အသားစယူစစ်ဆေးခြင်းပြန်ရည်ကျိတ် သို့မဟုတ် အသားမျှင်တစ်အုံလုံးကိုဖြတ်ထုတ်ဖယ်ရှားခြင်း
  • တစ်ရှူးအသားမျှင်ကို ခွဲစိတ်ထုတ်ယူစစ်ဆေးခြင်း− အဖုအကျိတ်၊ ပြန်ရည်ကျိတ် သို့မဟုတ် တစ်ရှူးအသားမျှင်နမူနာ၏ တစ်စိတ်တစ်ဒေသကို ဖယ်ရှားခြင်း
  • အဓိကနေရာမှ အသားစကိုထုတ်ယူစစ်ဆေးခြင်း− အသားအစ သို့မဟုတ် ပြန်ရည်ကျိတ်အပိုင်းအစကို အပ်ကြီးကြီးဖြင့် ဖယ်ထုတ်ခြင်းဖြစ်သည်။
  • အပ်သေးသေးဖြင့် အသားစထုတ်ယူစစ်ဆေးခြင်း− အသားစ သို့မဟုတ် ပြန်ရည်ကျိတ်၏တစ်စိတ်တစ်ဒေသကို အပ်သေးသေးဖြင့် ထုတ်ယူခြင်းဖြစ်သည်။ (NCI)

ပြန်ရည်ကျိတ်ကင်ဆာဆဲလ်များရှိနေပါက ၎င်းကင်ဆာအမျိုးအစားကို သိရရန် နောက်ထပ်စစ်ဆေးမှုများကို ပြုလုပ်ပါမည်။ ၎င်းစစ်ဆေးမှုများမှာ

  • ကိုယ်ခံအားဆဲလ်မျိုးကွဲများကို ဆန်းစစ်လေ့လာခြင်း
  • ခရိုမိုဆုန်းနှင့် ဆက်နွှယ်လျှက်ရှိသော မူမမှန်မှုများကို ဆန်းစစ်လေ့လာခြင်း
  1. Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာသည် ကိုယ်ခံအားစနစ်၏ မတူညီသော ဆဲလ်များ (B ပြန်ရည်ဆဲလ်များT ပြရည်ဆဲလ်များ) မှပေါ်ပေါက်လာသည်။ ပြန်ရည်ကျိတ်ကင်ဆာများ၏ ၅၀% သည် B ပြန်ရည်ဆဲလ်များ (B-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာများ) ဖြစ်ပေါ်ကြီးထွားရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကျန်သည်မှာ T-ပြန်ရည်ဆဲလ်များ (T-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာ) ဖြစ်ပေါ်ကြီးထွားရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ကင်ဆာဆဲလ်များကို ကိုယ်ခံအားစနစ်ရှိ ပုံမှန်ဆဲလ်များနှင့် နှိုင်းယှဥ်ခြင်းအားဖြင့် ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစားတစ်ခုစီကို ရှာဖွေဖော်ထုတ်သည့်အခါတွင် မတူညီသည့် ကိုယ်ခံအားဆဲလ်များအား ဆန်းစစ်လေ့လာခြင်းနည်းလမ်းကို အသုံးပြုပါသည်။ ရောဂါသည် B-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာ သို့မဟုတ် T-ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာဖြစ်သည်ကို ရှာဖွေဖော်ထုတ်ရာတွင်Immunohistochemistry နှင့် ဆဲလ်အစုတစ်စုအတွင်းရှိ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဖွဲ့စည်းမှုဆိုင်ရာ ဝိသေသများကို ရှာဖွေတိုင်းတာပေးသည့် နည်းလမ်း ဓာတ်ခွဲခန်းစမ်းသပ်မှုများကို အသုံးပြုပါသည်။

    Immunohistochemistry ဆိုသည်မှာ အသားစနမူနာအတွင်းတွင် ပဋိပစ္စည်းလှုံ့များ ရှိမရှိကို ပဋိပစ္စည်းအသုံးပြုပြီး စစ်ကြည့်သည့် စမ်းသပ်မှုဖြစ်သည်။ အဏုကြည့်ကိရိယာဖြင့် ကြည့်ပါက ပဋိပစ္စည်းများ သည် လင်းလက်နေမည်ဖြစ်သည်။

    ဆဲလ်အစုတစ်စုအတွင်းရှိ ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုဖွဲ့စည်းမှုဆိုင်ရာ ဝိသေသများကို ရှာဖွေတိုင်းတာပေးသည့် နည်းလမ်းတွင် ဆဲလ်များအား အလင်းရောင်ကို တုံ့ပြန်နိုင်သည့် ဆိုးဆေးတစ်မျိုးဖြင့် အရောင်ဆိုးကာ အရည်ထဲတွင် ထည့်ပြီး ၎င်းထဲသို့ လေဆာ သို့မဟုတ် အခြားအလင်းတန်းတစ်ခုခုကို ဖြတ်စေပါသည်။ ဤစမ်းသပ်စစ်ဆေးမှုသည် ဆဲလ်များ၏အရေအတွက်၊ တက်ကြွလှုပ်ရှားလျှက်ရှိသည့် ဆဲလ်ရာခိုင်နှုန်းအပြင် အချို့သောဆဲလ်များ၏ ဝိသေသများဖြစ်သည့် ဆဲလ်မျက်နှာပြင်ရှိ အကျိတ်အမှတ်အသားလက္ခဏာများ ၊ ၎င်းတို့၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်များကို တိုင်းတာပေးပါသည်။ ဆဲလ်များအား အလင်းရောင်ကို တုံ့ပြန်နိုင်သည့် ဆိုးဆေးတစ်မျိုးဖြင့် အရောင်ဆိုးကာ အရည်ထဲတွင် ထည့်ပြီး ၎င်းထဲသို့ လေဆာ သို့မဟုတ် အခြားအလင်းတန်းတစ်ခုခုကို ဖြတ်စေပါသည်။ အလင်းရောင်ကို တုံ့ပြန်နိုင်သည့် ဆိုးဆေးက အလင်းအား တုံ့ပြန်မှုအတိုင်းအတာကို အခြေခံ၍ တိုင်းတာခြင်းဖြစ်သည်။

  2. ခရိုမိုဆုန်းနှင့် ဆက်နွှယ်လျှက်ရှိသော မူမမှန်မှုများကို ဆန်းစစ်လေ့လာခြင်းတွင် ခရိုမိုဆုန်းများအတွင်းရှိ အချို့သောပြောင်းလဲမှုများကို ရှာဖွေဆန်းစစ်သည့် ဓာတ်ခွဲခန်းစမ်းသပ်စစ်ဆေးမှုများပါဝင်လေ့ရှိသည်။

    အဆိုပါစမ်းသပ်စစ်ဆေးမှုတစ်ခုကိုဆိုရပါမူ FISH (fluorescence in situ hybridization) ဖြစ်သည်။ ၎င်းစမ်းသပ်စစ်ဆေးမှုသည် ဆဲလ်များနှင့် တစ်ရှူးများအတွင်းရှိ မျိုးဗီဇများ သို့မဟုတ် ခရိုမိုဆုန်းများကို စဆေးပေးသည်။ အလင်းရောင်ထွက်စေသည့် ရောင်ခြယ်ပစ္စည်းပါဝင်သော DNA မော်လီကျူးကို ဓာတ်ခွဲခန်းတွင် ထုတ်လုပ်ပြီးနောက် ဖန်ပြားပေါ်တွင် ဆဲလ် သို့မဟုတ် တစ်ရှူးများနှင့်ပေါင်းစပ်ပါသည်။ ဤ DNA မော်လီကျူးများသည် ဖန်ပြားပေါ်ရှိ အချို့ သော မျိုးဗီဇများ သို့မဟုတ် ခရိုမိုဆုန်းအပိုင်းများနှင့် တွယ်ကပ်မိချိန်လောက်ကို အဏုကြည့်ကိရိယာအောက်တွင် အထူးအလင်းတန်းတစ်မျိုးပေး၍ ကြည့်သောအခါတွင် လင်းလက်နေသည်ကို မြင်ရပါမည်။ ဤစမ်းသပ်မှုအမျိုးအစားကို အချို့ သော မျိုးဗီဇပြောင်းလဲမှုများအား ရှာဖွေဆန်းစစ်ရာတွင် သုံးပါသည်။

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာအဆင့်ခွဲခြားသတ်မှတ်ခြင်း

အသားစထုတ်ယူစစ်ဆေးခြင်းတွင် ကင်ဆာဟု အဖြေထွက်ပါက ကင်ဆာရောဂါအဆင့်ကို သတ်မှတ်ပေးနိုင်ရန် အခြားစမ်းသပ်မှုများကို ဆရာဝန်များက လုပ်ဆောင်ပါမည်။ ကင်ဆာအဆင့်သည် ကိုယ်ခန္ဓာရှိ အခြားအစိတ်အပိုင်းများသို့ ကင်ဆာပျံ့ မပျံ့နှင့် ပျံ့နေပါက မည်မျှအထိပျံ့ပြီးဖြစ်သည်ကို ညွှန်ပြပေးပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် ကင်ဆာအဆင့်အပေါ် အခြေခံ၍ ကုထုံးကို စီစဥ်ပါမည်။ ပြန်ရည်ကျိတ်ကင်ဆာကျိတ်များသည် လျင်မြန်စွာ ကြီးထွားတတ်သောကြောင့် ကင်ဆာအဆင့်ကို တတ်နိုင်သလောက်အမြန်ဆုံးခွဲခြားသတ်မှတ်ရန် အရေးကြီးပါသည်။ ကင်ဆာအဆင့်မြင့်လာလေလေ၊ ကြပ်ကြပ်မတ်မတ်ကုသရန်လိုအပ်လေဖြစ်သည်။

  • အဆင့် ၁ နှင့် ၂ ကို ကန့်သတ်ရောဂါအဆင့်အဖြစ် ယူဆထားသည်။
  • အဆင့် ၃ နှင့် ၄ ကို အဆင့်မြင့်နေပြီဟု ယူဆထားသည်။
အဆင့် ကင်ဆာတွေ့ရှိရာ နေရာ
အဆင့် ၁ ပြန်ရည်ကျိတ်အုပ်စုတစ်စုတည်းတွင် တွေ့ရှိရသည်
ပြန်ရည်ကျိတ်များရှိရာနေရာ၏ အပြင်ဘက်တွင် တွေ့ရှိရသည်
ကင်ဆာကျိတ်များကို ဝမ်းဗိုက် သို့မဟုတ် အဆုတ်နှစ်ခုကြားတွင် တွေ့ရှိရခြင်းမရှိပါ
အဆင့် 2 ပြန်ရည်ကျိတ်များရှိရာနေရာ၏ အပြင်ဘက်တွင်နှင့် အနီးတဝိုက်တွင် တွေ့ရှိရသည်
ရင်ဝမ်းခြားကြွက်သားအထက် သို့မဟုတ် အောက်ပိုင်းတွင် နှစ်နေရာနှင့်အထက် တည်နေနိုင်ပြီး အနီးတဝိုက်ရှိ ပြန်ရည်ကျိတ်များသို့လည်း ပျံ့နှံ့နေနိုင်သည်။
အစာအိမ် သို့မဟုတ် အူများတွင် စတည်ခြင်းဖြစ်ပါက ခွဲစိတ်ကုထုံးဖြင့် အရှင်းဖြတ်ထုတ်၍ရနိုင်သည်။ ကင်ဆာသည် အနီးတဝိုက်ရှိ ပြန်ရည်ကျိတ်များသို့လည်း ပျံ့နှံ့ နေနိုင်သည်။
အဆင့် 3 ရင်ဝမ်းခြားကြွက်သားအထက်တွင် အနည်းဆုံးတစ်နေရာနှင့် ရင်ဝမ်းခြားကြွက်သားအောက်တွင် အနည်းဆုံး တစ်နေရာတွင် တွေ့ရှိရသည်
ရင်ဘတ်တွင်းတွင် အစပျိုးခဲ့နိုင်သည်
ဝမ်းဗိုက်တွင် အစပျိုးပြီး ဝမ်းခေါင်းအနှံ့ပျံ့နှံ့သွားတတ်သည်
ကျောရိုးဝန်းကျင်တွင် တွေ့ရှိရတတ်သည်
အဆင့် 4 ရိုးတွင်းခြင်ဆီထဲတွင် တွေ့ရှိရတတ်သည်
ဦးနှောက်ထဲတွင် တွေ့ရှိရတတ်သည်
ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည်ထဲတွင် တွေ့ရှိရတတ်သည်
အခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများတွင်လည်း တွေ့ရှိရတတ်သည်။
Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာ၏ အဆင့်အလိုက် ထိခိုက်သည့် ခန္ဒာကိုယ်တွင်းရှိ နေရာများကို ပုံတွင် ဖော်ပြထားသည်။

ရောဂါရှာဖွေဖော်ထုတ်မှုသုံး ပုံရိပ်ဖော်စစ်ဆေးမှုများ

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာဝေဒနာရှင် ကလေးလူနာ၏ ရောဂါလက္ခဏာပြပြီဖြစ်သည့် ရင်ဘတ် X-ray ဓာတ်မှန်။

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာဝေဒနာရှင် ကလေးလူနာ၏ ရောဂါလက္ခဏာပြပြီဖြစ်သည့် ရင်ဘတ် X-ray ဓာတ်မှန်။

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာဝေဒနာရှင် ကလေးလူနာ၏ ရောဂါလက္ခဏာပြပြီဖြစ်သည့် ရင်ဘတ် X-ray ဓာတ်မှန်

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာဝေဒနာရှင် ကလေးလူနာ၏ ရင်ဘတ် X-ray ဓာတ်မှန်သည် ရောဂါလက္ခဏာကို ပြသပါသည်။

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာဝေဒနာရှင် ကလေးလူနာ၏ ရောဂါလက္ခဏာပြပြီဖြစ်သည့် ဘေးတိုက် X-ray ဓာတ်မှန်

Hodgkin မဟုတ်သော ဝေဒနာရှင် ကလေးလူနာ၏ ရောဂါလက္ခဏာပြပြီဖြစ်သည့် ဘေးတိုက် X-ray ဓာတ်မှန်ပြန်ရည်ကျိတ်ကင်ဆာ။

နောက်ထပ်စစ်ဆေးမှုများ

ကလေးများတွင် ဖြစ်တတ်သည့် Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာအဆင့်ခွဲခြားသတ်မှတ်မှုတွင် လုပ်ဆောင်နိုင်သော စမ်းသပ်စစ်ဆေးမှုများမှာ−

  1. ပြန်ရည်ကျိတ်ကင်ဆာသည် ရိုးတွင်းခြင်ဆီအပိုင်းအထိ ပျံ့နှံ့ခြင်းရှိမရှိကို ကြည့်ရန်အတွက် ရိုးတွင်းခြင်ဆီအစားထိုးကုသမှုနှင့် အသားစထုတ်ယူစစ်ဆေးမှု များကို လုပ်ဆောင်နိုင်သည်။

    ရိုးတွင်းခြင်ဆီအစားထိုးကုသမှု− ဆရာဝန်များသည် အခေါင်းပါအပ်ကို တင်ပါးရိုးထဲသို့ထည့်သွင်းပြီး ရိုးတွင်းခြင်ဆီကို ထုတ်ယူပါမည်။ ရောဂါဗေဒပညာရှင်တစ်ဦးသည် ကင်ဆာ၏လက္ခဏာများကို ရှာဖွေရန် မိုက်ခရိုစကုပ်အောက်တွင် နမူနာကို ကြည့်ရှုပါမည်။

    ရိုးတွင်းခြင်ဆီမှ တစ်ရှူးထုတ်ယူစစ်ဆေးမှု− ကင်ဆာသည် အရိုးသို့ ပျံ့နေခြင်းရှိမရှိကို ဆုံးဖြတ်နိုင်ရန် ဆရာဝန်များသည် ရိုးတွင်းခြင်ဆီအပိုင်းအစကိုထုတ်ယူစစ်ဆေးပါလိမ့်မည်။ ရိုးတွင်းခြင်ဆီကို မစုပ်ယူခင်ဖြစ်စေ၊ စုပ်ယူပြီးချိန်တွင်ဖြစ်စေ အသားစယူ၍ စစ်ဆေးခြင်းကို လုပ်ဆောင်ပါသည်။

    ယင်းသို့လုပ်ဆောင်နေစဥ်အတောအတွင်းတွင် ကလေးငယ်များသည် အိပ်ပျော်နေပါမည် (စိတ်ငြိမ်ဆေးတိုက်ထားမည်) သို့မဟုတ် အကိုက်အခဲပျောက်ဆေးကို သင့်တင့်သည့် ပမာဏအထိ ပေးထားပါမည်။

  2. ပြန်ရည်ကျိတ်ကင်ဆာသည် ဗဟိုအာရုံကြောစနစ်သို့ ပျံ့ခြင်းရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် ခါးဆစ်ကြားဖောက်ခြင်း နည်းလမ်းကိုသုံးပါသည်။ ခါးဆစ်ရိုးတောက်လျှောက်ရှိ ဦးနှောက်အရည်ကြည် (CSF) ကို ထုတ်ယူရန် ဤလုပ်ငန်းစဥ်ကိုသုံးပါသည်။ အပ်တစ်ချောင်းကို ကျောရိုးအတွင်းရှိ အရိုးနှစ်ချောင်းကြားမှသည် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးရှိ CSF အရည်ကြည်ရှိရာ နေရာအထိစိုက်သွင်းပြီး နမူနာအရည်ကိုထုတ်ယူခြင်းအားဖြင့် ဤလုပ်ငန်းစဥ်ကို ဆောင်ရွက်ပါသည်။

    ဦးနှောက်နှင့် ကျောဆစ်ရိုးတွင်း အာရုံကြောမကြီးအထိ ကင်ဆာပျံ့နေသည့် လက္ခဏာများကို ရှာရန် CSF အရည်ကြည်နမူနာကို အဏုကြည့်မှန်ဘီလူးအောက်တွင်းစစ်ဆေးပါသည်။ 

    ဤလုပ်ငန်းစဥ်ကို LP သို့မဟုတ် ကျောရိုးဖောက်ထုတ်သည့် လုပ်ငန်းစဥ်ဟု ခေါ်ပါသည်။

    ဤလုပ်ငန်းစဥ်လုပ်ဆောင်စဥ်အတောအတွင်းတွင် လူနာများကို အိပ်ပျော်အောင် လုပ်ထားသည် သို့မဟုတ် ထုံဆေးပေးထားပါသည်။

  3. ရင်လယ်ကန့်ပိုင်းသုံး အဏုကြည့်ကိရိယာဖြင့် စစ်ဆေးမှု နှင့် ရင်ခေါင်းဖောက်ခြင်း ဟူသည့် စစ်ဆေးမှုနှစ်ရပ်ကို ရင်ခေါင်းအတွင်းပိုင်း အသားစထုတ်ယူရန်လိုအပ်သည့် ကန့်သတ်ဖြစ်စဥ်များတွင် သုံးနိုင်ပါသည်။

ပြန်ရည်ကျိတ်ကင်ဆာသည် တစ်ခါတစ်ရံတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါဝေဒနာရှင်များတွင် ဖြစ်တတ်သောကြောင့် HIV (ခုခံအားကျဆင်းမှုကူးစက်ရောဂါ) ကို စစ်ကြည့်ရန်လည်း အကြံပြုလိုပါသည်။ ၎င်းရောဂါရှိသည်ဟု အဖြေထွက်လာပါက လူနာသည် HIV ကို ကုသရန် ဆေးဝါးများလိုအပ်လာနိုင်ပါသည်။

Hodgkin ပြန်ရည်ကျိတ်ကင်ဆာမဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာကုသမှု

ဆရာဝန်များသည် အကောင်းဆုံးကုထုံးကို ပြဌာန်းသတ်မှတ်ရာတွင် အကြောင်းအချက်များစွာကို ထည့်သွင်းစဥ်းစားကြသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

  • ပြန်ရည်ကျိတ်ကင်ဆာ၏ မည်သည့်အမျိုးအစားဖြစ်နေသည်
  • ပြန်ရည်ကျိတ်ကင်ဆာအဆင့်
  • မတူညီသော ကုထုံးများအပေါ် တုံ့ပြန်နိုင်ခြေ
  • ရနိုင်သော ကုသမှုမှတ်တမ်းအစီအစဥ်များ

သမားတော်များပါဝင်သည့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် လူနာ၏အသက်အရွယ်၊ ကုထုံးအားတုံ့ပြန်မှုအပေါ် ထိခိုက်စေသည့် အခြေအနေရှိမရှိအပါအဝင် အကြောင်းအချက်များစွာကို ထည့်သွင်းစဥ်းစားကြသည်။

ကုသမှုသည် ပြန်ရည်ကျိတ်ကင်ဆာမျိုးကွဲနှင့် ၎င်းမျိုးကွဲက မူလကုထုံးအပေါ် တုံ့ပြန်နိုင်သည့် အတိုင်းအတာအပေါ်တွင် မူတည်သည်။ ၎င်းကို အန္တရာယ်ကိုလိုက်၍ စီမံထားသော ကုထုံးဟုခေါ်သည်။ အန္တရာယ်ဟု ဆိုရာတွင်လည်း ကုထုံးကို ကင်ဆာက အောင်မြင်စွာ တုံ့ပြန်နိုင်ခြင်းမရှိတော့သည့် အန္တရာယ်မျိုးကို ဆိုလိုသည်− ကုထုံးကို ကောင်းစွာမတုံ့ပြန်ခြင်း (ပေခံနေခြင်း) ဖြစ်ပါက သို့မဟုတ် သက်သာပြီးမှ ပြန်ပေါ်ပါက (ပြန်ဖြစ်ပါက) ကုထုံးကို ကောင်းစွာတုံ့ပြန်ရန်မရှိပေ။

ကုထုံးကို ကောင်းစွာမတုံ့ပြန်တော့သည့် ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစား လူနာများ၏ ရောဂါအန္တရာယ်ဖြစ်နိုင်ခြေသည် သာမန်ထက် ပိုမိုမြင့်မားသည်။ ယေဘုယျအားဖြင့် ၎င်းလူနာများကို ပိုမိုပြင်းထန်သည့် ကုထုံးများပေးရလေ့ရှိသည်။

မူလကုထုံးကို တုံ့ပြန်ရန် နီးစပ်သည့် ပြန်ရည်ကျိတ်ကင်ဆာလူနာများသည် ဘေးထွက်ဆိုးကျိုးများအလွန်နည်းပါးသည့် ကုထုံးကို ခံယူရနိုင်ပါသည်။ လူနာအားလုံးသည် ဘေးထွက်ဆိုးကျိုးများလျော့ပါးအောင် ထောက်ကူပေးမည့် ဆေးဝါးများနှင့် အခြားကုထုံးများကို ခံယူရပါမည်။

ကလေးကင်ဆာအထူးကုဆရာဝန်သည် ကုထုံးရွေးချယ်မှုများကို လူနာမိသားစုနှင့်အတူ ဆွေးနွေးပေးပါလိမ့်မည်

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာသည် လေးများတွင်ဖြစ်ပါက ပိုမိုဥပဒ်ပေးတတ်သည့် သဘောကို ရှိသည်။ ကုထုံးကို တတ်နိုင်သလောက် အမြန်ဆုံးစတင်ရန် အရေးကြီးသည်။

  1. Hodgkin မဟုတ်သော ရင့်ကျက်သည့် ဘီ−ဆဲလ် ပြန်ရည်ကျိတ်ကင်ဆာနှင့် ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်တတ်သော ပြန်ရည်ကျိတ်ကင်ဆာများအတွက် ကီမိုဆေးသွင်းခြင်းကုထုံးကို ဆေးပတ်လည်အောင် ပေးလေ့ရှိသည်။ လူနာများသည် ဆေးဝါးများကို ရက်သတ္တပတ်ပေါင်းများစွာ လက်ခံရရှိမည်ဖြစ်ပြီး နောက်ထပ်တစ်ကျော့မစမီ ခေတ္တအနားရမည်ဖြစ်သည်။

    ကုထုံးဆေးပေးသည့် ဆေးပတ်အရေအတွက်နှင့် ကုထုံးကာလသည် ပြန်ရည်ကျိတ်ကင်ဆာအဆင့်နှင့် လူနာ၏ရောဂါလက္ခဏာများအပေါ်တွင် မူတည်ပါသည်။

    ပြန်ရည်ဆဲလ်ကွဲ ပြန်ရည်ကျိတ်ကင်ဆာလူနာများသည် ကုထုံးကို နှစ်နှစ်တာကာလအထိ အဆက်မပြတ်ခံယူရတတ်ပါသည်။

    ကလေးများတွင် ဖြစ်တတ်သော ပြန်ရည်ကျိတ်ကင်ဆာအတွက် အသုံးများသော ဆေးဝါးများမှာ−

  2. ပစ်မှတ်ထားကုထုံးသည် ကင်ဆာကြီးထွားဖြစ်ပွားပျံ့နှံ့စေသော ဆဲလ်များအတွင်းရှိ ပြောင်းလဲမှုများကို ပစ်မှတ်ထားသည့် ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြုသည်။ ပစ်မှတ်ထားကုထုံးသည် ၎င်းဆဲလ်များကိုဝပ်ကျသွားစေပြီး ကင်ဆာကိုကြီးထွားမှုမရှိအောင် ဟန့်တားပေးပါသည်။

    Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာကုသမှုတွင် လေ့လာလျှက်ရှိသော သို့မဟုတ် လက်ရှိတွင် အသုံးပြုလျှက်ရှိသော ကုထုံးအမျိုးအစား သုံးမျိုးမှာ ပျံ့ပွားစေမည့် ပရိုတင်းတစ်မျိုးတည်းအတွက် ပဋိပစ္စည်း၊ tyrosine kinase ဟန့်တားဆေးများနှင့် ပဋိပစ္စည်းအဆိပ်များဖြစ်ပါသည်။

    ပျံ့ပွားစေမည့် ပရိုတင်းတစ်မျိုးတည်းအတွက် ပဋိပစ္စည်း

    ပျံ့ပွားစေမည့် ပရိုတင်းတစ်မျိုးတည်းအတွက် ပဋိပစ္စည်းဆိုသည်မှာ ဓာတ်ခွဲခန်းတွင် ကိုယ်ခံအားစနစ်ဆဲလ်အမျိုးအစားတစ်ခုခုမှနေ၍ ထုတ်လုပ်ထားသော ပဋိပစ္စည်းများ ကိုသုံးသည့် ကင်ဆာကုသမှုနည်းလမ်းဖြစ်သည်။

    ၎င်းပဋိပစ္စည်းများသည် ကင်ဆာဆဲလ်များပေါ်ရှိ ဓာတ်ပစ္စည်းများ သို့မဟုတ် ကင်ဆာဆဲလ်များကို ကြီ:ထွားအောင် ကူပံ့ပေးနိုင်သည့် ပုံမှန်ဓာတ်ပစ္စည်းများကို ဖော်ထုတ်ပေးနိုင်သည်။ ပဋိပစ္စည်းများသည် အဆိုပါဓာတ်ပစ္စည်းများဆီသို့ သွားကပ်ပြီး ကင်ဆာဆဲလ်များကိုသတ်ပစ်ကာ ကင်ဆာဆဲလ်ကြီးထွားမှုကို ပိတ်ထားလိုက်သည် သို့မဟုတ် ၎င်းတို့ဆက်လက်ကြီးထွားခြင်းမရှိအောင် ထိန်းထားလိုက်ပါသည်။ အဆိုပါပဋိပစ္စည်းများကို ၎င်းတို့ချည်းသက်သက်သုံးနိုင်သည် သို့မဟုတ် ဆေးဝါးများ၊ အဆိပ်အတောက်များသို့မဟုတ် ရေဒီယိုသတ္တိကြွ ပစ္စည်းကို ကင်ဆာဆဲလ်များဆီသို့ တိုက်ရိုက်သယ်ဆောင်သွားပေးရန်အတွက် အသုံးပြုနိုင်သည်။

    Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစားများကိုကုသရန် အသုံးပြုသည့် ဧကပုံပွားပဋိပစ္စည်းမှာRituximab ဖြစ်သည်။ (NCI)

    Brentuximab မှာ ဆဲလ်အိုများမှ ဆက်လက်မျိုးပွားနိုင်သည့် ဆဲလ်ပျိုများအဖြစ် ပြောင်းလဲဖြစ်ပေါ်တတ်သော ပြန်ရည်ကျိတ်ကင်ဆာများကို ကုသရန်အတွက် သုံးသည့် ကင်ဆာဆေးနှင့် ပေါင်းစပ်ထားသော ဧကပုံပွားပဋိပစ္စည်းဖြစ်သည်။

    Tyrosine kinase ဟန့်တားဆေးများ

    Tyrosine kinase ဟန့်တားဆေးများ (TKIs) သည် အကျိတ်များကို ကြီးထွားရန် အချက်ပြများကို ပိတ်ဆို့ထားပေးသည်။

    အချို့သော TKI များသည် အကျိတ်များဆီသို့သွားသည့် သွေးကြောအသစ်များကြီးထွားမှုကို ဟန့်တားခြင်းဖြင့် အကျိတ်များကြီးမလာအောင် ထိန်းထားပေးသည်။

    ကလေးများတွင် ဖြစ်တတ်သည့် Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာအတွက် လက်ရှိလေ့လာနေဆဲ TKI တစ်မျိုးမှာCrizotinib ဖြစ်သည်။

    ပဋိငန်းမန်းဆိပ်များ

    ပဋိငန်းမန်းဆိပ်များသည် ကင်ဆာဆဲလ်များကို ဝင်လုံးပြီး အသေသတ်နိုင်စွမ်းရှိသည်။ 

ကုထုံးအပေါ် တုံ့ပြန်မှုမရှိသည့် သို့မဟုတ် ပြန်ဖြစ်ရန်မရှိသည့် Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာ

ပြန်ရည်ကျိတ်ကင်ဆာဝေဒနာရှင် ကလေးငယ်များအား ကုသရာတွင် သိသာသည့် တိုးတက်မှုများရှိလာသည်ဆိုသော်ြငားလည်း ၁၀% မှ ၃၀% အထိသော ကလေးများသည် ရောဂါလက္ခဏာများမရှိဘဲ နေပြီးတော့မှ ပြန်ပေါ်ခြင်း သို့မဟုတ် ပြန်ဖြစ်ခြင်း များရှိနေဆဲဖြစ်သည်။

သို့သော်လည်း ရွေးချယ်စရာ ကုထုံးများရှိနေသေးသည်။ ဆရာဝန်အများစုသည် ဆေးချိန်မြင့် ကီမိုဆေးသွင်းကုထုံးကို ပစ်မှတ်ထားကုထုံးနှင့် တွဲ၍ဖြစ်စေ၊ ၎င်းကုထုံးမပါဘဲဖြစ်စေ ပေးပြီး ဟီမာတိုပွိုင်အက်တစ် ဆဲလ်အစားထိုးကုသမှု (ရိုးတွင်းခြင်ဆီအစားထိုးကုသမှု သို့မဟုတ် ပင်မဆဲလ်အစားထိုးကုသမှု ဟု၍လည်းခေါ်တွင်သည်) များကို ပြုလုပ်ရန် စဥ်းစားကြသည်။

ပြန်ဖြစ်သည့် ပြန်ရည်ကျိတ်ကင်ဆာများတွင် ဖြစ်သည့် ရောဂါအမျိုးအစားသည် ကုထုံးများကို ရွေးချယ်ဆုံးဖြတ်ရာတွင် အရေးပါသည့် အချက်တစ်ချက်ဖြစ်ပါသည်။

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာအတွက် ရောဂါကြိုတင်ခန့်မှန်းချက်

ရောဂါကြိုတင်ခန့်မှန်းချက် (ပြန်လည်နာလန်ထလာနိုင်ခြေ) သည်

  • ပြန်ရည်ကျိတ်ကင်ဆာအမျိုးအစား
  • ရောဂါရှာဖွေဖော်ထုတ်ချိန်တွင် ခန္ဓာကိုယ်တွင်းရှိ အကျိတ်တည်နေရာ
  • ကင်ဆာအဆင့်
  • ခရိုမိုဆုန်းများတွင် ပြောင်းလဲမှုများရှိမရှိ
  • ကနဦးကုထုံးအမျိုးအစား
  • ပြန်ရည်ကျိတ်ကင်ဆာသည် ကနဦးကုထုံးအပေါ် တုံ့ပြန်ခြင်းရှိမရှိ
  • လူနာ၏အသက်အရွယ်နှင့် အထွေထွေကျန်းမာရေးအခြေအနေ

ကလေးများတွင် ဖြစ်တတ်သည့် Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာအတွက် ငါးနှစ်တာအသက်ရှင်နိုင်ခြေသည် ၇၀% မှသည် ၉၀% အထက်တွင်ရှိသည်။

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာကုသမှု၏ နောက်ဆက်တွဲဆိုးကျိုးများ

နောက်ဆက်တွဲဆိုးကျိုးများ ဆိုသည်မှာ ကုထုံးခံယူပြီးနောက် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများဖြစ်သည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-

လူနာများသည် ၎င်းတို့၏စိတ်ထဲတွင် မတင်မကျဖြစ်စရာ ကိစ္စမှန်သမျှကို မိမိတို့၏သမားတော်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပြီး ရောဂါလက္ခဏာမှန်သမျှကိုလည်း အသိပေးသင့်ပါသည်။ ကလေးများတွင် ဖြစ်တတ်သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါကုသပျောက်ကင်းသွားသူများအနေဖြင့် နောက်ဆက်တွဲကျန်းမာရေးစောင့်ရှောက်မှုကို တစိုက်မတ်မတ်လုပ်ဆောင်သွားရန် အလွန်အရေးကြီးပါသည်။

Hodgkin မဟုတ်သော ပြန်ရည်ကျိတ်ကင်ဆာသုတေသနအလေးထားဆောင်ရွက်မှု

  • လက်ရှိတွင် ကုထုံးသစ်ဖြစ်သည့် ပစ်မှတ်ထားကုထုံးဆိုင်ရာ နည်းဗျူဟာများကိုမူ လေ့လာနေဆဲဖြစ်ပါသည်။
  • အသက်ရှင်နိုင်ခြေကို မြှင့်တင်နိုင်စေရန်အတွက်ရောဂါပြီးကုထုံး ကိုလည်း လေ့လာလျှက်ရှိပါသည်။
  • မျိုးမအောင်ခြင်း၊ နှလုံးပြဿနာများနှင့် နောက်တိုးကင်ဆာများကဲ့သို့သော ကုထုံးနောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချရန်နှင့် အပြီးတိုင်ဖယ်ရှားနိုင်ရန်အတွက် သုတေသနလုပ်ငန်းများကို တစိုက်မတ်မတ်ဆောင်ရွက်လျှက်ရှိသည်။
  • ကလေးများတွင် ဖြစ်ပွားတတ်သည့် ပြန်ရည်ကျိတ်ကင်ဆာနှင့် ဆက်စပ်လျှက်ရှိသော ခရိုမိုဆုန်းမူမမှန်မှုများကို တစိုက်မတ်မတ်ထုတ်ဖော်ခြင်းသည် ကင်ဆာမျိုးကွဲများအား အမျိုးအစားသတ်မှတ်မှုနည်းလမ်းများကို မွမ်းမံခြင်း၊ ကုထုံးအပေါ် တုံ့ပြန်မှုကို အကဲဖြတ်သုံးသပ်ခြင်းနှင့် သက်ဆိုင်ရာမျိုးဗီဇ သို့မဟုတ် ပရိုတင်းကို ပစ်မှတ်ထားတိုက်ခိုက်မည့် ကုထုံးသစ်များအား ထုတ်ဖော်ခြင်းများပြုလုပ်ရာတွင် အထောက်အကူပြုပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ - ဇွန်လ၊ ၂၀၁၉ ခုနှစ်