ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးနှင့်လူငယ်များတွင်ဖြစ်သော ဆာကိုးမားအရိုးကင်ဆာ

အခြားနာမည်များ/သက်ဆိုင်သည့်အမျိုးအစားများ- ယူးရင်း၏ဆာကိုးမား၊ အဖျားပိုင်းဦးနဗ်ကြောအက်တိုဒမ်အကျိတ်၊ ပီပီအန်အီးတီ၊ အက်စကင်အကျိတ်

ယူးရင်းဆာကိုးမားဆိုသည်မှာ အဘယ်နည်း။

ယူးရင်းဆာကိုးမားဆိုသည်မှာ တစ်ရှုးပျော့ (သို့မဟုတ်) အရိုးတွင် ကြီးထွားသည့် ကင်ဆာတစ်မျိုးဖြစ်ပါသည်။ ခြေထောက်၊ တင်ပါးဆုံ၊ နံရိုးများ (သို့မဟုတ်) လက်မောင်းတို့တွင် ဖြစ်ပွားလေ့ရှိပါသည်။ ယူးရင်းဆာကိုးမားသည် အလွန်ဖြစ်ခဲသော်လည်း ဒုတိယအဖြစ်အများဆုံးသော ကလေးအရိုးအကျိတ်ဖြစ်ပါသည်။ အမေရိကန်တွင် နှစ်စဉ်နှစ်တိုင်း ကလေးနှင့်လူငယ်ပေါင်း ၂၀၀ ခန့်သည် ယူးရင်းဆာကိုးမားဖြစ်ပွားနေပါသည်။ 

ယူးရင်းဆာကိုးမားသည် တစ်ခါတစ်ရံ အရိုးတွင် ပေါ်ထွက်လာတတ်ပါသည်။ သို့ရာတွင် လူနာရာခိုင်နှုန်းအနည်းငယ်သာ အရိုး၏ အပြင်ဘက်တွင် အကျိတ်ဖြစ်ပွားပါသည် (အရိုးပြင်ပ)။ 

ယူးရင်းဆာကိုးမားကို သက်ကြီးကလေးတွေနှင့် ဆယ်ကျော်သက်များတွင် အတွေ့ရအများဆုံး ဖြစ်ပါသည်။ ရောဂါမပျံ့နှံ့မီ ကင်ဆာကို စောစီးစွာ သိပါက ရေရှည်ရှင်သန်နိုင်ခြေမှာ ၇၀% ခန့်ဖြစ်ပါသည်။ ရောဂါပျံ့နှံ့ပြီးပါက ကုသ၍ရနိုင်ခြေမှာ အတော်နည်းပါးပါသည်။

ယူးရင်းဆာကိုးမား အန္တရာယ်ဖြစ်နိုင်ခြေများနှင့် ဖြစ်ပွားရသည့်အကြောင်းအရင်းများ

အချို့ကလေးများတွင် ယူးရင်းဆာကိုးမားသည် ဖြစ်ပွားရသည့်အကြောင်းရင်း မသိရှိသေးသော်လည်း အသက်အရွယ်၊ လိင်နှင့် လူမျိုးအပါအဝင် အချို့သောအကြောင်းရင်းများသည် ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။ 

  • ယူးရင်းဆာကိုးမားထက်ဝက်ခန့်သည် ကလေးကြီးများနှင့် ဆယ်ကျော်သက် ၁၀-၂၀ အရွယ်တွင် ဖြစ်ပွားပါသည်။ 
  • ယူးရင်းဆာကိုးမားသည် အမျိုးသမီးများထက် အမျိုးသားများတွင် အနည်းငယ်ပိုအဖြစ်များလေ့ရှိပါသည်။
  • ကော့ကေးရှန်းလူမျိုးများသည် အာဖရိကန်-အမေရိကန်၊ အာရှ-အမေရိကန်ကလေးများနှင့် နှိုင်းယှဉ်လျှင် ယူးရင်းဆာကိုးမား ဖြစ်နိုင်ခြေပိုမြင့်ပါသည်။
  • ဓါတ်ရောင်ခြည် ကုထုံး နှင့်ကုသပြီးရှင်သန်ကျန်ရစ်သူများသည် ယူးရင်းဆာကိုးမားဖြစ်ပွားနိုင်ခြေပိုမြင့်ပါသည်။
  • ယူးရင်းဆာကိုးမားသည် မျိုးရိုးလိုက်ပုံမရပါ။

ယူးရင်းဆာကိုးမား၏ ရောဂါလက္ခဏာများ

ယူးရင်းဆာကိုးမား လက္ခဏာများသည် အကျိတ်၏တည်နေရာပေါ်မူတည်ပါသည်။ တွေ့ရလေ့ရှိသော ယူးရင်းဆာကိုးမားလက္ခဏာများတွင် အောက်ပါတို့ပါဝင်ပါသည်-

  • အကျိတ်တစ်ဝိုက် ရောင်ရမ်းခြင်း၊ အဖု နှင့်/(သို့မဟုတ်) နာကျင်မှု
  • အဖျား
  • အရိုးနာကျင်ပြီး အထူးသဖြင့် ခန္ဓာကိုယ်လှုပ်ရှားမှုများနှင့် ညဘက်တွင်
  • ခြေထော့ခြင်း (သို့မဟုတ်) လမ်းလျှောက်ရာတွင် ပြဿနာများရှိခြင်း 
  • အကြောင်းပြချက်မရှိဘဲ အရိုးကျိုးခြင်း

နာကျင်မှုသည် ရက်သတ္တပတ်များ၊ လများ ကြာလာသည်နှင့် ပို၍ဆိုးလာပြီး ကလေးများကို ညဘက်နိုးနေအောင်လုပ်နိုင်ပါသည်။ ယူးရင်းဆာကိုးမားလက္ခဏာများကို ကလေးဘဝသာမန်နာကျင်မှု (သို့မဟုတ်) ထိခိုက်ဒဏ်ရာများနှင့် မှားတတ်သောကြောင့် ရောဂါစစ်ဆေးမတွေ့ရှိမီ အချိန်အတော်ကြာတတ်ပါသည်။

ယူးရင်းဆာကိုးမားရောဂါရှာဖွေဖော်ထုတ်ခြင်း

ယူးရင်းဆာကိုးမားကို ရှာဖွေဖော်ထုတ်ရန် လုပ်ထုံးလုပ်နည်းနှင့် စစ်ဆေးမှုအမျိုးမျိုးကို အသုံးပြုပါသည်။ ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်- 

  • ကျန်းမာရေး မှတ်တမ်း၊ ရုပ်ပိုင်းမေးခွန်းနဲ့ ရောဂါလက္ခဏာကိုလေ့လာဖို့ သွေးအဖြေများ၊ ယေဘုယျကျန်းမာရေး၊ အတိတ်ကရောဂါများနဲ့ ဖြစ်ပွားစေတဲ့အကြောင်းအရင်းများ။ 
    • ပြည့်စုံသော သွေးဆဲလ်ရေတွက်မှု (စီဘီစီ)သည် သွေးထဲရှိ သွေးနီဥဆဲလ်များ၊ သွေးဖြူဥဆဲလ်များ နှင့် သွေးဥမွှားများအရေအတွက်တို့ကို စစ်ဆေးရန် ဖြစ်ပါသည်။ 
    • ဆရာဝန်များသည် ယူးရင်းဆာကိုးမားတွင် မြင့်တက်နိုင်သည့် သွေးထဲရှိပစ္စည်းတစ်ခုဖြစ်သည့် လတ်တေ့ဒီဟိုက်ဒရိုဂျန်နေ့(အယ်လ်ဒီအိပ်ချ်) ပမာဏကိုလည်းစစ်ဆေးပါမည်။
  • အကျိတ်ကိုရှာဖွေရန်နှင့် လိုအပ်သည့် အခြားစစ်ဆေးမှုများကို ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် ပုံရိပ်စစ်ဆေးမှုများ 
    • အရိုး ဓါတ်မှန်
    • အဆုတ်များသို့ ယူးရင်းဆာကိုးမားပျံ့နှံ့ခြင်းရှိမရှိ ကြည့်ရန် ရင်ဘတ်၏စီတီစကင်န် တစ်ခုကို အသုံးပြုပါသည်။
    • ခွဲစိတ်မှုကိုအစီစဉ်ဆွဲရာတွင် အကူအညီဖြစ်ရန်နှင့် အကျိတ်ကိုအကဲဖြတ်ရာတွင် အမ်အာအိုင် ကိုသုံးပါသည်။
    • အရိုးနဲ့ ခန္ဓာကိုယ်ရဲ့ အခြားနေရာများက ကင်ဆာကို ရှာဖွေရန် Bone Scans သို့မဟုတ် PET Scans သုံးပါတယ်။
  • ကင်ဆာပျံ့နှံ့ခြင်းရှိမရှိကြည့်ရန် ရိုးတွင်းချဉ်ဆီစုပ်ယူစစ်ဆေးခြင်းနှင့် အသားစနမူနာထုတ်ယူစစ်ဆေးခြင်း။ ခါးရိုးထဲကို ပါးလွှာတဲ့အခေါင်းပေါက်အပ်တစ်ချောင်း ထိုးစိုက်ကာ ဆရာဝန်တွေက ရိုးတွင်းခြင်ဆီနမူနာကို ရယူမှာဖြစ်ပါတယ်။ ရောဂါဗေဒပညာရှင်တစ်ဦးသည် ကင်ဆာ၏လက္ခဏာများကို ရှာဖွေရန် မိုက်ခရိုစကုပ်အောက်တွင် နမူနာကို ကြည့်ရှုပါမည်။
  • မှန်ကန်သည့် ရောဂါရှာဖွေဖော်ထုတ်ခြင်းကို ပြုလုပ်ရန် အကျိတ်၏အသားစနမူနာထုတ်ယူစစ်ဆေးခြင်း။ အသားစစစ်ဆေးမှုမှာ ဆရာဝန်ဟာ အကျိတ်မှ အသားစပမာဏသေးသေးကို ဖယ်ရှားပါတယ်။ ထို့နောက် ကင်ဆာလက္ခဏာကို ရှာဖွေဖို့အတွက် ဆဲလ်များကို အဏုကြည့်မှန်ဘီလူးအောက်မှာ စစ်ဆေးတာဖြစ်ပါတယ်။ အသားစကို ခွဲထုတ်ယူ၍စစ်ဆေးခြင်း သို့မဟုတ် အပ်ဖြင့်ဖောက်စစ်ဆေးမှု တွေကို အကျိတ်ရဲ့တည်နေရာပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။ ယူးရင်းဆာကိုးမားအကျိတ်ဆဲလ်များသည် မိုက်ခရိုစကုပ်အောက်တွင် သေးငယ်လုံးဝန်းသည့်အပြာရောင်ဆဲလ်များအဖြစ် ပေါ်လာပါသည်။
ယူးရင်းဆာကိုးမားကို ညွှန်ပြရန် အမှတ်များနှင့် ကလေးကင်ဆာရောဂါသည်တစ်ဦး၏ ပေါင်ရိုးဓါတ်မှန်

ယူးရင်းဆာကိုးမားအရွယ်အစားကို မှတ်သားပြသည့် ကလေးကင်ဆာရောဂါသည်တစ်ဦး၏ ပေါင်ရိုးဓါတ်မှန်

အိပ်စ်ရေးဓါတ်မှန်သည် ကလေးကင်ဆာရောဂါသည်တစ်ဦး၏ ပေါင်ရိုးပေါ်ရှိ ယူးရင်းဆာကိုးမားကိုပြသသည်။

အိပ်စ်ရေးဓါတ်မှန်သည် ကလေးကင်ဆာရောဂါသည်တစ်ဦး၏ ပေါင်ရိုးပေါ်ရှိ ယူးရင်းဆာကိုးမားကိုပြသသည်။

ပျံ့ပွားမှုများကို ပြသရန် အမှတ်များနှင့် ယူးရင်းဆာကိုးမားရောဂါသည်တစ်ဦး၏ ရင်ဘတ်စီတီ

အဆုတ်များသို့ ယူးရင်းဆာကိုးမားပျံ့နှံသွားသည်ကိုပြသည့် ရင်ဘတ်စီတီစကင်န်

ယူးရင်းဆာကိုမှာကို အဆင့်ခွဲခြင်း

ယူးရင်းဆာကိုမာကို တစ်နေရာတည်းရှိ (သို့) ပြန့်ပွားအဖြစ် ဖော်ပြလေ့ရှိပါသည်။ တစ်နေရာတည်းရှိရောဂါဆိုသည်မှာ ခန္ဓာကိုယ်၏ တစ်နေရာတည်းတွင်သာ အကျိတ်ရှိသည်ဆိုသည့် အဓိပ္ပါယ်ဖြစ်ပါသည်။ ပျံ့ပွား ယူးရင်းဆာကိုးမားဆိုသည်မှာ အဆုတ်များ၊ အရိုး သို့မဟုတ် ရိုးတွင်းခြင်ဆီကဲ့သို့သော အခြားနေရာများသို့ ကင်ဆာသည် ပျံ့နှံ့ပြီးဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

လူနာ ၂၅% ခန့်သည် ရောဂါရှာဖွေဖော်ထုတ်စဉ်တွင် ပျံ့ပွားရောဂါ ရှိပါသည်။ အဆိုပါလူနာထက်ဝက်ခန့်သည် ရောဂါရှာဖွေဖော်ထုတ်စဉ်တွင် ရောဂါပျံ့နှံ့ပြီး ဖြစ်ပါသည်။

ယူးရင်းဆာကိုမာ၏ ရောဂါကြိုတင်ခန့်မှန်းချက်

ယူရင်းဆာကိုးမားမှ ပြန်ကောင်းလာနိုင်ခြေသည် အောက်ပါ အကြောင်းရင်းအမျိုးမျိုးပေါ်မူတည်သည်-

  • အကျိတ်ရဲ့နေရာနဲ့ အရွယ်အစား
    • အဆိုးရလဒ်နှင့် ဆက်နွယ်သည့် အကျိတ်ကြီး။ 
    • တင်ပါးဆုံ၊နံရိုးများ (သို့မဟုတ်) ကျောရိုးမကြီးတွင် တည်သည့် ကင်ဆာသည် ကုသရခက်ခဲပါသည်။
    • တစ်ရှုးပျော့တွင်ဖြစ်သော ယူးရင်းဆာကိုးမားအကျိတ်များနှင့်လူနာများ (အရိုးပြင်ပ) သည် အရိုးတွင် ဖြစ်ပွားသည့် အကျိတ်လူနာများနှင့် နှိုင်းယှဉ်ပါက ပိုကောင်းလာလေ့ရှိပါသည်။
  • လူနာအသက်နှင့် လိင်အမျိုးအစား
    • ငယ်ရွယ်သည့် လူနာများ (အသက် ၁၅ နှစ်အောက်) သည် သက်ကြီးလူနာများနှင့် နှိုင်းယှဉ်ပါက ပိုကောင်းလာလေ့ရှိပါသည်။
    • ယောက်ျားလေးများနှင့် ယှဉ်လျှင် မိန်းကလေးများသည် ရောဂါနှင့်ပတ်သက်ပြီး အလားအလာပိုကောင်းလေ့ရှိတတ်ပါသည်။
  • ကင်ဆာသည် ပျံ့နှံ့ပြီး (ပြန့်ပွားထားပြီး) ရှိမရှိ (သို့မဟုတ်) ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ရောက်ရှိပြီးခြင်းရှိမရှိ (ပျံ့ပွားရောဂါ)။ အရိုးများ သို့မဟုတ် ပြန်ရည်ဖုများထဲ ပျံ့ပွားအကျိတ်ရှိသော လူနာများနှင့်နှိုင်းယှဉ်လျှင် အဆုတ်များထဲတွင် ပျံ့ပွားအကျိတ်များရှိသောလူနာများသည် ပိုကောင်းနိုင်ပါသည်။
  • ကီမိုဆေးသွင်းခြင်း ကုထုံး သို့မဟုတ်ဓာတ်ရောင်ခြည်ကုထုံး ကို အကျိတ်၏ တုံ့ပြန်ပုံ။
  • ကင်ဆာပြန်ဖြစ်ပါက (ပြန်လာသည်)

ခွဲစိတ်မှုနှင့် လုံးဝဖယ်ရှားလို့ရနိုင်သည့် တစ်နေရာတည်းရှိ ယူးရင်းဆာကိုးမား အကျိတ်တစ်လုံးတည်းရှိသော လူနာများသည် ရေရှည်ကုသနိုင်ခြေ ၇၀% ရှိပါသည်။ ရောဂါရှာဖွေဖော်ထုတ်နေစဉ်တွင် ခန္ဓာကိုယ်၏ အဝေးအပိုင်းများသို့ ကင်ဆာပျံ့နှံ့ထားသည့် ပျံပွားရောဂါရှိလူနာများသည် ပျံ့ပွားရောဂါတည်နေရာပေါ်မူတည်ပြီး ရှင်သန်နိုင်ခြေ ၁၅-၃၀% ရှိပါသည်။ ပြန်ဖြစ်သည့် ယူးရင်းဆာကိုးမားနှင့် လူနာများအတွက် ရောဂါကြိုတင်ခန့်မှန်းချက်သည် အားမကောင်းသော်လည်း ကုသရနိုင်ခြေသည် ၁၀%-၁၅% ခန့်ရှိပါသည်။

ယူးရင်းဆာကိုးမား ပြန်ဖြစ်သည့်လူနာများသည် ရောဂါရှာဖွေဖော်ထုတ်ခြင်းပြီး ပထမ ၂ နှစ်အတွင်း အကျိတ်သစ်များ တစ်ခါတစ်ရံတွင် ဖွံ့ဖြိုးလာပါသည်။ အဆုတ်များထဲတွင် အဖုသစ်များကဲ့သို့ အများဆုံး ဖြစ်ပွားလေ့ရှိပါသည်။ ရောဂါရှာဖွေဖော်ထုတ်ပြီး ၂ နှစ်အတွင်း “ကနဦးပြန်ဖြစ်ပွားမှု” ရှိသည့်လူနာများသည် “နှောင်းပိုင်းပြန်ဖြစ်မှု” ရှိသည့်လူများထက် ကုသရန် ပို၍ခက်ခဲပါသည်။

ယူးရင်းဆာကိုးမားအား ကုသမှု

ယူးရင်းဆာကိုးမား ရောဂါရှာဖွေတွေ့ရှိသောအခါတွင် ကီမိုဆေးသွင်းခြင်း ကုထုံး နှင့် ပထမဦးစွာကုသလေ့ရှိပြီး ခွဲစိတ်မှု နှင့်/(သို့မဟုတ်) ဓာတ်ရောင်ခြည်ကုထုံးကို နောက်က ဆက်လုပ်လေ့ရှိပါသည်။ ပစ်မှတ်ထားကုထုံး နှင့် ကိုယ်ခံအားကုထုံးအပါအဝင် ကုသမှုအသစ်များကို စမ်းသပ်ကုသမှုသုတေသနလုပ်ငန်းများတွင်လည်း လေ့လာနေဆဲဖြစ်ပါသည်။ 

ယူးရင်းဆာကိုးမားအတွက် အဓိကကုသမှုရည်မှန်းချက်များမှာ ၃ ခုရှိပါသည်-

  1. မူလအကျိတ်ကို ရှုံ့အောင်လုပ်ပြီး ခန္ဓာကိုယ်အနှံ့ရောက်သွားသော ကီမိုဆေးသွင်းခြင်း ကုထုံးနှင့် လည်ပတ်နေသည့် မည်သည့်ကင်ဆာဆဲလ်များကိုမဆို သေစေပါသည်။
  2. ခွဲစိတ်မှု နှင့်/(သို့မဟုတ်) ဓာတ်ရောင်ခြည်နှင့် မူလအကျိတ်ကို ဖယ်ရှားသည်။
  3. လျှော့ချရန် ကီမိုဆေးသွင်းခြင်း ကုထုံးနှင့် ကျန်ရှိကင်ဆာကို ကုသသည်။ကျောက်ကပ်အကျိတ်တစ်ခုပြန်ဖြစ်လာခြင်းအတွက်
  1. ကီမိုဆေးသွင်းခြင်း ကုထုံး (“ခီမို”) သည် ယူးရင်းဆာကိုးမားအတွက် ပထမဆုံးကုသမှု ဖြစ်လေ့ရှိပါသည်။ ဤဆေးများသည် ကင်ဆာဆဲလ်များကို သေစေသည် (သို့မဟုတ်) ကြီးထွားပြီး ကင်ဆာဆဲလ်သစ်ဖြစ်ခြင်းမှ ရပ်တန့်စေပါသည်။ တစ်ခါတစ်ရံ ကင်ဆာကို ကုသဖို့ ဆေးဝါးတစ်မျိုးတည်းမက သုံးစွဲပါလိမ့်မယ်။ ကီမိုဆေးသွင်းခြင်း ကုထုံးအများစုကို ဗဟို သွေးပြန်ကြောထဲသို့ ထိုးဆေးဖြင့် ထည့်သွင်းသော်လည်း အချို့ကီမိုကို ပါးစပ်မှတဆင့် ပေးနိုင်ပါသည်။ အကျိတ်ပို၍သေးအောင်ပြုလုပ်ရန် ခွဲစိတ်မှု/ဓာတ်ရောင်ခြည်ပေးမှု မတိုင်ခင် ကီမိုဆေးသွင်းခြင်း ကုထုံးကို ပုံမှန်အားဖြင့် ပေးလေ့ရှိပါသည်။ ထို့အပြင် ကျန်ရှိကင်ဆာဆဲလ်များကို ဖယ်ရှားရန်နှင့် အကျိတ်ပြန်မဖြစ်စေရန် ခွဲစိတ်မှု/ဓာတ်ရောင်ခြည်ပေးမှုပြီးနောက်တွင် ကီမိုဆေးသွင်းခြင်း ကုထုံးကို ပေးလေ့ရှိပါသည်။

    ခွဲစိတ်မှုမတိုင်မီ လူနာများကို ခန့်မှန်းခြေ ၃-၄ လခန့်ကြာ ကီမိုဆေးသွင်းခြင်း ကုထုံးနှင့် ကုသပါသည်။ ဆေးပေးမှုအစီအစဉ်တွင် အစ်ဖိုစ်ဖာမိုက်နှင့် အီတိုပိုဆိုက် နှင့်အတူ ဆိုက်ကလိုဖော့စဖာမိုက်၊ ဒိုဆိုရူဘစ်ဆင်၊ ဗင်ခရစ်စတင်းတို့ အပါအဝင် ကီမိုဆေးသွင်းခြင်း ကုထုံးတစ်လှည့်စီလည်ပတ်မှု ပါဝင်လေ့ရှိပါသည်။ ခန့်မှန်းခြေ ရက်သတ္တပတ် ၂ ပတ်တိုင်း ကီမိုဆေးသွင်းခြင်း ကုထုံးများကို ပေးလေ့ရှိပါသည်။ ခွဲစိတ်မှု နှင့်/(သို့မဟုတ်) ဓာတ်ရောင်ခြည်ကုထုံးပြီးနောက် ထပ်ဆောင်းကီမိုဆေးသွင်းခြင်း ကုထုံးကို ပေးပါသည်။ ယူးရင်းဆာကိုးမားအတွက် ပုံမှန်ကုသမှုကာလသည် ၈-၉ လခန့်ရှိပါသည်။

  2. ဖြစ်နိုင်ပါက ကင်ဆာကိုဖယ်ရှားရန် ခွဲစိတ်မှု ကို သုံးပါသည်။ မည်သည့်ကင်ဆာမှ မကျန်ခဲ့စေအောင်သေချာစေရန် အကျိတ်တစ်ဝိုက်ရှိ တစ်ရှုးပမာဏအနည်းငယ်ကိုလည်း ဖယ်ရှားပါသည်။

    အချို့ဖြစ်ရပ်များတွင် ဆရာဝန်များသည် ဖယ်ရှားပြီးသောနေရာကို အစားထိုးရန် လူနာထံမှ တစ်ရှူး (သို့မဟုတ်) အရိုးကို ဖြည့်ပါမည်။ အရိုးတု (သို့မဟုတ်) အစားထိုးမှုကိုလည်း သုံးနိုင်ပါသည်။ ခြေလက်အစားထိုးခွဲစိတ်မှုတွင် ဆရာဝန်သည် အကျိတ်နှင့်အရိုးစကိုဖယ်ရှားပြီး သတ္တုအတုတစ်ခုအစားထိုးခြင်း(သို့မဟုတ်) နောက်အရိုးစတစ်ခုနှင့်အရိုးကို အစားထိုးပါသည်။ သို့သော်လည်း အချို့ဖြစ်ရပ်များတွင် အကျိတ်အရှင်းဖယ်ရှားသည်ကိုသေချာစေရန် ခြေလက်ဖြတ်တောက်ခြင်းကို လိုအပ်နိုင်ပါသည်။

  3. ကီမိုဆေးသွင်းခြင်း ကုထုံးနှင့် ခွဲစိတ်မှုကို ပေါင်းစပ်ပြီး ယူးရင်းဆာကိုးမားကို ကုသရန်ဓာတ်ရောင်ခြည်ကုထုံ ကို သုံးနိုင်ပါသည်။ ခွဲစိတ်မှု (သို့မဟုတ်) ဓာတ်ရောင်ခြည်ကုထုံးပြီးနောက် ကျန်ရှိသည့် ကင်ဆာဆဲလ်များကြီးထွားမှုကို နှေးစေရန် (သို့မဟုတ်) သတ်ရန် ကြိုးစားရာတွင် ဓာတ်ရောင်ခြည်ကုထုံးကို ပေးနိုင်ပါသည်။

  4. ပစ်မှတ်ထားကုထုံ သည် အထူးပစ်မှတ်ထားသည့်ကင်ဆာဆဲလ်များ ကြီးထွားခြင်းမှ ရပ်တန့်စေရန် အဆိုပါဆဲလ်များ၏ တိကျသော ပစ်မှတ်များအပေါ် သက်ရောက်လုပ်ဆောင်သည့် ဆေးဝါးအသစ်များဖြစ်ပါသည်။ ယူးရင်းဆာကိုးမားကို ကုသရာတွင် ကိုင်းနေ့စ်ဟန့်တားဆေးများနှင့် နဲ့မိုနိုကလိုနယ်ပဋိပစ္စည်းများ ကိုလေ့လာနေပါသည်။ ကိုင်နေ့စ် ဟန့်တားပစ္စည်းများဟာ ကင်ဆာဆဲလ်ကိုကြီးထွားဖို့ အချက်ပြတဲ့ ပရိုတိန်းတစ်ခုကို ပိတ်ဆို့တာဖြစ်ပါတယ်။ မိုနိုကလိုနယ်ပဋိပစ္စည်းကုထုံးဟာ ပရိုတိန်းအမျိုးမျိုးကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို သတ်ဖို့ သို့ ဆဲလ်ကြီးထွားမှုနှုန်းကိုလျှော့ချဖို့ ကင်ဆာဆဲလ်မှာ ကပ်တဲ့ အထူးပရိုတိန်းများကို သုံးတာ ဖြစ်ပါတယ်။ 

    ပင်မဆဲလ်ကယ်ဆယ်ခြင်းနှင့်အတူ ဆေးပမာဏမြင့် ကီမိုဆေးသွင်းခြင်း ကုထုံးသည် ပြန်ဖြစ်(သို့မဟုတ်)ပြန့်ပွား ရောဂါအတွက် ရွေးချယ်စရာ ကုသမှုတစ်ခုအဖြစ် စမ်းသပ်အသုံးပြုနိုင်ပါသည်။ 

    ယူးရင်းဆာကိုးမားအတွက် စမ်းသပ်ကုသမှုသုတေသနလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကလေးအမြောက်အများကို ကုသမှု ပေးနိုင်ပါသည်။

ယူးရင်းဆာကိုးမားပြီးနောက်ဘဝ

ပြန်လည်ဖြစ်ပွားမှုကို စောင့်ကြည့်ထိန်းချုပ်ခြင်း

ယူးရင်းဆာကိုးမားသည် နှစ်အတော်ကြာ ပြန်လည်ရှင်သန်မှုသို့ ထပ်တလဲလဲ ပြန်ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း ကုသမှုအဆုံးသတ်ပြီး ၂ နှစ်အတွင်း ပြန်ဖြစ်မှုသည် ယူးရင်းဆာကိုးမားတွင် အများဆုံး (၈၀%) ဖြစ်ပါတယ်။ အကျိတ်ဟာ တူညီတဲ့နေရာ(တစ်နေရာတည်း ပြန်ဖြစ်မှု)မှာပဲ ပြန်ဖြစ်နိုင်ပါတယ် သို့ ခန္ဓာကိုယ်ရဲ့ တခြားနေရာ(အဝေး ပြန်ဖြစ်မှုအနေနဲ့)မှာလည်း ပြန်ဖြစ်နိုင်ပါတယ်။

ကုသမှုအဆုံးသတ်ပြီး အချိန်ကြာသည်အထိ ပြန်ဖြစ်မှုကို စစ်ဆေးရန် လူနာများသည် နောက်ဆက်တွဲဂရုစိုက်မှု ကို လက်ခံရရှိပါမည်။ ဆေးဘက်ဆိုင်ရာအဖွဲ့ဟာ လိုအပ်တဲ့ စစ်ဆေးမှုအမျိုးအစားများနဲ့ စစ်ဆေးဖို့လိုတဲ့ အကြိမ်ရေအတွက် တိကျတဲ့ အကြံပြုချက်များကို ပြုလုပ်ပါလိမ့်မယ်။ ပုံရိပ်ဖော်စစ်ဆေးမှုတွင် အဆုတ်စီတီစကင်န်၊ အကျိတ်နေရာ အိပ်စ်ရေးဓါတ်မှန် (သို့မဟုတ်) အမ်အာအိုင် နှင့် ပီအီးတီ (သို့မဟုတ်) အရိုးစကင်န်များ ပါဝင်လေ့ရှိပါသည်။ ရိုးတွင်းခြင်ဆီတွင် လူနာသည် ယူးရင်းဆာကိုးမားမှတ်တမ်းရှိပါက ပြန်ဖြစ်ရန် သုံးသပ်တွက်ချက်မှုမှာ ရိုးတွင်းခြင်ဆီ စမ်းသပ်မှုပါ ပါဝင်ပါမည်။

ခြေလက်အစားထိုးခွဲစိတ်မှု (သို့မဟုတ်) ခြေလက်ဖြတ်တောက်ကုသမှုပြီးနောက် ဘဝ 

ယေဘုယျအားဖြင့် ခြေလက်ဖြတ်တောက်ကုသမှု (သို့မဟုတ်) ခြေလက်အစားထိုးခွဲစိတ်မှု ကို ကြုံတွေ့ရသည့်လူနာအများစုသည် အချိန်အတော်ကြာအထိ ကောင်းမွန်ပါသည်။ သူတို့သည် ကောင်းမွန်သည့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်နှင့် ကောင်းမွန်သည့်ဘဝအရည်အသွေးရှိကြောင်းကို အစီရင်ခံပါသည်။ နောက်ဆက်တွဲဂရုစိုက်မှုသည် ဆက်လက်ရွေ့လျားမှုကို သေချာအောင်ပြုလုပ်ရာတွင် အရေးကြီးပါသည်။ ကြွက်သားအရိုးလုပ်ဆောင်ချက်ကို စစ်ကြည့်ရန် လူနာများသည် နှစ်စဉ်စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ ပြဿနာများ ဆက်လက်ဖြစ်ပေါ်ခြင်းမရှိခြင်းကို သေချာစေရန် အရေးကြီးပါသည်။ မညီညာသည့်ခြေလက်အရှည်၊ ကိုယ်နေဟန်ထားအပြောင်းအလဲ၊ အရိုးဆစ်ပြဿနာများနှင့် အခြားပြဿနာများသည် နာတာရှည်နာကျင်မှု နှင့် မသန်စွမ်းမှုကို ဖြစ်စေနိုင်ပါသည်။ 

ဖြတ်တောက်မှုကြုံထားရသည့်လူနာများသည် ၎င်းတို့၏ အစားထိုးခြေလက်များ၏ လုပ်ဆောင်ချက်ကို ထိန်းသိမ်းရန် နှစ်စဉ်စစ်ဆေးမှုလည်း လုပ်သင့်ပါသည်။ အရိုးခွဲစိတ်ဆရာဝန်တစ်ယောက်သည် အရိုးအစားထိုး(အရိုးဆက်နှင့်/(သို့မဟုတ်) သတ္တုအစားထိုးမှု)နှင့် လူနာများကို အနည်းဆုံးတစ်နှစ်တစ်ခါ စစ်ဆေးသုံးသပ်သင့်ပါသည်။ ခြေလက်အစားထိုးခွဲစိတ်မှုလုပ်ထားသည့် လူနာများသည် ၎င်းတို့လူကြီးအရွယ်အမြင့်ရောက်သည့်အထိ ခြေလက်ကိုရှည်စေရန်အတွက် ထပ်ဆောင်းခွဲစိတ်မှုများလိုအပ်နိုင်ပါသည်။ 

ကင်ဆာဖြစ်ပွားပြီးနောက်ကျန်းမာရေး

ယူးရင်းဆာကိုးမား ကုသထားသည့်ကလေးများသည် ကုထုံးနှင့်ပတ်သတ်သည့် ဘေးထွက်ဆိုးကျိုးမျာ ဖြစ်နိုင်ခြေရှိပါသည်။ ရောဂါပျောက်ကင်းသွားသူတွေအားလုံးဟာ ပုံမှန်ကာကွယ်စစ်ဆေးမှုကို မူလဆရာဝန်တစ်ယောက်ဆီကနေ ဆက်လက်ပြုလုပ်သင့်ပါတယ်။ ယေဘုယျ ရောဂါနဲ့ ကျန်းမာရေးကာကွယ်မှုအတွက် ရောဂါပျောက်ကင်းသွားသူတွေဟာ ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ အစားအသောက်အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။ 

အရိုးကင်ဆာရှင်သန်သူများသည် တက်ကြွလေ့မရှိပါ။ ကျန်းမာရေး၊ခန္ဓာကိုယ်ကျစ်လစ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တို့ကို ထိန်းထားရန် ပုံမှန်လေ့ကျင်ခန်းပြုလုပ်ခြင်းသည် အရေးကြီးပါသည်။ 

ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့စေသော ကင်ဆာဓာတုဆေးသွင်းကုထုံး (သို့) ဓာတ်ရောင်ခြည်နဲ့ ကုသရှင်သန်သူတွေကို ကုထုံးရဲ့ စိုးရိမ်ဖွယ်ရာနောက်ပိုင်းသက်ရောက်မှုတွေအတွက် စောင့်ကြည့်သင့်ပါတယ်။ ကုသမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများမှာ အကြားအာရုံဆုံးရှုံးခြင်, နှလုံးပြဿနာမျာနှင့် ကျောက်ကပ်ပျက်စီးမှုများ ပါဝင်နိုင်ပါသည်။ 

ခြေထောက်ကို ဓာတ်ရောင်ခြည်ပေးခြင်းသည် အဆိုပါအရိုး၏ကြီးထွားမှုကို သက်ရောက်နိုင်ပြီး ပိုတိုခြင်းကို ဖြစ်စေနိုင်ပါသည်။ မညီမျှသည့်အရှည် (သို့မဟုတ်) ခြေထောက်အရှည်ကွဲပြားမှုဖြစ်လာနိုင်ပါသည်။ ပြင်းထန်မှုပေါ်မူတည်ပြီး ဤပြဿနာကိုကုသရန် နည်းလမ်းအမျိုးမျိုးရှိပါသည်။ 

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရှင်သန်သူလေ့လာချက်အရ ရှင်သန်သူ ၂၅%ခန့်ဟာ ရောဂါစစ်ဆေးတွေ့ရှိပြီးနောက် ၂၅နှစ်ကြာတဲ့ထိ ဆိုးဝါးတဲ့နာတာရှည်ကျန်းမာရေးအခြေအနေတွေ ရှိဆဲဖြစ်ပါတယ်။ ဤအခြေအနေများတွင် ပါဝင်သည်များမှာ ဆင့်ပွားကင်ဆာများ (ဓာတ်ရောင်ခြည်နှင့် ထိတွေ့ပြီးနောက် မြင့်မားလာသည့်အန္တရာယ်)၊ နှလုံးသွေးစုရောဂါ၊ သန္ဓေမအောင်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ်အတွင်း နောက်ဆက်တွဲ ရောဂါအသစ်များနှင့် ကျောက်ကပ်ပျက်စီးမှု သို့မဟုတ် နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါ တို့ ဖြစ်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018