ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆာကိုးမားအရိုးကင်ဆာ

ဆာကိုးမားအရိုးကင်ဆာဆိုတာ ဘာလဲ။

ဆာကိုးမားအရိုးကင်ဆာသည် ကလေးများနှင့် လူငယ်လူရွယ်များတွင် အများဆုံးဖြစ်ပွားလေ့ရှိသည့် အရိုးကင်ဆာတစ်မျိုးဖြစ်သည်။ ၎င်းသည် ကနဦးအဆင့် အဖြစ်အများဆုံး ကလေးသူငယ်ဆိုင်ရာ အရိုးကင်ဆာအကျိတ်ဖြစ်သည်။ အမေရိကပြည်ထောင်စုတွင် နှစ်စဉ် ကလေးသူငယ်နှင့် ဆယ်ကျော်သက် ၄၀၀ ခန့် တွင်ဖြစ်ပွားလျက်ရှိပါသည်။ ဆာကိုးမားအရိုးကင်ဆာသည် ဆယ်ကျော်သက်များထဲတွင် တတိယအဖြစ်အများဆုံးကင်ဆာဖြစ်သည်။

ဆာကိုးမားအရိုးကင်ဆာသည် မည်သည့်အရိုးတွင်မဆို ဖြစ်ပွားနိုင်သော်လည်း ခြေထောက် သို့မဟုတ် လက်မောင်း၏ အရိုးတံရှည် အဆုံးဖက် ခပ်ကျယ်ကျယ်နေရာတွင် အဖြစ်များလေ့ရှိသည်။ အရိုးတစ်ရှူးအသစ်ဖြစ်‌ပေါ်စေသော မဖွံ့ဖြိုးသေးသည့် အရိုးဆဲလ်များ (အရိုးတည်ဆောက်ပေးနိုင်သောကလာပ်စည်းများ) တွင် အများဆုံးစတင်ဖြစ်ပွားလေ့ရှိတတ်ပါသည်။

ဆာကိုးမားအရိုးကင်ဆာ စတင်ဖြစ်ပွားလေ့ရှိသည့်နေရာများမှာ ပေါင်ရိုး၏ ဒူးခေါင်းနှင့် ကပ်နေသော အပိုင်း (ပေါင်ရိုး) သို့မဟုတ် (ခြေသလုံးအတွင်းပိုင်းအရိုး) ညို့သကျည်းအပေါ်ပိုင်းတို့ဖြစ်သည်။ အခြားဖြစ်ပွားတတ်သည့်နေရာမှာ ပုခုံးနားရှိ လက်မောင်းအပေါ်ပိုင်းအရိုး (လက်မောင်းရိုး) တွင်ဖြစ်သည်။ အရိုးပြားများဖြစ်သည့် တင်ပါးဆုံနှင့် ဦးခေါင်းခွံတို့၌ တစ်ခါတရံဖြစ်ပွားသော်လည်း မကြာခဏ ဖြစ်ပွားလေ့မရှိပါ။ ရှားပါးဖြစ်စဉ်များတွင် ဆာကိုးမားအရိုးကင်ဆာကို အရိုး၌မတွေ့ရဘဲ တစ်ရှူးပျော့များတွင် တွေ့ရတတ်သည်။

ဆာကိုးမားအရိုးကင်ဆာသည် အရိုးအတွင်း (ကင်ဆာအကျိတ် အလယ်ဗဟို) သို့မဟုတ် အရိုးအပြင်ဖက် မျက်နှာပြင် (ကင်ဆာအကျိတ် မျက်နှာပြင်) တို့တွင်လည်း ဖြစ်ပေါ်တတ်ပါသည်။ ကလေးများတွင်ဖြစ်လေ့ရှိသည့်ဆာကိုးမားအရိုးကင်ဆာကို အများအားဖြင့် အရိုးအတွင်းပိုင်း အလယ်ဗဟိုတွင် တွေ့ရတတ်သည်။

ဆာကိုးမားအရိုးကင်ဆာ ဖြစ်နိုင်ချေအကြောင်းတရားနှင့် ဖြစ်ရသည့်အကြောင်းအရင်းများ

ဆာကိုးမားအရိုးကင်ဆာသည် ပုံမှန်အားဖြင့် အသက် ၁၀ ကျော်လျှင် ဖြစ်လေ့ရှိတတ်ပြီး အသက် ၅ နှစ် မတိုင်ခင် ဖြစ်သည်မှာ အလွန်ရှားသည်။

ဆာကိုးမားအရိုးကင်ဆာ ပိုမိုဖြစ်နိုင်ချေများသည့် အချို့အကြောင်းအရင်းများရှိပါသည်။

  • ဆာကိုးမားအရိုးကင်ဆာသည် အမျိုးသမီးများထက် အမျိုးသားများတွင် အနည်းငယ် ပိုမိုအဖြစ်များလေ့ရှိပါသည်။
  • အာဖရိကန်−အမေရိကန် ကလေးငယ်များသည် လူဖြူ ကလေးငယ်များထက် ဆာကိုးမားအရိုးကင်ဆာ ပိုမိုဖြစ်ပွားနိုင်ချေရှိသည်။
  • ဓာတ်ရောင်ခြည်ကုထုံး ဖြင့် ကင်ဆာဝေဒနာမှ လွတ်မြောက်လာသူများတွင် ဆာကိုးမားအရိုးကင်ဆာဖြစ်ပွားနိုင်ချေ ပိုများသည်။
  • မျိုးဗီဇ အကြောင်းအရင်းများကြောင့်လည်း ဆာကိုးမားအရိုးကင်ဆာဖြစ်ပွားနိုင်ချေ ပိုများတတ်ပါသည်။ ဆာကိုးမားအရိုးကင်ဆာနှင့် အခြားကင်ဆာများ ဖြစ်နိုင်ချေများသည့် မျိုးရိုးဗီဇ သယ်လာသည့် ကလေးများထဲမှ ရာခိုင်နှုန်းအနည်းငယ်ကသာ ပြောင်းလဲမှုများ သို့မဟုတ် မျိုးဗီဇပြောင်းလဲမှုများရှိသည်။ အဆိုပါအကြောင်းရင်းကြောင့်မျိုးရိုးလိုက်သော ကလေးငယ် မျက်ကြည်လွှာ ကင်ဆာရှိသူများ၊ကင်ဆာအမျိုးမျိုး ဖြစ်ပွားခဲ့သည့် ရာဇဝင်ရှိသူများ၊ မိသားစုတွင်း ရင်သားကင်ဆာ၊ သွေးကင်ဆာ၊ ဦးနှောက်အကျိတ်ရောင်ရောဂါရှိသည်ဟု အားကောင်းသော မိသားစုရောဂါမှတ်တမ်းရှိသူများ ကင်ဆာအကျိတ် သည် အရိုးအတွင်း၌ သို့မဟုတ် ပျော့ပြောင်းသော တစ်ရှူး၌ ရှိသူများ၌ ဖြစ်နိုင်ချေ အင်မတန်များပါသည်။
  • အခြားရှားပါးဖြစ်စဉ်များဖြစ်သည့် မျိုးရိုးဗီဇ အချို့ပြောင်းလဲမှုမှတဆင့်လည်း ဆာကိုးမားအရိုးကင်ဆာ ဖြစ်နိုင်ချေ များပါသည်။ ၎င်းတို့မှာ Li-Fraumeni ရောဂါလက္ခဏာ၊ Rothmund-Thomson ရောဂါလက္ခဏာ၊ Bloom ရောဂါလက္ခဏာ၊ Werner ရောဂါလက္ခဏာနှင့် Diamond-Blackfanသွေးအားနည်းရောဂါတို့ ပါဝင်သည်။

ဆာကိုးမားအရိုးကင်ဆာ၏ ရောဂါလက္ခဏာများ

ဆာကိုးမားအရိုးကင်ဆာသည် အရိုးအားထိခိုက်ပျက်စီးစေပြီး အားနည်းစေသည်။ ကင်ဆာအကျိတ်၏ တည်နေရာအလိုက် ရောဂါလက္ခဏာများပြသည်။ အစပိုင်းတွင် ရောဂါလက္ခဏာအား သတိမူမိရန်ခက်ခဲပြီး အခြားရောဂါလက္ခဏာများနှင့် တူညီတတ်သည်။

ဆာကိုးမားအရိုးကင်ဆာ၏ ရောဂါလက္ခဏာများမှာ

  • အရိုးအတွင်း သို့မဟုတ် အရိုးအဆစ်အတွင်း နာကျင်ခြင်း
  • အရိုးအဆစ် လှုပ်ရှားရာတွင် ခက်ခဲခြင်း
  • အရိုးပေါ်တွင် အစိုင်အခဲ (အကျိတ်)တည်ခြင်း သို့မဟုတ် ဖူးရောင်ခြင်း
  • ခြေထော့ခြင်း (သို့မဟုတ်) လမ်းလျှောက်ရာတွင် ပြဿနာများရှိခြင်း
  • အရိုးကျိုးခြင်း

နာကျင်မှုသည် ရက်သတ္တပတ်များစွာ သို့မဟုတ် လများစွာကြာလျှင် ပိုဆိုးလာတတ်သည်။ နာကျင်မှုသည် ကလေးငယ် အား ညသန်းခေါင် နိုးလာစေတတ်သည်။ Ibuprofen သို့မဟုတ် Acetaminophen ကဲ့သို့ ဝယ်ယူရလွယ်သည့် ဆေးများ နာကျင်မှုကို သက်သာစေသော ဆေးများသည် နာကျင်မှုဝေဒနာများကို ကြာရှည်စွာ သက်သာစေမည်မဟုတ်ပါ။

ဆာကိုးမားအရိုးကင်ဆာ ရောဂါရှာဖွေခြင်း

ဆာကိုးမားအရိုးကင်ဆာ ရောဂါ ရှိ၊ မရှိသိနိုင်ရန် စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ရသည်။ ဤစမ်းသပ်မှုများတွင် အောက်ပါအချက်များ ပါဝင်ပါသည်။

  • ကျန်းမာရေး မှတ်တမ်း၊ ရုပ်ပိုင်းမေးခွန်းနဲ့ ရောဂါလက္ခဏာကိုလေ့လာဖို့ သွေးအဖြေများ၊ ယေဘုယျကျန်းမာရေး၊ အတိတ်ကရောဂါများနဲ့ ဖြစ်ပွားစေတဲ့အကြောင်းအရင်းများ။
  • အကျိတ်ကိုရှာဖွေရန်နှင့် လိုအပ်သည့် အခြားစစ်ဆေးမှုများကို ဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်စေရန် ပုံရိပ်စစ်ဆေးမှုများ
    • အရိုးတစ်ခုလုံးအား ဓာတ်မှန် ရိုက်၍ “ကွာဟ”နေသည့် အနာအဆာများအား ရှာဖွေပါသည်။ ဆိုလိုသည်မှာ ဆာကိုးမားအရိုးကင်ဆာဆဲလ်များသည် မူလ ကင်ဆာအကျိတ်မှတဆင့် အရိုး၏ အခြားနေရာများသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိကို ရှာဖွေခြင်းဖြစ်သည်။
    • ရင်ဘတ်အားCT Scan (ကွန်ပျူတာ ဓါတ်မှန်) ရိုက်၍ ဆာကိုးမားအရိုးကင်ဆာသည် အဆုတ်များသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပါသည်။
    • ခွဲစိတ်မှုကိုအစီစဉ်ဆွဲရာတွင် အကူအညီဖြစ်ရန်နှင့် အကျိတ်ကိုအကဲဖြတ်ရာတွင် အမ်အာအိုင် ကိုသုံးပါသည်။
    • အရိုးစကင်ဖတ်ခြင်း သို့မဟုတ် PET Scans အသုံးပြု၍ ခန္ဓာကိုယ်တစ်ခုလုံး ပုံရိပ်ဖော်ခြင်းဖြင့် ဆာကိုးမားအရိုးကင်ဆာသည် မူလနေရာမှ အခြားနေရာများသို့ ပျံ့နှံ့နေခြင်း ရှိ၊ မရှိအား စစ်ဆေးပါသည်။
  • မှန်ကန်သည့် ရောဂါအမည်တပ်နိုင်စေရန် အသားစယူ၍ စစ်ဆေးသည်။ အသားစစစ်ဆေးမှုမှာ ဆရာဝန်ဟာ အကျိတ်မှ အသားစပမာဏသေးသေးကို ဖယ်ရှားပါတယ်။ အသားစကို ခွဲထုတ်ယူ၍စစ်ဆေးခြင်း သို့မဟုတ် အပ်ဖြင့်ဖောက်စစ်ဆေးမှု တွေကို အကျိတ်ရဲ့တည်နေရာပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။ ထို့နောက် ဆဲလ်များကို အဏုကြည့်မှန်ဘီလူးဖြင့် ကင်ဆာရောဂါလက္ခဏာ ရှိ၊ မရှိစမ်းသပ်စစ်ဆေးပါသည်။ 
ဓာတ်မှန်သည် လူနာ၏ ပေါင်ရိုးအတွင်း ဆာကိုးမားအရိုးကင်ဆာကြောင့် အပြစ်အနာအဆာရှိ၊ မရှိကို (အရှေ့မှ အနောက်သို့) အရှေ့ဖက်/အနောက်ဖက် မြင်ကွင်းအားပြသသည်။
ဓာတ်မှန်သည် လူနာ၏ ပေါင်ရိုးအတွင်း ဆာကိုးမားအရိုးကင်ဆာကြောင့် အပြစ်အနာအဆာများ၏ ဘေးတိုက်မြင်ကွင်း သို့မဟုတ် ဘေးဖက်မြင်ကွင်းကို ပြသသည်။

ဆာကိုးမားအရိုးကင်ဆာဖြစ်နေသည့် ကလေးသူငယ် လူနာများကို ဓာတ်မှန်အသုံးပြု၍ အရိုးအတွင်း အနာအဆာရှိ၊ မရှိစစ်ဆေးသည်။

လူငယ်လူနာတစ်ဦး၏ ရင်ဘတ်ကို ကွန်ပျူတာ ဓါတ်မှန်ရိုက်ရာမှ တွေ့ရသည့် ကင်ဆာရောဂါ ပျံ့နှံ့နေသည့် လက္ခဏာများ
လူငယ်လူနာတစ်ဦး၏ ရင်ဘတ်ကို ကွန်ပျူတာ ဓါတ်မှန်ရိုက်ရာမှ တွေ့ရသည့် ကင်ဆာရောဂါ ပျံ့နှံ့နေသည့် လက္ခဏာများ
လူငယ်လူနာတစ်ဦး၏ ရင်ဘတ်ကို ကွန်ပျူတာ ဓါတ်မှန်ရိုက်ရာမှ တွေ့ရသည့် ကင်ဆာရောဂါ ပျံ့နှံ့နေသည့် လက္ခဏာများ
လူငယ်လူနာတစ်ဦး၏ ရင်ဘတ်ကို ကွန်ပျူတာ ဓါတ်မှန်ရိုက်ရာမှ တွေ့ရသည့် ကင်ဆာရောဂါ ပျံ့နှံ့နေသည့် လက္ခဏာများ

ရင်ဘတ်အား ကွန်ပျူတာဓါတ်မှန်ရိုက်၍ ဆာကိုးမားအရိုးကင်ဆာသည် အဆုတ်များသို့ ပျံ့နှံ့ခြင်း ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးပါသည်။

ဆာကိုးမားအရိုးကင်ဆာ အဆင့်သတ်မှတ်ခြင်း

ဆာကိုးမားအရိုးကင်ဆာအား တစ်နေရာတည်း သို့မဟုတ် ပျံ့နှံ့လျက် ရှိစွာ တွေ့ရတတ်ပါသည်။ တစ်နေရာတည်းရှိ ဆာကိုးမားအရိုးကင်ဆာဆိုသည်မှာ ခန္ဓာကိုယ်ထဲရှိ တစ်နေရာတည်းတွင်သာ ကင်ဆာအကျိတ်တစ်ခု ရှိနေခြင်းဖြစ်သည်။ ပျံ့နှံနေသည့် ဆာကိုးမားအရိုးကင်ဆာဆိုသည်မှာ ကင်ဆာသည် အဆုတ်များ သို့မဟုတ် အခြားအရိုးများကဲ့သို့ အစိတ်အပိုင်းများသို့ ပျံ့နှံ့ပြီး ဖြစ်နေခြင်းကို ဆိုလိုသည်။ ဆာကိုးမားအရိုးကင်ဆာ အများဆုံး ပျံ့နှံ့လေ့ရှိသည့်နေရာမှာ အဆုတ်ဖြစ်သည်။

ဆာကိုးမားအရိုးကင်ဆာ ရောဂါ၏ အလားအလာ

ဆာကိုးမားအရိုးကင်ဆာ တစ်ခုတည်း၊ တစ်နေရာတည်းတွင် ရှိနေသောလူနာသည် ခွဲစိတ်ကုသခံ၍ ကင်ဆာရောဂါအားအမြစ်ပြတ်ဖယ်ရှားပစ်နိုင်ပြီး ရေရှည်ကုသပျောက်ကင်းနိုင်စွမ်း ၆၅−၇၀% အထိ အခွင့်အရေးရှိသည်။ အကယ်၍ ဆာကိုးမားအရိုးကင်ဆာ ရှာဖွေတွေ့ရှိချိန်တွင် (အစိတ်အပိုင်းများသို့ ပျံ့နှံ့နေသည်) နေရာအနှံ့အပြား ပျံ့နှံ့ပြီးဖြစ်လျှင် ကုသပျောက်ကင်းနိုင်ချေ ၃၀% ခန့်သာ ရှိသည်။ 

ရောဂါအလားအလာသည် အကြောင်းတရား အမျိုးမျိုးပေါ်တွင် မူတည်သည်

  • အကျိတ်ရဲ့နေရာနဲ့ အရွယ်အစား
  • ခန္ဓာကိုယ် အခြားနေရာများသို့ ကင်ဆာပျံ့နှံ့နေခြင်း ရှိ၊ မရှိ
  • အကျိတ်ကိုလုံးဝဖယ်ရှားပေးမဲ့ ခွဲစိတ်မှု စွမ်းရည်
  • ကင်ဆာပြန်ဖြစ်ပါက (ပြန်လာသည်)
  • ဆေးဝါးဖြင့်ကုသရာတွင် ကင်ဆာအကျိတ်၏ တုံ့ပြန်မှု ပုံစံ

လူနာ ၃၀% ခန့်တွင် ကင်ဆာ တစ်ဖန်ပြန်လည်ဖြစ်ပွားတတ်ပါသည်။ အဆုတ်များထဲတွင် အဖုသစ်များကဲ့သို့ အများဆုံး ဖြစ်ပွားလေ့ရှိပါသည်။ ကင်ဆာပြန်ဖြစ်သူများအနေဖြင့် ရောဂါ၏ အလားအလာသည် ကင်ဆာအကျိတ်အား ခွဲစိတ်ဖယ်ရှားနိုင်စွမ်းနှင့် မည်သည့်အချိန်အတွင် ပြန်လည်ဖြစ်ပွားသည် ဆိုသည့် အချက်များ အပါအဝင် ရောဂါအခြေအနေ အကြောင်းအရင်း အများအပြား အပေါ်တွင် မူတည်ပါသည်။ ၁၈ လအတွင်း ပြန်လည်ဖြစ်ပွားကြောင်း တွေ့ရှိရသည့် လူနာများသည် အဆိုပါ ၁၈ လထက်နောက်ကျပြီးမှ တွေ့ရှိရသည့်သူများထက် ကုသရခက်ခဲပါသည်။ အကယ်၍ ကင်ဆာကုသပြီး ပြန်ဖြစ်ပွားပါက၊ နောက်ထပ် ၁၀ နှစ်ကျော်ကြာ ထပ်မံအသက်ရှင်နိုင်ချေသည် ၁၇% ခန့်ရှိသည်။ ထပ်မံ တစ်ဖန်ပြန်ဖြစ်တိုင်း အသက်ရှင်နိုင်ချေ ကျဆင်းသည်။ 

ဆာကိုးမားအရိုးကင်ဆာကုသခြင်း

ပုံမှန်အားဖြင့် ဆာကိုးမားအရိုးကင်ဆာကို ကင်ဆာဆေးသွင်းကုသခြင်းကုထုံးဖြင့်ခွဲစိတ်ပြီးနောက်ပိုင်း ဆက်လက်ကုသလေ့ရှိပါသည်။ ကင်ဆာအကျိတ်အား ခွဲစိတ်ဖယ်ရှား၍ မရခဲ့လျှင် သို့မဟုတ် ခွဲစိတ်ပြီးနောက် ရောဂါတစ်ခုခုကျန်နေသေးလျှင် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ထပ်မံကုသရန် လိုအပ်သည်။

  1. ကင်ဆာကို ဖယ်ထုတ်ဖို့ ဖြစ်နိုင်ပါက ခွဲစိတ်မှု ကို သုံးပါတယ်။ ကင်ဆာအမြစ်ပြတ်ကြောင်းသေချာစေရန် ကင်ဆာအကျိတ်ဘေးပတ်လည်ရှိ တစ်ရှူးအနည်းငယ်ကို ဖယ်ထုတ်ပစ်ရပါသည်။ အရိုးအစားထိုးနည်းပညာသုံးခွဲစိတ်ခြင်းနည်းကို ဆာကိုးမားအရိုးကင်ဆာအများစုတွင် အသုံးပြု၍ ကုသနိုင်ပါသည်။ ဤခွဲစိတ်နည်းတွင် ဆရာဝန်မှ ကင်ဆာအကျိတ်ရှိနေသည့်အရိုးအား ဖယ်ရှားလိုက်ပြီး သတ္တုသံချောင်းအရိုးတစ်ခုဖြင့် အရိုးအစားထိုးခြင်း သို့မဟုတ် အခြားအရိုးတစ်ခုခုဖြင့် ပြန်လည်အစားထိုးသည်။ အကယ်၍ အရိုးအစားထိုးနည်းပညာသုံး ခွဲစိတ်ခြင်းနည်းသုံး၍ ကင်ဆာအကျိတ်တစ်ခုလုံးကို ဖယ်ရှား၍ မရနိုင်ပါက ခြေလက်ဖြတ်ခြင်းနည်း ကို အသုံးပြုရနိုင်ပါသည်။

    ဆာကိုးမားအရိုးကင်ဆာ ကင်ဆာအကျိတ်ရှိသည့်နေရာအား မှတ်သားပြီး အရွယ်အစား တိုင်းတာထားသည့် မခွဲစိတ်မီ လက်မောင်းရိုး၏ဓာတ်မှန်။

    ဆာကိုးမားအရိုးကင်ဆာ ကင်ဆာအကျိတ်ရှိသည့်နေရာအား မှတ်သားပြီး အရွယ်အစား တိုင်းတာထားသည့် မခွဲစိတ်မီ လက်မောင်းရိုး၏ဓာတ်မှန်။

    အရိုးအစားထိုးနည်းပညာသုံး ခွဲစိတ်ပြီးနောက် အစားထိုးတပ်ဆင်ထားကြောင်းပြသည့် လက်မောင်းရိုး၏ဓာတ်မှန်။

    အရိုးအစားထိုးနည်းပညာသုံး ခွဲစိတ်ပြီးနောက် အစားထိုးတပ်ဆင်ထားကြောင်းပြသည့် လက်မောင်းရိုး၏ဓာတ်မှန်။

    အရိုးအစားထိုးနည်းပညာသုံး၍ ခွဲစိတ်ပြီး ၃ နှစ်အကြာ လက်မောင်းရိုး၏ဓာတ်မှန်။

    အရိုးအစားထိုးနည်းပညာသုံး၍ ခွဲစိတ်ပြီး ၃ နှစ်အကြာ လက်မောင်းရိုး၏ဓာတ်မှန်။

  2. အော်စတီရိုဆာကိုးမားအရိုးကင်ဆာ ကုသရာတွင် ခွဲစိတ်ခြင်းအပြင် ကင်ဆာဆေးသွင်းကုသခြင်းကုထုံး (“ခီမို”) ကိုလည်း အသုံးပြုသည်။ မခွဲစိတ်မီ ကင်ဆာအကျိတ် သေးသွားစေရန် ကင်ဆာဆေးသွင်းကုသခြင်းကုထုံးဖြင့်ကုသပါသည်။ ဤဆေးများသည် ကင်ဆာဆဲလ်များကို သေစေသည် (သို့မဟုတ်) ကြီးထွားပြီး ကင်ဆာဆဲလ်သစ်ဖြစ်ခြင်းမှ ရပ်တန့်စေပါသည်။ မကြာခဏဆိုသလို ဆာကိုးမားအရိုးကင်ဆာကိုကုသရာတွင် ဆေးဝါးတစ်မျိုးထက် ပို၍အသုံးပြုရတတ်ပါသည်။ ဓာတုကုထုံးအများစုဟာ ထိုးဆေးကတစ်ဆင့်ပေးတာဖြစ်ပေမယ့် အချို့ခီမိုတွေကတော့ ပါးစပ်ကတစ်ဆင့် ပေးပါတယ်။ ထို့အပြင် ခွဲစိတ်အပြီး ကင်ဆာဆဲလ်များ အလုံးစုံဖယ်ရှားနိုင်ရန်နှင့် ကင်ဆာအကျိတ် ပြန်လည်ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ရန် လပေါင်းများစွာကြာသည်အထိ ကင်ဆာဆေးသွင်းကုသခြင်းကုထုံးဖြင့်ကုသလေ့ရှိသည်။

    မခွဲစိတ်မီ လူနာအား ကင်ဆာဆေးသွင်းကုသခြင်းကုထုံးဖြင့် ၂ လကြာအောင် ကုသည်။ ဆေး ၃ မျိုး ကုထုံးတွင် Cisplatin၊ Doxorubicinနှင့် Methotrexate အများအပြား စသည်တို့ ပါဝင်သည်။ ကင်ဆာအကျိတ်ဖယ်ရှားသည့် ခွဲစိတ်မှုပြီးသည့်နောက် ကင်ဆာဆေးသွင်းကုသခြင်းကုထုံးဖြင့်ကုသရန် ဆေးဝါးများ ထပ်မံပေးပါသည်။ ပုံမှန်ကုသမှုခံယူခြင်းသည် ပုံမှန်အားဖြင့် ၈−၉ လခန့် ကြာမြင့်တတ်ပါသည်။

  3. ဆာကိုးမားအရိုးကင်ဆာ ကုသရန်အတွက်ဓာတ်ရောင်ခြည်ကုထုံးကို အသုံးပြုလေ့မရှိပါ။ အဆိုပါကင်ဆာဆဲလ်မျိုးသည် ဓာတ်ရောင်ခြည်ဖြင့် အလွယ်တကူသတ်၍မရပါ။ သို့သော် ခွဲစိတ်၍ ကင်ဆာအကျိတ် လုံးဝဖယ်ထုတ်၍မရနိုင်သည့် အခါသို့မဟုတ် ခွဲစိတ်ပြီးနောက် ကင်ဆာအကျိတ်ဆဲလ်များ ကျန်ရှိနေသေးသည့်အခါ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာဆဲလ်များ သတ်ရန် သို့မဟုတ် ကြီးထွားနှုန်းနှေးစေရန် အသုံးပြုသည်။

  4. ပစ်မှတ်ထားကုထုံ သည် အထူးပစ်မှတ်ထားသည့်ကင်ဆာဆဲလ်များ ကြီးထွားခြင်းမှ ရပ်တန့်စေရန် အဆိုပါဆဲလ်များ၏ တိကျသော ပစ်မှတ်များအပေါ် သက်ရောက်လုပ်ဆောင်သည့် ဆေးဝါးအသစ်များဖြစ်ပါသည်။ အရိုးကင်ဆာများ ကုသမှုအတွက် Kinase ဟန့်တား ပစ္စည်းများနှင့် မိုနိုကလိုနယ် ပဋိဇီဝပစ္စည်းများကို လေ့လာပါသည်။ ကိုင်နေ့စ် ဟန့်တားပစ္စည်းများဟာ ကင်ဆာဆဲလ်ကိုကြီးထွားဖို့ အချက်ပြတဲ့ ပရိုတိန်းတစ်ခုကို ပိတ်ဆို့တာဖြစ်ပါတယ်။ မိုနိုကလိုနယ်ပဋိပစ္စည်းကုထုံးဟာ ပရိုတိန်းအမျိုးမျိုးကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို သတ်ဖို့ သို့ ဆဲလ်ကြီးထွားမှုနှုန်းကိုလျှော့ချဖို့ ကင်ဆာဆဲလ်မှာ ကပ်တဲ့ အထူးပရိုတိန်းများကို သုံးတာ ဖြစ်ပါတယ်။

ဆာကိုးမားအရိုးကင်ဆာ ကုသပြီးနောက်ပိုင်း အခြေအနေ

ပြန်လည်ဖြစ်ပွားမှုကို စောင့်ကြည့်ထိန်းသိမ်းခြင်း

လူနာများသည် ကုသပြီးနောက်ပိုင်းတွင် တစ်ဖန်ပြန်လည် ဖြစ်၊ မဖြစ် စစ်ဆေးရန်အတွက် နှစ်အတန်ငယ်ကြာသည်အထိ လအနည်းငယ်လျှင်တစ်ကြိမ်နှုန်း အစစ်ဆေးခံ၊ နောက်ဆက်တွဲကုသခံရန်လိုအပ်ပါသည်။ ဆေးဘက်ဆိုင်ရာအဖွဲ့ဟာ လိုအပ်တဲ့ စစ်ဆေးမှုအမျိုးအစားများနဲ့ စစ်ဆေးဖို့လိုတဲ့ အကြိမ်ရေအတွက် တိကျတဲ့ အကြံပြုချက်များကို ပြုလုပ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဆေးစစ်သည့်အခါ သွေးစစ်ခြင်း၊ အဆုတ်အား ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်းနှင့် ကုသထားသည့် အရိုးအား ဓာတ်မှန်ရိုက်ခြင်းတို့ ပါဝင်ပါသည်။

မျိုးရိုးလိုက်သည့် ရောဂါများရှိသည့် သို့မဟုတ် မျိုးဗီဇအခြေအနေများရှိသည့် လူနာများအနေနှင့် အခြားကင်ဆာများ ဖြစ်နိုင်ချေရှိသည့်အတွက် ကုသမှုများ ထပ်မံလိုအပ်နိုင်ပါသည်။

အရိုးအစားထိုးနည်းပညာသုံး ခွဲစိတ်ခြင်း သို့မဟုတ် ခြေလက်ဖြတ်တောက်ခြင်းနောက်ပိုင်း အခြေအနေ

ခြုံပြောရလျှင်၊ ခြေလက်ဖြတ်တောက်ခြင်း သို့မဟုတ် အရိုးအစားထိုးနည်းပညာသုံး ခွဲစိတ်ခြင်းဖြင့် ဆာကိုးမားအရိုးကင်ဆာကုသခံရသည့် လူနာများသည် အချိန်ကြာလာသည်နှင့်အမျှ ကောင်းမွန်လာပါသည်။ သူတို့သည် ကောင်းမွန်သည့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်နှင့် ကောင်းမွန်သည့်ဘဝအရည်အသွေးရှိကြောင်းကို အစီရင်ခံပါသည်။ နောက်ဆက်တွဲဂရုစိုက်မှုသည် ဆက်လက်ရွေ့လျားမှုကို သေချာအောင်ပြုလုပ်ရာတွင် အရေးကြီးပါသည်။ ကြွက်သားအရိုးလုပ်ဆောင်ချက်ကို စစ်ကြည့်ရန် လူနာများသည် နှစ်စဉ်စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ ပြဿနာများ ဆက်လက်ဖြစ်ပေါ်ခြင်းမရှိခြင်းကို သေချာစေရန် အရေးကြီးပါသည်။ မညီညာသော အရိုးအရွယ်အစား၊ လမ်းလျှောက်ပုံ ပြောင်းလဲမှု၊ အရိုးအဆစ်ပြဿနာ၊ သို့မဟုတ် အခြားပြဿနာများသည် နာတာရှည် နာကျင်မှုဝေဒနာ သို့မဟုတ် မသန်မစွမ်းမှုများ ဖြစ်စေနိုင်သည်။ အဆိုပါပြဿနာများကို ရှာဖွေဖော်ထုတ်ရမည်ဖြစ်ပြီး သေချာစွာ ဖြေရှင်းကုသရမည်ဖြစ်သည်။

ဖြတ်တောက်မှုကြုံထားရသည့်လူနာများသည် ၎င်းတို့၏ အစားထိုးခြေလက်များ၏ လုပ်ဆောင်ချက်ကို ထိန်းသိမ်းရန် နှစ်စဉ်စစ်ဆေးမှုလည်း လုပ်သင့်ပါသည်။ အရိုးခွဲစိတ်ဆရာဝန်တစ်ယောက်သည် အရိုးအစားထိုး(အရိုးဆက်နှင့်/(သို့မဟုတ်) သတ္တုအစားထိုးမှု)နှင့် လူနာများကို အနည်းဆုံးတစ်နှစ်တစ်ခါ စစ်ဆေးသုံးသပ်သင့်ပါသည်။ ခြေလက်အစားထိုးခွဲစိတ်မှုလုပ်ထားသည့် လူနာများသည် ၎င်းတို့လူကြီးအရွယ်အမြင့်ရောက်သည့်အထိ ခြေလက်ကိုရှည်စေရန်အတွက် ထပ်ဆောင်းခွဲစိတ်မှုများလိုအပ်နိုင်ပါသည်။

ဆာကိုးမားအရိုးကင်ဆာကုသပြီးနောက်ပိုင်း ကျန်းမာရေး

ဆာကိုးမားအရိုးကင်ဆာကုသခံရပြီးသည့် ကလေးငယ်များသည် ကုထုံးများကြောင့် နောက်ပိုင်းတွင် သက်ရောက်မှုအန္တရာယ်များ ရှိတတ်ပါသည်။ ရောဂါပျောက်ကင်းသွားသူတွေအားလုံးဟာ ပုံမှန်ကာကွယ်စစ်ဆေးမှုကို မူလဆရာဝန်တစ်ယောက်ဆီကနေ ဆက်လက်ပြုလုပ်သင့်ပါတယ်။ ယေဘုယျ ရောဂါနဲ့ ကျန်းမာရေးကာကွယ်မှုအတွက် ရောဂါပျောက်ကင်းသွားသူတွေဟာ ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ အစားအသောက်အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။

အရိုးကင်ဆာသက်သာပျောက်ကင်းသူများသည် အခြားသူများထက် ပို၍ထိုင်းမှိုင်းလေ့ရှိတတ်ပါသည်။ ကျန်းမာရေး၊ခန္ဓာကိုယ်ကျစ်လစ်မှုနှင့် ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တို့ကို ထိန်းထားရန် ပုံမှန်လေ့ကျင်ခန်းပြုလုပ်ခြင်းသည် အရေးကြီးပါသည်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းသည် အရိုးအစားထိုးနည်းပညာသုံး ခွဲစိတ်ခံရသည့် သို့မဟုတ် ခြေလက်ဖြတ်တောက်ကုသထားသည့် လူနာများအတွက် အထူးအရေးကြီးသည်။

ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့စေသော ကင်ဆာဓာတုဆေးသွင်းကုထုံး (သို့) ဓာတ်ရောင်ခြည်နဲ့ ကုသရှင်သန်သူတွေကို ကုထုံးရဲ့ စိုးရိမ်ဖွယ်ရာနောက်ပိုင်းသက်ရောက်မှုတွေအတွက် စောင့်ကြည့်သင့်ပါတယ်။ ကုသခြင်းကြောင့် ဖြစ်ပွားလာနိုင်သည့် ပြဿနာများမှာ အကြားအာရုံ ချို့တဲ့ခြင်း၊ နှလုံးပြဿနာ၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် ဒုတိယ ကင်ဆာများဖြစ်ခြင်းတို့ပါဝင်နိုင်သည်။

ကလေးသူငယ် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာပျောက်ကင်းမှုလေ့လာချက်အရ ပြင်းထန်သည့် အကျိုးဆက် နာတာရှည် ကျန်းမာရေးချို့တဲ့မှုကို ၂၅% သော ကင်ဆာပျောက်ကင်းသည့်လူနာများတွင် ၂၅ နှစ်အကြာ၌ တွေ့ရှိရတတ်သည်။ အဆိုပါကျန်းမာရေးချို့တဲ့မှုတွင် ဒုတိယကင်ဆာများ (ဓာတ်ရောင်ခြည်သင့်ခြင်းကြောင့် ဖြစ်နိုင်ချေမြင့်တက်ခြင်း)၊ (Doxorubicinနှင့် ထိတွေ့ခြင်းကြောင့်) နှလုံးရောင်၍ နှလုံးအလုပ်မလုပ်နိုင်ခြင်းရောဂါ၊ မျိုးမအောင်ခြင်း သို့မဟုတ် ကိုယ်ဝန်ရှိစဉ် နောက်ဆက်တွဲ ရောဂါဖြစ်ခြင်းနှင့် ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် သို့မဟုတ် ကျောက်ကပ် လုံးဝပျက်စီးခြင်းတို့ ပါဝင်ပါသည်။ ကလေးအထူးကုဆရာဝန်ဖြင့် ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာပျောက်ကင်းလူနာများ၏ ရေရှည် သက်ရောက်မှုများအား စောင့်ကြည့်၍ ကုသနိုင်ပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018