အဓိကအကြောင်းအရာ skip

ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သူနာပြုခြင်းနှင့် လူနာစောင့်ရှောက်ခြင်း

သူနာပြုများသည် လူနာစောင့်ရှောက်မှုအဖွဲ့တွင် အရေးကြီးသောအဖွဲ့ဝင်များ ဖြစ်ကြပါသည်။ ကင်ဆာရောဂါကုသမှုခံယူနေရသည့် ကလေးများအတွက် သူနာပြုများသည် အရေးကြီးသော လုပ်ဆောင်ချက်အမျိုးမျိုးကို ဆောင်ရွက်နေကြပါသည်။ သူနာပြုများသည် တစ်ခါတစ်ရံ ဆေးရုံတွင်းနှင့် ဆေးရုံပြင်ပတွင် လူနာများနှင့် မိသားစုများ၏ ပထမဆုံး ဆက်ဆံရသူများအဖြစ် ဆောင်ရွက်ကြပါသည်။ အတွင်းလူနာအား စောင့်ရှောက်ရသည့် သူနာပြုသည် ဆေးရုံတွင်းနေချိန်တွင် အခြေခံစောင့်ရှောက်မှုပေးသူအဖြစ် ဆောင်ရွက်ပါသည်။ ပြင်ပလူနာအားစောင့်ရှောက်ရသည့် သူနာပြုများသည် အချက်အလက်များရယူခြင်း၊ လူနာအား စောင့်ရှောက်မှုပေးခြင်းများနှင့်ပတ်သတ်ပြီး သမားတော်အား ကူညီပေးပါသည်။ 

ပြုံးနေသောသူနာပြုမှ ငုံ့ပြီး အရမ်းငယ်ရွယ်သော ကင်ဆာရောဂါသည်လူနာနှင့် ပြောဆိုနေပုံ

သူနာပြုများသည် စောင့်ရှောက်မှုလုပ်ငန်းများနှင့် ကလေးကင်ဆာရောဂါသည်များ၏ နေ့စဉ်လိုအပ်ချက်များကို ဂရုစိုက်ကြပါသည်။

တာဝန်များ

သူနာပြုများသည် စောင့်ရှောက်မှုလုပ်ငန်းများနှင့် ကလေးကင်ဆာရောဂါသည်များ၏ နေ့စဉ်လိုအပ်ချက်များကို ဂရုစိုက်ကြပါသည်။ အဆိုပါတာဝန်များတွင်

  • အလွန်အရေးကြီးသော လက္ခဏာများအား စစ်ဆေးခြင်း
  • လူနာအား အစာကျွေးခြင်း
  • လူနာများအား ကုသမှုခံယူရန် သို့မဟုတ် ခွဲစိတ်မှုခံယူရန်အတွက် ပြင်ဆင်ပေးခြင်း
  • ကီမိုဆေးသွင်းခြင်းကုထုံး နှင့် အခြားဆေးဝါးများ ပေးခြင်း
  • အကဲဖြတ်စစ်ဆေးခြင်းနှင့် ခန္ဓာကိုယ်စမ်းသပ်မှုများလုပ်ဆောင်ခြင်း
  • သွေး သို့မဟုတ် အခြားအရည်များအား ဓာတ်ခွဲစစ်ဆေးမှုအတွက် ထုတ်ယူခြင်း
  • သွေးသွင်းခြင်း သို့မဟုတ် ဆုံးရှုံးသွားသော သွေးများကို အစားထိုးရန် သွေးနှင့်ဆိုင်သော အရာများကို ပေးခြင်း
  • တစ်ကိုယ်ရေသန့်ရှင်းရေး စောင့်ရှောက်မှုပေးခြင်း စသည်တို့ဖြစ်ပါသည်။

သူနာပြုများသည် အောက်ဖော်ပြပါအချက်အလက်များအပါအဝင် လူနာမိသားစုများကို ပညာပေးခြင်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။

  • ကင်ဆာရောဂါရှာဖွေဖော်ထုတ်ခြင်း - ရောဂါအကြောင်း၊ ရောဂါအလားအလာအကြောင်းနှင့် အကြံပြုသော ကုသနည်းလမ်းများ
  • ဆေးပေးခြင်းနှင့် ကုသခြင်း - အကြိမ်အရေအတွက် မည်မျှပေးမည်နှင့် ဘေးထွက်ဆိုးကျိုးများတစ်ခုခု
  • အိမ်တွင် စောင့်ရှောက်ပေးခြင်း - အမာရွတ်တစ်ခုကို မိသားစုများမှ ဂရုစိုက်သင့်သည့်နည်းလမ်း၊ သန့်ရှင်းပြီး ဒဏ်ရာအား ဖုံးအုပ်ထားရန်နည်းလမ်း၊ ရောဂါကူးစက်မည့် လက္ခဏာအား သိရှိရန်နှင့် အာဟာရများ ထောက်ပံ့ရန်နည်းလမ်း

ရောဂါရှာဖွေဖော်ထုတ်မှု၊ ကုသမှုနှင့် ကုသမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများအပေါ်မူတည်၍ အချို့သူနာပြုများသည် ဆေးရုံမှသမားတော်များကို

  • ကျန်းမာရေးစည်းစနစ်များကို စီစဉ်ပေးခြင်း
  • ဆေးညွှန်းများ ရေးပေးခြင်း
  • ကုသမှုများကိုညွှန်းခြင်း စသည်ဖြင့် ကူညီပေးပါသည်။

သူနာပြုများသည် လေ့ကျင့်မှုအဆင့်အမျိုးမျိုးကို အောင်မြင်ပြီးဆုံးပြီးဖြစ်သည်။ ရာထူးတစ်ခုတွင် တာဝန်နှင့် အထူးပြုမှုပိုကြီးလေလေ ထိုသူနာပြုသည် လေ့ကျင့်မှု ပိုရလေလေဖြစ်သည်။

သူနာပြုအဖွဲ့များ

ပုံမှန်အားဖြင့် ကလေးစောင့်ရှောက်ရေးအဖွဲ့တွင် သူနာပြုများ ကွဲပြားသော်လည်း ဆက်နွယ်နေသည့် လုပ်ငန်းဆောင်တာများ  ပါဝင်ပါသည်။ ဤအချက်သည် စောင့်ရှောက်မှုအဖွဲ့များအား ရှုထောင့်ပေါင်းစုံပါဝင်သော များပြားသော လုပ်ဆောင်မှုများ ဆောင်ရွက်နိုင်စေပါသည်။

လူနာ၏ သူနာပြုစောင့်ရှောက်မှုအဖွဲ့သည် ကုသပုံနှင့် မည်မျှလောက်ကုသမှုလိုအပ်ပုံကို မူတည်ပြီး ပါဝင်သူအရေအတွက်ကွဲပြားပါသည်။ ကုသပုံနှင့် မည်မျှလောက်ကုသမှုလိုအပ်ပုံတို့တွင် အောက်ပါအချက်များ ပါဝင်ပါသည်။

  • ကလေးမှ မကြာသေးမီက ခွဲစိတ်မှု ခံယူထားမှု ရှိမရှိ 
  • ဆေးများ မည်မျှလောက် ပေးခြင်းခံရပြီးခြင်းရှိမရှိ
  • မကြာသေးမီကပြုလုပ်ခဲ့သော ရောဂါစစ်ဆေးမှုမှာ မည်ကဲ့သို့နည်း
  • ရောဂါမှာ မည်သည့်အဆင့်အထိရောက်ရှိနေကြောင်း စသည်တို့ဖြစ်သည်။

မိသားစုများသည် ၎င်းတို့၏ကလေသူနာပြုများနှင့်ပတ်သတ်ပြီး အောက်ပါအချက်အလက်များ အပါအဝင် ရေးချထားနိုင်သည်။

  • အမည် 
  • ရုပ်ရည်သွင်ပြင် 
  • တာဝန်များ 
  • လူနာများ အကြိမ်ရေမည်မျှနှင့် မည်သည့်အချိန်တွင် ပုံမှန်စစ်ဆေးပေးသနည်း စသည်တို့ဖြစ်သည်။ 

သူနာပြုများသည် ပုံမှန်အားဖြင့် အဆိုင်းဖြင့်အလုပ်လုပ်ကြသည်။ ပုံမှန်အားဖြင့် တာဝန်အဆိုင်းတစ်ကြိမ်တွင် ၈နာရီမှ ၁၂ နာရီအထိဖြစ်သည်။ ထို့နောက် တာဝန်အဆိုင်းနောက်တစ်ခု ပြောင်းသောအခါ လူနာစောင့်ရှောက်မှုအား တတ်နိုင်သမျှ ချောမွေ့စေရန် နောက်တာဝန်ကျသူနှင့် ဆက်သွယ်ပြီး အချက်အလက်များကို မျှဝေပေးသည်။ သူနာပြုများသည် တစ်ခါတစ်ရံ အဆိုင်းတစ်ခုအတွင်းတွင် လူနာများစွာကို စောင့်ရှောက်ရန် တာဝန်ယူရတတ်သည်။ ဉပမာအားဖြင့် ကလေးကင်ဆာသူနာပြုများသည် တစ်ကြိမ်လျှင် လူနာသုံးယောက်အား ကြည့်ရန် တာဝန်ချခံရသည်။

အလွန်ရှုပ်ထွေးသည့် ကုထုံးလုပ်ငန်းစဉ်များ သီးခြား ကြုံတွေ့နေရသည့် လူနာများသည် သူတို့အား ဂရုစိုက်ရန်နှင့် လိုအပ်ချိန်တွင် ရှိနေစေရန် ပုံမှန်လာရောက်စောင့်ရှောက်သည့် သူနာပြုတစ်ယောက် ရှိတတ်သည်။ ထိုသူနာပြုသည် အခြားလူနာများအတွက် တာဝန်မရှိချေ။ လူနာများသည် အလွန်ဖျားနာသောကြောင့်၊ အသက်ရှူစက် ကဲ့သို့သော အထူးစက်ကိရိယာများတပ်ဆင်ထားရခြင်း သို့မဟုတ် မကြာခဏစောင့်ကြပ်ကြည့်ရှုမှု လိုအပ်သော ဆေးဝါးများ လက်ခံနေရခြင်းတို့ကြောင့် ၎င်းတို့သည် အထူးကြပ်မတ်ကုသဆောင်တွင် အချိန်အများစုရှိနေသည်ဆိုသည်မှာ မှန်ပါသည်။

လူနာကုတင်ပေါ်တွင်ထိုင်နေသည့် ငယ်ရွယ်သည့် ကင်ဆာရောဂါသည်မှ သူနာပြုထံမှ ကိရိယာတစ်ခုမှတဆင့် ဆေးများသောက်နေပုံ

ပုံမှန်အားဖြင့် ကလေးစောင့်ရှောက်ရေးအဖွဲ့တွင် ကွဲပြားသော်လည်း ဆက်နွယ်နေသည့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်သည့် သူနာပြုများစွာ ပါဝင်ပါသည်။

သူနာပြုစောင့်ရှောက်မှုအဖွဲ့ - သူနာပြုအမျိုးအစားများ

သူနာပြုများအား ‌ဆေးပေးခြင်းမှ ရှုပ်ထွေးသည့် ဆေးဘက်ဆိုင်ရာမေးခွန်းများဖြေခြင်းအထိ အရေးကြီးသော အပြန်အလှန်ဆက်နွယ်နေသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြပါသည်။ အားလုံးသော ကျန်းမာရေး စောင့်ရှောက်သူများကဲ့သို့ သူနာပြုများသည် စောင့်ရှောက်မှုအဖွဲ့မှ အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်ကြပါသည်။ သူနာပြုအမျိုးအစားများ၏ကဏ္ဍများကို နားလည်ခြင်းသည် မိသားစုများကို ကလေးအတွက် ပိုကောင်းသောစောင့်ရှောက်မှုများနှင့် အကြုံပြုမှုများရယူရန် ကူညီပေးပါလိမ့်မည်။

လိုင်စင်ရ သူနာပြု (RN) လူနာများကို စောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်းများ လုပ်ဆောင်ခြင်း၊ ဆေးပေးခြင်း၊ နေ့စဉ်လိုအပ်ချက်များအား ကြီးကြပ်ပေးခြင်း၊ လူနာနှင့် မိသားစုအား ပညာပေးခြင်း စသည့် သူနာပြုမှု အမျိုးမျိုးအား ဆောင်ရွက်ပါသည်။

ကလေးသွေး/ကင်ဆာနှင့်ဆိုင်သော သူနာပြု — ကလေးများနှင့် ဆယ်ကျော်သက်များကို ကင်ဆာ သို့မဟုတ် သွေးဆိုင်ရာ ပုံမမှန်မှုများ၊ အကဲဖြတ်ခြင်းများ လုပ်ဆောင်ခြင်း၊ ကီမိုဆေးသွင်းကုသခြင်း ကုထုံးနှင့် အခြားဆေးများပေးခြင်း၊ ဘေးထွက်ဆိုးကျိုးများကိုစောင့်ကြည့်ခြင်းစသည့်တို့ကို အထူးသူနာပြုခြင်းများပေးပြီး လူနာနှင့် မိသားစုများကို ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသမှုအကြောင်း ပညာပေးပါသည်။

မေ့ဆေးသူနာပြု (CRNA) — လူနာများကို မေ့ဆေးပေးရန် ပြင်ဆင်ပေးခြင်း၊ ခွဲစိတ်နေစဉ် သို့မဟုတ် အခြားလုပ်ဆောင်မှုများပြုလုပ်နေစဉ်အတွင်း နာကျင်မှုမရှိရန် မေ့ဆေး anesthesia ပေးခြင်းနှင့် လုပ်ငန်းစဉ်တစ်လျှောက် လူနာများကို အဆင်ပြေရန် တက်ကြွစွာ စီမံပေးသည်။

ခွဲစိတ်ခန်းမဝင်ခင်တာဝန်ယူရသော သူနာပြု — လူနာများကို ခွဲစိတ်ခြင်းနှင့် အခြားလုပ်ငန်းစဉ်များအတွက် စောင့်ရှောက်မှုပေးပြီးပြင်ဆင်ပေးသည်။

ခွဲခန်း (OR) တွင် ကူညီရသော သူနာပြု — အခြားခွဲစိတ်မှုအဖွဲ့ဝင်များနှင့်အတူ လူနာများကို ခွဲစိတ်စဉ်တွင် ကူညီပေးသည်။

မေ့ဆေးပေးပြီးနောက် (PACU) ကူညီရသော သူနာပြု — မေ့ဆေးပြယ်ပြီးနောက် ခွဲစိတ်မှုပြီးသောအခါ လူနာများနှင့် အတူပူးပေါင်းလုပ်ဆောင်သည်။ Recovery Room သူနာပြုဟုလဲ ခေါ်သည်။

အရေးပေါ်အခန်း (ER) သူနာပြု — လူနာများကို ဆေးရုံတွင် အရေးပေါ် ကိစ္စနှင့် ပတ်သတ်ပြီး ကူညီပေးပြီး ဖျားနာခြင်း၊ ကြောက်လန့်ခြင်း နှင့် ဒဏ်ရာရခြင်းများကြောင့် ဖြစ်ပေါ်သော အခြေအနေအမျိုးမျိုးနှင့် ပတ်သက်ပြီး စောင့်ရှောက်သည်။

အထူးကြပ်မတ်ကုသဆောင်တွင် တာဝန်ယူရသော (ICU) သူနာပြု - အထူးကြပ်မတ်ကုသဆောင်တွင် အလုပ်လုပ်ပြီး အလွန်ပြင်းထန်သော ဆေးကုသမှုအခြေအနေရှိသည့် လူနာများကို အထွေထွေ စောင့်ရှောက်မှုများ ပေးသည်။ အထူးကြပ်မတ်ကုသဆောင်ရှိ သူနာပြုအများစုသည် အထူးကြပ်မတ်ကုသဆောင်ရှိ ကလေးများ သို့မဟုတ် မွေးကင်းစအထူးကြပ်မတ်ကုသဆောင် ကဲ့သို့သော အသက်အရွယ်အပိုင်းအခြားအတွင်းရှိ ကလေးများကို စောင့်ရှောက်သည်။

အိမ်တွင်စောင့်ရှောက်သော သူနာပြု — လူနာများကို အိမ်တွင်စောင့်ရှောက်မှုပေးပြီး ကလေးများအား ဖွံဖြိုးမှုဆိုင်ရာနှင့် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာကိစ္စများကဲ့သို့သော စောင့်ရှောက်မှုအမျိုးမျိုးတွင် အထူးပြုနိုင်သည်။

သူနာပြုအလုပ်လုပ်သူ (NP) — စောင့်ရှောက်မှုကို စီစဉ်ရန်၊ ခန္ဓာကိုယ် စစ်ဆေးမှုများဆောင်ရွက်ရန်၊ စမ်းသပ်မှုများ စီမံရန်နှင့် ကုသမှုများ ညွှန်ကြားရန် သမားတော်နှင့် နီးကပ်စွာ အလုပ်လုပ်သည်။

လိုင်စင်ရ လက်တွေ့ပြုစုကုသပေးသော သူနာပြု (LPN) — အိပ်ယာဘေးတွင် သို့မဟုတ် ကုသမှု လုပ်ဆောင်သည့် ဆေးခန်းတွင် လူနာများအတွက် နေ့စဉ်စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျွမ်းကျင်သော သူနာပြုမှုများ ပေးခြင်းများ ဆောင်ရွက်သည်။ လိုင်စင်ရ လုပ်ငန်းကျွမ်းကျင်သူနာပြု (LVN) ဟုလည်းခေါ်သည်။

သူနာပြုလက်ထောက် — အခြေခံ နေ့စဉ်စောင့်ရှောက်မှု လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် လိုင်စင်ရ သူနာပြု သို့မဟုတ် လိုင်စင်ရ လက်တွေ့သူနာပြု၏ လက်အောက်တွင် အလုပ်လုပ်သည်။

သူနာပြုလုပ်ငန်းမန်နေဂျာ — ရှုပ်ထွေးသည့် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ရန် လူနာများအတွက် ရေရှည်ဂရုစိုက်မှုကို ခေါင်းဆောင်သည်။

သူနာပြုကြီးကြပ်သူ/ သူနာပြုမန်နေဂျာ — သူနာပြုအဖွဲ့များကို ကွပ်ကဲခြင်း၊ လေ့ကျင့်မှုများ ဆောင်ရွက်ပေးခြင်း၊ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် လူနာများအတွက် စောင့်ရှောက်မှု အရည်အသွေးများကောင်းမွန်ရန် သေချာလုပ်ဆောင်သည်။

လက်တွေ့ဆေးကုသမှုဆိုင်ရာ ကလေးကင်ဆာအထူးသူနာပြု (OCNS) — လက်တွေ့ဆေးကုသမှုဆိုင်ရာကျွမ်းကျင်သူအနေဖြင့် နှင့် ရှုပ်ထွေးသည့် လူနာကိစ္စများတွင် သူနာပြုများအတွက် အကြံပေးအဖြစ်ဆောင်ရွက်ပြီး ထိရောက်သော စောင့်ရှောက်မှုကို မြှင့်တင်ရာတွင် အထူးပြုသည်။ ဤသူနာပြုများသည် ကင်ဆာပညာရပ်ဆိုင်ရာတွင် ကျွမ်းကျင်မှုလက်မှတ်များ ရပြီးဖြစ်သည်။

သူနာပြုအဖွဲ့နှင့် ဆက်ဆံခြင်း

သူနာပြုများသည် အကောင်းဆုံးသော စောင့်ရှောက်မှုပေးစွမ်းရန် လူနာများ၊ မိသားစုများနှင့် ပွင့်လင်းသည့် ဆက်ဆံရေးကို တန်ဖိုးထားကြသည်။ ကလေးကင်ဆာရောဂါကို ရင်ဆိုင်နေရသော မိသားစုများအတွက် မေးခွန်းများနှင့် အချက်အလက်များကို မှတ်မိနေစေရန် ခက်ခဲပါတယ်။

  • မေးခွန်းများ မေးပါ ဆေးကုသမှုနှင့် သက်ဆိုင်လာသောအခါ အရေးမကြီးသော သို့မဟုတ် ကြောင်တောင်တောင်ဖြစ်သော မေးခွန်းဆိုသည်မှာ မရှိပါ။ သူနာပြုများသည် လူနာများနှင့် မိသားစုများကို သတင်းအချက်အလက်များကို နားလည်စေရန်နှင့် ပူပန်မှုများကို ဖြေရှင်းနိုင်စေရန် ကူညီဖို့ရန်အတွက် လေ့ကျင့်ထားကြပါသည်။ သူနာပြုများသည် ၎င်းတို့၏ဆေးရုံနှင့် ဆေးခန်းများရှိ လုပ်ငန်းစဉ်များ၊ လူများ၊ နေရာများနှင့်ပတ်သတ်ပြီး ကျွမ်းကျင်သူများ ဖြစ်ကြပါသည်။
  • မေးခွန်းများကို ဆက်တိုက်မှတ်ထားပါ စိတ်ထဲတွင် ပေါ်လာသည့်အခါ မေးခွန်းများကို ချရေးပါ။ ထိုသို့ ပြုလုပ်ခြင်းကြောင့် တစ်နေ့တာပြီးသွားသောအခါ အရေးကြီးသည့်မေးခွန်းများကို မေ့မသွားစေသောကြောင့် စိတ်ဖိစီးမှု နှင့် စိုးရိမ်ကြောင့်ကြမှုကို လျှော့ချနိုင်ပါတယ်။ စာရင်းလုပ်ခြင်းသည်လည်း မိသားစုများကို စကားတစ်ခါပြောချိန်တွင် မေးခွန်းများစွာ တစ်ခါတည်းမေးရန် လွယ်ကူစေပါသည်။
  • တက်ကြွစွာနားထောင်ပြီး အချက်အလက်များကို နားလည်စေရန် လုပ်ဆောင်ပါ ကင်ဆာစောင့်ရှောက်ခြင်းအားနားလည်ရန် သို့မဟုတ် မှတ်မိရန် ခက်ခဲသော အသေးစိတ်အချက်အလက်များ များစွာပါဝင်ပါတယ်။ ထိုသို့စာရင်းလုပ်ခြင်းသည် ဆရာဝန် သို့မဟုတ် သူနာပြုကို အချက်အလက်များ ထပ်ကာထပ်ကာမေး၍ ပြောဆိုဆက်သွယ်ရာတွင် တိကျရှင်းလင်းကြောင်း သေချာစေရန် ကူညီပေးပါသည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018