ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကလေးဘဝနှင့် ဆော့ကစားခြင်းမှသင်ယူခြင်း

ကလေးဘဝကျွမ်းကျင်သူများသည် လျင်မြန်စွာပြောင်းလဲနေသော ကမ္ဘာကြီးတွင် ကလေးများနှင့် ဆယ်ကျော်သက်လူငယ်များကို ပုံမှန်အတိုင်း နေထိုင်နိုင်စေရန် ကူညီပေးပါသည်။ ကလေးတစ်ဦး၏ကင်ဆာရောဂါကို စစ်ဆေးတွေ့ရှိမှုနှင့် ကုသမှုစတင်ခံယူခြင်းများသည် မိသားစုများကို ၎င်းတို့၏နေ့စဉ်ဘဝများထဲမှ ရုတ်တရတ်ဆွဲထုတ်သွားပြီး လုံးဝမရင်းနှီးသောအခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားစေပါသည်။ ကလေးဘဝကျွမ်းကျင်သူများသည် ကင်ဆာရောဂါခံစားနေရချိန်တွင် ဖြစ်ပျက်နေသည်များကို ကလေးများနှင့် ဆယ်ကျော်သက်များနားလည်စေနိုင်သည့် အသုံးအနှုန်းများနှင့် ရှင်းပြပေးနိုင်ပြီး ၎င်းတို့၏ဘဝများကို အတတ်နိုင်ဆုံးပုံမှန်ဖြစ်စေရန် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးပါသည်။

ကလေးဆေးရုံအများစုတွင် ကလေးဘဝဆိုင်ရာဌာန ရှိကြပါသည်။ ကလေးဘဝကျွမ်းကျင်သူများသည် အဆင့်မြင့်ပညာများ တတ်ကျွမ်းကြသူများဖြစ်ပြီး ကလေးများ၏ဖွံ့ဖြိုးတိုးတက်ရေးတွင် အထူးပြုလေ့လာထားကြသူများ ဖြစ်သည်။

ကလေးဘဝကျွမ်းကျင်သူမှ ကင်ဆာရောဂါသည် လူနာငယ်တစ်ဦး ၎င်း၏စာမေးပွဲအတွက် ပြင်ဆင်လေ့လာနိုင်စေရန် ဆေးကုသမှုဆိုင်ရာကစားခြင်းတွင် ပါဝင်ပြီး ကူညီပေးပါသည်။

ဆေးကုသရေးလုပ်ငန်းစဉ်များ သို့မဟုတ် စမ်းသပ်မှုများလုပ်ရန် အဆင်သင့်ပြင်သောအခါတွင် ဆေးကုသမှုဆိုင်ရာကစားခြင်းသည် လူနာများကို ဆေးကုသရေးလုပ်ငန်းစဉ်များအား နားလည်စေပြီး သို့မဟုတ် ကြိုတင်လေ့ကျင့်ပြီးဖြစ်စေကာ ၎င်းတို့အားလုပ်ဆောင်ရန်လိုအပ်ရသည့်အကြောင်းအရင်းကို လေ့လာသိရှိနိုင်စေပါသည်။ 

ကလေးဘဝကျွမ်းကျင်သူများသည်

  • ကင်ဆာရောဂါစမ်းသပ်စစ်ဆေးမှုနှင့်ကုသမှုများအား ကလေးများနှင့် ဆယ်ကျော်သက်များနားလည်နိုင်ပြီး မိဘများအတွက်လည်း အဆင်ပြေစေသော ရိုးရှင်းပြီး မှန်ကန်သည့် အသုံးအနှုန်းများနှင့် ရှင်းပြပေးပါသည်။ 
  • ကလေးများနှင့် ဆယ်ကျော်သက်များ ခံစားနေရနိုင်သော စိတ်ဖိစီးမှုနှင့် စိုးရိမ်ကြောင့်ကြမှုများကို လျော့ကျစေရန် ကူညီပေးပါသည်။
  • လူနာများအား ကင်ဆာရောဂါကို အဆင်ပြေပြေကိုင်တွယ်ဖြေရှင်းနိုင်စေမည့်နည်းလမ်းများအား သင်ကြားပေးပါသည်။
  • ကလေးများနှင့် ဆယ်ကျော်သက်များအား ဆေးကုသမှုလုပ်ငန်းစဉ်များနှင့် ဆေးရုံတက်ကုသခြင်းများတွင် ကူညီလုပ်ဆောင်ပေးပါသည်။
  • ဖွံဖြိုးတိုးတက်မှုအဆင့်များတွင်လည်း ကလေးများနှင့်အတူ လုပ်ဆောင်ပေးပါသည်။
  • ကလေးများနှင့် ဆယ်ကျော်သက်များကို ကျွမ်းကျင်အောင်မြင်မှုများ၊ သင်ယူမှုများ၊ မိမိကိုယ်ကို နားလည်ပြီး ဖော်ထုတ်ပြသနိုင်မှု၊ မိသားစုများ၏ပါဝင်လုပ်ဆောင်မှုနှင့် သူတို့သက်တူရွယ်တူအချင်းချင်း အပြန်အလှန်ဆက်ဆက်မှုတို့ရရှိစေရန် အခွင့်အရေးများ ဖန်တီးပေးပါသည်။
  • ကလေးများ၏ မောင်နှမသားချင်းများအတွက်လည်း ပညာရေးနှင့်အကူအညီများ ပံ့ပိုးပေးပါသည်။

ရည်ရွယ်ချက်ဖြင့် ဆော့ကစားခြင်း

ကစားခြင်းနှင့် ပါဝင်လှုပ်ရှားမှုများမှတဆင့် ကလေးများနှင့် ဆယ်ကျော်သက်များသည် အကောင်းဆုံးသင်ယူနိုင်ပြီး ၎င်းတို့ကိုယ်တိုင်၎င်းတို့ ဖော်ပြနိုင်သောကြောင့် ဖော်ပြပါရည်ရွယ်ချက်ပန်းတိုင်များကို ပြီးမြောက်စေပါသည်။

  • ကုထုံးဖြင့်ကစားခြင်း - လူနာများသည်သူတို့ကိုယ်တိုင်သူတို့ စကားလုံးများဖြင့် မဖော်ပြနိုင်သောအခါတွင်ကလေးဘဝကျွမ်းကျင်သူသည် လူနာများကစားနေစဉ် သို့မဟုတ် အခြားလှုပ်ရှားမှုများ၌ပါဝင်နေစဉ်အချိန်တွင် ပေါ်လာသည့် သူတို့၏စိုးရိမ်ကြောင့်ကြမှုကို စောင့်ကြည့်သတိပြုမိနိုင်ပါတယ်။ ကလေးဘဝကျွမ်းကျင်သူသည် ဆော့ကစားခြင်းကို လူနာ၏ လိုအပ်ချက်များကို တုံ့ပြန်ရန်နှင့်ဆေးရုံပတ်ဝန်းကျင်မှရရှိသော စိတ်ဖိစီးမှုကိုလျှော့ချရန် အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။
  • ဆေးကုသမှုဆိုင်ရာ ကစားခြင်း - ဆေးကုသရေးလုပ်ငန်းစဉ်များ သို့မဟုတ် စမ်းသပ်မှုများအတွက် အဆင်သင့်ဖြစ်သောအခါတွင်ဆေးကုသမှုဆိုင်ရာ ဆော့ကစားခြင်းသည် လူနာများကိုဆေးကုသရေးလုပ်ငန်းစဉ်များအား နားလည်စေပြီး သို့မဟုတ် ကြိုတင်လေ့ကျင့်ပြီးဖြစ်စေကာ သူတို့အားလုပ်ဆောင်ရန်လိုအပ်ရသည့်အကြောင်းအရင်းကို လေ့လာသိရှိနိုင်စေရန် အခွင့်ရစေပါသည်။ ထိုသို့သိရှိခြင်းနှင့် နားလည်သဘောပေါက်ခြင်းများသည် ကလေးငယ်များနှင့် ဆယ်ကျော်သက်များအား အကြောက်တရားကိုကျော်လွှားစေနိုင်ရန် ကူညီပေးပါသည်။
  • ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ဆော့ကစားခြင်း - ကလေးများသည် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်ကိုရရှိနိုင်စေရန် ဆော့ကစားပြီး တတ်နိုင်သမျှတက်ကြွနေစေရန် အရေးကြီးပါသည်။။ ထိုသို့ဆော့ကစားခြင်းသည် ကလေးများနှင့် ဆယ်ကျော်သက်များအား တူညီသော အတွေ့အကြုံရှိနေသည့် သူတို့၏သက်တူရွယ်တူများနှင့် လူမှုရေးအရ အပြန်အလှန်ဆက်သွယ်နိုင်စေရန် နည်းလမ်းများကိုလည်း ရရှိစေပါသည်။

သင့်ကလေးငယ်အတွက် ကလေးဘဝကျွမ်းကျင်သူထံမှ အကူအညီရယူနိုင်ရန် စိတ်ဝင်စားပါက သင်၏ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အား မေးမြန်းစုံစမ်းနိုင်ပါတယ်။

ကလေးဘဝကျွမ်းကျင်သူသည် လူနာငယ်များအား ဆေးကုသမှုလုပ်ထုံးလုပ်နည်းနှင့်ပတ်သက်၍ သင်ပြပေးပါသည်။ 

ကလေးဆေးရုံအများစုတွင် ကလေးဘဝဆိုင်ရာဌာန ရှိကြပါသည်။ ကလေးဘဝကျွမ်းကျင်သူများသည် အဆင့်မြင့်ပညာများ တတ်ကျွမ်းကြသူများဖြစ်ပြီး ကလေးများ၏ဖွံ့ဖြိုးတိုးတက်ရေးတွင် အထူးပြုလေ့လာထားကြသူများ ဖြစ်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018