ကြိုဆိုပါသည်
Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။
ပိုမိုလေ့လာရန်၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးသည် တစ်ခါတစ်ရံတွင် အသက်ကြီးလာသည့်အခါ အမျိုးသားမျိုးဆက်ပွားဆိုင်ရာလုပ်ဆောင်ချက်များအပေါ် ထိခိုက်စေနိုင်သည်။
အောက်ပါအချက်တို့အပေါ်မူတည်၍ အကျိုးဆက်များဖြစ်လာနိုင်သည်-
ဝှေးစေ့များသည် ကပ်ပယ်အိတ်ဟုသိကြသော လျော့တိလျော့ရဲတွဲကျနေသည့် အိတ်ငယ်အတွင်းတွင်ရှိသည်။ ယောကျာ်းလေးများ လူပျိုဖော်ဝင်လာသည့်အခါ ဦးနှောက်အတွင်းရှိ ပစ်ကျူထရီဂလင်းသည် ဝှေးစေ့များအား သုတ်ပိုးနှင့် ဖိုဟော်မုန်းစတင်ထုတ်လုပ်ရန် ညွှန်ကြားပေးသည့် ဟော်မုန်းနှစ်ခုကို ထုတ်လွှတ်ပေးသည်။
သုတ်ပိုးသည် မမျိုးဥနှင့် မျိုးအောင်သောအခါတွင် အမျိုးသမီး၌ ကိုယ်ဝန်ရှိလာမည်ဖြစ်သည်။ ဖိုဟော်မုန်းသည်လည်း အမျိုးသားတစ်ဦး၏လုပ်ဆောင်ချက်များကို ထိန်းညှိပေးသည်။ ဥပမာ-
အယ်ကာလိုင်းဂုဏ်သတ္တိရှိသော ဆေးဝါးပမာဏများများပါဝင်သော ဓာတုကုထုံး ကြောင့် သုတ်ပိုးကိုပျက်စီးစေနိုင်သည်။
အယ်ကာလိုင်းဂုဏ်သတ္တိရှိသောဆေးဝါးများ |
သတ္တုဓာတ်သိပ်သည်းဆမြင့်မားစွာပါဝင်သည့်ဆေးဝါးများ |
---|---|
|
|
သောက်သုံးရန် ပုံမှန်အားဖြင့် ညွှန်ကြားလေ့မရှိသော အယ်ကာလိုင်းဆေးဝါးများ |
|
|
လူနာ၏ တင်ပါးဆုံနေရာ၊ မျိုးပွားအင်္ဂါအစိတ်အပိုင်းများနှင့် ပစ်ကျူထရီဂလင်းတို့ကိုထိခိုက်စေသည့် ဓာတ်ကင်ခြင်းကြောင့် လူနာ၏သန္ဓေတည်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။
ဝှေးစေ့/တင်ပါးဆုံရိုး/တစ်ကိုယ်လုံးကို ဓာတ်ကင်ခြင်း
သုတ်ပိုးထုတ်လုပ်ပေးသည့်ဆဲလ်များမှာ ဓာတ်ကင်ခြင်းဒဏ်ကို ခံနိုင်ရည်မရှိဘဲ ထိခိုက်ပျက်စီးလွယ်သည်။ တင်ပါးဆုံရိုးဧရိယာကို ဓာတ်ကင်ထားသော အမျိုးသားများတွင် သုတ်ပိုးအရေအတွက်နည်းနိုင်ခြေ ရှိသည်။
ဖိုဟော်မုန်းထုတ်လုပ်ပေးသည့်ဆဲလ်များမှာမူ ဓာတ်ကင်ခြင်းနှင့် ဓာတုကုထုံးတို့တွင် ပမာဏများများမပေးထားပါက ခံနိုင်ရည်ပိုရှိတတ်သည်။ သို့သော် ဓာတ်ရောင်ခြည်ပမာဏများများထိမိပါသောအမျိုးသားများတွင် ဖိုဟော်မုန်းချို့တဲ့နေနိုင်သည်။
ဦးနှောက်/ဟိုက်ပိုသဲလမတ်/ပစ်ကျူထရီဂလင်း
ပစ်ကျူထရီဂလင်း သည် ဝှေးစေ့များ မှန်ကန်စွာလုပ်ဆောင်စေရန်လိုအပ်သော ဟော်မုန်း ၂ မျိုးဖြစ်သည့် – ဖော်လီကယ်များကိုလှုံ့ဆော်ပေးသောဟော်မုန်း (FSH) နှင့် လူတီနိုက်ဇင်းဟော်မုန်း (LH) တို့ကို ထုတ်လုပ်ပေးသည်။ ဦးနှောက်၏ထိုဧရိယာသို့ ဓာတ်ရောင်ခြည်ပမာဏများများပေးထားပါက အဆိုပါဟော်မုန်းများ လျော့နည်းလာစေနိုင်သည်။ FSH သည် ဝှေးစေ့များကြီးထွားလာစေရန်နှင့် သုတ်ပိုးထုတ်လုပ်မှုကို အထောက်အကူပြုသော ပရိုတိန်းတစ်မျိုးထုတ်လုပ်မှုတို့ကို လှုံ့ဆော်ပေးသည်။ LH သည် ဖိုဟော်မုန်းကို ထွက်ရှိစေသည်။
တင်ပါးဆုံရိုး ဓာတ်ကင်ခြင်းနှင့် အယ်ကာလိုင်းဂုဏ်သတ္တိရှိသောဆေးများပေါင်းစပ်၍ ကုသခြင်း
တင်ပါးဆုံရိုးအားဓာတ်ကင်ခြင်းနှင့် အယ်ကာလိုင်းဂုဏ်သတ္တိရှိသောဆေးပမာဏမြင့်မြင့်တို့ကို ပေါင်းစပ်၍ ကုသမှုကြောင့် မျိုးဆက်ပွားလုပ်ဆောင်ချက်အား ထိခိုက်နိုင်ခြေကိုပါ မြင့်တက်သွားစေသည်။
မျိုးမအောင်ခြင်း ဖြစ်စေနိုင်သော သို့မဟုတ် ပုံမှန်လိင်မှုဆိုင်ရာလုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်သော ခွဲစိတ်မှုများတွင် အောက်ပါတို့ပါဝင်သည်-
အဆိုပါအခြေအနေကို ဦးနှောက်တွင်းပြောင်းလဲမှုကြောင့်မျိုးပွားအင်္ဂါ၌ဟော်မုန်းနည်းပါးနေခြင်းဟုလည်း ခေါ်ကြသည်။ ၎င်းသည် အကျိုးဆက်ခံစားနေရသည့် ငယ်ရွယ်သောကောင်လေးတို့တွင် လူပျိုဖော်ဝင်ချိန်ကို နှောင့်နှေးစေနိုင်သည် (အသက် ၁၄ နှစ်ကျော်အထိ လူပျိုဖော်ဝင်သည့်လက္ခဏာများမတွေ့ရခြင်း) သို့မဟုတ် လူပျိုဖော်ဝင်မှုရပ်တန့်သွားခြင်း (လူပျိုဖော်ဝင်သည့်အခြေအနေသို့တိုးတက်လာမှု မရှိတော့ခြင်း) ဖြစ်ပွားနိုင်သည်။
လူပျိုဖော်ဝင်ပြီးနောက် အောက်ပါတို့တွင် ပြဿနာများ ဖြစ်စေနိုင်သည်-
အမျိုးသားများတွင် လိင်အင်္ဂါထောင်မတ်ခြင်း သို့မဟုတ် ဆက်တိုက်ထောင်မတ်ထားနိုင်ခြင်း သို့မဟုတ် သုတ်လွှတ်ခြင်းတို့တွင် ပြဿနာများကြုံတွေ့ရနိုင်သည်။
အမျိုးသားများတွင် မျိုးမအောင်ခြင်းဆိုသည်မှာ ကလေးရစေရန် မမျိုးဥတစ်လုံးကို မျိုးအောင်သွားစေရန် မစွမ်းဆောင်နိုင်တော့ခြင်း ဖြစ်သည်။ ဝှေးစေ့နှစ်လုံးစလုံးကို ခွဲစိတ်၍ဖြတ်ထုတ်ထားသည့် အမျိုးသားများမှာ အမြဲတစေမျိုးမအောင်နိုင်တော့ပါ။ ၎င်းတို့အနေဖြင့် သုတ်ပိုးထုတ်လုပ်နိုင်တော့မည် မဟုတ်ပါ။ ဓာတ်ကင်ပြီးနောက် မျိုးမအောင်ခြင်းဖြစ်ပါက ယေဘုယျအားဖြင့် အမြဲတစေမျိုးမအောင်နိုင်တော့ပါ။
မျိုးမအောင်ခြင်းသည် လိင်ဆက်ဆံခြင်းနှင့် မသက်ဆိုင်ပါ။ အချို့သောအမျိုးသားများတွင် မျိုးမအောင်နိုင်သည့်ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ရှိမနေပါ။ အချို့လူများတွင် ဝှေးစေ့အရွယ်အစားသေးသွားခြင်း သို့မဟုတ် ဝှေးစေ့မျက်နှာပြင်၏ တင်းမာမှုလျော့ကျသွားခြင်းတို့ကို သတိပြုမိနိုင်သည်။
ဝှေးစေ့တစ်လုံးကိုသာ ခွဲစိတ်ဖယ်ထုတ်ထားသည့် အမျိုးသားများတွင် မျိုးအောင်ခြင်း သို့မဟုတ် ဖိုဟော်မုန်းချို့တဲ့ခြင်းဆိုင်ရာ ပြဿနာများ ရှိလာနိုင်မည် မဟုတ်ပါ။ သို့သော် ထိုအမျိုးသားများအနေဖြင့် ကျန်ရှိနေသောဝှေးစေ့တစ်လုံးကို ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ထားသင့်သည်။ ထိုသူတို့သည် ပေါင်ခြံတဝိုက်ကိုထိခိုက်နိုင်သည့် အားကစားနည်းများတွင် ပါဝင်ကစားသည့်အခါ ပေါင်ခြံနေရာကိုကာကွယ်ပေးထားသည့် အားကစားသမားသုံးအထောက်အကူပြုပစ္စည်းတစ်မျိုးကို ဝတ်ဆင်ထားနိုင်သည်။
မျိုးပွားကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်ခြေရှိသည့် ယောကျ်ားလေးများအနေဖြင့် ကြီးထွားဖွံဖြိုးမှုနှင့် လူပျိုဖော်ဝင်ခြင်းဆိုင်ရာတိုးတက်မှုစစ်ဆေးခြင်းတို့ပါဝင်သည့်စစ်ဆေးမှုများကို နှစ်စဉ်လုပ်ဆောင်ရန် အရေးကြီးသည်။
မျိုးဆက်ပွားကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်ခြေရှိသည့် အမျိုးသားများအနေဖြင့် ၎င်းတို့၏ဟော်မုန်းအခြေအနေကို စစ်ဆေးသင့်သည်။ အဆိုပါစစ်ဆေးမှုတွင် FSH၊ LH နှင့်ဖိုဟော်မုန်းစသည်တို့၏ ပမာဏများကိုသိရှိစေသော သွေးစစ်ခြင်းတို့ပါဝင်နိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် အဆိုပါဧရိယာများတွင် ပြဿနာတွေ့ရှိပါက သူ သို့မဟုတ် သူမသည် ကင်ဆာရောဂါမှလွတ်မြောက်လာသူကို
ဖိုဟော်မုန်းချို့တဲ့နေကြောင်းကို သံသယရှိပါက ကုသမှုအနေဖြင့် ဖိုဟော်မုန်းအစားထိုးခြင်းကုထုံး ပါဝင်နိုင်သည်။ ဖိုဟော်မုန်းကို အရေပြားကပ်ခွာများ၊ ထိုးဆေးများနှင့် သုတ်လိမ်းနိုင်သည့်ဂျယ်လ်ပုံစံတို့ဖြင့် အသုံးပြုနိုင်သည်။ မည်သည့်ကုထုံးပုံစံသည် အသင့်တော်ဆုံးဖြစ်မည်ကို အတွင်းထုတ်ဂလင်းဗေဒပညာရှင်တစ်ဦးမှ ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ကလေးမရနိုင်ခြေရှိသောကြောင့် စိုးရိမ်ပူပန်နေသော လိင်ပိုင်းဆိုင်ရာ အရွယ်ရောက်ပြီးသူအမျိုးသားများအနေဖြင့်သုတ်ပိုးစစ်ဆေးခြင်း ပြုလုပ်သင့်သည်။ သုတ်ပိုးအရေအတွက်နည်းနေပါက သို့မဟုတ် သုတ်ပိုးမတွေ့ပါက အမျိုးသားများအနေဖြင့် အဆိုပါစစ်ဆေးမှုကို ထပ်ခါထပ်ခါ လုပ်ဆောင်သင့်သည်။ အချိန်ကြာလာသည်နှင့်အမျှ သုတ်ပိုးအရေအတွက် ပြန်များလာနိုင်သည်။ ထို့အပြင် သုတ်ပိုးအရေအတွက်မှာလည်း တစ်ရက်နှင့်တစ်ရက် မတူညီတတ်ပါ။
အာမခံကုမ္ပဏီတိုင်း အဆိုပါစစ်ဆေးမှုအတွက်ကုန်ကျစားရိတ် ကျခံပေးမည်မဟုတ်ပါ။ မစစ်ဆေးမီ ကင်ဆာရောဂါမှလွတ်မြောက်လာသူများမှထိုအချက်ကို မေးမြန်းထားသင့်သည်။
အမျိုးသားများတွင် မျိုးမအောင်ခြင်း သို့မဟုတ် သုတ်ပိုးအရေအတွက်နည်းခြင်းအတွက် ရွေးချယ်စရာကုသမှုများရှိသည်။ ကင်ဆာကုသမှုမခံယူမီ သုတ်ပိုးသိမ်းဆည်းထားသော အမျိုးသားများအနေဖြင့် ဖခင်ဖြစ်ရန်အဆင်သင့်ဖြစ်သည့်အခါ မျိုးအောင်ခြင်းဆိုင်ရာအထူးကုတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
သုတ်ပိုးအရေအတွက်အနည်းငယ်ဖြင့်ပင် ကိုယ်ဝန်ရနိုင်သောကြောင့် အမျိုးသားတွင်သုတ်ပိုးအရေအတွက်နည်းပါးနေသောကြောင့် ကိုယ်ဝန်မရနိုင်ဟု တစ်ထစ်ချမမှတ်ယူသင့်ပါ။
---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together က ထောက်ခံချက် မပေးပါ။
---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈