ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

သွားဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့်ဆိုးကျိုးများ

အချို့သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများကြောင့် အသက်ကြီးလာသောအခါတွင် သွားနှင့် မျက်နှာရှိအရိုးများတွင် ပြဿနာများ ဖြစ်စေနိုင်သည်။

အချို့သော၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများကြောင့် အသက်ကြီးလာသောအခါတွင် သွားနှင့် မျက်နှာရှိအရိုးများတွင် ပြဿနာများ ဖြစ်စေနိုင်သည်။

အချို့သော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုထုံးများကြောင့် အသက်ကြီးလာသောအခါတွင် သွားနှင့် မျက်နှာရှိအရိုးများတွင် ပြဿနာများ ဖြစ်စေနိုင်သည်။

သွားပြဿနာများဖြစ်စေနိုင်သော ကင်ဆာကုထုံးများ

အဆိုပါကုထုံးများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • ဓာတုကုထုံး ကို ကြီးသွားများ အပြည့်အဝမပေါက်မီ ပေးထားခြင်း၊ အထူးသဖြင့် ကုထုံးခံယူသည့်အချိန်တွင် ကလေးမှာ အသက် ၅ နှစ်အောက်ငယ်နေခြင်း။ လူနာသည် ဓာတုကုထုံးကို အချိန်ကြာရှည် (နှစ်ပေါင်းများစွာ) ခံယူဖူးပါက ပြဿနာဖြစ်ပွားနိုင်ခြေကို ပိုများသွားစေသည်။
  • (ရိုးတွင်းခြင်ဆီ သို့မဟုတ် ပင်မကလာပ်စည်း အစားထိုး ကုသခြင်းဟုလည်း ခေါ်ကြသော) ဟီမက်တိုပိုးအီတစ်ဆဲလ် အစားထိုးကုသခြင်း ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် လူနာကို အဇာသိုင်အိုပရင်း တစ်ခါတစ်ရံပေးထားခြင်း။
  • ပါးစပ် သို့မဟုတ် တံထွေးဂလင်းများကို ဓာတ်ကင်ခြင်း။
  • အစားထိုးကုသခြင်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် တစ်ကိုယ်လုံးကို ဓာတ်ကင်ခြင်း (TBI)။

အခြားသော ရောဂါဖြစ်နိုင်ခြေမြင့်တက်စေသည့် အကြောင်းရင်းများ

  • အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လူနာ၏တစ်ရှူးများကို တိုက်ခိုက်သည့် နာတာရှည်ရောဂါကြောင့် သွားဆိုင်ရာပြဿနာများကို ဖြစ်စေနိုင်သည်။

ကုထုံးခံယူနေစဥ်အချိန်တွင် အသက် ၅ နှစ်အောက်သာရှိ‌သည့် ကင်ဆာရောဂါမှလွတ်မြောက်လာသူများတွင် များသောအားဖြင့် ဖြစ်ပွားနိုင်ခြေပိုများသည်။ အဘယ့်ကြောင့်ဆိုသော် ကြီးသွားများ အပြည့်အဝမပေါက်သေးသောကြောင့်ဖြစ်သည်။

သွားနှစ်ချောင်းပုံ ဘယ်ဘက်ရှိသွားတွင် သွား၏အပြင်ပန်းကိုပြသထားပြီး အပေါ်ယံမျက်နှာပြင်၊ လည်တိုင်နှင့် အမြစ်စသည်တို့ကို စာညွှန်းဖြင့် ဖော်ပြထားသည်။ ညာဘက်ရှိသွားတွင် သွားအတွင်းပိုင်းကိုပြသထားပြီးသွားအပေါ်ယံကြွေလွှာ၊ တစ်ရှူး၊ သွားအတွင်းရှိ နေရာလွတ်၊ သွားဖုံးများ၊ အမြစ်လှိုဏ်ခေါင်း၊ အရိုး၊ သွားပေါက်ဖာသောကော်နှင့် အာရုံကြောများနှင့်သွေးကြောများစသည်တို့ကို စာညွှန်းဖြင့်ဖော်ပြထားသည်။

ဖြစ်ပွားနိုင်သည့် သွားဆိုင်ရာပြဿနာများ

ဓာတုကုထုံး သို့မဟုတ် ကိုယ်အင်္ဂါအစားထိုးကုသ ခဲ့ဖူးသည့် ကင်ဆာရောဂါမှလွတ်မြောက်လာသူများ

ဖြစ်ပွားနိုင်သည့် သွားဆိုင်ရာပြဿနာများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • သွားပိုးပေါက်များဖြစ်နိုင်ခြေ မြင့်မားခြင်း။
  • သွားအမြစ်များတိုခြင်း သို့မဟုတ် ပါးလွှာခြင်း။
  • သွားများ သို့မဟုတ် အမြစ်များမရှိခြင်း။
  • အဖြူရောင် သို့မဟုတ် အရောင်ပြောင်းလာသောအကွက်များ၊ မြောင်းများနှင့် ချိုင့်များဖြစ်လာစေနိုင်သည့် သွားအပေါ်ယံကြွေလွှာ ဖွံဖြိုးမှုဆိုင်ရာပြဿနာများ သွားများကို အလွယ်တကူစွန်းထင်းနိုင်ခြင်း

ဓာတ်ကင်ခြင်း နှင့် ဆက်စပ်သည့် ပြဿနာများတွင် အောက်ပါတို့ပါဝင်ကြသည်-

  • သွားပိုးပေါက်များဖြစ်နိုင်ခြေ မြင့်မားခြင်း။
  • သွားအမြစ်များတိုခြင်း သို့မဟုတ် ပါးလွှာခြင်း။
  • သွားများ သို့မဟုတ် အမြစ်များမရှိခြင်း
  • ပုံမှန်မဟုတ်သော သွားအပေါ်ယံကြွေလွှာဖွံဖြိုးမှုဆိုင်ရာပြဿနာများကြောင့် အောက်ဖော်ပြပါ တို့ကို ဖြစ်စေနိုင်သည်-
    • သွား၌ အဖြူရောင် သို့မဟုတ် အရောင်ပြောင်းလာသောအကွက်များဖြစ်ခြင်း
    • သွားများတွင် မြောင်းများနှင့် ချိုင့်များဖြစ်ခြင်း
    • သွားများကို အလွယ်တကူစွန်းထင်းနိုင်ခြင်း
  • သေးငယ်သောသွားများ
  • စောစောစီးစီး သွားကျိုးခြင်း
  • ငယ်သွားများမကျိုးခြင်း
  • သွားဖွံဖြိုးမှုဆိုင်ရာပြဿနာများဖြစ်ခြင်း သို့မဟုတ် ကြီးသွားပေါက်မှုနှောင့်နှေးခြင်း
  • ပူခြင်း၊ အေးခြင်းအာရုံများအတွက် သွား၏အာရုံခံနိုင်စွမ်းတိုးလာခြင်း
  • တံထွေးထွက်ရှိမှု လျော့ကျခြင်းကြောင့် ခံတွင်းခြောက်ခြင်း (ခံတွင်းခြောက်ခမ်းခြင်း)
  • အရသာပြောင်းလဲလာခြင်း
  • ပါးစပ်ကို အပြည့်အဝမဟနိုင်ခြင်း (မေးရိုးကပ်နေခြင်း)
  • နားအရှေ့ဧရိယာတွင် နာကျင်စေနိုင်သော အဆစ်ပြဿနာဖြစ်ခြင်း (မေးရိုးနှင့် ဦးခေါင်းခွံကို ချိတ်ဆက်ပေးထားသောအဆစ်များအလုပ်မလုပ်ခြင်း)
  • ကိုက်ရာတွင်ပြဿနာများဖြစ်ခြင်း (အလွန်အကျွံကိုက်ခြင်း သို့မဟုတ် သိပ်မကိုက်နိုင်ခြင်း)
  • မျက်နှာနှင့် လည်ပင်းရှိအရိုးများ ပုံမှန်မဟုတ်ဘဲကြီးထွားခြင်း
  • သွားဖုံး (သွားဖုံးနှင့်သွားဖုံးဝန်းကျင်) ရောဂါ
  • ခံတွင်းခွဲစိတ်မှု သို့မဟုတ် သွားများဆွဲနှုတ်ခြင်းကဲ့သို့သော သွားဆိုင်ရာခွဲစိပ်ကုသမှုအဆင့်ဆင့်ကို ဆောင်ရွက်ပြီးနောက် မေးရိုးအနာကောင်းကောင်းမကျက်ခြင်း (ဓာတ်ရောင်ခြည်ကြောင့် အရိုးသေဆုံးသွားခြင်း)
  • သွားပိုးပေါက်များဖြစ်နိုင်ခြေ မြင့်မားခြင်း။
  • သွားများပျောက်ဆုံးခြင်း
  • သင့်လျော်မှုမရှိဘဲ ဖွံဖြိုးလာသောသွားအပေါ်ယံကြွေလွှာကြောင့် သွားများတွင် အဖြူရောင် သို့မဟုတ် အရောင်ပြောင်းလာသောအကွက်များ၊ မြောင်းများ သို့မဟုတ် ချိုင့်များရှိနေခြင်း

ခံတွင်းကင်ဆာ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးအချို့တွင်လည်း ခံတွင်းကင်ဆာဖြစ်ပွားနိုင်ခြေရှိသည်။ ယင်းတို့တွင် အောက်ပါတို့ကို တွေ့ကြုံခဲ့ဖူးသော မိဘများပါဝင်သည်-

  • ဦးခေါင်းနှင့် လည်ပင်းကို ဓာတ်ရောင်ခြည်ထိဖူးခြင်း။
  • အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လူနာ၏တစ်ရှူးများကို တိုက်ခိုက်သည့် နာတာရှည်ရောဂါရှိခြင်း။
  • အရက်သေစာသောက်စားခြင်း သို့မဟုတ် ဆေးရွက်ကြီးသုံးစွဲခြင်း
  • လူသား ပါပီလိုမာဗိုင်းရပ်စ် (HPV) ကူးစက်ခံရခြင်း

ခံတွင်းကင်ဆာ၏ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ကြသည်-

  • အနာမကျက်သော အနာတစ်ခုရှိနေခြင်း
  • သွေးထွက်လွယ်သော အနာတစ်ခုရှိနေခြင်း
  • ပါးစပ်တစ်ရှုးများ၏အရောင် သိသိသာသာပြောင်းနေခြင်း
  • ပါးစပ်ထဲတွင် အဖု သို့မဟုတ် ကြမ်းတမ်းသောအဖုသေးများရှိနေခြင်း
  • ပါးစပ်ထဲ သို့မဟုတ် နှုတ်ခမ်းများပေါ်၌ နာကျင်ခြင်း သို့မဟုတ် ထုံခြင်း

ဖော်ပြပါရောဂါလက္ခဏာတစ်ခုခု ဖြစ်လာပါက ဆွေးနွေးတိုင်ပင်မှုပြုလုပ်ရန်အတွက် ဒေသခံသွားဆရာဝန်တစ်ဦးကို ဆက်သွယ်ပါ။

ကင်ဆာရောဂါမှလွတ်မြောက်လာသူများမှ ဘာတွေလုပ်ဆောင်နိုင်သလဲ

  1. ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူများအနေဖြင့် ၎င်းတို့၏ သွားများနှင့် သွားဖုံးများကို အထူးဂရုစိုက်ရန် အလွန်အရေးကြီးသည်။

    • ဖလိုရိုက်ပါသောသွားတိုက်ဆေးဖြင့် တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ် သွားတိုက်ပါ။
    • နေ့စဥ်နေ့တိုင်း သွားများကို ညင်သာစွာသန့်ရှင်းရေးလုပ်ပေးပါ
    • ဖလိုရိုက်ပါသည့် ပါးလုပ်ကျင်းဆေးရည်ကို နေ့စဥ်အသုံးပြုပါ။ ဘတ်တီးရီးယားကိုသေစေပြီး၊ အရက်မပါသော ဆေးရည်မျိုးဖြစ်ပါက ပိုကောင်းသည်။
    • အရည်များများသောက်ပါ။ တံထွေးအတုအသုံးပြုပါ။ သို့မဟုတ် နှစ်နည်းလုံး အသုံးပြုပါ။
    • ကာဗိုဟိုက်ဒရိတ်နှင့် သကြား (အချိုများ) ပါဝင်မှုများသော အစားအစာများကို ကန့်သတ်ထားပါ။
    • အရက်ကို အသင့်အတင့်သာသောက်ပါ။ ဆေးရွက်ကြီးထုတ်ကုန်များကိုလည်း လုံးဝအသုံးမပြုပါနှင့်။နှစ်မျိုးလုံးပြုလုပ်ပါကကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်စေနိုင်သည်။ မည်သည့်ဆေးရွက်ကြီးအမျိုးအစားကိုမဆို အများအပြားအသုံးပြုပါကခံတွင်းကင်ဆာဖြစ်ပွားနိုင်ခြေကိုသိသိသာသာမြင့်မားစေသည်။

    သွားနှင့်ခံတွင်းကိုကောင်းကောင်းဂရုမစိုက်တတ်သည့် အလေ့အထများကြောင့် သွားပိုးစားခြင်း၊ သွားဖုံးရောဂါဖြစ်ခြင်းနှင့် သွားအမြစ်များကို ပံ့ပိုးပေးထားသည့်အရိုးများတွင် ရောဂါပိုးကူးစက်ခံရခြင်း တို့ကိုဖြစ်စေနိုင်သည်။

    ပါးစပ်ကို ဓာတ်ရောင်ခြည်ကုထုံး ခံယူခဲ့သည့်မိဘများအနေဖြင့် သွားနှင့်မေးရိုးအထူးကုနှင့် ပြသရန်လိုအပ်နိုင်သည်။ ထိုသူမှ သွားညှိခြင်း သို့မဟုတ် ဦးခေါင်းခွံ သို့မဟုတ် မျက်နှာဆိုင်ရာပြဿနာများကို ကူညီဖြေရှင်းပေးနိုင်သည်။

  2. ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးများအတွက် ပုံမှန်သွားစစ်ဆေးရန်မှာ အထူးအရေးကြီးသည်။ အဆိုပါစစ်ဆေးမှုတွင် အောက်ပါတို့ပါဝင်သင့်သည်-

    • ခြောက်လတစ်ကြိမ် သွားစစ်ဆေးပြီး သွားသန့်ရှင်းရေးလုပ်ခြင်းနှင့် ဖလိုရိုက်ထည့်ခြင်း စစ်ဆေးမှုတွင် သွားကျန်းမာရေး၊ ရောဂါလက္ခဏာများ သို့မဟုတ် မူမမှန်သည့်လက္ခဏာများကို စစ်ဆေးခြင်းတို့ ပါဝင်မည်။ သွားဆရာဝန်သည် မိဘများ၏ကျန်းမာရေး၊ အလေ့အထများနှင့် ကုထုံးများဆိုင်ရာအချက်အလက်များကိုလည်း မေးမြန်းမည်ဖြစ်သည်။
    • မြင်ကွင်းကျယ် ("ပနိုရက်စ်") ဓာတ်မှန်အပါအဝင် ပုံရိပ်ဖော်စစ်ဆေးခြင်း ထိုသို့စစ်ဆေးရာတွင် သွားအမြစ်ဖွံဖြိုးမှုနှင့် အမြစ်ကိုထောက်ပေးထားသောအရိုးအခြေအနေတို့ကို ကြည့်ရှုရန်အတွက် သွားများ၊ အမြစ်များနှင့် မေးရိုးတို့၏ အသေးစိတ်ပုံများ ပါရှိမည်ဖြစ်သည်။
    သွားများ၊ အမြစ်များနှင့် မေးရိုးတို့၏ အသေးစိတ်ပုံများကို ဖော်ပြပေးသည့် မြင်ကွင်းကျယ် ("ပနိုရက်စ်") ဓာတ်မှန်အပါအဝင် ပုံရိပ်ဖော်စစ်ဆေးခြင်း

    သွားများ၊ အမြစ်များနှင့် မေးရိုးတို့၏ အသေးစိတ်ပုံများကို ဖော်ပြပေးသည့် မြင်ကွင်းကျယ် ("ပနိုရက်စ်") ဓာတ်မှန်အပါအဝင် ပုံရိပ်ဖော်စစ်ဆေးခြင်း

    မြင်ကွင်းကျယ်ဓာတ်မှန်ရိုက်ခြင်းအားဖြင့် သွားဆရာဝန်များသည် သွားအမြစ်ဖွံဖြိုးမှုနှင့် အမြစ်ကို ထောက်ပေးထားသောအရိုး၏အခြေအနေတို့ကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

    မြင်ကွင်းကျယ်ဓာတ်မှန်ရိုက်ခြင်းအားဖြင့် သွားဆရာဝန်များသည် သွားအမြစ်ဖွံဖြိုးမှုနှင့် အမြစ်ကို ထောက်ပေးထားသောအရိုး၏ အခြေအနေတို့ကို ကြည့်ရှုနိုင်မည်ဖြစ်သည်။

  3. အချို့သောကျန်းမာရေးအခြေအနေများကို ခံစားနေရသည့်ကင်ဆာရောဂါမှလွတ်မြောက်လာသူများသည် သွားနှုတ်သည့်အခါ ပိုးမဝင်စေရန်အတွက် ပဋိဇီဝဆေးများအပါအဝင် အထူးသတိပြုရန်အချက်များနှင့်ပတ်သတ်ပြီး ၎င်းတို့ပြသနေသည့် သွားဆရာဝန်ကို မေးမြန်းသင့်သည်။ အခြေအနေများတွင် အောက်ပါတို့ပါဝင်ကြသည်-

    • လမ်းလွှဲရန်အတွက် ခွဲစိတ်၍ဖော်ထားသည့် လမ်းကြောင်း(ဦးနှောက်မှအရည်ကို ဖောက်ထုတ်သည့်ပြွန်)
    • ခြေလက်အင်္ဂါဆက်ပေးသည့် ခွဲစိတ်မှု- အရိုးအစားထိုးသတ္တုချောင်း သို့မဟုတ် အရိုးအစာထိုးခြင်း
    • စိမ့်ပေါက် သို့မဟုတ် အမာရွတ်ရှိသောနှလုံးအဆို့ရှင် (ရင်ဘတ်အားဓာတ်ကင်ပြီးနောက် ယင်းကဲ့သို့ ဖြစ်ပွားနိုင်သည်)
    • သရက်ရွက်ကိုခွဲစိတ်၍ဖယ်ထုတ်ခြင်း(သရက်ရွက် ခွဲစိတ်ဖယ်ထုတ်ခြင်း)
    • သရက်ရွက်ကို ဓာတ်ရောင်ခြည်ပမာဏများများဖြင့် ဓာတ်ကင်ခြင်း
    • (ရိုးတွင်းခြင်ဆီ သို့မဟုတ် ပင်မကလာပ်စည်း အစားထိုး ကုသခြင်းဟုလည်း ခေါ်ကြသော) ဟီမက်တိုပိုးအီတစ်ဆဲလ် အစားထိုးကုသခြင်းဆောင်ရွက်ပြီးနောက် လက်ရှိအချိန်တွင် အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လူနာ၏တစ်ရှူးများကို တိုက်ခိုက်သည့် နာတာရှည်ရောဂါ (cGVHD) ခံစားနေရခြင်း

    ကင်ဆာရောဂါမှလွတ်မြောက်လာသူများအနေဖြင့် ၎င်းတို့ပြသနေသော သွားဆရာဝန်အား အကြောင်းကြားသင့်သည့်အခြေအနေများတွင် အောက်ပါတို့ပါဝင်ကြသည်။

    • သွားခွဲစိတ်ကုသမှုကဲ့သို့ပင် မျက်နှာ သို့မဟုတ် ပါးစပ်ကို ဓာတ်ရောင်ခြည်ပမာဏများများဖြင့်ဓာတ်ကင်ခြင်းကြောင့်ဓာတ်ရောင်ခြည်ကြောင့် အရိုးဆဲလ်များသေဆုံးသွားခြင်း (အရိုးအနာမကျက်သည့်ပြဿနာတစ်ရပ်) ဖြစ်ပွားနိုင်ခြေကို မြင့်မားစေနိုင်သည်။ မည်သည့်သွားခွဲစိတ်မှုမဆို မပြုလုပ်မီ သွားဆရာဝန်အနေဖြင့် ဓာတ်ရောင်ခြည်ကင်ဆာအထူးကု တစ်ဦးကို အရင်တိုင်ပင်သင့်သည်။
    • (ရိုးတွင်းခြင်ဆီ သို့မဟုတ် ပင်မကလာပ်စည်း အစားထိုး ကုသခြင်းဟုလည်း ခေါ်ကြသော) မျိုးတူသတ္တဝါ အချင်းချင်း ဟီမက်တိုပိုးအီတစ်ဆဲလ် အစားထိုးကုသခြင်း၊ ထိုအခါ သွားဆရာဝန်သည် အလှူရှင်၏ ကိုယ်ခံအားဆဲလ်များက လူနာ၏တစ်ရှူးများကို တိုက်ခိုက်သည့် နာတာရှည်ရောဂါရှိ/မရှိ ညွှန်ပြနိုင်သည့် ပြောင်းလဲမှုများကို စစ်ဆေးနိုင်သည်။
  4. ကင်ဆာရောဂါမှလွတ်မြောက်လာသူများ၏ သွားပြဿနာများကိုကုသပေးခြင်း-

    ပြဿနာရပ်
    ကုထုံး
    ပုံမှန်အတိုင်း မဖွံဖြိုးလာသော ကြီးသွားများ
    သွားစွပ်များ သို့မဟုတ် သွားအပေါ်ယံလွှာများ
    မျက်နှာ သို့မဟုတ် မေးရိုးတွင် အရိုးဖွံဖြိုးမှုမကောင်းခြင်း
    ပြန်လည်တည်ဆောက်ပေးသည့် ခွဲစိတ်မှု
    ပါးစပ်ဟရန် ခက်ခဲခြင်း (မေးရိုးကပ်ခြင်း) သို့မဟုတ် မေးရိုးကြွက်သားများတွင် အမာရွတ်ဖြစ်ခြင်း သို့မဟုတ် မာကျောခြင်း (အမာရွတ်ဖြစ်ခြင်း)
    ဆန့်ထုတ်ပေးသည့် လေ့ကျင့်ခန်းများ
    ပုံပျက်နေသော သို့မဟုတ် သေးငယ်သောသွားများ
    တွဲဆက်ခြင်း (သွားအရှေ့ဘက်မျက်နှာပြင်တွင် ပလတ်စတစ်ပစ္စည်းအသုံးပြု၍ အလွှာပါးကပ်ခြင်း)
    ခံတွင်းခြောက်ခြင်း (ခံတွင်းခြောက်ခမ်းခြင်း) (ဆက်စပ်ပြဿနာရပ်များတွင် ဆက်တိုက်လည်ချောင်းနာနေခြင်း၊ ပါးစပ်နှင့် သွားဖုံးများတွင် အပူလောင်သလိုခံစားနေရခြင်း၊ စကားကောင်းကောင်းမပြောနိုင်ခြင်း၊ မျိုချရခက်ခဲခြင်း၊ အသံသြလာခြင်း သို့မဟုတ် နှာခေါင်းလမ်းကြောင်းများခြောက်နေခြင်းစသည်တို့ ပါဝင်ကြသည်။)
    • အရည်မကြာခဏသောက်ပေးပါ။
    • တံထွေးအတုအသုံးပြုပါ။
    • သကြားဓာတ် မပါသောသကြားလုံး
    • သင့်လျော်သော သွားတိုက်သည့်အလေ့အထများ
    • နေ့စဥ်ဖလိုရိုက်အသုံးပြုခြင်း (သွားဆရာဝန်မှ ထောက်ခံချက်ပေးပါက)
ခြောက်လတစ်ခါ ပုံမှန်သွားစစ်ဆေးမှုများနှင့် သွား၊ အမြစ်များနှင့် မေးရိုးများကို ပုံရိပ်ဖော်စစ်ဆေးကြည့်ခြင်းအားဖြင့် သွားပြဿနာများအားစစ်ဆေးနိုင်သည်။

ခြောက်လတစ်ခါ ပုံမှန်သွားစစ်ဆေးမှုများနှင့် သွား၊ အမြစ်များနှင့် မေးရိုးများကို ပုံရိပ်ဖော်စစ်ဆေးကြည့်ခြင်းအားဖြင့် သွားပြဿနာများအားစစ်ဆေးနိုင်သည်။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈