ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆီးအိတ်ဆိုင်ရာ နောင်တွင်ဖြစ်ပေါ်မည့်ဆိုးကျိုးများ

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးအများစုတွင် ၎င်းတို့၏ကင်ဆာကုထုံးကြောင့် ဆီးအိတ်ဆိုင်ရာပြဿနာများကို တွေ့ကြုံခံစားရခြင်းမရှိပါ။ သို့သော် အချို့သောကုထုံးများသည် ဆီးအိတ်၏လုပ်ဆောင်ချက်များပေါ်တွင် ဆိုးကျိုးသက်ရောက်နိုင်သည်။

ဆီးအိတ်ဘယ်လိုအလုပ် လုပ်သလဲ

ဆီးအိတ်သည် ခန္ဓာကိုယ်မှထွက်ရှိသော ဆီးများကို သိုလှောင်ထားပေးသည့်အင်္ဂါတစ်ခုဖြစ်သည်။ ကျောက်ကပ်များသည် သွေးထဲမှမလိုအပ်သည့်အရာများကို ဖယ်ရှားပေးပြီး ဆီးထုတ်လုပ်ပေးသည်။ အဆိုပါဆီးများသည် ဆီးထွက်ပြွန်များဟုခေါ်သော ပြွန်များကိုဖြတ်၍ ဆီးအိတ်အတွင်းသို့ ဝင်ရောက်သည်။ ထို့နောက် ဆီးသည် ဆီးလမ်းကြောင်းမှတဆင့် ခန္ဓာကိုယ်ပြင်ပသို့ထွက်သွားသည်။

ကျောက်ကပ်များနှင့် ဆီးအိတ်များနှင့် ၄င်းတို့ဆက်စပ်နေပုံကို ပြသထားသောပုံ ကျောက်ကပ်နှစ်ခု၏ထိပ်ပိုင်းတွင် အဒရီနယ်ဂလင်းများရှိသည်။ အောက်ပိုင်းတွင် ကျောက်ကပ်များနှင့် ဆီးအိတ်ကို ဆီးထွက်ပြွန်များဖြင့် ချိတ်ဆက်ထားသည်။

ကျောက်ကပ်များသည် သွေးထဲမှမလိုအပ်သည့်အရာများကို ဖယ်ရှားပေးပြီး ဆီးထုတ်လုပ်ပေးသည်။ အဆိုပါဆီးများသည် ဆီးထွက်ပြွန်များဟုခေါ်သော ပြွန်များကိုဖြတ်၍ ဆီးအိတ်အတွင်းသို့ ဝင်ရောက်သည်။ ထို့နောက် ဆီးသည် ဆီးလမ်းကြောင်းမှတဆင့် ခန္ဓာကိုယ်ပြင်ပသို့ထွက်သွားသည်။

ဆီးနှင့်ပတ်သတ်သောပြဿနာများ ဖြစ်ပွားစေနိုင်သည့်ကင်ဆာကုထုံးများ

ဖြစ်လာနိုင်သော ဆီးဆိုင်ရာပြဿနာများ

  1. ကင်ဆာကုထုံးပြီးစီးသွားပြီး လပေါင်းများစွာမှ နှစ်ပေါင်းများစွာတိုင်အောင် ဆီးအိတ်အတွင်း သွေးထွက်ခြင်း (သွေးထွက်ပြီး ဆီးအိတ်ယောင်ခြင်း) မှာ ဖြစ်လိုက်/ပျောက်လိုက် ဖြစ်နေနိုင်သည်။ သွေးထွက်ပြီး ဆီးအိတ်ရောင်ခြင်းမှာ ကင်ဆာကုထုံးခံယူနေစဥ်အချိန်အတွင်း အများဆုံးဖြစ်ပွားတတ်သည်။ သို့သော် ၎င်းသည် နာတာရှည်၊ မကြာခဏပြန်ဖြစ်တတ်သည့် ပြဿနာတစ်မျိုးလည်း ဖြစ်လာနိုင်သည်။

    ယင်းကဲ့သို့ဖြစ်ပွားပါက ပန်းရောင်သန်းသောဆီးအရောင်မှသည် အနီရောင်တောက်တောက်အထိ ဖြစ်သွားနိုင်သည်။ အချို့သူများတွင် မကြာခဏဆီးသွားရမည်ဟု သို့မဟုတ် ဆီးများအားလုံးကုန်စင်အောင် မစွန့်ထုတ်နိုင်ဟု ခံစားနေရနိုင်သည်။ အများစုတွင် နာကျင်မှုမခံစားကြရပါ။

    တစ်ခါတစ်ရံတွင် စစ်ဆေးမှုများသည် ဆီးတွင်သွေးပါ/မပါကို ရှာဖွေဖော်ထုတ်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

    အဆိုပါအခြေအနေမျိုးဖြစ်လာပါက လူနာများသည် ၎င်းတို့၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ အသိပေးထားသင့်သည်။

  2. ဆီးအိတ်တွင် အမာရွတ်ဖြစ်ခြင်းဆိုသည်မှာ ဆီးအိတ်ထဲတွင် အမာရွတ်ဖြစ်နေသောတစ်ရှုးရှိနေခြင်း ဖြစ်သည်။ ၎င်းသည် တဖြည်းဖြည်းများလာပြီး ဆီးအိတ်နံရံများကို ထူထဲလာစေနိုင်သည်။ ထိုအခါ ဆီးအိတ်အတွင်းရှိဖိအားမှာများလာနိုင်ပြီး ၎င်း၏ ဆီးကိုသိုလှောင်ထားနိုင်စွမ်းနှင့် ကုန်စင်အောင်စွန့်ထုတ်နိုင်စွမ်းအပေါ်  ဆိုးကျိုးသက်ရောက်နိုင်သည်။

    ရောဂါလက္ခဏာများတွင် ဆီးကုန်စင်အောင်သွားရန်ခက်ခဲခြင်း၊ ဆီးစိမ့်ထွက်နေခြင်း သို့မဟုတ် ဆီးတွင်သွေးပါခြင်းတို့ ပါဝင်နိုင်သည်။ တစ်ခါတစ်ရံတွင် အဆိုပါအခြေအနေရှိနေသော်လည်း ရောဂါလက္ခဏာများ ပြမည်မဟုတ်ပါ။

    အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် လူနာများတွင် အဆိုပါရောဂါလက္ခဏာများရှိပါက သို့မဟုတ် ဖြစ်ပွားလာနိုင်ခြေရှိပါက လူနာများကို ဆီးစွန့်အင်္ဂါအဖွဲ့အစည်း အထူးကုတစ်ဦးဦးဆီသို့ လွှဲပြောင်းပေးနိုင်သည်။

    အာလ်ထွာဆောင်းရိုက်ကြည့်ပါက အမာရွတ်ကျန်ခဲ့သော တစ်ရှုးကို မြင်ရနိုင်သည်။ ဆီးစွန့်အင်္ဂါအဖွဲ့အစည်း အထူးကုတစ်ဦးသည် ဆီးလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းကို ဆောင်ရွက်နိုင်သည်။ ထိုအခါ ဆရာဝန်အနေဖြင့် သေးငယ်ပြီး၊ အလင်းရောင်ပါသည့်ပြွန်တစ်ချောင်းကိုအသုံးပြု၍ ဆီးအိတ်အတွင်းသို့ တိုက်ရိုက်ကြည့်နိုင်စေမည် ဖြစ်သည်။

  3. ကင်ဆာကုထုံး၏နောက်ဆက်တွဲအနေဖြင့် ဆီးအိတ်ကင်ဆာဖြစ်ခြင်းမှာ ဖြစ်ခဲသည်။

    အဖြစ်အများဆုံးရောဂါလက္ခဏာမှာ ဆီးတွင်သွေးပါခြင်းဖြစ်သည်။ လူနာများသည် အရေးတကြီး သို့မဟုတ် မကြာခဏ ဆီးသွားရန်လိုအပ်သလိုမျိုး တွေ့ကြုံခံစားရနိုင်သည်။ ကင်ဆာရင့်လာသောအခါတွင်တွေ့ရသော ရောဂါလက္ခဏာများမှာ ဆီးအိတ်အပေါ်ရှိဗိုက်နေရာ၊ မျိုးပွားအင်္ဂါတစ်ဝိုက် သို့မဟုတ် အရိုးများစသည်နေရာတို့တွင် နာကျင်ခြင်းဖြစ်သည်။

    အဆိုပါရောဂါလက္ခဏာများရှိလာပါက ကင်ဆာရောဂါမှလွတ်မြောက်လာသူများအနေဖြင့် ၎င်းတို့၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ပြသသင့်သည်။

  4. အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်းမှာ ဆီးအိတ်၏လုပ်ဆောင်ချက်ကိုထိန်းချုပ်ပေးသော အာရုံကြောများပျက်စီးသွားပြီး ဆီးအိတ်၏မူမှန်သောလုပ်ဆောင်ချက်တစ်ခုကြောင့်ဖြစ်သည်။ အဆိုပါအခြေအနေကြောင့် ဆီးအိတ်ကို အလုပ်သိပ်မလုပ်စေခြင်း (ဆီးကုန်စင်အောင်မသွားခြင်း) သို့မဟုတ် အလွန်အကျွံအလုပ်လုပ်စေခြင်း (ဆီးမကြာခဏ သို့မဟုတ် အလျင်အမြန် ကုန်စင်သွားခြင်း) တို့ကိုဖြစ်စေနိုင်သည်။ အာရုံကြောချို့ယွင်းမှုကြောင့် ဆီးမထိန်းနိုင်ခြင်းခံစားနေရသူများတွင်လည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ (UTIs) နှင့်ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။

သင့်ကို အန္တရာယ်ဖြစ်စေနိုင်သည့်အချက်များကိုသိရှိထားပါ။ သင့်ကျန်းမာရေးကိုလည်း စောင့်ကြည့်နေပါ။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာရောဂါမှလွတ်မြောက်လာသူကလေးများကို နှစ်စဥ် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်သင့်သည်။ လူနာများအနေဖြင့် "ကင်ဆာရောဂါမှလွတ်မြောက်လာသူအတွက် စောင့်ရှောက်ကုသရေးအစီအစဉ်" မိတ္တူတစ်စောင်အား ၎င်းတို့၏သမားတော်ကို မျှဝေပေးထားသင့်သည်။

ဆီးနှင့်ပတ်သတ်သောရောဂါလက္ခဏာများရှိလာပါက အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးသူတစ်ဦးထံ ချက်ချင်းအကြောင်းကြားပေးပါ။ အဆိုပါရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်-

  • ဆီးတွင် သွေးပါခြင်း (ပန်းရောင် သို့မဟုတ် အနီရောင်ဆီး)
  • မကြာခဏဆီးသွားခြင်း သို့မဟုတ် ဆီးသွားနိုင်ရန် အားထုတ်ရခြင်း
  • ဆီးသွားရာတွင် ပြဿနာရှိခြင်း
  • ဆီးအိတ်ထဲတွင်ရှိသောဆီးများ ကုန်စင်အောင်မသွားနိုင်ခြင်း
  • ဆီးသွားစဥ် နာကျင်ခြင်း

ကင်ဆာရောဂါမှလွတ်မြောက်လာသူများသည် ဆီးတွင်သွေးပါသည့်အခါ သို့မဟုတ် ဆီးသွားသည့်အခါ အခြားသောပြဿနာများရှိသည့်အခါတိုင်း ၎င်းတို့၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဆက်သွယ်သင့်သည်။ ဆီးအခြေအနေကိုစစ်ဆေးရန် သို့မဟုတ် ကူးစက်ရောဂါရှိ/မရှိစစ်ဆေးရန် စစ်ဆေးမှုများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူမှ လုပ်ဆောင်နိုင်သည်။

အရည်များများသောက်ခြင်းအားဖြင့် ဆီးအိတ်ကို ဆေးကြောပေးစေနိုင်သည်။ သို့သော် သင့်တွင် ကျောက်ကပ် သို့မဟုတ် နှလုံးပြဿနာများရှိပါက အရည်များများမသောက်မီ သင်၏သမားတော်အား အရင်မေးမြန်းပါ။

ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာနှင့် ကဖိန်းဓာတ်ပါသည့် အခြားသောအရည်တို့ကို ရှောင်ကြဥ်ပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ ၂၀၁၈