ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

အမ်မ်ဂျေ၊ ဦးနှောက်အကျိတ်အသက်ရှင်ကျန်ရစ်သူ-သင့်ဘဝကို တာဝန်ယူပါ

“သင်ကိုယ်တိုင်အတွက် မည်ကဲ့သို့ အားပေးသည်ကို လေ့လာပါ။ သင့်ဘဝကို မည်ကဲ့သို့ တာဝန်ယူပုံကို လေ့လာပါ။ သင်သွားစေချင်သော နည်းလမ်းအတိုင်း ထိုအရာများကို မည်ကဲ့သို့ ပဲ့ကိုင်ရမည်ကို လေ့လာပါ။ အကယ်၍ သင် တစ်စုံတစ်ရာ လိုအပ်ပါက သင့်ကိုယ်သင် စကားပြောပါ။”

အမ်မ်ဂျေ

အမ်မ်အိပ်ချ် ရပ်နေပြီး ပြုံးနေသည်။

အမ်မ်ဂျေသည် သူ၏ဘဝတစ်လျှောက်လုံးတွင် ဆရာဝန်တစ်ဦး အဖြစ်ချင်ဆုံး ဖြစ်သည်။

ကလေးတစ်ဦးအနေဖြင့် ဆေးနယ်ပယ်မှာ ပိုပြီး ရင်းနှီးပါတယ်။ ဦးနှောက်၏ ပီနီယယ် အာရုံကြောမှ ဖြစ်သော ကင်ဆာကျိတ် (pineoblastoma) ခေါ် ဦးနှောက်အကျိတ်တစ်မျိုးကို အသက် ၁၁ နှစ်၌ ရောဂါရှာဖွေတွေ့ရှိပြီး အမ်မ်ဂျေသည် ဦးနှောက် ခွဲစိတ်ခြင်းဓါတ်ရောင်ခြည်ပေးခြင်းခီမိုဆေးသွင်း ကုထုံး နှင့် သွေးဆဲလ်အစားထိုးခြင်း (ရိုးတွင်းခြင်ဆီ အစားထိုးခြင်း သို့မဟုတ် ပင်မဆဲလ်အစားထိုးခြင်းဟုလည်းခေါ်သည်) တို့ လုပ်ဆောင်ခဲ့သည်။

ဒီနေ့သည် အမ်မ်ဂျေ အသက် ၁၈ နှစ်ဖြစ်ပြီး အထက်တန်းစီနီယာ တစ်ယောက်ဖြစ်နေပါသည်။ သူလျှောက်ခဲ့သော ကောလိပ် သုံးကျောင်းစလုံးတွင် လက်ခံခြင်းခံရသည်ကို မကြာသေးမီက သိရှိခဲ့သည်– ကလန်ဆမ် တက္ကသိုလ်၊ ဖာမန် တက္ကသိုလ်နှင့် တောင်ပိုင်း ကယ်ရိုလိုင်းနား တက္ကသိုလ်တို့ဖြစ်ကြသည်။

အမ်မ်ဂျေသည် ၎င်းအား တောင်ပိုင်း ကယ်ရိုလိုင်းနား တက္ကသိုလ်မှ လက်ခံစာကို ကောလိပ်၏ ဆင်မြန်းထားသော လာဘ်ကောင်ရုပ်ဖြင့် ရရှိသည်။

တောင်ပိုင်း ကယ်ရိုလိုင်းနား တက္ကသိုလ် တိုက်ကြက် လာဘ်ကောင်သည် ကိုယ်ရေးကိုယ်တာအရ အမ်မ်ဂျေ လက်ခံစာကို ပေးပို့သည်။

ဤအခြေအနေသို့ရောက်ရှိရန် ခရီးတွင် ၎င်းရဲ့ ရုန်းကန်မှုများစွာ ပါရှိသည်။ အမ်မ်ဂျေတွင် စိန်ခေါ်မှုများရှိနေတုန်းပါပဲ။ ဒါပေမဲ့ သူဆက်လက်ဇွဲရှိတယ်။

အမ်မ်ဂျေသည် သူ၏ ဦးနှောက်အကျိတ်ရောဂါရှာဖွေခြင်းကို လေ့လာသင်ယူသည့်အခါ သူ၏ ၅ တန်းအခန်း၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး တက်ကြွသော ဘောလုံးနှင့် ဘက်စကက်ဘော ကစားသူလည်းဖြစ်ခဲ့သည်။ သူဟာ သူ့ကိုယ်သူ အလွန် ဖော်ရွေပြီး ယုံကြည်မှုရှိသူလို့ ထင်ခဲ့တယ်။

သူ၏ဦးနှောက်အကျိတ်နှင့် ကင်ဆာကုသမှုများသည် သူ၏ဘဝသက်တမ်းတစ်လျှောက်လုံးကို ပြောင်းလဲစေခဲ့သည်။

အမ်မ်ဂျေသည် နေမကောင်းမဖြစ်မီတွင် သူ၏အမေအနားမနေခဲ့ပဲ လွတ်လပ်မှုအချို့ကို တည်ဆောက်ပါသည်။ “သူနေမကောင်းဖြစ်တဲ့အခါ သူကကျွန်မအနား ကပ်နေခဲ့တယ်” ဟု လီဆာပြောခဲ့တယ်။ 

ဦးနှောက်အကျိတ်ကုသပြီးနောက်မှာ အမ်မ်ဂျေဟာ ပြင်းထန်တဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကုထုံး မရှိရင် အားကစားမလုပ်နိုင်ပါဘူး။ 

၎င်းအစား သူသည် သူ၏ပညာရေးကို အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့သည်။ သူက ကလေးကင်ဆာအထူးကုဆရာဝန်ဖြစ်ချင်တယ်။ သူက အားကစားစီစဉ်ခြင်းမှာလည်းပဲ စိတ်ဝင်စားတယ်။ သူသည် ကောလိပ်တွင် ဇီဝသိပ္ပံများ နှင့် အားကစားစီမံခန့်ခွဲခြင်းဘာသာရပ်နှစ်ခုကို ယူရန် စီစဉ်သည်။

သူ၏ အမေဆီမှ ပွေ့ဖက်မှုကို လက်ခံနေသော လူနာစမ်းသပ်သည့် ကုတင်ပေါ်တွင် ထိုင်နေသည့် ငယ်ရွယ်သော ကင်ဆာလူနာတစ်ဦး

သူ၏ကင်ဆာကုသမှု ခံယူနေစဉ်အတွင်း အမ်မ်ဂျေနှင့် သူ၏ အမေ လီဆာ

ကျောင်းတွင် စိန်ခေါ်မှုများ

အမ်မ်ဂျေသည် သူကုသမှုကို ခံယူနေခဲ့စဉ်တွင် သူ၏ ၆ တန်းတစ်နှစ်လုံး မတက်ခဲ့ရပါ။ ထိုအချိန်မှာ သူ၏သူငယ်ချင်းများနဲ့ အခန်းဖော်များဟာ အိမ်ကိုပြန်လာပြီး သူတို့၏ဘဝများကို ဆက်လက်ရှေ့ဆက်နေသည်။

မည်သို့ပင်ဆိုစေ သူဟာ ၅ တန်း အဆင့်မှာ ရှိနေခဲ့ပေမဲ့ ၇ တန်းမှာ ကျောင်းပြန်တက်ခဲ့ပါသည်။ အခြားလူတို့မှာ သူ၏အရွယ်တွင် အလယ်တန်းကျောင်းသင်နှစ် တစ်နှစ်လုံးကို ပြီးဆုံးပြီဖြစ်ခဲ့သည်။

အလယ်တန်းကျောင်းသို့ ကူးပြောင်းကာလမှာ မည်သည့် ဆယ်ကျော်သက်အတွက် မဆို ခက်ခဲနိုင်သည်။ အမ်မ်ဂျေ အတွက် စိန်ခေါ်မှုများစွာ ပို၍ ရှိခဲ့ပါသည်။ မိတ်ဖွဲ့မှုမှာလည်း ခက်ခဲခဲ့သည်။

“ဒီအရာက ကျွန်တော်အကြာကြီး မရှိခဲ့သလိုမျိုးဆိုတော့ လူတွေက ကျွန်တော့်ကို မမှတ်မိကြတော့ဘူး” အမ်မ်ဂျေ ပြောခဲ့တယ်။ “ကျွန်တော် ကျွန်တော့်၏ မူလတန်းကျောင်းမှာ အခန်းဖော်များနှင့်အတူ အားကစားများဆော့ကစားပြီး ကျွန်တော် အဆက်အသွယ်များအများစုကို တည်ဆောက်ခဲ့ပါတယ်။ ကျွန်တော် ၁ နှစ်ခွဲ ကနေ ၂ နှစ်လောက် နောက်ကျကျန်ခဲ့တယ်။ ကျွန်တော် အခြားသောကလေးများရဲ့ ပြီးဆုံးပြီးဖြစ်တဲ့ မှတ်တိုင်တွေကို လွဲချော်သွားတယ်။"

ဥပမာအနေဖြင့် အခြားသော ကျောင်းသူကျောင်းသားများက အံဆွဲဘယ်လိုသုံးရတာကို သိပြီးဖြစ်နေတာတို့ ဖြစ်တယ်။ သူတို့က သူတို့နေ့မှာ အတန်းပြောင်းတာနဲ့ ပက်သက်လို့ စီစဉ်ရန် လေ့လာပြီးဖြစ်တယ်။

အမ်မ်ဂျေ၏ ကင်ဆာ ကုသမှုများသည် သူ၏ သင်ယူမှုကို သက်ရောက်စေသော ရေရှည် သက်ရောက်မှုများ ရှိခဲ့သည်။ သူသည် အားအင်နည်းနည်းနဲ့ ရုန်းကန်ခဲ့သည်။ သတင်းအချက်အလက်ကို ပိုင်းခြားနိုင်တဲ့သူ၏ စွမ်းရည်က ကုသမှုမတိုင်မီမှာ ပို၍ နှေးကွေးခဲ့ပါတယ်။ ဤအခြေအနေကို “ကီမိုရှုပ်ထွေးခြင်း” သို့မဟုတ် “ကီမိုဦးနှောက်” ဟုခေါ်သည်။ ၎င်းက စဉ်းစားခြင်းနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာများကို ကီမိုဆေးသွင်းခြင်း ကုထုံးရရှိခဲ့ဖူးသော အချို့လူနာများတွင် ဖြစ်စေပါသည်။

အမ်မ်ဂျေတွင် 504 ဟုခေါ်သော စာသင်ခန်း နေရာအခင်းအကျင်းများ အစီအစဉ်တစ်ခု ရှိခဲ့ပြီး ၎င်းသည် သူ့ကို ကျောင်းအလုပ်တွင် အချိန်ပိုရစေပါသည်။ သို့သော်လည်း သူသည် တစ်ခါတစ်ရံတွင် အိမ်စာများအတွက် အပိုအချိန်မရခဲ့ပါ။

အထက်တန်းကျောင်းတွင် ပိုမကောင်းလာခဲ့သော အရာများ

“၉ တန်း၏ ပထမ နှစ်ဝက် ပညာသင်နှစ်တွင် နောက်ကျခြင်း သို့မဟုတ် ကောင်းမွန်စွာ မလုပ်နိုင်ခဲ့သော အိမ်စာများ ဘယ်တော့မှ မပြီးဆုံးနိုင်ခဲ့သော အချိန်တစ်ခုဖြစ်ခဲ့ပါတယ်” အမ်မ်ဂျေ ပြောခဲ့သည်။ “ကျွန်တော်ဟာ ဆေးရုံကို ၃လ-၆လတိုင်း သွားနေရတုန်းဖြစ်နေခဲ့လို့ အိမ်စာများကို အဆက်မပြတ် အမီလိုက်နေခဲ့ရပါတယ်။”

အမ်မ်ဂျေတွင် မျက်လုံးနှင့်ပတ်သက်၍ ပြဿနာများလည်း ရှိခဲ့ပါသည်။ ဓါတ်ရောင်ခြည် ကုသမှုသည် သူ၏ မျက်ရည်ပြွန်များကို ပျက်စီးစေခဲ့သည်။ သူ၏ မျက်လုံးများသည် မျက်ရည်များပြားစွာ ပြည့်နေပြီး အစိမ်းရောင် အရည်များထုတ်ပေးခဲ့ပါတယ်။ သူ၏မျက်လုံးများသည် တစ်ခါတစ်ရံ သူ၏အမြင်ကို ခက်ခဲစေသည့် ပူသည့်ခံစားမှုကို ရှိခဲ့ပါတယ်။

အမ်မ်ဂျေ၏ ပုံစံသည် ပုံမှန်ပင်ဖြစ်သည်။ သူ စကားကောင်းကောင်း ပြောခဲ့ပြီး ဉာဏ်ကောင်းခဲ့ပါတယ်။ အဆင်ပြေတယ်လို့ လူတိုင်းထင်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ သူဟာ အဆင့် A ရကျောင်းသားအဖြစ်မှ C များ ရရှိသည့် အဖြစ်သို့ ရောက်ရှိသွားခဲ့ပါတယ်။ သူ၏အမေသည် ကျောင်းသို့မကြာခဏသွားပြီး အမ်မ်ဂျေ၏ လိုအပ်မှုများ နှင့် စိန်ခေါ်မှုများကို ဆွေးနွေးရန် ရှိနေခဲ့ပါတယ်။

မိသားစုက အိမ်ကျောင်းနေခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်လိမ့်မည်ကို ဆုံးဖြတ်ခဲ့ပါတယ်။ အမ်မ်ဂျေဟာ ကောင်းတဲ့ ကောလိပ်တစ်ခု ဝင်ခွင့်ရချင်ခဲ့ပါတယ်။ အိမ်ကျောင်းနေခြင်းက သူ့ကို သူ၏စာများမှာ ပို၍ အာရုံစိုက်စေခဲ့ပါတယ်။

အမ်မ်ဂျေမိခင် လီဆာဟာ အမ်မ်ဂျေကို သင်ကြားပေးရန်အတွက် နှစ် ၂၀ ကြာရှိသော သူနာပြု အလုပ်သက်တမ်းကို စွန့်လွှတ်ခဲ့ပါတယ်။ သူမဟာ သူ့ကို ကူညီရာတွင် စောစောအဆင်ပြေစေရန်အတွက် ပထမဆုံးအကြိမ် လပေါင်းများစွာဖြတ်သန်းခဲ့တယ်။ သူဟာ ပုဂ္ဂလိက ကျောင်းများသို့ သိပ္ပံဘာသာရပ်အတန်းများ၏ ဓါတ်ခွဲခန်းအပိုင်းအတွက် သွားခဲ့ပါတယ်။ လီဆာသည် သူမ၏ဆေးဆိုင်ရာ နောက်ခံမှ သူ၏သိပ္ပံလေ့လာမှုများကို ပိုကောင်းစေရန် ဆွဲယူနိုင်ခဲ့ပါသည်။ အင်္ဂလိပ်ဘာသာတွင် ၎င်းတို့ဟာ မြို့ကြီးနှစ်မြို့အကြောင်း၁၉၈၄ နဲ့ တိရစ္ဆာန် စားကျက်မြေ ကဲ့သို့သော ဂန္တဝင် စာပေများကို ဖတ်ခဲ့သည်။

“လူတွေက ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကို အလွန်ပြင်းထန်တယ်လို့ ထင်ကြတယ်။ ကလေးတွေ အသက်ရှင်တဲ့အခါ လူတိုင်းက ပျော်ကြတယ်။ အကယ်၍ သူတို့ အသက်မရှင်တဲ့အခါ ဒါကအလွန်ဝမ်းနည်းစရာကောင်းတယ်” လို့ လီဆာပြောခဲ့သည်။ “ဒါပေမဲ့ လူတွေက ဖြတ်သန်းခဲ့ရတာတွေကို မမြင်ပါဘူး။ ဤအရာက ကျွန်တော့်ဘဝတစ်ခုလုံးကို ပြောင်းလဲပေးခဲ့ပါတယ်။ ဒါကတော့ ဆိုးရွားတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ကျွန်တော် အမြဲ လုပ်ချင်ခဲ့တဲ့အရာများကို ကျွန်တော်လုပ်နေတာပါ။ သင်ကြိုက်တာ ဘယ်အရာမဆို လုပ်နိုင်ပါတယ်။ သင့်မှာ မျှော်လင့်ချက်တွေ ရှိနိုင်ပါတယ်။ မျှော်လင့်ချက်က ပုံသေနည်းရဲ့ ၈၀ % ဖြစ်တယ်။ ဒါက ကျွန်တော်တို့ကို နှိမ့်ချစေပါတယ်။”

သို့သော်လည်း အမ်မ်ဂျေဟာ အထီးကျန်ခဲ့ပါတယ်။ လီဆာရောပဲ အထီးကျန်နေခဲ့ပါတယ်။ “သူဝမ်းနည်းခြင်းတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်” ဟု လီဆာပြောခဲ့တယ်။ “ကျွန်မလဲပဲ အရမ်းကို သေမလား ရှင်မလားနှင့်ပတ်သက်ပြီး စိုးရိမ်နေခဲ့ကာ သူ့ကို အရမ်းခက်ခဲအောင် တွန်းမိခဲ့ပါတယ်။”

မဆုတ်မနစ်သော ဇွဲလုံ့လကို လေ့လာခြင်း

ရုန်းကန်ခဲ့ရသော်လည်း အမ်မ်ဂျေဟာ ဆက်လက်ရှင်သန်ခဲ့ပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေက သူ့ကို ဘယ်လိုပဲဖြစ်ဖြစ် ပို၍ သန်မာ‌စေပါတယ်။ သူက သူရဲ့အချိန်တွေကို အခြားလူများအား ကူညီခြင်းနဲ့ ကုန်ဆုံးပါတယ်။ အမ်မ်ဂျေသည် သူ၏အချိန်ကို အကျိုးအမြတ်မယူသော အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းလုပ်ရသည်ကို ကြိုက်သည်။

သူသည် ကျောင်းသူကျောင်းသားများအတွက် သူ၏ယခင် မူလတန်းကျောင်းတွင် အုပ်ထိန်းသူဆရာတစ်ဦးအနေဖြင့် ထမ်းဆောင်သည်။ သူသည် တစ်သီးတစ်ခြားဖြစ်သော အိမ်ကျောင်းများ၏ တောင်ပိုင်း ကယ်ရိုလိုင်းနား အဖွဲ့အစည်း တွင် ကျောင်းသားကောင်စီ အဖြစ် တာဝန်ထမ်းဆောင်သည်။ သူသည် သူ၏အသင်းတော် တွင်စေတနာ့ဝန်ထမ်းလုပ်ဆောင်ပြီး ကင်ဆာအတွက် ရန်ပုံငွေရှာဖွေရေးနှင့် အသိပညာပေးခြင်းတွင် တက်ကြွစွာပါဝင်လုပ်ဆောင်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာပွဲတွင် အဆောက်အအုံတစ်ခု ရှေ့၌ ရပ်နေတဲ့ အဖြူရောင် ရှပ်အင်္ကျီများ တူညီစွာ ဝတ်ဆင်ထားသော လူအုပ်စု

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာပွဲတစ်ခုတွင် အမ်မ်ဂျေ နှင့် မိသားစုနှင့် သူငယ်ချင်းများ

သူ၏ အကြိုက်ဆုံးသောလှုပ်ရှားမှုများမှ တစ်ခုသည် အာရုံကြောချို့ယွင်းရောဂါ (autism) ရှိသောကလေးများအတွက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်ဖြစ်သည့် ‌အော်ဆမ် (Ausom) ဟုခေါ်သော အဖွဲ့တွင် စေတနာ့ဝန်ထမ်းလုပ်ဆောင်ခြင်းဖြစ်သည်။ အဖွဲ့သည် လေမှုတ်သွင်းထားသော ခုန်လို့ရသည့် အိမ်များ ကဲ့သို့သော လှုပ်ရှားမှုများကို တည်ထောင်ပြီး ကလေးများကို ဆော့နေစဉ် ကြီးကြပ်ညွှန်ကြားပေးသည်။ အမ်မ်ဂျေသည် ကလေးများနှင့် အလုပ်လုပ်ရတာကို ကြိုက်နှစ်သက်ပါတယ်။

“ကုထုံးလိုပါပဲ” လို့ အမ်မ်ဂျေ ပြောခဲ့ပါတယ်။ “ကလေးတွေက သင့်ကို ရယ်အောင်လုပ်ပေးတယ်။ သူတို့သည် သင့်ကို လောလောဆယ်တွင် ဖြစ်ပျက်နေတာတွေ့နဲ့ ပတ်သက်ပြီး မေ့စေတယ်။ သင်သည် ၎င်းတို့၏အသက်အရွယ်တွင် မည်သို့ဖြစ်သည်ကို သတိရသည်။"

လီဆာသည် အမ်မ်ဂျေနှင့်အတူ သူ၏ အတွေ့အကြုံများမှတဆင့် ခွန်အားကို ရယူပြီးဖြစ်သည်။ “ကျွန်မတို့ တက်တဲ့ တောင်တစ်ခုစီတိုင်းမှာ ကျွန်မသိတာက နောက်ထပ်တောင်တစ်ခုက ပို၍လွယ်ကူမယ် ဆိုတာကိုပါပဲ။ ယုံကြည်မှု၊ မျှော်လင့်ချက်နှင့် ချစ်ခြင်းမေတ္တာတို့ကြောင့် ကျွန်မတို့ ဖြတ်သန်းလာနိုင်ခဲ့တာပါ။"

ရှေ့သို့ကြည့်ခြင်း

အမ်မ်ဂျေ မျက်လုံးများက အနာဂတ်ကို အာရုံစိုက်ထားပါတယ်။ အခုအချိန်မှာ သူကောလိပ်အတွက် အစီအစဉ်များ ပြုလုပ်နေပါတယ်။ သူသည် သူ၏စိန်ခေါ်မှုများကို သတိပြုမိပြီး ၎င်းတို့ သူ့ကို မည်ကဲ့သို့ အောင်မြင်စေသည်ကို သူစဉ်းစားနေသည့် ကောလိပ်များနှင့် အလုပ်လုပ်နေပါတယ်။ ကောလိပ်များမှာ အထူးသဖြင့် မသန်မစွမ်းကျောင်းသူကျောင်းသားများအတွက် ရုံးများရှိပါတယ်။ ဤရုံးများသည် ကျောင်းသူကျောင်းသားများနှင့် တက္ကသိုလ်မဟာဌာနနှင့်အတူ နေရာထိုင်ခင်းများပြုလုပ်ပေးပါသည်။

အမ်မ်အိပ်ချ် ရပ်နေပြီး ပြုံးနေသည်။

အမ်မ်ဂျေ ကုသမှုနောက်ပိုင်း

အမ်မ်ဂျေတွင် ဦးတည်ရာများကို မှတ်မိရန် အခက်အခဲရှိပါတယ်၊ သူ၏ တက္ကသိုလ်နယ်မြေရှိ လမ်းကို လမ်းကြောင်းပြပေးသောအခါ အခက်အခဲရှိနိုင်ခြင်းဖြစ်တယ်။ သူသည် လျို့ဝှက်ကုဒ်နံပါတ်များကိုပြန်မှတ်မိရန်နှင့် ပစ္စည်းများကို ထိန်းသိမ်းရာတွင် အခက်အခဲရှိပါသည်။ သူသည် အိမ်စာများအတွက် အချိန်ပိုကို လိုအပ်နေတုန်းဖြစ်ပါသည်။ သို့သော်လည်း အမ်မ်ဂျေသည် သူလိုအပ်သည့်အရာများအတွက် အားပေးနေပါသည်။ အမ်မ်ဂျေသည် ၎င်းကဲ့သို့ လုပ်ဆောင်ရန် ပညာရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုများရှိသော အခြားသောကင်ဆာ အသက်ရှင်ကျန်ရစ်သူများအား အကြံဉာဏ်ပေးပါတယ်။

“သင်တက်ချင်သော ကောလိပ်များကို လည်ပတ်ပါ” ဟု အမ်မ်ဂျေ ပြောခဲ့တယ်။ “ကောလိပ်တစ်ခုချင်းစီ၏ မသန်မစွမ်းဌာနများကို လည်ပတ်ပါ။ သင်ကောလိပ်သို့ မဝင်မီ ၎င်းတို့နှင့်အတူ ကောင်းသော အုတ်မြစ်တစ်ခုကို တည်ဆောက်ပါ။ ၎င်းတို့နှင့်အတူ ထိုင်ပြီး ‘ကျောင်းမှာ ကျွန်တော့်ကို အောင်မြင်အောင် သင်တို့က ဘာတွေကူညီပေးနိုင်လဲ’ဟု ပြောပါ။'"

ဆယ်ကျော်သက် နှင့် ငယ်ရွယ်သော အရွယ်ရောက်လူနာများဟာ ၎င်းတို့ကိုယ်တိုင်အတွက် စကားပြောရန် မကြောက်ရွံ့သင့်ဘူးဟု အမ်မ်ဂျေ ပြောခဲ့ပါတယ်။

“သင့်ကိုယ်တိုင်အတွက် မည်ကဲ့သို့ အားပေးရမည်ကို လေ့လာပါ” ဟု အမ်မ်ဂျေ ပြောခဲ့တယ်။ "သင့်ဘဝကို မည်ကဲ့သို့ တာဝန်ယူပုံကို လေ့လာပါ။ သင်သွားစေချင်သော နည်းလမ်းအတိုင်း ထိုအရာများကို မည်ကဲ့သို့ ပဲ့ကိုင်ရမည်ကို လေ့လာပါ။ အကယ်၍ သင် တစ်စုံတစ်ရာ လိုအပ်ပါက သင့်ကိုယ်သင် စကားပြောပါ။ သင်လိုအပ်တာကို သင်ရစေပါ။ ကုသမှု– ဘာဖြစ်ခဲ့တာက ဖြစ်ပျက်ပြီးသွားပြီဖြစ်တယ်။ သင်ဖြစ်ချင်သော ဘဝကို ဖန်တီးရန် နည်းလမ်းများကို ရှာပါ။ သင်ကြိုက်တာ ဘယ်အရာမဆို လုပ်နိုင်ပါတယ်။ သင့်မှာ အလားအလာအများကြီး ရှိနေတုန်းပါ။”

---
ပြန်လည်သုံးသပ်ပြီး- ၂၀၁၉ ခုနှစ်၊ မတ်လ