ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ ကုသမှု ရပ်နာခြင်း အကူးအပြောင်း

ကင်ဆာကုသမှု အဆုံးသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် ပျော်ရွှင်ဖွယ် အချိန်တစ်ခုဖြစ်သည်။ သူငယ်ချင်းများသည် “ကီမို ရပ်နားခြင်း” ပါတီများ၌ ရောင်စုံစက္ကူစလေးများကို ပစ်ကြသည်။ လူနာများသည် ဓါတ်ရောင်ခြည် ကုသမှုများပြီးနောက် ခေါင်းလောင်းတီးသည် သို့မဟုတ် ဒုန်းခနဲ ဗိုင်းခနဲမြည်အောင် မောင်းထုသည်။

သို့သော်လည်းကူးပြောင်းသည့်ကာလသည် မသေချာမှု နှင့် စိုးရိမ်ပူပန်မှု ကာလတစ်ခု လည်းဖြစ်နိုင်သည်။ ဤကဲ့သို့ ခံစားမှုသည် ပုံမှန်ဖြစ်သည်။

ကလေး လူနာတစ်ဦး၏ စောင့်ရှောက်မှု အဖွဲ့မှ လက်မှတ်များနှင့်အတူ နိုး မို' ကီမို အောင်မြင်မှုအတွက် ဂုဏ်ပြုခြင်း ကတ်

ကင်ဆာကုသမှုအဆုံးသည် ပျော်ရွှင်ဖွယ်ကောင်းသော အချိန်တစ်ခု ဖြစ်သော်လည်း အကူးအပြောင်းတွင် မသေချာမှုနှင့် စိုးရိမ်ကြောင့်ကြမှုကို ခံစားရခြင်းသည်လည်း ပုံမှန်ဖြစ်သည်။

ဆေးရုံသည် သတင်းအချက်အလက်များ နှင့် အထောက်အပံ့တို့၏ ဘေးကင်းသော ကွန်ရက်တစ်ခုကို စီမံပေးပြီးဖြစ်သည် – ပုံမှန် ဓါတ်ခွဲခန်းအလုပ်၊ ပုံရိပ်ဖော် စကင်န်များ နှင့် ဆေးခန်း ချိန်းဆိုမှုများတို့သည် သင်၏ ကလေးနှင့် ဆေးပိုင်းဆိုင်ရာအရ မည်သည်သို့ဖြစ်နေသည်တို့နှင့် ပက်သက်၍ ပြုပြင်မွမ်းမံမှုများ၏ အချက်အလက်အသစ်များကို ပုံမှန်ထုတ်ပြန်သည်။ မိသားစုများ ဖြတ်သန်းနေရသော တူညီသော အခြေအနေသည် နေရာတိုင်းတွင် ဖြစ်သည်။ ၎င်းတို့သည် သင်၏ဘဝကို ချက်ချင်းဆက်နွှယ်နိုင်သည်။

“သင်သည် သင်၏ ဆေးဝါးကူညီမှု အသင်းနှင့် အခြားသော မိသားစုများနှင့် အမှန်တကယ် နီးကပ်လာပြီး ချိန်းဆိုမှုများကို စောင့်ဆိုင်နေသည်ကို သင်မြင်သည်” ဟု ရှန်နွန်၊ ပြင်းထန် မိုင်းလွိုက် ကလေးသွေးကင်ဆာကို ကုသခံရသော ၇ နှစ်အရွယ် ဂရစ်ဖင်၏ အမေ က ဆိုခဲ့သည်။ “ဒါက မိသားစုတစ်ခုလိုပါပဲ။ သင်က ထိုခင်မင်မှုများကို လွမ်းသည်။”

ကလေးကင်ဆာ လူနာသည် လင်းပိုင်တစ်ကောင်နှင့် အတူ ရေကူးသည်

ဂရစ်ဖင်၊ ပြင်းထန် မိုင်းလွိုက် ကလေးသွေးကင်ဆာ ဝေဒနာသည်တစ်ဦး

ယခုအချိန်တွင် ဂရစ်ဖင်သည် စစ်ဆေးမှုများအတွက် လအနည်းငယ်တိုင်း ဆေးရုံသို့ ပြန်လာသည်။ ရှန်နွန်သည် သူမ၏သား ကီမိုဆေးသွင်းခြင်း ကုထုံး လုပ်ဆောင်နေသည်ကို ပျော်နေစဉ် သူမသည် ဂရစ်ဖင် ကုသမှုခံယူနေခဲ့စဉ်အတောအတွင်း အစိတ်အပိုင်းဖြစ်ခဲ့သည့် ရင်းနှီးသည့် ကွန်ရက်တစ်ခု၏ ပုံမှန် ဆက်သွယ်မှုကို လွမ်းသည်။

အခြားတစ်ဖက်တွင် နေ့စဉ် လုပ်ငန်းတာဝန်များ ကဲ့သို့သော သူမ၏ ကိုယ်ပိုင်အိမ်ကို သန့်ရှင်းရေးလုပ်ခြင်းကို ပုံမှန်လုပ်ဆောင်ရန် ကောင်းသည် ဟု သူမဆိုခဲ့သည်။ သူမ၏သား ကုသနေစဉ်အတောအတွင်း သူမ၏ အိမ်အတွက် သူငယ်ချင်းအဖွဲ့ တစ်စုကပေးသော သန့်ရှင်းရေး ဝန်ဆောင်မှုသည် အလွန်နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းခဲ့သော်လည်း သူမက ပုံမှန် လုပ်ရိုးလုပ်စဉ်လုပ်ငန်းတစ်ခုသို့ ပြန်သွားခြင်းကို ကြိုက်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာကုသမှုရပ်နားခြင်း ကူးပြောင်းခြင်းသည် အသက်ရှင် ကျန်ရစ်သူများအတွက် မသေချာမှုနှင့် စိုးရိမ်ကြောင့်ကြမှုကာလတစ်ခု ဖြစ်နိုင်သည်။ ဤပုံတွင် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ ရှင်သန်ကျန်ရစ်သူတစ်ဦးသည် ဆေးရုံဝန်ထမ်းနောက်တွင် ဆေးရုံ စင်္ကြံတွင် လမ်းလျှောက်လာသည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ ကုသမှု ပြီးဆုံးပြီးနောက် လူနာများသည် ၎င်းတို့၏ ကင်ဆာစင်တာသို့ နောက်ဆက်တွဲ ဆေးစစ်ဆေးမှုများ၊ စမ်းသပ်မှုများနှင့် စကင်များအတွက် ပုံမှန် ပြန်လာမည်ဖြစ်သည်။

မကြာခဏ နောက်ဆက်တွဲ

ကင်ဆာ ကုသမှု ပြီးဆုံးပြီးနောက် လူနာများသည် ၎င်းတို့၏ ကင်ဆာစင်တာသို့ နောက်ဆက်တွဲ ဆေးစစ်ဆေးမှုများ၊ စမ်းသပ်မှုများနှင့် စကင်များအတွက် ပုံမှန် ပြန်လာမည်ဖြစ်သည်။ ဤနောက်ဆက်တွဲ ကာလသည် ၂ နှစ်မှ ၅ နှစ်အထိ ကြာနိုင်ပြီး ကလေးကင်ဆာ စင်တာနှင့် လူနာ၏ ရောဂါရှာဖွေဖော်ထုတ်ခြင်းအပေါ်တွင် မူတည်သည်။ ဤအဆင့်ကို တစ်ခါတစ်ရံ "ကုထုံး ရပ်နားခြင်း" အနေဖြင့် ရည်ညွှန်းသည်။

ဤနောက်ဆက်တွဲ ကာလပထမအကြိမ်ပြီးနောက် လူနာများသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ အသက်ရှင်ကျန်ရစ်သူများအတွက် ရေရှည် နောက်ဆက်တွဲသို့ ကူးပြောင်းသည်။ ရေရှည် နောက်ဆက်တွဲ စောင့်ရှောက်မှု၏ ပန်းတိုင်မှာ ကင်ဆာ အသက်ရှင်ကျန်ရစ်သူများကို အတတ်နိုင်ဆုံး ကျန်းမာစွာနေဖို့ ကူညီရန်နှင့် နောက်ပိုင်း လများ သို့မဟုတ် နှစ်များတွင် ဖြစ်ပေါ်လာမည့် ကုသမှုဘေးထွက်ဆိုးကျိုးများဖြစ်သည့် နောက်ပိုင်း သက်ရောက်မှုများကို စောင့်ကြည့်ရန်ဖြစ်သည်။ အချိန်ဇယားနှင့် နောက်ဆက်တွဲ ပြသမှုများ၏ အသေးစိတ်များသည် ကင်ဆာ စင်တာနှင့် လူနာ၏ လိုအပ်ချက်များပေါ်မူတည်ပြီး ကွဲပြားသည်။

မျှော်လင့်ရန် စိန်ခေါ်မှုများ

အကူးအပြောင်းတိုင်းသည် စိန်ခေါ်မှုများနှင့် ဒွန်တွဲလျက်ရှိသည်။ ယခင် အာရုံစိုက်မှုမှာ ကုသမှုကို ကျော်လွန်ရန်ဖြစ်သည်။ ကုသမှု ပြီးသွားသောအခါ ကင်ဆာပြီးနောက် ဘဝသည် "ပုံမှန် အသစ်" တစ်ခုတည်ဆောက်ခြင်းအပေါ် အဓိကထားသည်။ စိန်ခေါ်မှုများတွင် ပါဝင်သည်မှာအောက်ပါတို့ဖြစ်သည်-

  • စိတ်ခံစားမှုပိုင်းဆိုင်ရာ ညှိနှိုင်းခြင်း
  • သင်၏ကလေး၏ ကျောင်းသို့ပြန်ရောက်လာခြင်း
  • မိဘအုပ်ထိန်းမှုဆိုင်ရာ ပူပန်မှုများ
  • ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များ
  1. ကုထုံးအဆုံးသတ်ပြီးနောက် စိတ်ခံစားမှုများသည် ရိုလာကိုစတာတစ်ခုကဲ့သို့ သည်းထိတ်ရင်ဖိုဖြစ်သည်ကို မျှော်လင့်ပါ။ ဤအချိန်သည် ညှိနှိုင်းမှု၏သိသာသော ကာလတစ်ခုဖြစ်သည်။

    • သင်သည်ကုသမှု နောက်ထပ်မလိုတော့ကြောင်းနှင့် ကင်ဆာပြန်ဖြစ်လာမည့် စိုးရိမ်မှုမရှိတော့ကြောင်းကို ခံစားရနိုင်သည်။
    • မိသားစုလှုပ်ရှားမှုများဆီ ပျော်ရွှင်မှု ပြန်ရောက်လာပြီး ကင်ဆာ ကုသမှု ဖြတ်သန်းလာရသောကလေးငယ်အားစောင့်ရှောက်ရသည့် ပူပန်သောကရှိလာသည်ကို သင် ခံစားရနိုင်သည်။

    ဤအချိန်အတောအတွင်း အကောင်းဘက်ကို အာရုံစိုက်ပါ။ ကုသမှုအဆုံးသတ်ပြီး စစ်ဆေးမှုများသည် မကြာခဏဖြစ်မှုထက် နည်းသည်မှာ ၎င်းကဲ့သို့လုပ်ဆောင်ရန် အဆင်ပြေသည်ကိုပြသော သုတေသနနှင့် အတွေ့အကြုံကြောင့်ဖြစ်သည်ကို သတိရပါ။

    သို့သော်လည်း ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် နည်းဗျူဟာများ ထုတ်လုပ်ရန်နှင့် ဝမ်းနည်းမှုနှင့် စိုးရိမ်ကြောင့်ကြမှုကဲ့သို့သော သိပ်မကောင်းသော ခံစားမှုများကိုအသိအမှတ်ပြုပါ။ သင်၏ကြောက်ရွံ့မှုများကို ပြောပြပါ။ ၎င်းတို့နှင့် ပတ်သက်၍ တစ်စုံတစ်ယောက်ကို စကားပြောပါ။ လူမှု ဝန်ထမ်းစိတ်ပညာရှင်တစ်ဦးဦး သို့မဟုတ် ဆေးရုံ၌ သူနာပြုစောင့်ရှောက်သည့် မန်နေဂျာတစ်ဦးသို့ ကူညီအထောက်အပံ့ပေးပါ။ တူညီသောအခြေအနေတစ်ခုကို ဖြတ်သန်းဖူးသော လူတစ်ဦးကဲ့သို့သော ညွှန်ပြလေ့ကျင့်ပေးသူဆရာတစ်ဦးကို ရှာပါ။ အချို့သော ဆေးရုံများတွင် မိဘ လေ့ကျင့်ပေးသူ အစီအစဉ်တစ်ခု ရှိသည်။

    ကုသမှုပြီးနောက်တွင် လုပ်ဆောင်နေသော အရာများ၏ နည်းလမ်းဟောင်းများသို့ လျင်မြန်စွာ ပြန်ရောက်စေရန် ဖိအားမခံစားပါနှင့်။ သင်သည် မပြီးပြတ်မရေရာသော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ ညှိနှိုင်းရန်သင့်ကိုယ်သင်အချိန်ပေးပါ။ သင်၏ဘဝအကြောင်းစဉ်းစားပါ။ ပြုပြင်မွမ်းမံခြင်း လိုအပ်သော ပုံမှန်လုပ်ထုံးလုပ်နည်းများသည် အဘယ်နည်း။ လိုအပ်သော ပြောင်းလဲမှုများပြုလုပ်ရန် ဤအကူးအပြောင်းအချိန်ကို အသုံးပြုပါ။

  2. ကင်ဆာကုသမှုပြီးနောက် ကလေးများနှင့် ဆယ်ကျော်သက်များ ကျောင်းသို့ပြန်ရောက်လာသောအခါ ၎င်းတို့သည် ယခင်က မကြုံခဲ့သော စိန်ခေါ်မှုများကို ရှိနိုင်သည်။ ဤကိစ္စများသည် ပညာရပ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ သို့မဟုတ် လူမှုရေးဆန်နိုင်သည်။

    • ပညာရပ်ပိုင်းဆိုင်ရာ/ အပြုအမူပိုင်းဆိုင်ရာ- ကလေးများသည် တစ်ခါတစ်ရံ ကျောင်းရက်များ မတက်ဖြစ်သောကြောင့် နောက်ကျကျန်ရစ်နေနိုင်သည်။ အချို့သော ကင်ဆာကုသမှုများသည် အထူးသဖြင့် ၎င်းတို့တွင် ဦးနှောက် သို့မဟုတ် ကျောရိုးဆစ်အတွင်းအာရုံကြောမကြီး ပါဝင်သောအခါ ဦးနှောက်လုပ်ဆောင်ချက်ကို သက်ရောက်နိုင်သည်။ ကလေးများသည် စဉ်းစားခြင်း၊ ဆောင်ရွက်ခြင်း၊ အာရုံစိုက်ခြင်း နှင့် စီစဉ်ခြင်းတို့နှင့် ရုန်းကန်ရနိုင်သည်။
    • ရုပ်ပိုင်းဆိုင်ရာ- တစ်ခါတစ်ရံ ကလေး၏ ပုံပန်းသွင်ပြင်သည် ကင်ဆာကုသမှုကြောင့် ပြောင်းလဲသည်။ ၎င်းတို့၏ ကုထုံးပေါ်မူတည်ပြီး ကလေးများသည် ဆံပင်ကျွတ်ခြင်း နှင့် ပြောင်းလဲမှုများ၊ ကြွက်သားစွမ်းရည်တွင် ပြဿနာရှိခြင်း၊ ကိုယ်အလေးချိန်တက်လာခြင်း သို့မဟုတ် ကျလာခြင်း၊ အရေပြားအခြေအနေများ၊ ကြီးထွားမှုပိုင်းဆိုင်ရာပြသာနာများ သို့မဟုတ် ပင်ပန်းမှုနှင့် နွမ်းနယ်မှု မကြာခဏခံစားရခြင်း တို့ ကြုံတွေ့ရနိုင်သည်။
    • စိတ်ခံစားမှုပိုင်းဆိုင်ရာ-အကူးအပြောင်းကာလ အတောအတွင်းကလေးများနှင့် ဆယ်ကျော်သက်များသည် အထူးသဖြင့် ၎င်းတို့တွင် ပညာရေးပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ပြဿနာများရှိပါက ကိုယ်ရည်ကိုယ်သွေးဆိုင်ရာနှင့် စိတ်ဓါတ်ကျခြင်းဆိုင်ရာ ပြဿနာများခံစားရနိုင်သည်။
    • လူမှုရေး- တစ်ခါတစ်ရံတွင် ကလေးများသည်၎င်းတို့ ကင်ဆာကုထုံးရယူနေ၍ ကျောင်းပြင်ပရှိနေစဉ် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုပိုင်းဆိုင်ရာ အဆင့်များ လွှဲသွားနိုင်သည်။ ၎င်းတို့သည် လူမှုရေးအရ ၎င်းတို့၏ သက်တူရွယ်တူများထက် ရင့်ကျက်မှုပိုနည်းစွာ ကျောင်းသို့ ပြန်သွားနိုင်သည်။ ကလေးများသည် လူမှုရေးဘဝ၊ ပုံမှန်လုပ်ရိုးလုပ်စဉ်နှင့် လွတ်လပ်မှုတို့တွင် ဆုံးရှုံးမှုတစ်ခု ကြုံတွေ့ရနိုင်သည်။

    ကျောင်းသို့ ကူးပြောင်းခြင်း ပို၍ ချောမွေ့စေရန် မိဘများနှင့် ကျောင်းသားကျောင်းသူများသည် ကုသနေစဉ်အတွင်း ဆရာ/မများနှင့် အခန်းဖော်များနှင့် ပုံမှန် ဆက်ဆံမှုပြုလုပ်သင့်သည်။ ကျောင်း၌ ဖြစ်နေသောအရာကို ဆက်လက်ထိန်းသိမ်းခြင်းသည် ကျောင်းသို့ ပြန်ရောက်ရှိမှုကို လွယ်ကူစေမည်။

    ကျောင်းသို့ပြန်၍မသွားမီ ဆရာများနှင့် စီမံကွပ်ကဲသူများတို့ကို တွေ့ဆုံခြင်းကို သင်၏ကလေး ကုသမှုနှင့် ကျောင်းစွမ်းဆောင်နိုင်မှုနှင့် လူမှုရေးဆိုင်ရာ တိုးတက်မှုအပေါ် ရှိနိုင်သော သက်ရောက်မှုတို့ကို ရှင်းပြရန် အချိန်ဇယားဆွဲပါ။ ပညာရေးပိုင်းဆိုင်ရာ အထောက်အပံ့အတွက် လိုအပ်မှုကို အကဲဖြတ်ဆန်းစစ်ပါ– စာသင်ခန်းပြုပြင်မွမ်းမံခြင်းများ၊ စကားပြောခြင်း နှင့် ဘာသာစကားကုထုံးနှင့် အထူးပညာရေးဝန်ဆောင်မှုများ။ ဆေးရုံ၌ သို့မဟုတ် ကလေး၏ လိုအပ်ချက်များကိုအကဲဖြတ်ဆန်းစစ်ရန် ကျောင်းစနစ်မှတဆင့် တစ်ခုမဟုတ် တစ်ခု စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုရရှိရန် စဉ်းစားပါ။

  3. ကလေးများသည် ဖွဲ့စည်းပုံနှင့် ပုံမှန်လုပ်ရိုးလုပ်စဉ်တို့ကို တောင်းတပါသည်။ ကင်ဆာကုသမှုခံယူနေစဉ်အတွင်းတွင် မိသားစုဖွဲ့စည်းပုံနှင့် ပုံမှန်လုပ်ရိုးလုပ်စဉ်တို့သည် နှောက်ယှက်ခံရပါသည်။ ကင်ဆာကုသမှုပြီးဆုံးသောအခါ ဖွဲ့စည်းပုံအသစ်တစ်ခု တည်ဆောက်ရပါမည်။ ကလေးဖျားနာနေစဉ်တွင် စည်းကမ်းသည် ဒုတိယဦးစားပေးဖြစ်သွားသည်။

    မိဘများနှင့် ကလေးများသည် ကုသနေစဉ်အတွင်းနှင့် ယခုကဲ့သို့ အတူတကွရှိနေစဉ်အတွင်း တွင် တဖန် ခွဲထားခံရနိုင်သည်။ လူတိုင်း ပြန်လည်နေသားကျရန်နှင့် ပြောင်းလဲမှုများကို ညှိနှိုင်းရန် အချိန်အနည်းငယ် လိုအပ်မည်။

    မိဘများသည် မောင်နှမများ၏ လိုအပ်ချက်များအကြောင်း စဉ်းစားသင့်သည်။ ၎င်းတို့အတွက် အထူးအချိန် ပြုလုပ်ပါ။

    အကယ်၍ မိဘများက တစ်ဦးနှင့်တစ်ဦး ကတိပြုထားသော ဆက်ဆံရေးတစ်ခုတွင် ရှိပါက ယခုအချိန်သည် ထို ပေါင်းသင်းဆက်နွယ်မှု အတွက် စောင့်ရှောက်ရန် အချိန်ကို နောက်ဆုတ်စောင့်ဆိုင်းရန် အချိန်လည်းဖြစ်သည်။

    သင်၏အသိုင်းအဝိုင်းရှိ မိသားစု နှစ်သိမ့်ဆွေးနွေးပညာပေး အရင်းအမြစ်အတွက် ကလေးကင်ဆာစင်တာ၌ စိတ်ပညာရှင်တစ်ဦး၊ လူမှုဝန်ထမ်း သို့မဟုတ် ခရစ်ယာန်ဘုန်းကြီးတို့ထံ အကူအညီ တောင်းခံပါ။

ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များ

ကျန်းမာရေးစောင့်ရှောက်သူရှေ့နေတစ်ဦးဖြစ်ပါ

မိဘများနှင့် လူနာများသည် အကယ်၍ အသက်ကြီးပါက လူနာ၏ကင်ဆာနှင့် ကုသမှုကို အတိနားလည်ပေးခြင်း ရှိသင့်သည်။ စောင့်ရှောက်ပေးသည့်အဖွဲ့ကို ကုသမှု၏ ဖြစ်လာနိုင်သော နောက်ပိုင်းသက်ရောက်မှုများနှင့် ပတ်သက်၍ မေးပါ။

မိသားစုများသည် အခြားသောကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် လူနာ၏ကျန်းမာရေး နောက်ခံနှင့် လိုအပ်ချက်များနှင့် ပတ်သက်၍ ဆက်သွယ်နိုင်ရန် လိုအပ်ပါမည်။

ကျန်းမာရေးမှတ်တမ်းများကို ရယူခြင်းနှင့်ပတ်သက်၍ မေးရန်-

  • လုံခြုံသော အွန်လိုင်းရယူမှုအတွက် လူနာဆက်သွယ်စနစ်တစ်ခု ရှိပါသလား။
  • ပရင့်မိတ္တူမှတ်တမ်းများကို ရယူခြင်းအတွက် လုပ်ငန်းစဉ်မှာ အဘယ်နည်း။

လူနာများက ရေရှည်နောက်ဆက်တွဲစောင့်ရှောက်မှုသို့ ကူးပြောင်းခြင်းကိုပြုလုပ်ရာတွင် ၎င်းတို့သည် ကုသမှုအကျဉ်းတစ်ခုနှင့် နောက်ဆက်တွဲစောင့်ရှောက်မှုအတွက် အစီအစဉ်တစ်ခုပါဝင်သော အသက်ရှင်ကျန်ခြင်းအတွက် ပြုစုစောင့်ရှောက်ရေး အစီအစဉ်တစ်ခုကိုရရှိမည်ဖြစ်သည်။

မိသားစုများသည် လူနာ၏ ဆေးမှတ်တမ်းကို ရှင်းပြရာတွင်ကူညီရန် ၎င်းတို့၏ကိုယ်ပိုင်အကျဉ်းများကိုအတူတကွ ထားရှိနိုင်သည်။

အရင်းအမြစ်များတွင် ပါဝင်သည်မှာ-

မူလကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ပြန်၍ဆက်သွယ်ပါ။

မူလကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ပြန်၍ဆက်သွယ်ပါ။ ကင်ဆာကုသမှုအဆုံးပြီးနောက် ဤဆရာဝန်သည် ပုံမှန်လုပ်ရိုးလုပ်စဉ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် သင်ကလေး၏အဓိက ဆရာဝန်ဖြစ်လာသည်။ သင်၌ သင့်ကလေး ကျန်းမာရေးနှင့်ပက်သက်၍ အမျိုးမျိုးသော မေးခွန်းများရှိသောအခါ မည်သူ့ကို ဆက်သွယ်ရန် စဉ်းစားဆုံးဖြတ်ရာတွင် သင့်ကလေး၏ ကလေးကင်ဆာစင်တာရှိ တစ်ယောက်ယောက်နှင့်အတူ ပံ့ပိုးပေးသူသို့ စကားပြောပါ။ မိဘများအတွက် မည်သူကို ပထမဦးဆုံးဖုန်းခေါ်ဆိုရန်နှင့် ပက်သက်၍ စိုးရိမ်ရန် အဖြစ်များပါသည် – ကလေးအထူးကု သို့မဟုတ် ကင်ဆာအထူးကုဆရာဝန်။

သင်၏ မူလကျန်းမာရေး စောင့်ရှောက်မှု ပံ့ပိုးပေးသူနှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ချက်များကို ဆွေးနွေးရန် ချိန်းချက်မှုတစ်ခု အချိန်ဇယားဆွဲပါ။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာသည် ကင်ဆာရှိလူနာတစ်ဦးကို ကုသပေးခြင်းမရှိပဲ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းတစ်ခုလုံးကို အလုပ်လုပ်နေနိုင်သော ကလေးအထူးကုဆရာဝန်များသည် အလွန်ရှားပါသည်။

ထို့အပြင် ပံ့ပိုးပေးသူကို သင့်ကလေး လိုအပ်သော အခြား ရောဂါပိုးမွှားအား ခံနိုင်ရည်ရှိအောင်ပြုလုပ်ခြင်းများ တစ်ခုခုရှိလားဆိုသည်ကို မေးပါ။ တစ်ခါတစ်ရံတွင် ကလေးများသည် ကင်ဆာကုသနေစဉ်အတွင်း အချို့သောကာကွယ်ဆေးများနှင့် လွဲသွားနိုင်သည်။ ထိုသို့ဆိုပါက ရောဂါထိန်းချုပ် စင်တာများတွင် ရောဂါပိုးမွှားအားခံနိုင်ရည်ရှိအောင်ပြုလုပ်ခြင်း အချိန်ဇယားကို ကြိုရယူခြင်း ရှိသည်။

သင့်ကလေး၏ ကင်ဆာကုသမှုများနှင့် တစ်မူထူးခြားသော ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များအတွက် သွားဆရာဝန်များနှင့် မျက်စိဆရာဝန်များ ကဲ့သို့ အခြားသောကျန်းမာရေးစောင့်ရှောက်မှုပေးသူများကို အသိပေးပါ။

စောင့်ရှောက်မှုကို ရယူခြင်းနှင့် အာမခံ

မိသားစုများသည် ၎င်းတို့၏ အာမခံပါဝင်မှုကို အိမ်မပြန်မီ အကဲဖြတ်တွက်ချက်သင့်သည်။ အကယ်၍ ၎င်းတို့တွင်လုံလောက်သော ကျန်းမာရေး ပါဝင်မှုမရှိပါက လူမှုဝန်ထမ်းတစ်ဦး သို့မဟုတ် သူနာပြုအတတ် ပြုစုစောင့်ရှောက်မှုပေးသော မန်နေဂျာတစ်ဦးကို အရင်းအမြစ်များနေရာကို ညွှန်ပြရန် အကူအညီတောင်းပါ။

ကျန်းမာသော ဘဝနေထိုင်မှုပုံစံတစ်ခုသို့ ဦးတည်ပါ

ကျန်းမာသော ဘဝနေထိုင်မှုပုံစံတစ်ခုသို့ ဦးတည်ခြင်းသည် လူတိုင်းအတွက် အရေးကြီးပါသည်။ ၎င်းသည် အထူးသဖြင့် အသက်ရှင်သူများတွင် အရေးကြီးသည်။

ထောက်ပံ့မှုနှင့် စောင့်ရှောက်မှု ကွန်ရက်တစ်ခုကို တည်ဆောင်ပါ

အကယ်၍ သင်သည် ၎င်းတို့ကို လိုအပ်မည်မဟုတ်ဟု သင်ထင်ပါက ကင်ဆာလူနာများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် အထောက်အပံ့အုပ်စုများနှင့် နွေရာသီခခန်းများကဲ့သို့သော– အရင်းအမြစ်များစာရင်းများအတွက် ကလေးကင်ဆာစင်တာကို မေးပါ။ ကင်ဆာရှိသော ကလေးတစ်ဦးရှိနေခြင်းသည် မိသားစုဘဝကို ထာဝရပြောင်းလဲပေးသည်။

ဘဝကို ပြောင်းလဲပေးသော ဤအတွေ့အကြုံမှ အခြားသူများသို့အဓိပ္ပာယ်ရှိစေရန် ကူညီထောက်ပံ့ပေးပါ။

ကုသမှုအဆုံး၌ မေးရန် မေးခွန်းများ

စောင့်ရှောက်မှုပေးသည့် အဖွဲ့အား မေးရန် မေးခွန်းများနှင့် ပူပန်မှုများ စာရင်းစုကာ ရေးချထားပါ။

  • ကျွန်မတို့ ဆေးစစ်ဆေးမှုများ၊ ဓါတ်ခွဲ စစ်ဆေးမှုများ၊ စကန်များ စသည်အတွက် ကင်ဆာဆိုင်ရာ ဆေးခန်းသို့ ပြန်ရောက်လာရန် ဘယ်လောက်ကြာကြာတွင် လိုအပ်မည်နည်း။ နောက်ဆက်တွဲ ပြုစုစောင့်ရှောက်မှုအတွက် ပြန်လာရန် မည်မျှကြာကြာ ကျွန်မတို့ဆက်လက်လုပ်ဆောင်မည်နည်း။
  • မည်သို့သော စစ်ဆေးမှုများနှင့် စကန်အမျိုးအစားများကို ဆက်လက်လုပ်ဆောင်ရမည်နည်း။ အကြိမ်ရေ မည်မျှ။ ဘယ်လောက်ကြာသည်အထိ။
  • ကျွန်မတို့ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖျားနာမှု နှင့် "ကျန်းမာသော ကလေး"စောင့်ရှောက်မှုအတွက် ကင်ဆာအဖွဲ့ကို ခေါ်မလား။ မဟုတ်ခဲ့ပါက ထိုစောင့်ရှောက်မှုကို မည်ကဲ့သို့ စီမံမည်နည်း။
  • အကယ်၍ ကျွန်မ၏ကလေးတွင် ရောဂါလက္ခဏာများနှင့် ၎င်းတို့သည် ပုံမှန်ဖျားနာမှုတစ်ခုကြောင့် သို့မဟုတ် ကင်ဆာမှတ်တမ်း နှင့်ဆက်နွယ်မှုကြောင့်ဆိုသည်ကို မသေချာပါက မည်သို့လုပ်သင့်သနည်း။
  • ကင်ဆာပြန်ဖြစ်လာနိုင်ခြေ မည်သို့ရှိသနည်း။ အကယ်၍ ဖြစ်လာပါက မည်သည့်အချိန်သည် အဖြစ်နိုင်ဆုံးအချိန်ကာလဖြစ်သနည်း။ ကင်ဆာပြန်ဖြစ်လာမှု ဖြစ်နိုင်ခြေအများဆုံး ရောဂါလက္ခဏာများမှာ အဘယ်နည်း။
  • ကျွန်မ၏ကလေး ရေကျောက်ပေါက်‌ပါက ဆေးခန်းသို့ ခေါ်သင့်သလား။
  • မည်မျှကြာကြာ ကျွန်မ၏ကလေးသည် Bactrim (ဘက်ထရင်မ်)၊ Dapsone (ဒက်ဆုန်း) သို့မဟုတ် ပက်တာမီဒင်း(Pentamidine) (သို့မဟုတ် ကလေးသောက်နေနိုင်သော အခြားဆေးတစ်ခုခု) တို့ကို သောက်ရန် လိုအပ်မည်နည်း။
  • မည်သည့်အချိန်တွင် ကျွန်မကလေး၏ ပင်မသွေးပြန်ကြောထဲ ထည့်သွင်းသောကိရိယာပြွန်ကို ဖယ်ရှားနိုင်သနည်း။ မည်ကဲ့သို့ ပြီးဆုံးအောင်လုပ်ဆောင်သနည်း။
  • မည်သည့်အချိန်တွင် ကျွန်မကလေးသည် ကိုယ်ခံစွမ်းအားများပြန်ရစေနိုင်သနည်း။
  • တုပ်ကွေးထိုးခြင်းများကို အကြံပြုပါသလား။
  • ကုထုံးရပ်နားမည့် ကလေးအတွက် ပုံမှန်ဖြစ်သည့် အချို့သောအပြုအမူများ၊ ရောဂါလက္ခဏာများ သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ကလေးတွင် မြင်ရမည်လား။
  • အကယ်၍ ကျွန်မ၏ကလေးသည် ကုထုံးလုပ်ဆောင်နေစဉ် ကျောင်းတွင် ပြဿနာများရှိပါက ဘာဖြစ်လာမည်နည်း။ ကျွန်မ၏ကလေးအတွက် မည်သည့်ကျောင်းပြဿနာများကို မြင်တွေ့ရမည်နည်း။ ကုသမှုအဖွဲ့ သို့မဟုတ် ဆေးရုံပညာရေးဆိုင်ရာ အကြံပေးက ကျောင်း ညှိနှိုင်းမှုဆိုင်ရာ သို့မဟုတ် နေရာခင်းကျင်းဆိုင်ရာ များကို ကူညီရန် ရနိုင်ပါ သလား။
  • ကုသမှုပြီးဆုံးသောအခါ မိသားစုများ ကြုံတွေ့ရသည့် ယေဘုယျ စိတ်ခံစားမှုပိုင်းဆိုင်ရာ တုံ့ပြန်မှုများမှာ မည်သည်နည်း။ ဤအဆင့်သစ်သို့ ကျွန်မတို့ကို ညိနှိုင်းရာတွင် ကူညီပေးနိုင်သော အခြား အရင်းအမြစ်များမှာ မည်သည်များဖြစ်သနည်း။
  • ကျွန်မကလေးအတွက် ရေရှည်နောက်ဆက်တွဲ အစီအစဉ်မှာ မည်သည်ဖြစ်သနည်း။ ကုသမှု ရေးသားချက် အကျဉ်းချုပ်တစ်ခုနှင့် သင်ကျွန်ုပ်ကိုပေးနိုင်သော နောက်ဆက်တွဲတစ်ခုခုရှိပါသလား။
  • ကျွန်မကလေးကို အချို့အခြေအနေတွင် ရေရှည်နောက်ဆက်တွဲအစီအစဉ်တစ်ခုအား လုပ်ဆောင်ခိုင်းမည်လား။ မည်သည့်အချိန်တွင်ထိုကဲ့သို့ဖြစ်လာမည်နည်းနှင့် မည်သည့်နေရာသို့ ကျွန်မတို့သွားမည်နည်း။
  • ကျွန်မ၏ကလေး အရွယ်ရောက်လူကြီးတစ်ယောက်ဖြစ်လာသောအခါ လူကြီးအခြေပြု စောင့်ရှောက်မှုအကူးအပြောင်းသို့ ရောက်အောင် ကျွန်မတို့ကို ကူညီရန်အရင်းအမြစ်များ ရှိသလား။

အရင်းအမြစ်- ကလေးများ၏ကင်ဆာဗေဒအုပ်စု

 

---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။

---
ပြန်လည်သုံးသပ်ပြီး- ဇွန်လ 2018