ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

လူနာများအတွက်၊ ကင်ဆာ ကုသမှုသည် ကြာရှည်သော စိတ်ခံစားမှုပိုင်းဆိုင်ရာ သက်ရောက်မှုများ ရှိနေနိုင်သည်

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ လူနာတစ်ဦးအနေဖြင့် သင်သည် ကင်ဆာကုသမှု ပြီးသည့်ရက်ကို မျှော်လင့်သည်။

သို့သော်လည်း အတွေ့အကြုံသည် သင့်ကို စိတ်ခံစားမှုပိုင်းဆိုင်ရာအရ မည်ကဲ့သို့ သက်ရောက်မည်ကို ခန့်မှန်းရန် ခက်ခဲသည်။ လူနာအများစုသည် ၎င်းတို့တွင် ကုသမှု အဆုံးသတ်ပြီးသည့်တိုင်အောင် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ ရှိနေသည်ကို သဘောမပေါက်ပါ။

ဘဝသည် ကင်ဆာမဖြစ်မီအချိန်ကဲ့သို့ ထပ်တူကျမည်မဟုတ်ပါ။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ လူနာတစ်ဦးအနေဖြင့် သင်သည် သင်၏အသက်တူသူများအတွက် ရှားပါးသော အတွေ့အကြုံများကို ဖြတ်သန်းပြီးဖြစ်သည်။

ကင်ဆာသည် အရာများကို ပြောင်းလဲနိုင်ပုံ

အချို့သော အခြေအနေများတွင် သင်သည် ပို၍ ရင့်ကျက်နေမည်။ သင်သည် သင်၏သူငယ်ချင်းများ စိုးရိမ်သည့်အရာမှာ အသေးအဖွဲဖြစ်သည်ဟု သင်ထင်နိုင်သည်။ ကင်ဆာကို ကိုင်တွယ်ဖြေရှင်းခြင်းသည် ဘဝတွင် မည်သည်က အမှန်တကယ် အရေးကြီးသည်ကို နားလည်အောင် ပြသပေးသည်။

အခြားသော အခြေအနေများတွင် သင်သည် အခြားသူများထက် ကြိုတင်ပြုလုပ်စရာများ ရှိနေနိုင်သည်။ သင်သည် အချို့အရေးကြီးသော သမိုင်းမှတ်တိုင်များ ဖြစ်သည့် အလယ်တန်းကျောင်းသို့ ကူးပြောင်းခြင်း၊ ကားမောင်းတတ်အောင် သင်ယူခြင်း သို့မဟုတ် သင်နှင့် သက်တူ သူငယ်ချင်းများနှင့် မည်ကဲ့သို့အပြင်ထွက်လည်ပုံတို့ကို လွဲချော်နိုင်သည်။ သင်သည် ကင်ဆာ ကုသမှု ခံယူနေစဉ် ကျောင်း၌ရှိသော သင့်သူငယ်ချင်းများသည် သူတို့၏ဘဝကို ဆက်သွားနေပြီဖြစ်သည်။ သင်သည် အဆက်အသွယ်ပြုလုပ်ရန် အချို့သော အခက်အခဲများ ရှိနိုင်သည်။ အချိန်အနည်းငယ်ပေးပါ။

သက်တူရွယ်တူများနှင့်အတူ လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် နည်းလမ်းများကို ရှာပါ-

  • ကျောင်း၌ သင်စိတ်ဝင်စားသော ကလပ်များတွင် ပါဝင်ပါ။
  • သင့်လူမှုပတ်ဝန်းကျင်တွင် လုပ်အားပေးရန် အခွင့်အရေးများ ရှာဖွေပါ။
  • ယခင်က သင့်ကို တက်ကြွစေသော ဝါသနာများဖြစ်သည့် အားကစားများ၊ တီးဝိုင်း၊ ပြင်ပ စိတ်အပန်းဖြေစရာများနှင့် အကစသည်တို့တွင် ပါဝင်ပါ။

မိဘများနှင့် ပတ်သက်ဆက်နွှယ်မှု

ကင်ဆာလူနာတစ်ဦးဖြစ်ခြင်းသည် သင့်အား သင့်မိဘများအပေါ်တွင် အခြားထက် ပို၍ မှီခိုစေနိုင်သည်။

မိဘများသည် အလွန်အမင်းကာကွယ်တားဆီးမှု ပြုနိုင်သည်။

ဤအခြေအနေအမျိုးအစားသည် သင်ပို၍ မှီခိုရခြင်းကင်းသောသူ ဖြစ်ရန် ရှာဖွေသောအခါ ပဋိပက္ခ ဖြစ်နိုင်သည်။

အခြားသူများနှင့် ကင်ဆာအကြောင်းပြောခြင်း

ဘဝတွင် အခြားသူများကို သင်၏ကင်ဆာကုသမှုနှင့် ပက်သက်၍ မည်သို့ပြောချင်မည်ကို သင်မသိနိုင်ပါ။

  • အချို့သော ကင်ဆာလူနာများသည် ကင်ဆာ လူနာတစ်ဦး အနေဖြင့် ၎င်းတို့၏ အတွေ့အကြုံများကို ဖွင့်ဟချင်ကြသည်။
  • အခြားသူများသည် ကင်ဆာနှင့် ပက်သက်ပြီး မတွေးချင်တော့ပါ သို့မဟုတ် မပြောချင်တော့ပါ။
  • များစွာသော လူငယ်များမှာ ၎င်းအခြေအနေ နှစ်ခုအကြားတွင် ရှိနေကြသည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ရောဂါကြောင့် သတ်မှတ်မခံချင်သည်ကို ရံဖန်ရံခါတွင် ပြောကြသည်။ ၎င်းတို့သည် “ကင်ဆာ ကလေး” မဖြစ်ချင်ကြပါ။ ၎င်းတို့ကို ကင်ဆာနှင့်မဆိုင်သောလူများအဖြစ် သိစေချင်ကြသည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာရေးကို တာဝန်ယူပါ

သင်သည် စိတ်ခံစားမှုအမျိုးမျိုးကို တွေ့ကြုံရန် မျှော်လင့်နိုင်သည်။ အောက်ပါခံစားချက်များသည် ပုံမှန်ဖြစ်သည်-

  • ကုသမှုအဆုံးသတ်ခြင်းအပေါ် စိတ်လှုပ်ရှားမှု
  • အနာဂတ်အကြောင်း ကြောက်ရွံ့စိတ်လှုပ်ရှားမှု
  • သင်၏ စောင့်ရှောက်မှု အဖွဲ့နှင့် သူငယ်ချင်းများကို ဆေးရုံ၌ ပုံမှန် တွေ့ဆုံမှုမပြုခြင်းအပေါ် ဝမ်းနည်းမှု
  • ကင်ဆာပြန်လည်ဖြစ်ပွားခြင်းကို သင်တွေ့ကြုံနိုင်ကြောင်း စိုးရိမ်မှု
  • အသက်ရှင်ကျန်ရစ်သူ၏ အပြစ်ရှိစိတ်– အခြားလူနာများ အသက်ရှင်မကျန်ရစ်ခဲ့ချိန်တွင် သင်အသက်ရှင်ကျန်ရစ်ခဲ့သည်ဆိုသည့် အပြစ်ရှိစိတ်
  • သင်၏ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသွင်ပြင်ပေါ် စိုးရိမ်ပူပန်မှု
  • လူမှုရေး အခြေအနေများတွင် ကိုးရိုးကားယားနိုင်မှု

အကူအညီတောင်းခံခြင်း

ကုသမှုအဆုံးကို နီးကပ်လာပြီး အိမ်သို့ ပြောင်း၍ နေရတော့မည်နှင့်အမျှ စောင့်ရှောက်မှု အဖွဲ့နှင့် သင့်ခံစားချက်များကို ပြောပါ။ စိတ်ပညာရှင်များလူမှုဝန်ထမ်းများကလေးအထူးကုများ နှင့် ခရစ်ယာန် ဘုန်းကြီးများ တို့က အကူအညီပေးနိုင်သည်။ ၎င်းတို့သည် သင် ဖြတ်သန်းနေရသည့်အကြောင်းအရာကို  အခြားသောလူနာများ နှင့် အသက်ရှင်ကျန်ရစ်သူများအားပြောပြနိုင်သည့်နေရာ အဖွဲ့များအား သင့်ကို လမ်းညွှန်းနိုင်သည်။

တစ်ခါတစ်ရံ စိုးရိမ်နှင့် စိတ်ဖိစီးမှုသည် စိတ်ခံစားမှုဆိုင်ရာ ပြဿနာများ ဖြစ်လာနိုင်သည်။ စိုးရိမ်ရသော ရောဂါလက္ခဏာများမှာ အောက်ပါတို့ ပါဝင်သည်-

  • ရက်ပေါင်းများစွာ ကြာသော စိတ်ကျခြင်း
  • ပျောက်ကွယ်မသွားသော ဝမ်းနည်းမှုခံစားချက်များ
  • အိပ်ခြင်းဆိုင်ရာ ပြဿနာများ
  • အဆက်မပြတ် စိုးရိမ်မှု
  • လှုပ်ရှားမှုများတွင် စိတ်ဝင်စားမှုနည်းခြင်း

သင့်တွင် ရောဂါလက္ခဏာများတစ်ခုခု ကြုံတွေ့နေရပါက အိမ်တွင် နှင့် သင်ကုသမှု ခံယူသောနေရာဖြစ်သည့် ကလေးစင်တာ နှစ်နေရာစလုံးတွင် သင်၏ စောင့်ရှောက်မှုအဖွဲ့များသို့ အကူအညီတောင်းခံပါ။

စင်တာတိုင်းသည် ကွဲပြားခြားနားသော်လည်း သင်သည် ကင်ဆာ ကုသမှုများပြီးဆုံး သွားသော်လည်း ကလေးစင်တာမှတဆင့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို ရရှိရန် ဆက်လက်လုပ်ဆောင်နိုင်သည်။

အိမ်ရှိ သင်၏စောင့်ရှောက်မှုအဖွဲ့သည် သင့်ပတ်ဝန်းကျင်ရှိ ပညာရှင်များကို အကြံပြုနိုင်သည်။ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းသည် အာမခံတွင် ပါဝင်ခြင်း ရှိမရှိ သေချာစေရန် သင်၏အာမခံကုမ္ပဏီနှင့် စစ်ဆေးခြင်းသည် ကောင်းသော စိတ်ကူးတစ်ခု ဖြစ်သည်။ သင့်အာမခံတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများ မပါဝင်ပါက သင်၏ ကလေးစင်တာရှိ လူမှုရေး လုပ်ငန်း ဌာန သည် ပိုက်ဆံပေးစရာမလိုသော သို့မဟုတ် စရိတ်နည်းသော အစီအစဉ်များကို နေရာပြရာတွင် ကူညီနိုင်သည်။

ကျောင်းက ပုံမှန်နဂိုအခြေအနေကို စီမံပေးသည်

ကုသမှုပြီးနောက် ကျောင်းသို့ ပြန်သွားခြင်း သည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ လူနာများအတွက် အရေးကြီးဆုံးသော မှတ်တိုင်များထဲမှ တစ်ခုဖြစ်သည်။ လူနာအများစုသည် ကုသမှုနေစဉ် ကျောင်းသို့ တက်ရောက်နိုင်သည်။ ကျန်းမာရေးပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့ကို ကျောင်းသို့ ပြန်သွားရန် အားပေးပါ။

သို့သော်လည်း ကျောင်းအတွေ့အကြုံသည် သင့်အတွက် ကင်ဆာကုသမှု ဖြတ်သန်းပြီးနောက် ကွဲပြားသွားနိုင်သည်။ သင်သည် သတင်းအချက်အလက်များ လေ့လာပုံ၊ တွေးခေါ်ပုံ နှင့် ဆောင်ရွက်ပုံတွင် ကွဲပြားခြားနားမှုများကို သတိပြုနိုင်သည်။ ဤအရာများကို ပိုင်းခြားနိုင်သော သက်ရောက်မှုများ ဟုခေါ်သည်။ ၎င်းသည် ကျောင်းသို့ ပြန်မသွားမီ စိုးရိမ်မှုတစ်ခုခုကို ခွဲခြားသတ်မှတ်ရန် ဆေးရုံ၌ ပိုင်းခြားခြင်းဆိုင်ရာ စစ်ဆေးမှု စမ်းသပ်ချက်များရှိရန်မှာ ကောင်းသော စိတ်ကူးတစ်ခု ဖြစ်နိုင်သည်။

အကယ်၍ သင်၌ စိန်ခေါ်မှုများ ရှိနေပါက သင်၏ မိဘများနှင့် ဆရာ၊ ဆရာမများကို ပြောပြပါ။ သင်နှင့်သင့်မိဘများသည် ကျောင်းနှင့်ပူးပေါင်းပြီး သင်၏သင်ယူခြင်းဆိုင်ရာ ကွဲပြားခြားနားမှု ပြဿနာများကို ဖြေရှင်းပေးသော လေ့လာသင်ယူခြင်းအစီအစဉ်တစ်ခုကို ဒီဇိုင်းဆွဲနိုင်သည်။ ၎င်းတို့တွင် အစီအစဉ် 504 သို့မဟုတ် တစ်ဦးချင်းစီလိုက် ပညာရေး အစီအစဉ်တစ်ခု ပါဝင်နိုင်သည်။

ကျောင်းသို့ တဖြည်းဖြည်း ပြန်ရောက်ရှိခြင်း။ တစ်နေ့လုံး၊ တစ်ပတ်တွင် ၅ ရက် ကျောင်းတက်ခြင်းသည် အစပိုင်းတွင် ဖြစ်နိုင်မည်မဟုတ်ပါ။ ကလေးနှင့် ဆယ်ကျော်သက်အများစုသည် မောပန်းခြင်းနှင့် အားနည်းခြင်းကို ကြုံတွေ့ရပြီး တစ်နေ့လုံးပြည့် မဖြတ်သန်းနိုင်ပါ။ အခြားသောသူများတွင် ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာများ ရှိနိုင်ပြီး လူအုပ်စုအများကြီးတွင် ရောထွေးမနေနိုင်ပါ။ အခြားသောသူများသည် ၎င်းတို့၏ လှုပ်ရှားသွားလာနိုင်မှုကို သက်ရောက်သော ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ရှိနိုင်သည်။

ရံဖန်ရံခါတွင် ကလေးများနှင့် ဆယ်ကျော်သက်များသည် နေ့တစ်ပိုင်း ကျောင်းတက်ခြင်း သို့မဟုတ် ၎င်းတို့ အချိန်ပြည့်ပြန်လည် တက်နိုင်သည်အထိတိုင်အောင် တစ်ပတ်တွင် ရက်အနည်းငယ်သာ ကျောင်းသွားခြင်း ကဲ့သို့သော အချိန်ဇယားအတိုတစ်ခုဖြင့် ပြန်၍ စတင်နိုင်သည်။

ဤအကူးအပြောင်းကာလအား တစ်ဆင့်မှနောက်တစ်ဆင့်သို့ တိုးတက်စေပြီး သင်လိုအပ်သောအခါ အကူအညီတောင်းခံပါ။

---
ပြန်လည်သုံးသပ်ပြီး- ဧပြီလ၊ ၂၀၁၉ ခုနှစ်