ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ကုထုံးရပ်နားသော ကလေးတစ်ယောက်သည် မိဘများအတွက် ပျော်ရွှင်မှုနှင့် စိုးရိမ်ကြောင့်ကြမှုနှစ်မျိုးစလုံးကို ဖြစ်ပေါ်စေသည်။

သူ၏သား တော့ဒ် သည် သူ၏ ဟော့ချ်ကင်း ပြန်ရည်ကျိတ်ကင်ဆာ ကုသမှုပြီးဆုံးသောအခါ သူ၏မိခင် မက်လီဆာသည် ပျော်ရွှင်စိတ်လှုပ်ရှားခဲ့ပါသည်။

သို့သော်လည်း သူသည် သူ့သား၏စောင့်ရှောက်မှု အဖွဲ့ နှင့် သူမရင်းနှီးခဲ့သော အခြားမိသားစုများနှင့် ဖန်တီးထားသည့် အသိုက်အမြုံမှ ထွက်သွားခြင်းနှင့် ပက်သက်ပြီး စိတ်ရှုပ်ထွေးဖြစ်နေခဲ့သည်ကို မှတ်မိပါသည်။

“မင်းက အမြဲတမ်း ဆေးရုံနဲ့ဆို အဆင်ပြေတယ်” ဟု မက်လီဆာ ပြောခဲ့သည်။ “သူတို့က သင်ကို စောင့်ရှောက်မှန်း သင်သိတယ်။ ကုထုံးပြီးနောက် သင်ကို စမ်းသပ်မှုတွေ မလုပ်တော့ဘူး။ ခီမိုဆေးသွင်းခြင်း ကုထုံးကို မလုပ်ရတော့ဘူး။ အနည်းငယ်အဖျားရှိမှု သို့မဟုတ် နာမကျန်းဖြစ်ခြင်းတိုင်းနှင့် ပက်သက်၍ မင်းက စိုးရိမ်တယ်။ အဲဒါက တော်တော်ဆိုးပါတယ်။"

မိခင်နှင့်အတူ ရပ်နေသော လူနာတစ်ယောက်

မက်လီဆာသည် သူမ၏သား တော့ဒ် ကုသမှုပြီးဆုံးသွားသောအခါ ပျော်ရွှင်စိတ်လှုပ်ရှား ဖြစ်ခဲ့သော်လည်း စောင့်ရှောက်မှုအဖွဲ့နှင့် အခြားမိသားစုများက ဖန်တီးထားသော အသိုက်အမြုံမှ ထွက်ခွာရခြင်းနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးနေခဲ့သည်ကို မှတ်မိပါသည်။

ဘဝတူမိခင် ဂျင်းနီကတော့ နားလည်ပါတယ်။ သူ၏သမီး မေဘရီ သွေးကင်ဆာအတွက် ကုသမှုအဆုံးသို့ ရောက်ရှိသွားသည့်အခါ မလွယ်ကူမှုအနည်းငယ်ကို ခံစားခဲ့ရသည်။

“ကျွန်မကတော့ စိုးရိမ်ပူပန်မှုက လုံးဝပျောက်ကွယ်သွားမယ်လို့ မထင်ဘူး” ဟု ဂျင်းနီပြောခဲ့သည်။ "ကိုယ်ပိုင်နည်းလမ်းနဲ့ ဒီအရာကိုဖြေရှင်းဖို့ သင်ယူရတယ်– ဆုတောင်းပြီးတော့ဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို ပြောပြီးတော့ဖြစ်ဖြစ်။ ကောင်းတဲ့အကြောင်းတွေကို တွေးရတယ်။"

လူနာများ၊ မိဘများနှင့် မွေးချင်းညီအစ်ကိုမောင်နှမများသည် အခြားလူနာများ၊မိသားစုများတို့နှင့်အတူ ခင်မင်ခဲ့သော သူငယ်ချင်းများကိုလည်း လွမ်းသည်။

သင်၏ကလေးကင်ဆာ ကုသမှုအဆုံးတွင် စိုးရိမ်ကြောင့်ကြမှုကို ခံစားရသည်မှာ ပုံမှန်ဖြစ်ပါသည်။ သင်၏ဘဝသည် ပြောင်းလဲမှုများစွာ ကြုံတွေ့ပြီးဖြစ်သည်။ အချို့မိသားစုများသည် ၎င်းကို မုန်တိုင်းဒဏ် အများကြီး ခံလိုက်ရသကဲ့သို့ ဖော်ပြသည်။ မိသားစုများသည် အတွေ့အကြုံကို ဖြတ်သန်းရန် ညှိနှိုင်းမှုများပြုလုပ်သည်။ ဤအရာကို နောက်ကြောင်းပြန်စဉ်းစားလျှင် ဘဝသည် ပြောင်းလဲသွားပြီဖြစ်သည်။ သင်သည် အပိုင်းအစများကို ပြန်ကောက်ယူခြင်း နှင့် မည်သည့်နေရာနှင့် အပ်စပ်မှုရှိသည်ကို ရှာဖွေနိုင်သည် — သို့မဟုတ် ၎င်းတို့နှင့် နောက်ထပ် အပ်စပ်မှုမရှိတော့ကြောင်းလည်း သိရှိသွားနိုင်သည်။

ကုသမှုပြီးဆုံးသောအခါ အသစ်တစ်ခုကို စတင်ခြင်း အမှတ်အသားဖြစ်သည် — သင်၏ဘဝကိုပြန်လည်တည်ဆောက်ခြင်း — ကင်ဆာပြီးနောက် ဘဝတစ်ခု။

ဤအကူးအပြောင်းကာလကို ဖြတ်သန်းပြီးသော မိဘများက ၎င်းတို့အတွက် “အသစ်သောပုံမှန်ဖြစ်မှု”ကို ရှာဖွေရာ၌ အချိန်ပေးရန် အရေးကြီးသည်ဟု ပြောကြသည်။ ချက်ချင်းကြီးတော့ မဖြစ်ပေါ်ပါ။ သင့်ဘဝရှိ သင့်ကို ကူညီနိုင်သောသူနှင့် ထိုသူတို့ကို အကူအညီပေးရန် လူများကို ခွဲခြားပါ။ ထိုသူများသည် မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် ကျန်းမာရေးအတတ်ပညာရှင်များဖြစ်နိုင်သည်။

ပြင်းထန်သော စိတ်ခံစားမှုဆိုင်ရာ ပြဿနာများ၏ လက္ခဏာများ

သင်၏ ကလေးနှင့် ပတ်သက်၍ အကြိမ်ကြိမ် စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဖိစီးမှုဖြစ်ခြင်းသည် ပုံမှန်ဖြစ်သည်။‌ ၎င်းက မိဘတစ်ဦးဖြစ်ခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ရှားပါးဖြစ်ရပ်များတွင် လူများသည် စိုးရိမ်ပူပန်မှု မူမမှန်ရောဂါ သို့မဟုတ် စိတ်ဓါတ်ကျခြင်း ကဲ့သို့သော ပို၍ ပြင်းထန်သော ပြဿနာတစ်ခု ထွက်ပေါ်လာနိုင်သည်။ စိုးရိမ်ရသော ရောဂါလက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်-

  • အဆက်မပြတ် စိတ်ကျခြင်း
  • ယခင် ပျော်ရွှင်စရာကောင်းသော လှုပ်ရှားမှုများတွင် စိတ်ဝင်စားမှုနည်းခြင်း
  • အိပ်စက်မှုဆိုင်ရာ ပြဿနာများ
  • အားအင်နည်းခြင်း
  • အဆက်မပြတ် စိုးရိမ်မှု
  • အစားအသောက်နှင့် ကိုယ်အလေးချိန် ပြောင်းလဲခြင်းများ

ဤအရာများကို သင်ကြုံတွေ့နေရပါက အကူအညီကို တောင်းခံပါ။

 

ကလေး၏ ကျန်းမာရေးနှင့် ပက်သက်၍ စိုးရိမ်ပူပန်မှုများ

မိဘများသည် ဤကာလအတွင်း ၎င်းတို့၏ အဓိက စိုးရိမ်ပူပန်မှုမှာ ၎င်းတို့၏ကလေး ကင်ဆာ ပြန်ဖြစ်လာမည်ဆိုသည်ကို ဖြစ်သည်။ ရလဒ်အနေဖြင့် လက္ခဏာ သို့မဟုတ် ရောဂါလက္ခဏာတစ်ခုခု— နာရည်ယိုခြင်း၊ ပွန်းပဲ့ဒဏ်ရာ၊ သို့မဟုတ် ခေါင်းကိုက်ခြင်း— တို့သည် စိုးရိမ်ပူပန်မှုကို ပိုဆိုးရွားစေပါသည်။

မိသားစုများသည် ၎င်းတို့ကလေး၏ ကင်ဆာပြုစုစောင့်ရှောက်မှုအဖွဲ့အား စိုးရိမ်ပူပန်မှုတစ်စုံတစ်ရာနှင့် ပတ်သက်၍ ဖုန်းခေါ်ဆိုခြင်းအလေ့အထသို့ ရောက်ရှိပြီဖြစ်သည်။ ယခုအချိန်တွင် ၎င်းတို့သည် အိမ်၌ မူလကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ပေါ်တွင် အမှီပြုရမည်။

မိဘများသည် မည်သို့သော စိုးရိမ်ပူပန်မှုကို ၎င်းတို့၏ မူလကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့နှင့် ဝေမျှသင့်သည်နှင့် မည်သို့သော အရာများက ကင်ဆာစောင့်ရှောက်မှုအဖွဲ့သို့ ဖုန်းခေါ်ဆိုရန် လိုအပ်သည်ကို သိရန်ခက်ခဲသည်ဟု ပြောပါသည်။ ဥပမာအနေဖြင့် ကိုယ်ပူချိန်တက်ခြင်းသည် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ ကုသမှုအတွင်း အရေးပေါ်တစ်ခု ဖြစ်သည်။ သို့သော်လည်း ကုသမှုပြီးနောက်တွင် ဤအရာသည် ဖုန်းခေါ်ဆိုမှုတစ်ခု သို့မဟုတ် ကလေးအထူးကုဆရာဝန်ထံပြသမှု တစ်ခုသာလျှင် ဖြစ်နိုင်သည်။

အကယ်၍ သင်တွင် ဆေးဆိုင်ရာ မေးခွန်းများရှိပါက ကင်ဆာစောင့်ရှောက်မှုအဖွဲ့နှင့် စကားပြောပါ။ ပြုစုစောင့်ရှောက်မှုပေးသူများသည် မည်သည့်ကိစ္စများက သင်၏ ကလေးအထူးကုဆရာဝန်နှင့် စကားပြောသင့်သည်ကို စဉ်းစားဆုံးဖြတ်ရန် သင့်အား ကူညီနိုင်သည်။

သင်၏ စိုးရိမ်ပူပန်မှုများသည် အချိန်တစ်ခုကြာလျှင် လျော့နည်းသွားသင့်သည်။ သို့သော်လည်း ဤအရာက လုံးဝပျောက်ကွယ်သွားခြင်း ဘယ်တော့မှ ဖြစ်နိုင်မည်မဟုတ်ပါ။

ပုံမှန် လုပ်ရိုးလုပ်စဉ်များ ပြန်လည်လုပ်ဆောင်ခြင်း

လူနာများကို ကျောင်း သို့ တတ်နိုင်သမျှ ပြန်တက်ရန် အားပေးသည်။ လူနာအများစုသည် ကုသမှုလုပ်နေစဉ် ကျောင်းသို့ တက်ရောက်နိုင်သည်။ ကျောင်းက အရေးကြီးသော နေ့စဉ်ဘဝ နေထိုင်မှုတစ်ခု ပေးပါသည်။

ကျောင်းက ကလေးများနှင့် ဆယ်ကျော်သက်များအား ၎င်းတို့၏ သက်တူရွယ်တူအနား ရှိစေပါသည်။ ကျောင်းပြင်ပ လှုပ်ရှားမှုများ၊ အားကစားများ နှင့် ဝါသနာများတွင် ပါဝင်ခြင်းသည် ၎င်းတို့၏ စိတ်ဝင်စားမှုများ ထွက်ပေါ်လာစေရန် နှင့် ၎င်းတို့ကို ပေါင်းသင်းဆက်ဆံရန် နည်းလမ်းများကိုလည်း ပေးပါသည်။

သို့သော်လည်း မိသားစုများကို ကျောင်းသို့ ပြန်လည် ကူးပြောင်းမှုပြုလုပ်ရာတွင် လိုအပ်သော အချိန်ယူရန် အားပေးပါသည်။ တစ်ခါတစ်ရံတွင် လူနာများသည် ချက်ချင်း ပြန်သွားရသောအခါ သက်သောင့်သက်သာ မခံစားရပါ။ တစ်ခါတစ်ရံတွင် ကလေးများသည် ကျန်ရှိနေသောနှစ်အချိန်အတွက် (ကျောင်းကစီမံပေးသော အိမ်ကန့်သတ် ဝန်ဆောင်မှုများ သို့မဟုတ် မိဘများက စီမံသော အိမ်ကျောင်းနေခြင်းမှတဆင့် ) အိမ်၌ ကျောင်းနှင့် တစ်ပြေးညီ လုပ်ဆောင်မည်။ ၎င်းတို့သည် နောက် ကျောင်းနှစ်ကို ပြန်လည်စတင်ပြီး စိတ်ခံစားမှုပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်သည်ကို ခံစားရမည်ဖြစ်သည်။

အိမ်၌ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ရန်အတွက်လည်း ကောင်းပါသည်။ မိဘများသည် ပုံမှန် အိမ်ဝေယျာဝစ္စများနှင့် တာဝန်ဝတ္တရားများ ပေးခြင်းကို စဉ်းစားလိုပါက စဉ်းစားနိုင်သည်။ လူမှုရေး အခွင့်အရေးများအတွက် မိဘများသည် ကလေးများကို သူငယ်ချင်းများအား ဖိတ်ခေါ်ရန် အားပေးနိုင်သည်။

မိသားစု လှုပ်ရှားမှုများတွင် ပြောင်းလဲမှုများ

အိမ်တွင် မိသားစုတစ်ခု တစ်စုတစ်စည်းတည်း တဖန်ပြန်ဖြစ်ရန် အချိန်ကြာနိုင်သည်။ မိသားစုတိုင်းသည် ကွဲပြားသည်။

အချို့ဖြစ်ရပ်များတွင် မိဘတစ်ဦးဦးသည် ဆေးရုံသို့ ရောက်နေနိုင်ပြီး ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်အများစုကို ပြုလုပ်ခဲ့နိုင်သည်။ အခြားမိဘတစ်ဦးဦးမှာလည်း အိမ်၌နေခြင်းဖြစ်နိုင်ပြီး အိမ်ထောင်စုကို စီမံခန့်ခွဲရနိုင်သည်။ အချို့ဖြစ်ရပ်များတွင် မိသားစုတစ်စုလုံးသည် ကလေးစင်တာရှိရာ မြို့သို့ ပြောင်းရွှေ့နေရခြင်းလည်းဖြစ်နိုင်သည်။ အချို့အခြေအနေများတွင် အဖိုးဖွား၊ အဒေါ်နှင့် ဦးလေးတို့သည် အချို့အုပ်ထိန်းမှု တာဝန်များကို ယူရနိုင်သည်။ မိဘတစ်ဦးတည်းရှိသော အိမ်ထောင်မိသားစုများတွင် တစ်ဦးတည်းသာလျှင် တာဝန်အများစုကို ပခုံးထမ်းရနိုင်သည်။

ကင်ဆာကုသမှုပြီးဆုံးပြီး ယခု၌ အိမ်တွင် မည်ကဲ့သို့သွားနေမည်ဖြစ်ကြောင်းကို လူတိုင်းပါဝင်၍ ပြောဆိုနေသင့်သည်။

မိဘအုပ်ထိန်းမှုဆိုင်ရာ စိန်ခေါ်မှုများ

ကုသနေစဉ်အတွင်း ခွင့်ပြုထားသော အမူအကျင့်များသည် လူနာက အိမ်တွင် ရှိနေသော အချိန်တွင် အဆင်မပြေနိုင်ပါ။

ဥပမာအနေဖြင့် သင်၏ကလေးသည် တစ်စုံတစ်ခုစားရန် ခက်ခဲခဲ့သော အချိန်သည် ၎င်းတို့အတွက် ညသန်းခေါင်တွင် ရေခဲမုန့်ကို စားရန်မှာ ၎င်းတို့အတွက် အဆင်ပြေကောင်းပြေနိုင်သည်။ သို့မဟုတ် သင်အချိန်များစွာ ပေးခဲ့ရသောစောင့်ဆိုင်းချိန်တွင် အိုင်ပတ် (iPad) နှင့် နာရီများစွာရှိနေခြင်းက ကြောင်းကျိုးဆီလျော်မှုရှိနိုင်သည်။ သို့သော် ကုသမှုပြီးဆုံးပြီးနောက်တွင် ထိုအခြေအနေသည် လက်ခံ၍မရနိုင်ပါ။

မျှော်လင့်ချက်များနှင့် ပက်သက်၍ မိသားစုဆွေးနွေးမှုတစ်ခုလုပ်ရန် အရေးကြီးပါသည်။ မိဘများကို ၎င်းတို့၏ကလေးများအတွက် စိတ်ချယုံကြည်၍ရသော ဖွဲ့စည်းပုံတစ်ခု စီမံရန် အားပေးပါ။

အကျိုးဆက်များ ပါဝင်သည့် အပြောင်းအလဲမရှိသော ကန့်သတ်ချက်များကို ချမှတ်ပါ။

ကလေးများအား ၎င်းတို့ ကောင်းမွန်စွာ လုပ်ဆောင်နိုင်သောအခါတွင် အပြုသဘောဆောင်သော အားပေးမှု ပေးပါ။ 

အကယ်၍ အခြား အပြုအမူပိုင်းဆိုင်ရာ ပြဿနာများ တစ်ခုခုဆက်လက်ရှိနေပါက သင်၏ကလေးကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ အကူအညီတောင်းခံပါ။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာရေးကို တာဝန်ယူခြင်း

ကုသမှု ပြီးဆုံးပြီး ရံဖန်ရံခါတွင် လူအများ ထင်သည်မှာ- “ကုသမှုပြီးဆုံးသွားပြီ မင်းအဆင်ပြေပါတယ်။” ဟူ၍ ဖြစ်သည်၊ သို့သော်လည်း သင်အဆင်မပြေနိုင်ပါ။

အချို့ဖြစ်ရပ်များတွင် မိဘများသည် ၎င်းတို့၏ ကလေးက အခြားလူနာများ ရှင်ကျန်ရစ်ခြင်း မရှိနိုင်ခဲ့ချိန်တွင် အသက်ရှင်ကျန်ရစ်သောအခါ “ရှင်ကျန်ရစ်သူ၏ အပြစ်ရှိစိတ်” ကို ကြုံတွေ့ရနိုင်သည်။

သင်၏ကိုယ်ပိုင် စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာရေးကို စောင့်ကြည့်ရန် အရေးကြီးသည်။

မက်လီဆာ၏ မိသားစုဝင်တစ်ဦးစီသည် အချိန်တစ်ခု၌ သို့မဟုတ် အခြားအချိန်တစ်ခု၌ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို ဖြတ်သန်းခဲ့ရသည်။ တစ်ဦးချင်းစီတွင် အမျိုးမျိုးသော ရုန်းကန်မှုများ ရှိခဲ့ကြသည်။ မိသားစု၊ သူငယ်ချင်းများနှင့် စကားပြောခြင်းသည်လည်း အလွန်အသုံးဝင်သည်ဟု မက်လီဆာ ပြောခဲ့သည်။ သို့သော်လည်း နှစ်သိမ့်ဆွေးနွေးပညာပေးသူတစ်ယောက်သည် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် မိသားစုဝင်များကို ကူညီရန် ပညာရပ်ဆိုင်ရာ ဗဟုသုတနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုရှိသည်။

“နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းသို့ တက်ရောက်ခြင်းက ကျွန်မကို ကူညီပေးခဲ့ပါတယ်။” ဟု မက်လီဆာ ပြောခဲ့သည်။ “ကျွန်မအတွေးတွေက ပုံမှန်ပဲ ဆိုတာကို ကျွန်မသဘောပေါက်သွားတယ်၊ ကျွန်မ မရူးသွားခဲ့ဘူး။”

သင့်ကိုယ်သင် အချိန်ပေးပါ

နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းက မက်လီဆာကို ၎င်းတို့၏ လက်ထပ်ထိမ်းမြားခြင်း ကိုအာရုံစိုက်ရာတွင် သူမ၏ခင်ပွန်းနှင့်အတူ အချိန်ယူရန်၊ သူမကိုယ်သူမအတွက် အချိန်ယူရန် သင်ကြားပေးခဲ့ပါသည်။ ဤကိစ္စရပ်များသည် တစ်ခါတစ်ရံတွင် သင်၏ကလေး ကင်ဆာကုသမှုလုပ်ဆောင်နေရသောအခါ လျစ်လျူရှုထားခံရနိုင်သည်။ 

“နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းက ကျွန်မကိုယ်ကျွန်မ အရမ်း မတင်းကြပ်ဖို့ သင်ပေးခဲ့ပါတယ်” ဟု မက်လီဆာ ပြောခဲ့သည်။ “ကျွန်မဘယ်လို ခံစားရလဲ ဆိုရင် 'ငါဟာ မိခင်ပဲ ဒီအရာအားလုံးကို လုပ်ရမယ်’ ဒါပေမဲ့ သင်မလုပ်နိုင်ပါဘူး။" သင့်ကိုယ်သင်အတွက် အချိန်ကို ဖန်တီးပါ။ စုံတွဲတစ်တွဲ အနေဖြင့် အချိန်ကို ဖန်တီးပါ။ တစ်ဦးနှင့်တစ်ဦးအတွက် အချိန်ရှာဖွေပါ။ သင့်ကိုယ်သင် ချီးမြှင့်ပေးပါ။”

---
ပြန်လည်သုံးသပ်ပြီး- ဧပြီလ၊ ၂၀၁၉ ခုနှစ်