ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

မိဘများအတွက်- ကလေးက ကုထုံးရပ်နားပြီးနောက် ညှိနှိုင်းရန် သင့်ကိုယ်သင် အချိန်နှင့် ကောင်းချီးပေးပါ

မစ်စီ၏ သား တော့ဒ် သည် ကင်ဆာလူနာတစ်ဦးအနေဖြင့် သုံးကြိမ်ဖြစ်ဖူးသည်။

ယခုအချိန်တွင် အထက်တန်းကျောင်းသားတစ်ဦးဖြစ်သော ၎င်းတွင် ၂၀၀၉ ခုနှစ် အသက် ၆ နှစ်တွင် ဟော့ချ်ကင်း ပြန်ရည်ကျိတ်ကင်ဆာကို သူ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။ တော့ဒ်သည် ခီမိုဆေးသွင်းခြင်း ကုထုံးကို ၈ ပတ်ကြာ လက်ခံရရှိခဲ့သည်။ ကင်ဆာဟူသည့် အထောက်အထား မရှိခဲ့ပါ။

ကုထုံးပြီးနောက်တွင် သူ့ကို တရားဝင် “အကူးအပြောင်း” လူနာတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရသည်မှာ သူသည် လက်ရှိကုသမှုကို ရပ်နားထားသော အကူးအပြောင်း လုပ်ဆောင်သောကြောင့် ဖြစ်သည်။ တော့ဒ်သည် ဆေးရုံသို့ ၃ လ တစ်ခါ တက်ခဲ့ပြီး ထို့နောက် ​​လေးလ တစ်ခါနှင့် ခြောက်လတစ်ခါတွင် ‌နောက်ဆက်တွဲ ဆေးခန်းပြမှုများ လုပ်ဆောင်ရသည်။

သုံးနှစ်ပြီးသည့်နောက် သူ၏ ရင်ဘတ်ပေါ်ရှိအစက်များကို ဓါတ်မှန် ကဖော်ပြပေးခဲ့သည်။ ကင်ဆာသည် ပြန်ဖြစ်လာပြီးဖြစ်သည်။ ထို့နောက် လေးတန်းကျောင်းသား တော့ဒ်သည် သူ၏ ရင်ဘတ်သို့ ခီမိုဆေးသွင်းခြင်းကုထုံးနှင့် ဓါတ်ရောင်ခြည် ကုထုံး တို့ လုပ်ဆောင်ခဲ့သည်။

မိခင်နှင့်အတူ ရပ်နေသော လူနာတစ်ယောက်

မိဘများအနေဖြင့် အမှားပြုလုပ်လိမ့်မည် သို့သော် အဓိကအချက်မှာ ဆက်လက်ကြိုးစားနေရန် နှင့် ရှေ့သို့ဆက်သွားရန်ဖြစ်သည်ဟု မစ်စီက ပြောသည်။

နောက်ထပ် သုံးနှစ် ကုန်ဆုံးသွားခဲ့သည်။ တော့ဒ် ခုနှစ်တန်း ရောက်သောအခါ ပီအီးတီစကန် က ကင်ဆာပြန်လာခဲ့ပြီဆိုသည်ကို ပြခဲ့ပါသည်။ သူသည် ခီမိုဆေးသွင်းခြင်း ကုထုံး၊ ရိုးတွင်းခြင်ဆီ ပင်မကလာပ်စည်း အစားထိုး ကုသခြင်း( ရိုးတွင်းခြင်ဆီ အစားထိုးခြင်းတစ်ခုအနေဖြင့် ယေဘုယျသိရှိသည်) နှင့် ပရိုတွန်ဓာတ်ရောင်ခြည်ပေးခြင်း ကုထုံး တို့ရရှိခဲ့သည်။

ကင်ဆာတတိယအကြိမ် အတွေ့အကြုံပြီးနောက် တော့ဒ်တွင် ကင်ဆာမရှိတော့ပေ။

တော့ဒ်သည် အထက်တန်းကျောင်းတွင် ဒုတိယနှစ်ကျောင်းသား တစ်ယောက်ဖြစ်ပါသည်။ ဂုဏ်ယူထိုက်သော ကျောင်းသားတစ်ဦးအဖြစ် သူသည် ကျောင်းတီးဝိုင်းတွင် စည်းချက်တူရိယာတီးပြီး ဘတ်စကက်ဘော ကစားခြင်းကို နှစ်သက်သည်။

ကင်ဆာသည် သူ၏မိသားစုထံ စိန်ခေါ်မှုများစွာ ယူဆောင်လာပြီးဖြစ်သည်ဟု တော့ဒ်မိခင် မစ်စီ ပြောခဲ့သည်။ သို့သော်လည်း မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု အတတ်ပညာရှင်တို့၏ ကွန်ရက်အကူအညီမှတဆင့် ၎င်းတို့သည် ဇွဲလုံ့လဝီရိယရှိလာပြီး ပို၍သန်မာလာသည်။ အချိန်နှင့် ကောင်းချီးကလည်း ကူညီပေးခဲ့သည်။ မိဘများအနေဖြင့် အမှားပြုလုပ်လိမ့်မည် သို့သော် အဓိကအချက်မှာ ဆက်လက်ကြိုးစားနေရန် နှင့် ရှေ့သို့ဆက်သွားရန်ဖြစ်သည်ဟု မစ်စီက ပြောသည်။

ကင်ဆာကုထုံး ပြီးဆုံးပြီးနောက် ဖြည်းဖြည်းချင်း ရှေ့ဆက်ပါ

ကုသမှုပြီးဆုံးပြီးနောက် တော့ဒ် အိမ်ပြန်ရောက်သည့်အချိန်တိုင်း သူသည် သူ၏ယခင်ပုံမှန် လုပ်ရိုးလုပ်စဉ်များကို ချက်ချင်းပြန်လည် လုပ်ဆောင်လိုသည်။ သို့သော်လည်း သူ၏အားအင်နှင့် ကိုယ်ခံအားစနစ်သည် အဆင်သင့်မဖြစ်ခဲ့ပါ။

တော့ဒ် ကျောင်းပြန်တက်သောအခါ သူ့တွင် ကိုယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ခွန်အားအနည်းငယ်သာ ရှိခဲ့သည်။ လမ်းလျှောက်ရုံတင်ပင် သူ့ကို အလွန် ပင်ပန်းနွမ်းလျစေခဲ့သည်။ ပထမ အတန်းတွင် နေ့တိုင်း နေ့လည်စာစားပြီးနောက်ပိုင်း တစ်ရေးအိပ်ရန် လိုအပ်ခဲ့သည်။ ဆရာဝန်ဆီသို့ အကြိမ်ပေါင်းများစွာ သွားခဲ့သည်။ သူ၏ခွန်အားကို ပြန်တည်ဆောက်ရန်လိုအပ်ခဲ့သည်။ မိဘများ၏သဘာဝအရ ၎င်းတို့၏ကလေးကို ကာကွယ်ရန်ဖြစ်ခဲ့သည်။

“သူကတော့ ကျွန်မတို့နှင့် ပတ်သက်ပြီး ဝမ်းနည်းနေလိမ့်မယ်။ ကိစ္စများစွာ လုပ်နေရင်း ကျွန်မတို့ သူ့ကို စိတ်မချဖြစ်ခဲ့ပါတယ်။ ကျွန်မတို့အလွန်အမင်းကာကွယ်ပေးတယ်လို့ သူထင်ခဲ့သည်” ဟု မစ်စီ ပြောခဲ့သည်။

နောက်ပိုင်းတွင် ၎င်းတို့သည် တော့ဒ်အား ဆုံးဖြတ်ချက်များချရန်အတွက် လွတ်လပ်မှုပေးရန် ဆုံးဖြတ်ခဲ့ပါသည်။ “ကျွန်တော်တို့ချဉ်းကပ်မှုမှာ သူ့ကို မဟုတ်ဘူးလို့ မပြောရန် ဖြစ်ခဲ့တယ်၊ သို့သော်လည်း သူ့ကို သူ့ကိုယ်သူ မြင်စေရန်အတွက်ဖြစ်တယ်။” ဟု မစ်စီပြောခဲ့သည်။ "အဲဒါကို စမ်းသပ်ကြည့်ပါ။”

ကိုးတန်းရောက်သည့်အခါတွင် တော့ဒ်သည် ဘောလုံးအဖွဲ့တွင် ပါဝင်ရန် ကြိုးစားခဲ့သည်။ အချိန်တစ်ခုပြီးနောက်တွင် သူသည် ကိုယ်လက်ကြံ့ခိုင်မှုအပိုင်းတွင် မလိုက်နိုင်ကြောင်း သိရှိခဲ့သည်။ သူသည် ဆက်မလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း တော့ဒ်သည် အားကစားများကို နှစ်သက်ပြီး တက်ကြွစွာ နေလိုသည်။ သူ၏မိဘများက အိမ်၌ သူစိတ်ပါသောအခါတွင် ကစားနိုင်ရန် ဘတ်စကက်ဘော ဂိုးတိုင်တစ်ခု ပြုလုပ်ပေးခဲ့သည်။ ယခုအချိန်တွင် သူသည် နေ့စဉ်နေ့တိုင်း အားကစားရုံတွင် ဘတ်စကက်ဘော ကစားသည်။

တော့ဒ်သည် ကျောင်းတီးဝိုင်းတွင် စည်းချက်တူရိယာ စတင်တီးခတ်ခဲ့သည့်အခါတွင် တီးဝိုင်းညွှန်ကြားသူက တော့ဒ်ပင်ပန်းနွမ်းလျမှုအတွက် ညှိနှိုင်းမှုပေးခဲ့သည်။ ပထမနှစ်အတောအတွင်း တော့ဒ်သည် ဘောလုံးကွင်းတွင် တီးဝိုင်းက ဖျော်ဖြေသောအခါ တစ်နေရာတည်းတွင် ရှိနေခဲ့သည်။

နောက်ပိုင်းတွင် သူသည် ပတ္တလားကဲ့သို့သော တူရိယာနှင့် ဒရမ်များကို တီးခတ်ခဲ့ပြီး တူရိယာတစ်မျိုးပြီးတစ်မျိုး ပြောင်းလဲခဲ့သည်။

ယခုအခါတွင် စစ်ရေးကျင်းပခြင်းများတွင် ချီတက်နေသည်။ ထိုအခြေအနေသို့ ရောက်စေရန် အချိန်တစ်နှစ်ခန့် ကောင်းကောင်းမွန်မွန် လေ့ကျင့်ရန် လိုအပ်သည်။

ပညာရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုများ

ကျောင်း နှင့် ဝေးသွားခဲ့သည့်အချိန်နှင့် ရေရှည်မောပန်းနွမ်းနယ်မှုများသည် တော့ဒ် အား ကျောင်းတွင် ဆက်လက်ရှိနေရန် စိန်ခေါ်မှုဖြစ်စေခဲ့သည်။

တော့ဒ်သည် ပထမတန်းတွင် နေ့လည်စာစားပြီးချိန် နေ့စဉ်နေ့တိုင်း တစ်ရေးအိပ်သောကြောင့် နေ့တစ်နေ့၏ စာဖတ်ခြင်း နှင့် ဘာသာရပ်ဆိုင်ရာ အနုပညာရပ်များအပိုင်းတွင် လိုက်မမီခြင်းများဖြစ်ခဲ့သည်။ မိသားစုက တော့ဒ်ကို ကူညီရန် တစ်ပတ် နှစ်ကြိမ် တော့ဒ်နှင့်အတူ အလုပ်လုပ်နိုင်သော နည်းပြဆရာတစ်ဦးကို ငှားရမ်းခဲ့သည်။

လေးတန်း ဒုတိယ ပညာသင်နှစ်ဝက်အတွင်း ကျောင်း၏ ရက်ပေါင်း ၆၀ စာ ပျက်ကွက်ခဲ့သည်။ သူသည် သင်္ချာရပ်ဆိုင်ရာ အစားနှင့် ညီမျှခြင်းများသင်ခန်းစာများလေ့လာစဉ်တွင် ပျက်ကွက်ခဲ့သည်။

ဆရာ၊ဆရာမများက ၎င်းကို လေ့လာနိုင်ရန် သူ့အတွက် စာထည့်ထားသောအထုပ်ကလေးများပို့ပေးခဲ့သည်။ မိသားစုကလည်း တော့ဒ်ကို အထူးသဖြင့် အစားသင်္ချာ၌ ကူညီရန် နည်းပြဆရာတစ်ဦးအား ငှားရမ်းခဲ့သည်။

ခုနှစ်တန်းတွင် သူသည် ကျောင်းတက်ရက် ၆၀ ထက်မနည်း ပျက်ကွက်ခဲ့သည်။ တော့ဒ်တွင် ကီမိုဆေးနှင့် ဓါတ်မတည့်သော တုံ့ပြန်ခြင်းနှင့် ဆေးသွင်းစဉ် သွေးပြန်ကြောကြီးမှ တစ်ဆင့် သွေးစီးကြောင်းထဲ ရောဂါပိုးဝင်ရောက်ခြင်းရှိခဲ့သည်။ သူသည် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် တစ်ပတ်ကြာ ရှိနေခဲ့သည်။

တော့ဒ် ရှစ်တန်း ရောက်သောအခါ မိသားစုသည် သူ့ကို စာကြိုတင်လိုက်နိုင်စေရန် ပို၍ အားထုတ်မှုနည်းသော ပညာရပ်ဆိုင်ရာ အချိန်ဇယားကို ရွေးရန် ဆုံးဖြတ်ခဲ့သည်။ တော့ဒ်သည် ကောင်းသော သင်ရိုးညွှန်းတမ်းနှင့် ဆက်လက်သင်ယူမည့်အစား အဆင့်မြင့် အတန်းများကို ယူခဲ့သည်။

ယခု ဆယ်တန်း တွင် သူ့သည် ကောလိပ် ခရက်ဒစ်များရယူနိုင်သည့် နှစ်မျိုးတစ်ပြိုင်နက် စာရင်းသွင်းနိုင်သော သင်တန်းအချို့ကို ယူနေပါသည်။

မောင်နှမများအတွက် စောင့်ရှောက်ခြင်း

မိသားစုဘဝကိုစီမံခြင်းသည် အနည်းဆုံးသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ခဲ့သည်ဟု မစ်စီပြောခဲ့သည်။

တော့ဒ်၏ ပထမ အကြိမ် ကင်ဆာကုသစဉ်တွင် ကီမိုဆေးသွင်းခြင်း ကုထုံးကို သောကြာနေ့တိုင်း ၈ ပတ်ကြာ ရရှိခဲ့သည်။ သူ၏ဖခင် ခရစ်စ်သည် မက်ဆီကို ပင်လယ်ကွေ့ရှိ ကမ်းလွန်နေရာတွင် နှစ်ပတ်လုပ် နှစ်ပတ်နားစနစ်ဖြင့် အလုပ်လုပ်သည်။ တော့ဒ်၏ အစ်ကိုကြီး ဒယ်နီရယ်လ်သည် ဆေးရုံသို့ မစ်စီနှင့်တော့ဒ်တို့နှင့်အတူ သွားနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကုသမှုများမှာ နွေရာသီအတွင်းဖြစ်သောကြောင့်ဖြစ်သည်။

သူ၏ ဒုတိယအကြိမ် ရောဂါရှာဖွေဖော်ထုတ်စဉ်အတွင်း တော့ဒ်သည် ခီမိုဆေးသွင်းခြင်း ကုထုံးကို သုံးလကြာလက်ခံပြီးနောက် ဓါတ်ရောင်ခြည်ကုထုံးကို ရက်သတ္တပတ်သုံးပတ်ခွဲကြာ လက်ခံခဲ့သည်။ တော့ဒ် နှင့် မစ်စီသည် တနင်္ဂနွေနေ့တွင် အိမ်မှ ထွက်လာပြီး တော့ဒ်သည် ခီမိုကို တနင်္လာနေ့တွင် ရနိုင်ပြီး အင်္ဂါနေ့ သို့မဟုတ် ဗုဒ္ဓဟူးနေ့တွင် လူဝစ်ဆီယားနားရှိ အိမ်သို့သွားသည်။

၎င်းအချိန်အတွင်း ခရစ်စ်သည် မိုဇမ်ဘစ်နိုင်ငံတွင် အလုပ်လုပ်နေခဲ့ပါသည်။ မစ်စီ၏ဖခင်ဖြစ်သူ စတန်မှာ ရှစ်တန်းတက်မည့် ဒယ်နီရယ်လ်အတွက် အတတ်နိုင်ဆုံး ပုံမှန်ဖြစ်နိုင်ရန်  ထိန်းသိမ်းရန် မိသားစုအိမ်သို့ ရွှေ့ပြောင်းခဲ့သည်။ တော့ဒ်၏ ဓါတ်ရောင်ခြည် ကုသမှုများသည် နွေရာသီအတွင်း လုပ်ဆောင်သောကြောင့် ဒယ်နီရယ်လ်သည် ဆေးရုံသို့ သူ၏မိခင်၊ အစ်ကိုတို့နှင့်အတူ သွားခဲ့သည်။

သူ၏ တတိယအကြိမ်ကုသနေစဉ်အတွင်း တော့ဒ်သည် အစားထိုးကုသခြင်းရှိသောကြောင့် ဆေးရုံတွင် အချိန်ကာလအတော်ကြာ ဖြတ်သန်းခဲ့ရသည်။ မစ်စီ၏ဖခင်သည် မိသားစုအိမ်သို့ ပြန်၍ ပြောင်းရွှေ့ခဲ့သည်။ ၎င်းအချိန်တွင် ဒယ်နီရယ်လ်သည် အထက်တန်းကျောင်းတွင် အငယ်တန်းကျောင်းသားတစ်ဦး ဖြစ်ခဲ့သည်။

ဗြောင်းဆန်ခြင်းများစွာနှင့် မစ်စီသည် ဒယ်နီရယ်လ်ကို ထားခဲ့သည့်အပေါ် အပြစ်ရှိစိတ်ကို ခံစားရသည်ကို မှတ်မိသည်။

“သူက သူ့အိမ်မှာရှိတဲ့ ပတ်ဝန်းကျင်မှာ သူ့အရုပ်တွေ သူ၏ ဂိမ်းတွေနဲ့ ဖြစ်နေနိုင်တယ်။ ကျွန်မတို့ အဘယ်ကြောင့် သွားဖို့လိုအပ်တယ်ဆိုတာကို သူကနားလည်ခဲ့ပေမယ့် ကျွန်မတို့က သူ့ကို ထားခဲ့တာပဲလေ” ဟု မစ်စီ ပြောခဲ့သည်။ “သူသည် သူ၏အစ်ကိုနှင့် ပတ်သက်ပြီး စိုးရိမ်ခဲ့တယ်။ အမေ ဒီနေရာမှာ မရှိခဲ့ပါဘူး။ အဖေ ဒီနေရာမှာ မရှိခဲ့ပါဘူး။ ကျွန်မအတွက် မိဘတစ်ဦးအနေနဲ့ အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ကျွန်မ မှတ်တိုင်များကို လွဲချော်ခဲ့တယ်။ ကျွန်မ ကျောင်းက သူ၏ နွေရာသီတေးဂီတဖျော်ဖြေပွဲ၊ ဆုပေးပွဲများကို မတက်ရောက်ခဲ့ဘူး။ သင်လည်း အပြစ်ရှိသလို ခံစားရမှာပဲ။ ကျွန်မ အဲဒါနဲ့ ပက်သက်လို့ ကျွန်မ လုပ်နိုင်တဲ့အရာ ဘာမှမရှိခဲ့ဘူးဆိုတာ သိခဲ့တယ်။ ကျွန်မ သူ့ကို ဒီမတိုင်ခင် စကားပြောခဲ့တယ်။ ကျွန်မ သူ့အတွက် ဘယ်လောက် ဂုဏ်ယူလဲဆိုတာကို ပြောခဲ့တယ်။ ကျွန်မ သူ့ကို ဤအရာနှင့်ပတ်သက်ပြီး အားလုံးပြောပြရန် ဖုန်းပြန်ခေါ်မယ်ဆိုတာ ပြောပါမယ်။”

ကုထုံးပြီးနောက် မိဘအုပ်ထိန်းမှု စိန်ခေါ်မှုများ

မစ်စီသည် တော့ဒ်ကုသမှုခံယူနေစဉ် အဆင်ပြေသော အချို့အမူအကျင့်များနှင့် ပုံမှန်လုပ်ရိုးလုပ်စဉ်များက မိသားစု အိမ်ပြန်ရောက်သောအခါ အဆုံးသတ်ရန်လိုသည်ဟု တွေ့ခဲ့ရသည်။

“ကျွန်မတို့ကို အစမှာ တော့ဒ်ကို ပုံမှန်ကလေးတစ်ယောက်လို ဆက်ဆံရန်– ဖျားနေသလို မဆက်ဆံရန် ပြောလာပါတယ်” ဟု မစ်စီ ပြောခဲ့သည်။ “အကယ်၍ သင်က ၎င်းတို့ကို ဒီမတိုင်ခင် တစ်ခုခုနဲ့အဝေးရောက်အောင် မလုပ်နိုင်ခဲ့ဘူးဆိုရင် ဤအရာနဲ့ ခုအချိန်မှာ အဝေးသို့ မရောက်စေပါနဲ့။ ကျွန်မတို့က အခြားသူများထက် ပိုကောင်းတာကို လုပ်ခဲ့ပေမယ့် ကျွန်မတို့ရဲ့ အကောင်းဆုံးကို မလုပ်ခဲ့ဘူး။”

အစားအသောက်က အခက်ခဲဆုံးဖြစ်ခဲ့သည်။ တော့ဒ်က နေမကောင်းဖြစ်တဲ့အခါ နဲ့ မစားချင်တဲ့အခါ မစ်စီဟာ သူတစ်ခုခု စားဖြစ်ချိန်ဆို ပျော်ရွှင်ခဲ့ပါတယ်။ ၎င်းတို့က မက်ဆီကန်အစားအသောက်ကို တစ်ပတ်လျှင် ငါးကြိမ်စားခဲ့တယ်။

“သူတို့နေမကောင်းဖြစ်သည့်အခါမှာ သင်ကသူတို့ကို စားစေချင်တယ်။ ကျွန်မတို့ အိမ်ပြန်ရောက်ပြီးနောက် သူသည် သူစားချင်ခဲ့သည့် ဘယ်အရာမဆို စားဖို့အခွင့်ရှိခဲ့တယ်။ သူက တာဝန်ယူတဲ့သူဖြစ်တယ်လို့ တွေးထင်ခဲ့သည်” ဟု မစ်စီပြောခဲ့သည်။

တော့ဒ်က ဖျားနာသော ကလေးမဖြစ်တော့စေရန် ညှိယူခဲ့ရသည်။ မစ်စီသည် ဒယ်နီရယ်လ်အပေါ် ပို၍ ဂရုစိုက်ရန် လိုအပ်ခဲ့သည်။ သူက လူ့အဖွဲ့အစည်းနှင့် ပြန်၍ ဆက်သွယ်ချင်ခဲ့တယ်။ မစ်စီနှင့် သူခင်ပွန်းသည် စုံတွဲအနေနဲ့ အချိန်အတူတူရှိရန် လိုအပ်ခဲ့သည်။

မိသားစု၊ သူငယ်ချင်းများနှင့် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း အကူအညီဖြင့် မိသားစုက ၎င်းတို့၏ ဘဝများကို ပြန်တည်ဆောက်ရန် စွမ်းဆောင်နိုင်ခဲ့တယ်ဟု မစ်စီပြောခဲ့သည်။

“သင်ဟာ မျှခြေတစ်ခုကို ရှာတွေ့ဖို့ လိုပါတယ် အဲ့လိုဖြစ်ဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ အရာရာဟာ တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်သွားပါတယ်။"