ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

HPV ထိုးဆေး

ကလေးကင်ဆာအသက်ရှင်သူများသည် လူမှတစ်ဆင့်ကူးစက်သော (HPV) ကာကွယ်ဆေး ထိုးသင့်သည်။ HPV သည် ကျားနှင့်မ နှစ်ဦးစလုံးတွင် အမျိုးမျိုးသော ကင်ဆာရောဂါများ ဖြစ်စေနိုင်သည်။

လေ့လာမှုများစွာတွင် တွေ့ရှိရသည်မှာ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူများ အသက်ကြီးလာသည့်အခါ ၎င်းတို့သည် အခြားကျန်းမာသော အရွယ်တူများနှင့် ယှဉ်လျှင် (ဒုတိယအကြိမ်) ကင်ဆာဖြစ်ပွားနိုင်ခြေများသည်။

HPV ထိုးဆေးသည် လိင်မှတစ်ဆင့် ပြန့်နှံ့သော ဗိုင်းရပ်စ် မထိတွေ့မီတွင် အထိရောက်ဆုံးဖြစ်သည်။ ထိုးနှံရန်အကောင်းဆုံးအချိန်မှာ အသက် ၁၁-၁၂ နှစ် ကြားဖြစ်သည်။ ထိုအရွယ်များတွင် ခုခံအားအကောင်းဆုံးဖြစ်ပြီး ကလေးများသည် ဗိုင်းရပ်နှင့်မထိတွေ့စေသင့်ပါ။ ကလေးများသည် အသက် ၁၆ နှစ် မတိုင်မီ ခုခံအားအကောင်းဆုံးဖြစ်သည်။ ကလေးများသည် ကျောင်းတက်ရန်မလိုအပ်လျှင်ပင် ဆေးထိုးထားသင့်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူများသည် HPV ထိုးဆေးထိုးထားသင့်သည်။ ထိုးနှံရန်အကောင်းဆုံးအချိန်မှာ အသက် ၁၁-၁၂ နှစ် ကြားဖြစ်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူများသည် HPV ထိုးဆေးထိုးထားသင့်သည်။ ထိုးနှံရန်အကောင်းဆုံးအချိန်မှာ အသက် ၁၁-၁၂ နှစ် ကြားဖြစ်သည်။

အချို့မိဘများမှာ ၎င်းတို့ကလေးသည် လိင်မှတစ်ဆင့် ကူးစပ်သောရောဂါ (STI) အတွက် အလွန်ငယ်သေးသည်ဟု ခံစားရသောကြောင့်နှင့် "လိင်ကိစ္စပြောဆိုမှု" အတွက် အဆင်သင့်မဖြစ်သေးသောကြောင့် ဆေးထိုးရန် မဆုံးဖြတ်ပေ။ HPV သည် လိင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်သော်လည်း မိဘများသည် လိင်ကိစ္စခေါင်းစဉ်များကို ဆေးမထိုးမီ ကလေးများနှင့်ဆွေးနွေးရန် မလိုအပ်ပါ။ ဆုံဆို့ကြက်ညှာနှင့် ဝက်သက်အတွက် ထိုးဆေးများကဲ့သို့ ၎င်းတို့ကျန်းမာရေးအား ကာကွယ်ခြင်း အတွက်သာဖြစ်သည်။

အကယ်၍ ဆယ်ကျော်သက်မရောက်မီ ဆေးထိုးခြင်းမပြုခဲ့ပါက ထိုးဆေးသည် အသက် ၂၆ အထိ အတည်ပြုပေးထားသည်။

ကျန်းမာသော အသက် ၉-၁၅ နှစ် ကလေးများအတွက် HPV ထိုးဆေးသည် ၁၅ နှစ်မတိုင်ခင်ထိုးခြင်းဖြစ်ပါက ၆ လခြားကာ ၂ ကြိမ်ထိုးနှံပေးသည်။ သို့ရာတွင် ကင်ဆာအသက်ရှင်သူများ၊ ကိုယ်ခံအားစနစ် အားနည်းသော အခြားကလေးများနှင့် အသက် ၁၅-၂၆ လူငယ်များမှာ ၃ ကြိမ်ထိုးရန်လိုအပ်ပါသည်။

HPV သည် အမျိုးသမီးများတွက် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားရန် ဦးဆောင်နေသော အကြောင်းရင်းဖြစ်သည်။ ဆေးရွက်ကြီးနှင့်အရက်ပြီးနောက် HPV သည် အမျိုးသားများတွင် လည်မျို (လည်ချောင်း) ကင်ဆာပိုမိုဖြစ်စေသည်။ ရှားပါသောကင်ဆာများဖြစ်သည့် စအို၊ မိန်းမကိုယ်နှင့် မျိုးဥကင်ဆာများနှင့်လဲ ဆက်နွယ်နေသည်။

HPV သည် အဖြစ်များဆုံး STI ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတွင်နှစ်စဉ် လူ ၁၄ သန်း ကူးစက်နေသည်။ ဒုတိယအဖြစ်များဆုံး STI သည် နှစ်စဉ် ၃ သန်းခန့်တိုးပွားနေသော ခလာမိုင်ဒီယာဖြစ်သည်။

လိင်မှတစ်ဆင့် ကူးစက်သော HPV နှစ်မျိုးရှိသည်-

  • ပြင်းထန်သော HPV များ- ဤအမျိုးအစားများသည် ကင်ဆာဖြစ်စေနိုင်သည်။ HPV အမျိုးအစား ၁၆ နှင့် ၁၈ သည် သားအိမ်ခေါင်း၊ စအို၊ ပါးစပ်၊ လည်ချောင်းနှင့် မိန်းမကိုယ်ကင်ဆာများကို ပိုမိုဖြစ်စေနိုင်သည်။ HPV အမျိုးအစား ၃၁၊ ၃၃၊ ၄၅၊ ၅၂ နှင့် ၅၈ တို့သည် အမျိုးသမီးများတွင် ၁၄% နှင့် အမျိုးသားများတွင် ၄% ကင်ဆာ ထပ်ဆောင်းဖြစ်ပွားစေနိုင်သည်။ ထိုအမျိုးအစားများအားလုံးကို HPV ထိုးဆေးက ကာကွယ်ပေးသည်။
  • မပြင်းထန်သော HPV များ- ဤအမျိုးအစားမှာ ကင်ဆာမဖြစ်စေပါ။ ၎င်းတို့သည် အင်္ဂါတွင်း၊ စအို၊ နှုတ်ခမ်း၊ ပါးစပ်၊ လျှာနှင့် လည်ချောင်းများတွင် ကြွက်နို့များဖြစ်စေသည်။ HPV အမျိုးအစား ၆ နှင့် ၁၁ သည် အင်္ဂါတွင်း ကြွက်နို့ဖြစ်စေမှုနှင့် အများစုသည် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုများ (လေပြွန်တွင် ကြွက်နို့များရှိနေခြင်း) ကို ၉၀% ဖြစ်ပေါ်စေသည်။ ဤနှစ်မျိုးကိုလည်း HPV ထိုးဆေးဖြင့် ကာကွယ်နိုင်သည်။

HPV ကူးစက်မှု ၉၀% မှာ မည်သည့်လက္ခဏာမျှမပြဘဲ တစ်နှစ် နှစ်နှစ်အတွင်းပျောက်ကင်းပြီး ကင်ဆာမဖြစ်စေပါ။ အားကောင်းသော ကိုယ်ခံအားသည် အများစုသော HPV ကူးစက်မှုကို ရှင်းရန်ကူညီလိမ့်မည်။

သို့ရာတွင် အချို့ ကိုယ်ခံအားစနစ်များသည် HPV ကို မတွန်းလှန်နိုင်ပါ။ ကူးစက်မှုသည် နှစ်ပေါင်းများစွာ ဆက်လက်ရှိနေသေးပါက ကင်ဆာဖြစ်စေနိုင်သည်။

HPV ထိုးဆေးသည် HPV အမျိုးအစား ၉မျိုး (၆၊ ၁၁၊ ၁၆၊ ၈၊ ၃၁၊ ၃၃၊ ၄၅၊ ၅၂၊ ၅၈) ကို ကာကွယ်နိုင်သည်။

အမေရိကန်ပြည်ထောင်စုတွင်-

  • အမျိုးအစား ၆ နှင့် ၁၁ သည် - အင်္ဂါတွင် ကြွက်နို့များဖြစ်နိုင်ခြေ ၉၀% ရှိသည်
  • အမျိုးအစား ၁၆ နှင့် ၁၈ သည် - သားအိမ်ခေါင်းကင်ဆာ ၆၈% နှင့် (၈၁% စအို၊ ၆၁% အသံအိုး၊ ၅၇% မိန်းမကိုယ်၊ ၅၁% ဝှေးစေ့၊ ၅၀%မျိုးဥအိမ်၊ ၂၃% ပါးစပ်နှင့် ၈% အစာပြွန်ကင်ဆာများ အပါအဝင်) HPV ဆက်စပ်ကင်ဆာများဖြစ်စေသည်။
  • အမျိုးအစား ၃၁၊ ၃၃၊ ၄၅၊ ၅၂ နှင့် ၅၈ သည် - ၂၅% မိန်းမကိုယ်၊ ၁၉% သားအိမ်ခေါင်း၊ ၁၅% ဝှေးစေ့၊ ၁၄% မျိုးဥအိမ်၊ ၁၀ %စအို၊ ၈%အသံအိုး၊ ၇% အစာပြွန်နှင့် ၆% ပါးစပ်အပေါက်ကင်ဆာများ ဖြစ်စေနိုင်သည်။

HPV ပျံ့နှံ့ပုံ

ကူးဆက် ဗိုင်းရပ်စ်ပိုး ၂၀၀ ကျော်ရှိသည်။ ၄၀ မှာ မိန်းမကိုယ်၊ စအို သို့မဟုတ် ပါးစပ်ဖြင့် လိင်ဆက်ဆံမှု သို့မဟုတ် လိင်အင်္ဂါနှင့် လက်ချောင်းထိတွေ့မှုများအပါအဝင် လိင်ပိုင်းဆိုင်ရာထိတွေ့မှုမှတစ်ဆင့် အလွယ်တကူ ပျံ့နှံ့နိုင်သည်။ အရေပြားကို တိုက်ရိုက် လိင်အထိအတွေ့နှင့် ကိုယ်တွင်းအင်္ဂါများကို ဖုံးပေးသော အမြှေးပါးသည် ဗိုင်းရပ်စ်ကို ကူးစပ်သူမှ ၎င်း၏အဖော်ထံသို့ ရောက်ရှိစေသည်။

ကူးစက်ခံရသူ၏ ကိုယ်ခံအားစနစ်က ကူးစက်ရောဂါကို တဖြည်းဖြည်း ရှင်းလင်းပါက ကူးစက်ခံရသူသည် HPV ကို အခြားတစ်ဦးထံသို့ ပေးပို့နိုင်သေးသည်။ အခြားသူ၏ ကိုယ်ခံအားစနစ်သည် လုပ်ဆောင်နိုင်မည် မဟုတ်ပါ။ HPV လက္ခဏာမပြပဲ HPV ကို အခြားသူဆီကူးစေနိုင်ပြီး လက္ခဏာများသည် ထိုသူထံတွင် အားလုံးဖြစ်စေနိုင်ပါသည်။

ရောဂါ ထိန်းချုပ်ရေး စင်တာများ (CDC) မှ ခန့်မှန်းသည်မှာ ၈၀% သော လိင်ကိစ္စပြုလုပ်နိုင်သူ အမျိုးသမီးများနှင့် ၉၀% သော လိင်ကိစ္စဆောင်ရွက်နိုင်သည့် အမျိုးသားများသည် HPV ကူးစက်ခံရနိုင်ပြီး- တစ်ဝက်သည် ပြင်းထန် HPV အမျိုးအစားဖြစ်သည်။ လူဦးရေတစ်ဝက်ခန့် (ကျားနှင့်မ နှစ်ဦးလုံး) သည် HPV ကူးစက်ခံရပြီး (အသက် ၁၄-၅၉ အမျိုးသမီးများသည် ၄၂.၅%၊ အသက် ၂၀-၂၄ အမျိုးသမီးများသည် ၅၃.၈%၊ အသက် ၁၈-၇၀ အမျိုးသားများ ၅၂-၆၉%)။  

ပြင်းထန်သော HPV များသည် ကင်ဆာ အမျိုးအစားများစွာ ဖြစ်စေသည်။

  • သားအိမ်ခေါင်းကင်ဆာ-သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုတိုင်းသည် HPV ကူးစက်မှုကြောင့်ဖြစ်သည်။ အမျိုးသား ကင်ဆာအဖွဲ့၏ အဆိုအရ ၇၀% သောဖြစ်ပွားမှုများသည် HPV အမျိုးအစား ၁၆ နှင့် ၁၈ တို့ကြောင့် ဖြစ်သည်။
  • စအိုကင်ဆာ- ၉၅% သော စအိုကင်ဆာများသည် HPV ကြောင့်ဖြစ်သည်။ HPV အမျိုးအစား ၁၆ သည် ထိုပြဿနာများ အများစုကို ဖြစ်စေသည်။
  • အသံအိုးကင်ဆာများ (ပါးစပ်နှင့် လည်ချောင်း) – HPV သည် ၇၀% ခန့်သော အသံအိုးကင်ဆာကို ဖြစ်စေသည်။ အမေရိကန်ပြည်ထောင်စုတွင် ထိုကင်ဆာများ တစ်ဝက်ကျော်သည် HPV အမျိုးအစား ၁၆ ကြောင့် ဖြစ်ပွားသည်။

HPV သည် မိန်းမကိုယ်ကင်ဆာ သုံးပုံတစ်ပုံ၊ မျိုးဥနှင့် ဝှေးစေ့ကင်ဆာများ နှစ်ပုံသုံးပုံကို ဖြစ်ပွားစေသည်။ HPV အမျိုးအစား ၁၆ သည် ထိုကင်ဆာများအတွက် အဓိကဖြစ်သည်။

HPV ကို ကာကွယ်ရန် အခြားနည်းလမ်းများ

HPV ထိုးဆေးအပြင် အသက်ရှင်သူများသည်-

  • လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးအသုံးပြုရမည်။
  • သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းအတွက် သားအိမ်ခေါင်းအချွဲ နမူနာရယူစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ရမည်။ အသက် ၂၁ မှ ၂၉ ကြားအမျိုးသမီးများသည် ၃ နှစ်တစ်ကြိမ်စစ်ဆေးသင့်သည်။ အသက် ၃၀ မှ ၆၅ နှစ်ကြားအမျိုးသမီးများသ် သားအိမ်ခေါင်းအချွဲနမူနာရယူစစ်ဆေးခြင်းနှင့် HPV တို့ကို ၅ နှစ်တစ်ကြိမ်စစ်ဆေးနိုင်သည် သို့မဟုတ် သားအိမ်ခေါင်းအချွဲနမူနာရယူစစ်ဆေးခြင်းသီးသန့်ကို ၃ နှစ်တစ်ကြိမ်ပြုလုပ်နိုင်သည်။

HPV ထိုးဆေး၏ ပဟေဠိများနှင့် အချက်များ

HPV သည် လိင်ကိစ္စဆက်နွှယ်နေသောကြောင့်၎င်းကူးစက်မှု၊ ပျံ့နှံ့ပုံနှင့် ထိုးဆေး၏ သက်ရောက်မှုများနှင့် ပတ်သက်၍ ပဟေဠိများရှိနေသည်။

  1. အချက်- HPV ထိုးဆေးသည် ဈေးကွက်တွင် ဘေးအကင်းဆုံး ထိုးဆေးဖြစ်သည်။

    အမျိုးသား ကင်ဆာ အင်စတီကျု၏ အဆိုအရ HPV ထိုးဆေးတွင် မည်သည့် ထူးခြားသော ဘေးထွက်ဆိုးကျိုးမျှ မရှိပါ။ အဖြစ်များသော ပြဿနာများမှာ အခြားသော ထိုးဆေးများကဲ့သို့ပင် နာကျင်ခြင်း၊ ထိ၍နာခြင်း၊ နီခြင်း သို့မဟုတ် ဆေးထိုးခံသည့် နေရာယောင်နေခြင်းတို့ဖြစ်သည်။ ခေါင်းကိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။

    ဥပဒေအရ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဌာန (FDA) က မည်သည့် ထိုးဆေးမဆို လိုင်စင်မထုတ်မီနှင့် မသုံးမီ ဘေးကင်း၍ ထိရောက်မှုရှိရမည်ဟု ဆုံးဖြတ်ထားသည်။

    CDC နှင့် FDA သည် ဈေးကွက်တွင်းမှ ထိုးဆေးများအားလုံး၏ ဘေးကင်းမှုကို ဆက်တိုက်စောင့်ကြည့်ကာ အသစ် သို့မဟုတ် နောက်ကျမှ သိသော ဘေးထွက်ဆိုးကျိုးများမဖြစ်စေရန် သေချာစေပါသည်။ ထိုးဆေးတုံ့ပြန်မှု မှတ်တမ်းတင်စနစ် (VAERS) သည် ထိုးဆေးမှ တုံ့ပြန်ချက်များကို ရယူသိမ်းဆည်းသည်။ သင့်ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူကို ဆက်သွယ်ကာ အွန်လိုင်းဖောင် သို့မဟုတ် ဒေါင်းလုဒ်ရယူနိုင်သော ဖောင်ဖြင့် တုံ့ပြန်မှုကို မှတ်တမ်းပို့ပါ။

    လက်ရှိနေမကောင်းဖြစ်နေသောသူများသည် ကူးစက်မှု ပြီးဆုံးသည်ထိစောင့်ပြီး အနည်းဆုံး ဆေးမထိုးခင် ၂၄နာရီအတွင်း အဖျားမရှိမှသာ ထိုးရမည်ဖြစ်သည်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဆေးမထိုးသင့်ပါ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်နေစဉ် အတွက် စမ်းသပ်မှုမပြုလုပ်ထားသောကြောင့်ဖြစ်သည်။ တဆေး သို့မဟုတ် အလူမီနီယမ်ကို ဓာတ်မတည့်သူများ ဆေးထိုးခြင်းမပြုသင့်ပါ။ ဓာတ်မတည့်မှုတွင် အပိန့်များထခြင်း၊ အသက်ရှူခက်ခြင်းနှင့် အားလျော့ခြင်းများ ပါဝင်နိုင်သည်။ အခြားသော ထိုးဆေးဆိုင်ရာ တုံ့ပြန်မှုများဖြစ်သည့် အဖျားကြီးခြင်း မူပျက်ခြင်းကဲ့သို့ရှိလျှင် ချက်ချင်းကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ပေသည်။

    အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းမူးခြင်း၊ မေ့လဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ချင်ခြင်းနှင့် ဖျားခြင်းတို့ဖြစ်သည်။ ထို့ပြင် ထုံခြင်း၊ နာခြင်း၊ နီခြင်းနှင့် ရောင်ရမ်းခြင်းများ မှတ်တမ်းရှိပါသည်။

    မေ့လဲခြင်းမှာ မည်သည့် ထိုးဆေးနှင့်မဆို ဆက်စပ်နေသောကြောင့် ဆေးထိုးထားသော လူနာကို ၁၅ မိနစ်ခန့်ထိ ထိုင်ခိုင်း သို့မဟုတ် လှဲခိုင်းထားရမည်။

  2. အချက်- ထိုးဆေးကို ၂၀၀၆ ဇွန်လမှ စတင်၍ရရှိနိုင်သည်။ လေ့လာချက်များနှင့် ထိုးဆေးကို စောင့်ကြည့်မှုများအရ ဘေးထွက်ဆိုးကျိုးနှင့် နောင်တွင်ဖြစ်ပေါ်မည့် ဆိုးကျိုးများမှာ ဖြစ်ခဲသည်။

    HPV ထိုးဆေး သန်း ၁၀၀ ကျော်ကို အမေရိကန်ပြည်ထောင်စုတွင် ဇွန် ၂၀၀၆ မှ ဒီဇင်ဘာ ၂၀၁၇ အထိ ဖြန့်ဖြူးခဲ့သည်။ ဆယ်နှစ်ကြာလေ့လာချက်အရ ထိုးဆေးသည် လုံးဝ ဘေးကင်းသည်။ အသားမျှင်များ မာလာခြင်း(MS)၊ ပြင်ပအာရုံကြောရောဂါ၊ မတ်တပ်ရပ်လိုက်ပါက နှလုံးခုန်မြန်လာပြီးသွေးပေါင်ချိန် ကျသည့်ရောဂါ (POTS)၊ နာတာရှည်နေရာကွက်၍ နာကျင်ရောဂါ (CPRS)နှင့် နာတာရှည် နုံးခွေရောဂါတို့ကဲ့သို့ ကိုယ်ခံအား ကျဆင်းမှုကြောင့် ဖြစ်သောရောဂါများနှင့် သက်ဆိုင်သည့် ဖြစ်နိုင်သော ဆက်စပ်မှုများကို ထပ်ဆောင်းလေ့လာချက်များအရ HPV ထိုးသူများတွက် မည့်သည့်အန္တရာယ်မျှမဖြစ်ကြောင့်တွေ့ရသည်။

  3. အချက်- HPV ထိုးဆေး ပြီးနောက် သေဆုံးနိုင်ခြေ မရှိပါ။

    CDC နှင့် ထိုးဆေးဘေးကင်းမှု အချက်အလက်လင့် သည် HPV ထိုးဆေးနှင့်ပတ်သက်ပြီးသေဆုံးမှုကို လေ့လာစုံစမ်းမှုများပြုလုပ်ပြီးဖြစ်ပါသည်။ ထိုးဆေးကြောင့်ဖြစ်သော သေဆုံးမှုအများစုမှာ ဆေးကြောင့်မဟုတ်ပဲ (ထိခိုက်မှု၊ သတ်သေခြင်းစသည်) HPV ဆေးသည် သေဆုံးမှုဖြစ်စေသည်ဆိုသော သက်သေမရှိပါ။

  4. အချက်- အမျိုးသားများသည် HPV နှင့်သက်ဆိုင်သော ကင်ဆာများ ဖြစ်ပြီး ထိုးဆေးထိုးရန်လည်း လိုအပ်ပါသည်။

    အမေရိကန် ပြည်ထောင်စုတွင် အမျိုးသား ၁၂,၀၀၀ ကျော်၌ HPV ကြောင့်ဖြစ်သည့် ကင်ဆာများ နှစ်စဉ်ဖြစ်ပွားသည်။ ၎င်းသည် HPV ကင်ဆာရောဂါများ၏ ၃၈ % ဖြစ်သည်။ ထိုအချက်များမှာ ငယ်ရွယ်သော အမျိုးသား များတွင် တိုးတက်လျက်ရှိသည်။ အဖြစ်များဆုံး HPV သက်ဆိုင်သည့် အမျိုးသားများအတွက် ကင်ဆာမှာ အသံအိုး (လည်ချောင်း) ကင်ဆာဖြစ်ပြီး စအို၊ အူမကြီး၊ ပါးစပ်နှင့် ဝှေးစေ့တို့တွင်လဲ ကင်ဆာဖြစ်နိုင်ပါသည်။ သားအိမ်ခေါင်းကင်ဆာနှင့် မတူသည်မှာ ထိုကင်ဆာများစွာအတွက် စစ်ဆေးမှုမရှိပါ။ ဆိုလိုသည်မှာ ကုသရန် ခက်ခဲသည့် နောက်ပိုင်းအဆင့်များမှာသာ သိရှိနိုင်သည်။ ထို့အပြင် HPV ကို ကုသရန်ဆေးမရှိပါ။

    အမျိုးသားများလဲ HPV (အမျိုးအစား ၆ နှင့် ၁၁) ရနိုင်ပြီး လိင်အင်္ဂါတွင် ကြွက်နို့များ ဖြစ်နိုင်သည်။

    အမျိုးသားများသည် HPV ၏ မည်သည့် လက္ခဏာများ မပြစေကာမူ ၎င်းတို့၏အဖော်ကို HPV ကူးစပ်စေသည်။ 

  5. အချက်- ထိုးဆေးသည် လိင်ကိစ္စမစတင်မီ ထိုးလျှင် ပိုမိုထိရောက်သည်။

    HPV ထိုးဆေးများသည် ကာကွယ်ဆေး အတွဲများထိုးပြီး၍  အခြားတစ်ယောက်နှင့် လိင်ဆက်ဆံမှု မပြုမီ အားကောင်းသော ကိုယ်ခံအားစနစ် ပေါ် ပေါက်နိုင်သော ယောက်ျားလေးနှင့် မိန်းကလေးများတွင် အပြည့်အဝ ကာကွယ်ပေးသည်။

    လိင်ကိစ္စမတိုင်ခင်ဆေးထိုးခြင်းသည် ကာကွယ်မှု စွမ်းဆောင်ရည်ကို အမြင့်ဆုံးဖြစ်စေသည်။ ကူးစက်မှုအသစ်အများစုကို လိင်ကိစ္စ စတင်လုပ်ဆောင်သူများတွင် တွေ့ရသည်။

  6. အချက်- တစ်ခါထိုးတိုင်း အတူတူပဲဖြစ်သည်။

    လူနာသည် ကျား/မ ဖြစ်မှု သို့မဟုတ် ထိုးဆေးထိုးနှံသည့်အချိန်သည် သက်ရောက်မှုမရှိဘဲ ထိုးဆေး ၁၊ ၂ နှင့် ၃ တို့သည် အကြိမ်တိုင်းတွင် အတူတူပင် ဖြစ်သည်။

  7. အချက်- ဆေးပညာသက်သေများအရ လိင်မှုကိစ္စတိုးစေခြင်းနှင့် HPV ထိုးဆေးကို ချိတ်ဆက်မှုရှာမတွေ့ပါ။

    ထိုပြဿနာကို အသေးစိတ် လေ့လာမှုများ ပြုလုပ်ထားသည်။ HPV ထိုးဆေးသည် လိင်ကိစ္စအပေါ် မည်သည့် သက်ရောက်မှုမျှမရှိကြောင်းနှင့် မိဘများသည် ကလေးများကို ဆေးထိုးပေးခြင်းမှ မတားဆီးသင့်ကြောင်း လေ့လာမှုတိုင်းက ဖော်ပြထားသည်။

  8. အချက်- HPV ထိုးဆေးသည် အကြံပြုထိုးဆေးများပါသည့် CDC ဇယားတွင် ပါရှိနေသည်။

    ကျောင်းများမှ မလိုအပ်ဘူးဆိုသည်နှင့် မလိုအပ်သည့် အဓိပ္ပာယ်မဟုတ်ပါ။ ဖြစ်နိုင်လျှင် အသက် ၁၁-၁၂ ကြားကို ထိုးနှံရန် အရေးကြီးသည်။

  9. အချက်- ထိုးဆေးထိုးသောအခါ ကလေးများနှင့် သီးခြားဆွေးနွေးရန် မလိုအပ်ပါ။

    အသည်းရောင်အသားဝါ ဘီ (Hep B)၊ MMR (ဝက်သက်ရောဂါ၊ လည်ပင်းအကြိတ်ရောင်ရောဂါ၊ ဂျာမန်ဝက်သက်ရောဂါ)၊ TDaP (မေးခိုင်ရောဂါ၊ ဆုံဆို့နာနှင့် ကြက်ညှာချောင်းဆိုးရောဂါ) တို့ကဲ့သို့ ဆေးထိုးမှုများသည် ကျန်းမာစွာနှင့် ကင်ဆာရောဂါ မရှိစေရန် ထိုးပေးကြောင်း ကလေးများကို အသိပေးပါ။

  10. အချက်- လေ့လာချက်များတွင် ထိုးဆေးနှင့် မျိုးမအောင်မှု အဆက်စပ်ရှိကြောင်း သက်သေ ပြနိုင်ခြင်းမရှိပါ။

    CDC လေ့လာချက်များသည် သွေးတိမ်ခြင်း (အမျိုးသမီးများ အရွယ်ရောက်ချိန်တွင် ဓမ္မတာမလာခြင်း)နှင့် အသက် ၄၀ မတိုင်မီ ဓမ္မတာရပ်ခြင်း (အချိန် မတိုင်မီ သွေးဆုံးခြင်းများ)ကို အထူးလေ့လာခဲ့သည်။ HPV ဆေးထိုးပြီး နှင့် မထိုးသူ အမျိုးသမီးများအကြား ဖြစ်ပွားမှုနှုန်း အတူတူဖြစ်ပြီး ကွာခြားမှုမရှိလှပါ။ ၂၀၀၉-၂၀၁၅ ထိ Gardasil (သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး) သန်း ၆၀ ကျော်ကို အမေရိကန်ပြည်ထောင်စုတွင် အသုံးပြုရန် ဖြန့်ချိခဲ့သည်။ ဤအချိန်တွင်း ထိုးဆေး တုံ့ပြန်မှု မှတ်တမ်းစနစ် (VAERS) သည် အသက် ၄၀ မတိုင်မီ ဓမ္မတာရပ်ခြင်း မှတ်တမ်း ၁၇ ခု ရရှိထားသည်။ မှတ်တမ်း ၁၅ ကို ရောဂါရှာဖွေခြင်းကို အတည်ပြုရန် လုံလောက်သော အချက်အလက်များ မပေးနိုင်သည့် ပါးစပ်ပြောသတင်းအဖြစ် သတ်မှတ်ခဲ့သည်။ ၂ ခုမှာ ဆရာဝန်များထံမှဖြစ်သည်။ 

  11. အချက်- ဆေးသည် ကင်ဆာဖြစ်စေကြောင်းဖော်ပြထားခြင်းမရှိပါ။ ထို့အပြင် ကင်ဆာကို ကာကွယ်ပါသည်။

    ဆေးသည် HPV အမျိုးအစားများမှ အဖြစ်များဆုံး သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပါသည်။

HPV ထိုးဆေး ရရှိနိုင်ပုံ

သင့်ကလေး၏ မူလစောင့်ရှောက်သူကို ထိုးဆေးရနိုင်ရန်မေးမြန်းပါ သို့မဟုတ် ဒေသကျန်းမာရေးဌာနကို ဆက်သွယ်ပါ။

CDC အရ ဆေးသည် တစ်လုံးလျှင် ဒေါ်လာ ၁၅၀ ခန့်ကျသင့်ပါမည်။ ကိုယ်ပိုင်အာမခံအများစုတွင် ပါဝင်လေ့ရှိသည်။

ကလေးများအတွက် ထိုးဆေးများ (VFC) အစီအစဉ် သည် အာမခံမရှိသော၊ ဆေးဝါးအကူအညီအတွက် သတ်မှတ်ချက်ပြည့်မီသော၊ အမေရိကန် အင်ဒီယန် သို့မဟုတ် အလက်စကာနေထိုင်သူ အသက် ၁၈နှစ်နှင့် အောက်ကလေးများအတွက်ဖြစ်သည်။ သတ်မှတ်ချက် ပြည့်မီသော ကလေးများသို့ VFC မှထောက်ပံ့ပေးသည့် ထိုးဆေးများအတွက် ငွေပေးရန် မလိုပါ။

အောက်ပါအချက်များနှင့် ပြည့်စုံသော အသက် ၁၉ နှစ်အောက် မည်သည့်ကလေးမဆို အစီအစဉ်အတွက် သတ်မှတ်ချက် ပြည့်မီသည်-

  • ဆေးဝါးအကူအညီအတွက် သတ်မှတ်ချက်ပြည့်မီသော
  • အာမ-မခံထားသော
  • အမေရိကန်အင်ဒီယန် သို့မဟုတ် အလက်စကာနေထိုင်သူ
  • အာမခံတွင် မပါဝင်သော*

*အာမခံတွင် မပါဝင်သောဆိုသည်မှာ ကလေးသည် ကျန်းမာရေးအာမခံရှိသော်လည်း ထိုးဆေးမပါဝင်သောကြောင့် ဖြစ်သည်။ VFC အစီအစဉ်တွင် စာရင်းသွင်းထားသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူ ၄၀,၀၀၀ ကျော်ရှိသည်။

အပိုဆောင်း အချက်အလက်များ

HPV ထိုးဆေးနှင့် ၎င်း၏ ကင်ဆာကာကွယ်မှုရှိ အကျိုးသက်ရောက်မှုကို ပိုမိုသိရှိနိုင်စေရန် အောက်ပါတို့တွင် ဝင်ရောက်ကြည့်ရှုပါ-

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018