ကြိုဆိုပါသည်

Together သည် - လူနာများနှင့် မိဘများ၊ မိသားစုဝင်များနှင့် သူငယ်ချင်းများအပါအဝင် - ကလေးကင်ဆာကြောင့် ထိခိုက်မှုရှိသူတိုင်းအတွက် ရင်းမြစ်အသစ်တစ်ခု ဖြစ်ပါသည်။

ပိုမိုလေ့လာရန်

ဆေးလိပ်ဖြတ်ရန်နည်းလမ်းများ

ဆေးလိပ်မသောက်ခြင်းသည် ကင်ဆာကာကွယ်ရန် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။

  • ဆေးလိပ်မသောက်လျှင် အစမပြုပါနှင့်။
  • သောက်နေလျှင် ရပ်တန့်လိုက်ပါ။

သို့ရာတွင် ဆေးလိပ်သောက်သူအများစုအတွက် ဆေးလိပ်ဖြတ်ခြင်းသည် ခဲယဉ်းပါသည်။ စီးကရက်တွင် အားပြင်းပြီး စွဲလမ်းစေတတ်သော နီကိုတင်း ပါဝင်သည်။ ဆေးလိပ်သောက်ခြင်းသည် ဖြတ်တောက်ရန်ခက်ခဲသော နေ့စဉ်အကျင့်ဖြစ်ပါသည်။ လူအများစုသည် ဆေးလိပ်ကို စိတ်ဖိစီးမှုထိန်းရန် သို့မဟုတ် စိတ်လိုလက်ရဖြစ်စေရန် သောက်ကြသည်။ အချို့အတွက်မူ လူမှုရေးအရဖြစ်သည်။ အချို့မှာ ဆေးလိပ်ဖြတ်လျှင် ကိုယ်အလေးချိန်တက်လာမည်ကို စိုးရိမ်ကြသည်။

သတင်းကောင်းမှာ ဆေးလိပ်ဖြတ်ခြင်းကို ကူညီရန် နည်းလမ်းများစွာရှိသည်။

ဤပုံတွင် ဆေးလိပ်နှင့် အနီရောင်စက်ဝိုင်းမှာ ဆေးလိပ်သောက်ခြင်း သင်္ကေတဖြစ်ပြီး ဖြတ်ဆွဲထားသော လိုင်းမှာ ဆေးလိပ်မသောက်ရကို ညွှန်းခြင်းဖြစ်သည်။

မည်မျှသော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူများ ဆေးလိပ်သောက်သနည်း

ရာခိုင်နှုန်းများကျနေချိန်တွင် သိသာသော ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူ ပမာဏသည် စီးကရက်သောက်ကြသည်။ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာ အသက်ရှင်သူ လေ့လာချက်တွင် ပါဝင်သည့် ၁၉% ကလေးကင်ဆာအသက်ရှင်သူများသည် ဆေးလိပ်သောက်ကြသည်။ နောက်ဆက်တွဲ အမေးအဖြေတွင် ထိုရာခိုင်နှုန်းသည် ၁၄% ထိကျဆင်းသွားသည်။ အကယ်၍ လက်ရှိ ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူ၏ ၁၄% ဆိုလျှင် ၄၁၉၀၀၀ ဟု အကြမ်းခန့်မှန်းပါက ၎င်းသည် ၅၈၀၀၀ ကျော်ဖြစ်သည်။

၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူများသည် ရေရှည် ကျန်းမာရေးပြဿနာများကို ဖြစ်နိုင်ခြေ ပိုမိုများပြားလာသည်။ ထိုအန္တရာယ်များသည် အသက်ကြီးလာသည်နှင့်အမျှ ပိုမိုဖြစ်နိုင်ခြေရှိသည်။ အသက် ၅၀ တွင် ၀ - ၁၈ နှစ်အကြားဖြစ်သော ကလေးဘဝ ကင်ဆာအသက်ရှင်သူ တစ်ဝက်ကျော်သည် ဆိုးရွားသော ကျန်းမာရေးပြဿနာများကို ခံစားရသည်။ ထိုပြဿနာများမှာ ကင်ဆာအသစ်များအပါအဝင် နှလုံး၊ အဆုတ်၊ အသဲ၊ ကျောက်ကပ်နှင့် ဟိုမုန်းရောဂါများဖြစ်သည်။

စီးကရက်သောက်သုံးခြင်းသည် ကျန်းမာရေးပြဿနာများကို ပိုဆိုးစေသည်။ ရောဂါထိန်းချုပ်ရေး စင်တာများအဆိုအရ ၎င်းသည် ကာကွယ်မှုအများဆုံး လုပ်ဆောင်နိုင်သော နာမကျန်းဖြစ်မှု အကြောင်းရင်းဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် ကင်ဆာ၊ နှလုံးရောဂါ၊ လေဖြတ်၊ အဆုတ်နှင့် နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ရောဂါ (COPD) ကို ဖြစ်စေသည်။

ဆေးလိပ်သောက်နေပြီဆိုလျှင် ဖြတ်နိုင်ပါသည်။ ၎င်းသည် လွယ်ကူမည်မဟုတ်ပါ။ အပြီးသတ်မဖြတ်မီ အကြိမ်များစွာရပ်ရနိုင်ပါသည်။ သို့သော် သင်လုပ်နိုင်ပါသည်။

အစီအစဉ်ဆွဲပါ

ဆေးလိပ်ဖြတ်ရန် အစီအစဉ်စလုပ်ရမည်။ ၎င်းသည် သင့်အား အာရုံစိုက်စေရန်နှင့် အားတက်စေရန် ကူညီပေးသည်။ အမျိုးသား ကင်ဆာ အင်စတီကျူ့၏ smokefree.gov သည် အခမဲ့ သက်သေအခြေပြုအချက်လက်များနှင့် ကျွမ်းကျင်သော အကူညီများကို ဆေးလိပ်ဖြတ်ရန် ကြိုးစားနေသူများအား ကူညီပေးနေပါသည်။

အစီအစဉ်ပြုလုပ်ရန် အဆင့် ၇ ခုပေးထားပါသည်-

  1. ဖြတ်မည့်ရက်ကို သတ်မှတ်ပါ။ ပြက္ခဒိန်တွင် ထည့်ထားပါ။ ပြင်ဆင်ရန် အချိန်ပေးပါ။
  2. ဖြတ်မည့် အကြောင်းရင်းကို ရွေးချယ်ပါ။
  3. ဆေးလိပ်သောက်စေသည့်အကြောင်းများကို ရှာပါ။
  4. သောက်ချင်စိတ်ကို တိုက်ထုတ်ရန်ပြင်ပါ။
  5. ဆေးလိပ်သောက်ခြင်း သတိပေးမှုများကို ဖယ်ရှားပါ။
  6. အကူအညီရယူပါ။ (အကူအညီများစွာ ရှိပါသည်။)
  7. သူငယ်ချင်းများနှင့် မိသားစုကို ပြောပြပါ။ ၎င်းတို့ထောက်ပံ့မှုကို ရယူပါ။
  1. ဆေးလိပ်သောက်ရပ်မည့် နေ့ကို သတ်မှတ်သောအခါ ရက်သတ္တပတ်အနည်းငယ် ကြိုတင်ပြင်ဆင်ပါ။ အလုပ်များနေပြီး သောက်ချင်စိတ်ကို ပြောင်းလဲစေနိုင်ရန် နည်းလမ်းများ စာရင်းလုပ်ထားပါ။ Smokefree.gov တွင် ထိုအကြံဉာဏ်များရှိပါသည်-

    • လေ့ကျင့်ခန်း
    • အိမ်ပြင်ထွက်လမ်းလျှောက်ပါ
    • သကြားမပါသော ပီကေဝါးပါ
    • သင့်လက်ကို ဘောပင် သို့မဟုတ် သွားကြားထိုးတံဖြင့် အလုပ်များနေစေပါ
    • ရေများများသောက်ပါ
    • အသက်ပြင်းပြင်းရှူကာ နားပါ
    • ရုပ်ရှင်ကြည့်ပါ
    • ဆေးလိပ်မသောက်သော သူငယ်ချင်းများနှင့် မိသားစုများဖြင့် အချိန်ဖြုန်းပါ
    • ဆေးလိပ်မသောက်ရသော သင့်အကြိုက် စားသောက်ဆိုင်တွင် ညစာစားပါ
  2. ဆေးလိပ်သောက်စေသည့်အကြောင်းများကို ရှာပါ။ သင့်အားဆေးလိပ်သောက်စေသော လူများ၊ နေရာများနှင့် အခြေအနေများရှိပါသည်။ ၎င်းတို့မှာ-

    • စိတ်ခံစားမှု- အချို့သူများသည် စိတ်ပျော်နေလျှင် သို့မဟုတ် မကောင်းသော ခံစားချက်များ မဖြစ်ပေါ်စေရန် ဆေးလိပ်သောက်ပါသည်။
    • ပြုလုပ်နေကျ ပုံစံများ- ဆေးလိပ်သောက်ခြင်းသည် တီဗီကြည့်ခြင်း၊ ဖုန်းပြောခြင်း သို့မဟုတ် အရက်သောက်ခြင်းစသည့် အချို့လှုပ်ရှားမှုများနှင့် ဆက်စပ်နေနိုင်သည်။
    • လူမှုရေး- ပါတီသွားခြင်း၊ ပွဲသွားခြင်း သို့မဟုတ် ဘားသွားခြင်းစသည့်များသည် ဆေးလိပ်သောက်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။
    • ဆေးလိပ်ဖြတ်ရာတွင် ဖြစ်ပေါ်တတ်သော လက္ခဏာများ- စီးကရက်အရသာကို တောင့်တခြင်း သို့မဟုတ် အနံ့ခံလိုခြင်း များဖြစ်သည်။

    ထိုစိတ်များကို ရှောင်နိုင်သမျှရှောင်ပါ။ ဖြစ်ပွားသောအခါ ထိန်းချုပ်ရန် နည်းလမ်းများကို ပြုလုပ်ပါ။

  3. သောက်ချင်စိတ်သည် အများအားဖြင့် ၅-၁၀ မိနစ်ကြာတတ်သည်။ ပြင်းထန်နိုင်သောကြောင့် ကျော်ဖြတ်ရန် နည်းလမ်းအစီအစဉ်ဆွဲထားသင့်သည်။

    • အားပေးရန် တစ်စုံတစ်ယောက်ကို ဖုန်းခေါ် သို့မဟုတ် စာပို့ပါ။
    • ဆေးလိပ်ဖြတ်ခြင်းအတွက် အကူအညီ ဖုန်းကိုခေါ်ဆိုပါ။ 1-800-QUIT-NOW ကို ခေါ်ဆိုကာ ပြည်နယ် ဆေးလိပ်ဖြတ်အကူအညီကိုခေါ်ပါ။ အမျိုးသား ကင်ဆာ အင်စတီကျူ့သည် 1-877-44U-QUIT ဖြစ်သည်။
    • SmokefreeTXTကို ကြိုးစားကြည့်ပါ။ ဤဝန်ဆောင်မှုသည် ၂၄/၇ အချိန်ပြည့် အခမဲ့ အကူအညီကို သင့်ဖုန်းသို့ တိုက်ရိုက် ပေးပို့သည်။
    • QuitGuide အက်ပ်သည် သောက်ချင်စိတ်ကိုရှာဖွေပေးပြီး အချိန်နှင့် နေရာကို ရှောင်လွှဲပေးသည်။

    သောက်ချင်စိတ်ကို တိုက်ထုတ်ရန် အစားအသောက်ကို အသုံးမပြုပါနှင့်။ ပိုမိုစားစေနိုင်ပြီး ကိုယ်အလေးချိန်တက်စေနိုင်ပါသည်။

  4. အနံ့များမှာ သတိရစေနိုင်သောကြောင့် စီးကရက်အနံ့ပျောက်အောင် အဝတ်များကိုလျှော်ဖွတ်ပြီး ကားကို သန့်ရှင်းရေးပြုလုပ်ပါ။

    စီးကရက်နှင့်ပတ်သက်သော မည်သည့်အရာကိုမျှ မထိတွေ့ပါနှင့်။ မီးခြစ်၊ ပြာခွက်များနှင့် စီးကရက်အတိုအစများပါဝင်သည်။ သောက်ချင်စိတ်ကို တိုက်ထုတ်ရန် နီကိုတင်းပီကေကဲ့သို့ အခြားပစ္စည်းများကို ထိုနေရာတွင် ထားရှိပါ။

အကူအညီပေးရန် နည်းလမ်းများ

smokefree.govနှင့်အတူ များစွာသော အဖွဲ့အစည်းများတွင် ဆေးလိပ်ဖြတ်သူများကို ကူညီရန် အခမဲ့ အရင်းမြစ်များရှိကြသည်။

ရောဂါထိန်းချုပ်ရေးစင်တာ၏ ဆေးလိပ်သောက်သူဟောင်းများမှ အကြံပြုချက်များ® သည် ဆေးလိပ်သောက်သူဟောင်းများ၏ ဇာတ်လမ်းများနှင့် ဗီဒီယိုများကို ရိုက်ကူးသည်။ ၎င်းတို့သည် မသန်စွမ်းသော လူငယ်များ၊ LGBT အဖွဲ့များ၊ စစ်မှုထမ်းနေသူများ၊ စိတ်ကျန်းမာရေးအခြေအနေရှိသူများနှင့် ကိုယ်ဝန်ဆောင်များကို ဦးတည်ထားသည်။

အမေရိကန် အဆုတ်အဖွဲ့အစည်းတွင် ဆေးလိပ်သောက်ခြင်းမှ ကင်းလွတ်ခြင်း® ရှိသည်။ ၎င်းသည် ပါဝင်သူများကို ကိုယ်ပိုင်အစီအစဉ်များဖန်တီးရန်၊ နည်းလမ်းများရေးဆွဲရန်၊ အတွေ့အကြုံများ မျှဝေရန်၊ တိုက်ရိုက် ထောက်ပံ့ကူညီမှုရရှိရန်နှင့် ဆေးဝါးအကူအညီအကြောင်း လေ့လာနိုင်စေရန် ပြုလုပ်ပေးသည်။

အမေရိကန် လက်တွေ့ကင်ဆာ ကုသရေးဆိုင်ရာ လူမှုအဖွဲ့အစည်းတွင် ကင်ဆာ ရောဂါရှာဖွေပြီးနောက် ဆေးရွက်ကြီး အသုံးပြုမှုကို ရပ်တန့်ခြင်းအခမဲ့ အွန်လိုင်း စာတမ်းရှိသည်။

ဆေးဝါးများ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာနက နီကိုတင်းစွဲလမ်းမှုအတွက် ဆေး ၇ မျိုးကို အသိအမှတ်ပြုထားသည်။ အသက်ရှင်သူများသည် အသုံးမပြုမီ မူလကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

၎င်းတို့မှာ နီကိုတင်းအစားထိုးကုထုံး (NRT) ၅ မျိုးပါဝင်သည်-

  • ကပ်ခွာ
  • ပီကေ
  • ရှူဆေး
  • နှာခေါင်းစပရေး
  • ငုံဆေး

အခြား ၂ ခုမှာ NRT မဟုတ်သော ဆေးများဖြစ်သည်-

  • Bupropion SR (ကုန်အမှတ်တံဆိပ်အမည်သည် ဆေးရွက်ကြီးသုံးစွဲမှု ရပ်တန့်ရန်အတွက် အသုံးပြုပါက Zyban® ဖြစ်ပြီး စိတ်ကျဝေဒနာကုဆေးအဖြစ် အသုံးပြုပါက Wellbutrin® ဖြစ်သည်)
  • Varenicline (ကုန်အမှတ်တံဆိပ်အမည် Chantix®)

ကပ်ခွာ၊ ပီကေနှင့် ငုံဆေးများမှာ အလွယ်တကူဝယ်ယူ ရရှိနိုင်ပါသည်။ ရှူဆေး၊ နှာခေါင်းစပရေး၊ ကပ်ခွာနှင့် အခြား NRT မဟုတ်သော ဆေးများမှာ ဆေးစာဖြင့်သာ ဝယ်ယူနိုင်ပါသည်။

မိသားစုနှင့် သူငယ်ချင်းများမှ အကူအညီ

နောက်ဆုံးတွင် သင့်မိသားစုနှင့် သူငယ်ချင်းများကို ဆေးလိပ်ဖြတ်မည့် သင့်အစီအစဉ်အား ပြောပြပါ။ ၎င်းတို့ကူညီနိုင်မည့်နည်းလမ်းကို အကြံပြုပါ။ သင့်မိသားစုနှင့် သူငယ်ချင်းများသည် သင့်ခရီးတစ်လျှောက် ကူညီထောက်ပံ့နိုင်ပါသည်။
ဆေးလိပ်ဖြတ်ခြင်းသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လဲ သင်ကျွမ်းကျင်စွာလုပ်နိုင်ပါသည်။

---
ဤဆောင်းပါးတွင် ဖော်ပြထားသည့် မည့်သည့်ကုန်ပစ္စည်းအမှတ်တံဆိပ်ကိုမျှ သုံးစွဲရန် Together
က ထောက်ခံချက် မပေးပါ။

---
ပြန်လည်သုံးသပ်ခဲ့သည့်ရက်စွဲ- ဇွန်လ 2018